¸.•♥• ချစ်ခြင်းတရားနဲ့ ကျနော်တို့ အမြင် •♥•.¸

၁။ တာရာမင်းဝေ
"တစ်ယောက်ကို တစ်ယောက် ချစ်တယ်ဆိုတာ ဘုရားစိုက်တဲ့ ပန်းကလေး ပွင့်လာတာ" လို့ တာရာမင်းဝေက ပြောဖူးတယ်။

၂။ Lance Morrow
"သမ္မာ ကျမ်းစာထဲမှာတော့ မစားအပ်တဲ့ အသီးကို စားမိပြီး တစ်ယောက်ကို တစ်ယောက် ချစ်သွားကြလို့ ထာဝရ ဘုရားရှင်က ဒဏ်ခတ်တဲ့အနေနဲ့ အာဒမ် နဲ့ ဧဝ ကို အလုပ်လုပ် ခိုင်းတယ်။ အလုပ်ကို ဒဏ်ခတ်တဲ့ အနေနဲ့ ခိုင်းတာ၊ ဆုပေးတဲ့ အနေနဲ့ ခိုင်းတာမဟုတ်ဘူး၊ ဒါကြောင့် ကမ္ဘာဦး ကတည်းက အလုပ်လုပ်တယ်ဆိုတာ ကောင်းတဲ့ အဓိပ္ပါယ် မဆောင်ဘူး" လို့ Lance Morrow က တိုင်း မဂ္ဂဇင်း မှာ ရေးခဲ့ပြန်ရော။

၃။ ဇင်ဝေသော်
ဘာပဲပြောပြော ဘုရားစိုက်တဲ့ ပန်းကလေး ပွင့် မလာခင်အလုပ်ရှိမှ ဆိုတဲ့သဘောကိုတော့ သမ္မာကျမ်းစာက ဆိုလိုချင်ဟန်တူပါတယ်။ "ဒါကြောင့် အလုပ်လက်မဲ့တွေ များလာတာဟာ ချစ်ခြင်းတရားတွေ ခေါင်းပါးလာလို့" - လို့ ( ဒီ စာညွှန်းနှစ်ခုကို ကြည့်ပြီး) ကျနော် ကောက်ချက်ဆွဲလိုက်ပါတယ်။

(အကြောင်းကြောင်းကြောင့် အလုပ်မရှိဖြစ်နေသူတွေ သမ္မာ ကျမ်းစာထဲက အတိုင်း ချစ်သူ ရှာကြဖို့ အကြံပြုလိုပါတယ်။)

အဲ ချစ်သူရှာတဲ့အခါ မျက်စိမှတ်ပြီးရှာရင် တွေ့ဖို့ ပိုမြန်သလို နှလုံးသားနဲ့ ပို နီးစပ်သတဲ့။ ကြားဖူးနားဝပါ။ အလုပ်ဖြစ်လို ဖြစ်ငြား ပေါ့။ သူကလည်း မျက်စိမှိတ် ရှာမယ့်သူ ဖြစ်နေရင်တော့ ကျနော့် တာဝန် မဟုတ်တော့ဘူး။


ဇင်ဝေသော်
Zin Wai Thaw







Copyright © 2012 ကမ်းလက်. All rights reserved.

Post a Comment