သိပ္ပံနဲ့ ကျနော်တို့အမြင်

၁။ တာရာမင်းဝေ
တာရာမင်းဝေကတော့ လူငယ်ဆန်ဆန် လူငယ်ကြိုက်ပဲ ပြောခဲ့တယ်။
"သိပ္ပံပညာတွေ ဘယ်လောက်ပဲ တိုးတက် တိုးတက် ကွဲနေတဲ့ အသည်းကိုတော့ ပြန်ဆက်အောင် မစွမ်းနိုင်သေးပါဘူး" တဲ့။

၂။ စတန်နီ
သူကတော့ သိပ္ပံပညာကို သရော်သံ စွက်စွက်နဲ့ ကြည့်တယ်။
"သိပ္ပံပညာတွေ ဘယ်လောက်ပဲ တိုးတက် တိုးတက် ရိုးရိုးလှေကားထက် စက်လှေကားက ပျက်တာ ပိုများတယ်" တဲ့။

၃။ ဂျော့ ဘားနတ်ရှော
သူကတော့ ပိုပြီးတောင် သရော်သံ စွက်နေပါသေးတယ်၊ သိပ္ပံပညာကို လူနဲ့ရောပြီးတောင် သရော်လိုက်သေးတယ်။
နွားနို့ညှစ်စက် တီထွင်နိုင်တဲ့ သူ့တပည့်တွေက သူ့ကို လာကြွားကြတယ်။
"ဆရာကြီး ဒီနေ့ကစလို့ လူကိုယ်တိုင် နွားနို့ညှစ်စရာမလိုတော့ဘူး၊ ကျနော်တို့ နွားနို့ညှစ်စက်ကို တီထွင်နိုင်ပြီ။"
"ဒါနဲ့ မင်းတို့စက်ကလူကို အစားထိုးတာလား၊ နွားမကို အစားထိုးတာလား"
"လူကိုပေါ့ ဆရာကြီးကလည်း"
"နွားမကိုရော အစားထိုးလို့ မရဘူးလား"
"ဘယ်ရမလဲ ဆရာကြီးကလည်း"
"ဟင် လူကိုတော့ စက်နဲ့အစားထိုးလို့ရတယ်၊ နွားမကိုတော့ မရဘူး၊ ဒါဆို လူက နွားမလောက်တောင် အသုံးမကျ၊ မရှိမဖြစ် မဟုတ်လို့ပေါ့ ကွာ" တဲ့။

၎။ ဇင်ဝေသော်
ဆိုပါတော့ သိပ္ပံပညာက ကွဲနေတဲ့ အသည်းကို ပြန်ဆက်ပေးနိုင်တယ်၊ နွားမကိုလည်း စက်နဲ့ အစားထိုးပေးနိုင်တယ်။
ဒါဆိုရင် အသည်း နဲ့ နွားမက စက်လှေကားလို ခဏ ခဏ ပျက်သွားနိုင်တာပေါ့။


(ဇင်ဝေသော် ၊ ကမ်းလက်)







Copyright © 2012 ကမ်းလက်. All rights reserved.

Post a Comment