ဖေ့စ်ဘုတ်က လွတ်လပ် ခွင့် ပေးထားတော့ စောင့်စည်းစရာလည်း ပိုများတာပေါ့


၁။ သတင်းစာ အယ်ဒီတာအာဘော်ကို သဘောကျတယ်။ ဖေ့စ်ဘုတ်က လွတ်လပ် ခွင့် ပေးထားတော့ စောင့်စည်းစရာလည်း ပိုများတာပေါ့။ နှစ်ဖက်စလုံး ယဉ်ကျေးကြစေ ချင်ပါတယ်။ အမေစုရဲ့ ပူတူတူးလေးတွေ (အဲဒီ နောက်တောက်တောက် ဝေါဟာရလေး ကို သဘောကျ) ကလည်း အမေစုကို အတုခိုး၊ ဦးသိန်းစိန်ရဲ့ ကျားကျားလျားလျား ကြီးတွေကလည်း ဦးသိန်းစိန်ကို အတုခိုး။ ဦးသိန်းစိန်ဆို သမ္မတမကဘူး၊ ဂေါပက ဥက္ကဋ္ဌတောင် လုပ်လို့ရတဲ့လေသံနဲ့ စကားပြောတာ။

၂။ ကတော့ ကျူရှင်ခ မပေးလို့ ထောင်ထားတဲ့ ပိုစတာတဲ့လေ။ မလေးရှားမှာလည်း ဦးဌေးဦးတွေ ရှိတယ်ဆိုတာ သိရတာပေါ့။


ကျောင်းထိုင်ချုပ်မှုးကြီး


ကျောင်းမှာ အရင်ကျောင်းထောင် ဆရာတော်ကြီးလက်ထက်က တစ်ပါးတည်းပဲ အမြဲနေတာဆိုတော့ Resident Monk ဆိုရင် ကိစ္စပြတ်တယ်၊ ကျောင်းထိုင်ပေါ့လေ။
များလာတော့ မရတော့ဘူး။ ရှေ့ဆရာတော် နှစ်ပါးလက်ထက်မှာ Resident Monk နဲ့ Assistant Resident Monks ဆိုပြီး ဖြစ်လာတယ်။
အဲသလို ခွဲခြားထားတာကို ခံတွင်း သိပ်မတွေ့ဘူး။ ကိုယ့်အလှည့်ရောက်တော့ သူတို့ကို ကီးတင်ပေးတဲ့အနေနဲ့ Assistant ကို မသိမသာလေးဖြုတ်ပြီး Resident Monks လို့ အားလုံးကိုခြုံပြီး သုံးလိုက်တယ်။ အောင်မြင်ပါတယ်။
ဒါပေမဲ့ အခုဖြစ်သွားတာက (လူတွေ သုံးလာပြန်တာက) Chief Resident Monk နဲ့ Resident Monks တဲ့။ ဘာထူးလို့လဲ။ ကျောင်းထိုင်ချုပ်မှုးကြီး။

၅၉စ



"ဦး အသက် ဘယ်လောက်ရှိပြီလဲ မသိဘူး"
"၅၉ လေကွာ"
"မစပါနဲ့ဗျာ"

ပစ္စက္ခ လူသုံးမျိုး


ကမ်းလက် shared Dhammabheri Ashin Viriya's post.
 Dhammabheri Ashin Viriya added 3 new photos.
16 hrs · Edited ·
ပစ္စက္ခ လူသုံးမျိုး
#¥၀#¥၀#¥၀#¥
ရှိနေပါလျက် ဘယ်သူကမှ မကြည့်ချင်သူက သူယုတ်။
မရှိတော့သော်လဲ လူတိုင်း တ,နေရသူက သူမြတ်။
ဒီနှစ်မျိုးလုံးမှာ မပါဝင်သူက လူညံ့။
၎.၁၀.၁၅၊အယ်လ်အေ။
(တပည့်တယောက်ကမေးလို့)
#~¥#~¥#~¥#~¥#~¥#~¥



Buddhist and Pali Collage ဒစ်ပလိုမာ သင်တန်းခွဲအသစ် ပိုမိန်စီ မဟာယာနကျောင်းမှာ


ကမ်းလက်မှာ ဘာသာရေးသတင်း မရေးချင်လို့ မရေးဖြစ်ပါဘူး၊ ဒါပေမဲ့ ဒီနေ့တော့ သမိုင်းဝင်နေလို့ နည်းနည်းရေးရမယ်။ ဒီနေ့ Buddhist and Pali Collage ဒစ်ပလိုမာ သင်တန်းခွဲအသစ် ပိုမိန်စီ မဟာယာနကျောင်းမှာ ထပ်ဖွင့်နိုင်ခဲ့ကြတယ်။ စင်္ကာပူ အနောက်ပိုင်းမှာနေကြတဲ့ ကျောင်းသားတွေ မင်္ဂလဝိဟာရအထိ အဝေးကြီး မလာရအောင် စီမံလိုက်ခြင်းမျိုးပါ။ ထေရဝါဒ၊ မဟာယာန ဘောင်မကန့်ဘဲ အမြင်ကျယ်ကျယ်နဲ့ သူတို့ စာသင်ခန်းကို အသုံးပြုခွင့်ပေးတဲ့ အဲဒီကျောင်းရဲ့ လိုက်လျောမှုကို အလွန်ကျေးဇူးတင်မိပါတယ်။ ၁၉ ရာစု နဲ့ ၂၁ ရာစု မတူတော့ဘူးလေ။ ကွဲတာတွေ လိုက်ကြည့်ရင် ရန်ဖြစ်ရ၊ တူတာတွေ ပေါင်းကြည့်တော့ ညီညွတ်ကြ၊ ချစ်ကြ၊ အပြန်အလှန် ပံ့ပိုးကြ။

ဘုရား ဘုရား


ဦးလှဆွေကြီးပေါ်လာတော့ ဦးရဲထွဋ်က အလိုလို လူကြီးလူကောင်း ဖြစ်သွားရော။
အခု ဦးဌေးဦး မိုက်ကရိုဖုန်းကိုင်လိုက်တာနဲ့ ဦးလှဆွေကြီးက လူကြီးလူကောင်း ဖြစ်သွားပြန်ရော။
ကောင်းပါတယ်လေ၊ အဲ ဒါပေမဲ့
ဘုရား ဘုရား။
ဦးဌေးဦးများ လူကြီးလူကောင်း ဖြစ်နေလေဦးမလား။ ။

မဲစာရင်းမှန်အောင်လုပ်ပေးမယ်လို့တော့

ဒိုင်မညစ်လို့ကတော့


ဒိုင်မညစ်လို့ကတော့ နယူးယောက်သား အမေရိကန်ကြီး ပြောသလိုပါ။
"ငွေကုန်၊ အချိန်ကုန်ခံ၊ အလုပ်ရှုပ်ခံပြီး မာရသွန်ပြိုင်ပွဲကြီးတွေ လုပ်မနေကြပါနဲ့။ ကင်ညာက လူတစ်ယောက်ကိုခေါ်ပြီး လည်ပင်းမှာ ဆုတံဆိပ်ဆွဲပေးလိုက် ပြီးတာပဲ"
အခုလည်း ငွေကုန်၊ အချိန်ကုန်ခံမနေဘဲ အဖွဲ့ချုပ်ကို အနိုင်ပေးလိုက် ပြီးတာပဲ။ ဒီလောက် သိသာနေတာကြီးကို၊ ဟဲဟဲ။။



မူကြိုအဆင့်ပဲ ရှိတယ်


ကျောင်းဆရာ၊ ဆရာမတွေကလွဲရင် အဖြူ၊ အစိမ်းဝတ်စုံညီတွေရဲ့ ပညာရေးက အထက်တန်းအဆင့်ပဲ ရှိတာပါ။ ဒါက မြန်မာပြည်ကို ပြောတာနော်။
စင်္ကာပူမှာဆို မူကြိုအဆင့်ပဲ ရှိတယ်။

ဇင်ဝေသော်ရယ်၊ မ,အ ဘူးများ ထင်နေသလား


အစိုးရတစ်ဖွဲ့ရဲ့ သက်တန်းကုန်ခါနီး ၆ လအတွင်း အတည်ပြုတဲ့ ဥပဒေတွေဟာ ရွေးကောက်ပွဲ အောင်နိုင်ရေးကို ရှေးရှုတယ်။
အစိုးရသစ် တစ်ဖွဲ့ရဲ့သက်တန်းအစ ၆ လအတွင်း အတည်ပြုတဲ့ ဥပဒေတွေဟာ နိုင်ငံနဲ့ လူထုရဲ့အနာဂတ်ကို ရှေးရှုတယ်။
ဇင်ဝေသော်ရယ်၊ မ,အ ဘူးများ ထင်နေသလား။