(ခက်၊ စပ်) ။ ။
ဖေကြီးတစ်ယောက်ထဲ သက်ပြင်းတွေ ဘာတွေချလို့ ဘာပြဿနာတက်နေလို့လဲ ။
(ဦး) ။ ။ သြော်… ခက်ခက်နဲ့ စပ်စပ်လား ။ ဒီလိုကွဲ့
ဖေကြီးက အညာသားမို့ အညာသားလို့ ပြောမိတာ ဟိုတစ်ယောက်က အညာသားမှန်ရင် အညာသားဖြစ်ကြောင်း
သက်သေပြတဲ့ “ သူကတော့ ပြပြီးသွားပြီ “
(ခက်ခက်) ။ ။ အညာသားက အညာသားပေါ့။ အညာသားဖြစ်ကြောင်း
ဘာသက်သေပြနေရဦးမှာလဲ။
(စပ်စပ်) ။ ။ အဲဒါမှ ဒုက္ခပဲ ခက်ခက်ရေ။ ဖေကြီးက အညာသားလို့သာပြောတာ
အသားကလည်း မမည်းဘူး။
(ခက်ခက်) ။ ။
ဖေကြီးက ဒါတောင် အပြင်ထွက်ရင် ထီးမဆောင်းဘူး။ ယောက်ျားတစ်ယောက်က အသားဖြူလွန်းရင် နွဲ့သွားတတ်လို့တဲ့။
(ဦး) ။ ။
အေးလေ… ဒါကြောင့်ပြောတာပေါ့။
(စပ်စပ်) ။ ။ တချို့က အညာသားဆိုရင် အသားမဲတာတင်မကဘူး။
အရပ်ပုတာတောင်ဆွဲထည့်တတ်ကြသေးတယ်။
(ခက်ခက်) ။ ။
ဒါလည်း ဒုက္ခပဲ၊ တို့ဖေကြီးအရပ်က ၅ပေ ၁၁လက်မရှိတယ်။
(စပ်စပ်) ။ ။ တချို့ကောင်မလေးတွေဆို ဖေကြီးလမ်းလျှောက်သွားရင်
ငေးကိုကြည့်နေကြတာ။ ဟွန်း…. အမြင်ကိုကတ်တယ်။
(ဦး) ။ ။
အေးလေ… ဒါကြောင့်ပြောတာပေါ့။
(ခက်ခက်) ။ ။
နောက်ပြီး ဖေကြီးစကားပြောတာက အညာသားနဲ့ မတူဘူး။
(စပ်စပ်) ။ ။ ဟုတ်တယ်မတူဘူး။ အညာသားက ဘွင်းဘွင်းပဲပြောတာ။
ဖေကြီးက မပွင့်တပွင့်နဲ့။
(ခက်ခက်) ။ ။
ဒါတောင် ငေးငေးကြည့်တဲ့ မိန်းမတွေကရှိသေး။ မျက်တောင်များ ခတ်ကြရဲ့လား မသိဘူး။ ခက်ခက်
အမြင်ကတ်လွန်းလို့။
(ဦး) ။ ။
အေးလေ… ဒါကြောင့်ပြောတာပေါ့။
( ဦးကိုမောင်က ဒေးဗစ်ကော်ဗာဖီး ဆန်ဆန်ပြုံးလိုက်သည်။)
(ခက်ခက်) ။ ။
ဖေကြီးပြုံးနေတယ်။ ပြုံးနေတယ်။ ဘာပြုံးတာလဲ။
(ဦး) ။ ။
သက်သေတော့မရပါဘူးကွာ။ အဖြေတော့ရပြီ။
(ခက်၊ စပ်) ။ ။
ဘာအဖြေလဲ ။ သမီးတို့ကို ပြောပြ။
(ဦး) ။ ။
Lip Stick ဆိုရင် သမီးတို့ ပါးစပ် ဘာကြောင့်ဖွင့်လို့တာလဲ။
(ခက်၊ စပ်) ။ ။
အမ်……… ဒါလဲ ဟုတ်တာပဲ။
(ဦး) ။ ။
Lip Stick မှန်ရင် နှုတ်ခမ်းနှစ်ခု ကပ်နေရမယ်။ ခွာလို့မရဘူး။ ခုတော့ ဒီလိုမဟုတ်ဘူး။
Lip Stick သုံးလိုက်မှ နှုတ်ခမ်းက ပိုတောင်လှုပ်လာသေး။
(ခက်၊ စပ်) ။ ။
ဒါဆို ဖေကြီးရဲ့ အဖြေဆိုတာက ဘာလဲ။
(ဦး) ။ ။
Lip Stick ကိုပြောမှာပေါ့။ Lip Stick ဆိုရင် Lip Stick ဖြစ်ကြောင်း သက်သေပြလို့။
(ခက်၊ စပ်) ။ ။
ရေး…… ဒါမှ တို့ဖေကြီးကွ ၊ ဖေကြီးသိပ်တော်တာပဲ။
(ဦး) ။ ။
(ဦးကိုမောင်က ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ မပြောလည်း သိပါတယ်ဆိုတဲ့ အပြုံးမျိုး
အမြင်ကတ်လောက်အောင်ပြုံးတယ်) ဒါနဲ့ သမီးတို့
အိုက်အိုက်ရော မတွေ့ပါလား။
(စပ်စပ်) ။ ။ မအိုက် မလာဘူးထင်တယ်ဖေကြီး။ သူ့အခန်းက
ပျက်နေတဲ့ အဲကွန်း ပြင်လိုက်ပြီလို့ပြောတယ်။
(ခက်ခက်) ။ ။
အမ်… ဒါဆို နောက်တစ်ခါ အဲကွန်းပျက်မှ မအိုက်ပေါ်လာတော့မယ်ထင်တယ်။ ဂျာမဏီမိတ် ဝယ်တပ်ခိုင်းရမယ်
ဟီးဟီး။
(ဦး) ။ ။
သမီးတို့ကို ကျေးဇူးတင်ပါတယ်ကွယ်။
(စပ်စပ်) ။ ။ ဖေကြီးကလည်း ကိုယ့်သမီးတွေပဲဟာ ဘာကျေးဇူးတင်နေရမှာလဲ။
(ခက်ခက်) ။ ။
ဖေကြီးက ဘာကို ကျေးဇူးတင်တာလဲ ။
(ဦး) ။ ။
ဒီလိုပါ ။ ဖေကြီးမှာ သမီးတွေရှိတော့ ကြွားစရာရှိရင်တောင် သမီးတွေ ကြွားပေးတာကို ထောက်ပေးလိုက်ရုံပဲ။
တချို့ သမီးမရှိတဲ့ ကောင်တွေဆို ကိုယ်တိုင်ကြွားရတာ။ သိပ်မနိပ်ဘူးပေါ့ကွယ်။ ကဲ… ညဥ့်နက်ပြီ။
သမီးတို့ အိပ်ကြတော့။
အိုက်၊ စပ် (နေရတဲ့အထဲ) ခက် (တော့တာပဲ)။ ပြီးရော………။
Post a Comment