ရှေးစကားလား လှတောသားစကားလား

တစ်ခါက ပုတီးအပတ်စေ့အောင်ဆိုပြီး တဒေါက်ဒေါက်နဲ့ခပ်မြန်မြန်စိပ်နေတဲ့ အဘွားကြီးတစ်ယောက်ကို မြန်လှပါလား လို့ လူတစ်ယောက်ကမေးတယ်၊ ဒါနဲ့ အဲဒီ အဘွားကြီးက ပုတီးအပတ်စေ့အောင်ခပ်မြန်မြန်စိပ်နေတာလို့ဖြေတယ်။ ဒီတော့လူက အပတ်စေ့ဖို့ဆိုရင်တော့ မော်တာထဲ ထည့်လှည့်လိုက်ရင် ပိုမြန်တာပေါ့ လို့ ပြန်ထေ့တယ်၊ ကောင်းတာလုပ်နေတဲ့လူကို ဒီလိုပြောတာတော့မကောင်းဘူးပေါ့၊ ဒါပေမယ့် သူပြောလိုက်ပုံလေးကတော့ တော်တော်ကောင်းတယ်။


အင်္ဂလိပ်လိုမှာလည်း စကားပုံ (proverb) နဲ့လက်ဖြစ်၊ လက်တန်းစကား (Aphorism) ဆိုတာရှိပါတယ်၊ ပုဂ္ဂလိကအမြင်ကိုပြောရင်းနဲ့ ဒီစကားတွေကလူထုထဲရောက်သွားပြီး ယေဘုယျဆန်သွားတာမျိုးပါ။ ဒါလေးတွေနဲ့ပတ်သက်လို့ တိုင်းမ် မဂ္ဂဇင်းထဲက အက်ဆေးဆရာ Stefan Kanfer ရဲ့ Proverbs or Aphorisms? ထဲက စိတ်ဝင်စားစရာ စကားလေးတွေကို ဆွဲထုတ်မိပါတယ်။

ပြုံးရင်း၊ ရယ်ရင်းနဲ့ အင်္ဂလိပ်စကားလုံးတစ်ချို့ရနိုင်တာပေါ့။

သူရွေးခြယ်ထားတဲ့ စကားတွေကိုတော့ ဘာသာမပြန်ပဲထားလိုက်ပါတယ်၊ အင်္ဂလိပ်လိုနားလည်ဖို့တော့မခက်ပါဘူး၊ သဘောပေါက်ဖို့တော့ နည်းနည်းစဉ်းစားရမယ်ထင်ပါတယ်။ အကယ်ဒမစ် ဂျုတ်လေးတွေမို့ပါ။ Robert Benchley ရဲ့အလိုအရ လူတန်းစားနှစ်မျိုးပဲရှိပါတယ်။

၁။ လူတွေဟာ လူတန်းစားနှစ်မျိုးပဲရှိတယ်ဆိုတဲ့ အုပ်စုနဲ့
၂။ ဒါကို မယုံကြည်တဲ့အုပ်စု ရယ်ပါ တဲ့။

ပထမအုပ်စုဖြတဲ့ Robert Benchley တို့အဖွဲ့က လှတောသားစကားအုပ်စုဖြစ်ပြီး ဒုတိယအဖွဲ့ကတော့ စကားပုံကို ပိုနှစ်သက်ကြပါတယ်။

Love နဲ့ပတ်သက်ပြီး "Whom the gods love die young." ဆိုတဲ့စကားပုံက သင်္ချိုင်းကုန်းမှာငိုနေတဲ့ အဘိုးကြီး ၊ အဘွားကြီးတွေအတွက် စိတ်မသက်သာစရာဖြစ်စေပြီး "Love is blind." ကလည်း ဈေးထဲက အတင်းပြောသူတွေ၊တွတ်ထိုးနေတဲ့ဆယ်ကျော်သက် ကျောင်းသားလေးတွေ လူမှုရေးပြဿနာ အတိုင်ပင်ခံတွေရဲ့ လက်သုံးစကား ဖြစ်နေပြန်ပါတယ်။

"Proverbs ဆိုတာ အတွေ့အကြုံအများကြီးကို ဖော်ပြတဲ့ ဝါကျတိုတိုလေးပါ" လို့ Cervantes ကဆိုတယ်၊ ဒါကို Sancho တို့အုပ်စုက သဘောကျပြီး "There is no sauce in the world like hunger." "Never look for birds of this year in the nets of the last." "Patience, and shuffle the cards." လို့ ထောက်ခံခဲ့ကြတယ်။

သူတို့ခေတ်ပြိုင် Hamlet က သဘောမတွေ့လှဘူး။ "Proverb is something musty." စကားပုံက အဟောင်းစော် နံတယ်လို့ဆိုတယ်။ ဒါပေမယ့်သူ့ ပြဇာတ်ထဲမှာကျတော့ စကားပုံတွေက စီးမျောနေပြန်ရော။ "Men are April when they woo; December when they wed; A little pot and soon hot." "The fashion wears more apparel than the man." တဲ့။

သူပြောမှစဉ်းစားစရာလေးတစ်ခု ဖြစ်သွားတော့တယ်။ ဟုတ်တယ်၊ ဖက်ရှင်က အလှထက်အဝတ်ပိုကုန်တယ်။ တစ်ခါက စာရေးဆရာတစ်ယောက်ရေးထားတာကတော့ ယောက်ျားစစ်စစ်တွေက ဖက်ရှင်ရှိုးမကြည့် ၊ မော်ဒယ်ရှိုးပဲကြည့်သတဲ့။ ဟုတ် မဟုတ်တော့မသိပါဘူး။

Benjamin Franklin ကတော့ "Three may keep secret, if two of them are dead." ဒီစကားကသရော်ဟန်စွက်နေပေမယ့် "The used key is always bright." တဲ့။ ဒါကိုကျတော့ ရီယယ်လစ်ဇင် ဆန်ဆန်ပြောခဲ့ပြန်ရော။

အရှေ့ဥရောပ Tolstoy ရဲ့ စကားတွေက ရှင်းရှင်းလင်းလင်းရှိသလို ဗော်ဒကာနံ့ခပ်သင်းသင်းလည်းရနေပြန်တယ်။ "Where the needle goes, the thread follows."တဲ့။ ဒါလေးက ရှေးစာဖက်ပိုဆင်နေပေမယ့် "The devil pours honey into other man's wife." ကျတော့ လူ့ကာရိုက်တာကို ပြက်ရယ်ပြုသလိုလိုဖြစ်နေတာ ခံစားရပြန်တယ်။ သူ့သရော်ဟန်က "The Russian has three strong principles; perhaps, somehow and never mind." မှာ အထွတ်အထိပ်ကိုရောက်ခဲ့တယ်။

Tolstoy နဲ့ ခံစားချက်တူတာက Cossacks ပါ။ သူ့မှတ်ချက်ကတော့ ဆိုဗီယက် လူ့အဖွဲ့အစည်းကို ခပ်တင်းတင်း မီးမောင်းထိုးပြခဲ့တယ်။

Russian: The rich would have to eat money, but luckily the poor provide food." တဲ့။
Yiddish: If the rich could have hire others to die for them, the poor could make a nice living."တဲ့။

George Savile ကတော့ ရှေးစကားပုံတွေနဲ့ပတ်သက်လို့ ပုံသေမရှိလှဘူး။ "Ambition is either on all four or on tiptoes." လို့ဆိုတယ်၊တစ်ခုမှလည်းအခြေမခိုင်လှဘူး။ "The enquiry into dream is another dream." "Love is presently out of breath when it is to go uphill, from the children to parents." ကတော့ စုန်ရေ၊ ဆန်ရေ ဆိုတဲ့ မြန်မာစကားပုံနဲ့ ညွှန်းဆိုတာခြင်း တူနေတာတွေ့ရတယ်။

လက်ဖြစ်စကားလေးတွေ သုံးစွဲလို့ရမှန်းသိတော့ သာမန်လူတွေပါ စတင်သုံးစွဲလာခဲ့ကြတယ်။ "Whoever is not a misanthrope at 40 can never have loved mankind." အသက် ၄၀ ရောက်လို့မှ လူတွေကိုမမုန်းသေးရင် လူတွေကိုမချစ်တတ်ခဲ့လို့တဲ့။ Nietzsche လည်း ဒါမျိုးလေးတွေကို ပြုံးစိစိပြောတတ်ပါတယ်။

"The thought of suicide is a great consolation; with the help of it one has got through many a bad night.” ၁၉ ရာစု အလယ်ပိုင်းရောက်လာတော့ လက်ဖြစ်စကားတွေ ပေါ်ပြူလာဖြစ်လာတယ်။ Oscar Wilde ကအချိန်ကို ဒီလိုသရော်တယ် "Punctuation is the thief of time."တဲ့။

"Old enough to know worse."
"A thing is not necessary true because a man dies for it."
"One's real life is often the life that one does not lead."

George Bernard Shaw ကတော့ နိုင်ငံရေးနဲ့ဘာသာရေးကိစ္စတွေကို သူ့လက်ဖြစ်စကားတွေနဲ့ ခပ်ပြင်းပြင်းထေ့တတ်တယ်။ "All great truths begin as blasphemies." ကြီးကျယ်တဲ့အမှန်တရားတွေဟာ ဘာသာတရားကိုစွပ်စွဲရာကနေ ဖြစ်လာပါသတဲ့၊ စဉ်းစားစရာပါဘဲ။ သူလိုလူနောက်တစ်ယောက်ကတော့ သူ့ခေတ်ပြိုင် G.K.Cheston ပါ။

"Silence is the unbearable repartee." တိတ်ဆိတ်ခြင်းက အောင့်အီးထားလို့မရတဲ့ ပျက်လုံး တဲ့။ "A figure of speech can often get into crack too small for a definition." "Tradition is the democracy of the dead."တဲ့။ ဒီမိုကရေစီက ရုံးထဲမှာနေရစ်ခဲ့ပေမယ့် ယဉ်ကျေးမှုကတော့ စီးဆင်းသွားလေရဲ့။

Elizabeth Bowen က "Memory is the editor of one's sense of life."တဲ့။ ရှိတ်စပီးယား ရဲ့လောင်းရိပ်ဆိုရမယ် ထင်ပါရဲ့။ Peter De Vries က "Gluttony is an emotional escape,a sign that something is eating us."လို့ဆိုပြန်တယ်။

Hannah Arendt ရဲ့ စကားကတော့ ရာစုများစွာ ကျန်ရစ်စေခဲ့လိမ့်မယ် ၊ ကြည့်ပါ...........
"Power and violence are opposite; where one rules absolutely, the other is absent."တဲ့။ လက်ဖြစ်စကားတွေ ဒီလောက်တွင်ကျယ်ပေမဲ့ ရှေးစကားမှ ရှေစကားဆိုသူတွေလည်းရှိနေတတ်ပြန်သေးရဲ့။ စီးပွားရေးနယ်ထဲမှာ "There is no such thing as a free lunch." တဲ့၊ ကွန်ပျူတာနယ်မှာတောင် ဒါမျိုးက ရှိတတ်သေးတယ်၊ "Garbage in, garbage out."တဲ့။

ဒါတွေဖတ်ရင်းစဉ်းစားမိတယ်၊ အိမ်ထောင်ပြုဖို့ ကောင်မလေးတစ်ယောက်ကို နားချတော့ ဒီလူကြီးကိုမယူချင်ပါဘူး၊ အရက်သောက်တတ်တယ် လို့ ကောင်မလေးကပြန်ပြောသတဲ့။ အဲဒီကာင်မလေးကို ဘေးကပြန်ပြောကြတာက "ဒီခေတ်ကြီးထဲမှာ အရက်သမားနဲ့ ပိုက်ဆံစုတ်ကတော့ ရှောင်လို့မလွတ်နိုင်ဘူး" တဲ့။

ကဲ ၊ဘာပဲပြောပြော ဟတ်ထိဖို့ပဲမဟုတ်လား။

ဇင်ဝေသော်













Copyright © 2011 ကမ်းလက်. All rights reserved.

Post a Comment