ဘယ်ရှုထောင့်ကကြည့်ကြည့် အငြင်းပွားစရာ မရှိတဲ့ ဆရာတော်ကြီး သုံးပါး


၁။ ရွှေတောင်ကုန်း ဆရာတော်ကြီး
၂။ ဖားအောက်တောရ ဆရာတော်ကြီး
၃။ သီတဂူ ဆရာတော်ကြီး

ဒါပေမဲ့ သာသနာပြုပုံကို (ပရော်ဖက်ရှင် လို့များ ခေါ်လေမလား၊ အိတ်စပါ တိုက်ဇ် လို့ပဲ ခေါ်လေမလား) အခြေခံပြီး မိန့်မှာတတ်တဲ့ ဩဝါဒတွေလည်း မတူတတ်ဘူး။
၁ နဲ့ ၂ ဆရာတော်ကြီးတွေက တရားပြတာ (တနည်း) အစိုးရနဲ့ ဆက်ဆံစရာ မလိုတော့ ဩဝါဒတွေကလည်း အပြတ်ပဲ။
သီတဂူဆရာတော်ကြီး မိန့်ဆိုတာမျိုးကျတော့ ဟိုဖက်ကလည်း ကိုးကားလို့ရ၊ ဒီဖက်ကလည်း ကိုးကားလို့ရ။
*******************************************************************
ဖားအောက်တောရ ဆရာတော်ကြီးရဲ့ တပည့်တွေနဲ့ အတူ မနေဖူး ဘူး၊ ရွှေတောင်ကုန်း ဆရာတော်ကြီးရဲ့ မြေးတပည့်နဲ့တော့ သန္တိသုခမှာ အတူနေခဲ့ရဖူးတယ်။ ဒီခေတ်ကြီးထဲမှာ နွားကျင်ငယ်ရေနဲ့ စိမ်တဲ့ ဖန်းခါးသီး ကို ဘုရားပေးတဲ့ဆေးအဖြစ် မှီဝဲတဲ့ရဟန်း တော်တော်နည်းနေပါပြီ။ သူက ဘုန်းပေးဆဲ၊ နံလိုက်တာလည်း ပြောမနေနဲ့။ အစာအိမ်အတွက် ကောင်း တယ်ဆိုပြီး လာလာတိုက်လို့
"မသောက်ပါရစေနဲ့၊ တပည့်တော်အစာအိမ် ကောင်းပါတယ်ဘုရာ့" လို့ အကြိမ်ကြိမ် လိမ်ခဲ့ရတယ်။ တကယ်တော့ ကိုယ့်အစာအိမ်က ဘယ်တုန်း ကမှ ဒေါင်ဒေါင်မြည်တာမဟုတ်ဘူး။

ဘုရားဆေးနဲ့ ဝေးတဲ့ ရဟန်းလေ။
ဒါပေမဲ့ အားပေးတဲ့ပါတီ တူတယ်။

သီဟနာဒ

Post a Comment