ဆုတောင်းပေးသူတွေကို ကျေး ဇူးတင်ပါတယ်


မနေ့ညက မနေခြည် လာကပ်သွားတဲ့ မွေးနေ့အကြို ဘုရားပန်း။
အရောင် သုံးမျိုး။ ဘာအဓိပ္ပါယ်လည်း ပြောနိုင်ကြသလား။

  October 28 at 4:51pm


မနေ့က အွန်လိုင်း၊ တိုင်းမလိုင်းပေါ်မှာ မွေးနေ့ဆုတောင်းပေးသူ ၈၀
ဖုန်းမက်ဆေ့၊ ကွန်မင့်နဲ့ ဆုတောင်းပေးသူ
လူမသိ၊ စာမရေး၊ အသံမထွက် ဆိုင်းလင့် ဆုတောင်းပေးသူတွေကို ကျေး ဇူးတင်ပါတယ်။
ဒါနဲ့ အိုင်ပက်မီနီက ကင်မရာမကောင်းဘူး၊ မကြည်ဘူးဆိုပြီး မသုံးဖြစ်ခဲ့ ပါ။ ကောင်မလေးတစ်ယောက်က မဖြစ်နိုင်တာ၊ ကင်မရာမှာ ပေပွနေ တာတွေ ရှိလို့နေမှာဆိုပြီး တစ်ရှူးနဲ့ သုပ်လိုက်တော့ အိုင်ပက်မီနီ ကင်မရာ က အတော်ကောင်းသွားခဲ့ပါတယ်။ ကွမ်းစားထုံး အနည်းငယ် ပေနေတာမျိုးလောက်ပါ။
ဒီအပြင် ဓာတ်ပုံရိုက်၊ မလိုတဲ့အပိုင်းတွေကို ဖြတ်ပစ်လို့ရမှန်း သိလိုက်ရ ပါတယ်။ အခု ဦးရွှေမန်းပုံက အဲ့ နည်းပညာအတိုင်း ဖန်တီးထားတာပါ။ သူ့ကိုလည်း ကျေးဇူးပါ။

October 29 at 4:49pm


 

Post a Comment