ဖြစ်နိုင်ရင်တော့ ဘိုနိုလို မျက်မှန်အမည်းကြီးနဲ့ ဘော်ဒီဂတ် လုပ်ချင်တာပေါ့


တိုက်ဆိုင်မှုရယ်တော့ မဟုတ်ဘူးဗျ။ ကံကတော့ ပါတယ်။
ဒေါ်စု ဥရောပခရီးစဉ်သွားချိန် U2 က တအားပေါက်နေတာ။ အဲဒီအချိန် U2
အဖွဲ့ခေါင်းဆောင် ဘိုနိုကြီးက မျက်မှန် အမည်းကြီးနဲ့ ဒေါ်စုကို အကြိုအပို့လုပ်၊ ဘော်ဒီဂတ် လုပ်ခဲ့တာ။

ကိုယ်က ဘာမှ မဟုတ်ပေမဲ့ အဲ့ဒီဖီးလ်လေးကို သဘောကျတယ်။ ဒါ့ကြောင့် လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်ကို အချိန် နည်းနည်းဆွဲလိုက်တာ။ ရွေးကောက်ပွဲ ရာသီနဲ့ ညှိလိုက်တယ်ပေါ့။

ကံကောင်းချင်တော့ ဒီစာအုပ်ကလည်း ပေါက်သွား တယ်။ ဖြစ်နိုင်ရင်တော့
ဘိုနိုလို မျက်မှန်အမည်းကြီးနဲ့ ဘော်ဒီဂတ် လုပ်ချင်တာပေါ့။

အခုလည်း ကိုယ့်ရှိတဲ့ ကလောင်လေးနဲ့ ၀န်းရံခွင့်ရတယ် ဆိုတော့ မဆိုးဘူးပေါ့ဗျာ။
ဒီစာအုပ်ကို အချိန်မီထုတ်လို့ ကျေးဇူးတင်တယ်ဆိုသူတွေ အတွက်ပါ။








ဇင်ဝေသော်

Post a Comment