လူဝင်စား


စစ်တပ်အကြီးအကဲတွေက သမိုင်းထဲက ဘုရင်တွေကို လူဝင်စားလုပ်နေကြချိန်မှာ
ဘုန်းကြီးလူဝင်စားသံကိုတော့ မကြားရသေးဘူး(ကိုယ်မသိတာလည်းဖြစ်မယ်)၊
ဥပမာ ရှင်အရဟံတို့၊ ဆရာတော်ဗုဒ်တို့ကို ဝင်စားတယ်ဆိုတာမျိုးပေါ့။
လက်ရှိအနေအထားကိုကြည့်ရတာကတော့ ဒါလည်း ပေါ်လာနိုင်မယ့်သဘောပဲ။

စစ်တပ်ထဲရော ခရိုနီထဲမှာပါ နတ်သျှင်နောင်ဝင်စားတယ်ဆိုတာတော့ မကြားသေးဘူး။ ကလောင်ထက်လို့ မဝင်စားရဲတာလား၊ ပိုက်ဆံ ကုန်တင်ကားနဲ့ သယ်ရလောက်အောင် ချမ်းသာတဲ့ဘဝမဟုတ်လို့ စိတ်မဝင်စားတာလားတော့ မသိဘူးပေါ့။
ဝန်မခံပေမဲ့ ရှင်အဇ္ဇဂေါဏကိုဝင်စားသလိုလို ဘုန်းကြီးတွေတော့ ရှိတယ်။

Myanmar artists enjoy new freedom



*****

လက်နက်ကိုင်၊ လက်နက်ချလူမျိုး


အိန္ဒိယမှာ လူတန်းစားလေးမျိုးရှိတာ လူတိုင်းလိုလိုသိတယ်။
မင်းမျိုး၊ ဗြဟ္မဏမျိုး၊ ကုန်သည်မျိုး၊ ဆင်းရဲသားမျိုး။

တရုတ်ပြည်မှာလည်း လူတန်းစားသုံးမျိုးရှိတယ်
၁။ ပြည်မကြီးထဲက တရုတ်လူမျိုး(ပထမတန်းစား)
၂။ နိုင်ငံခြားတွေရောက်နေတဲ့၊ နိုင်ငံခြားမွေးတဲ့ တရုတ်လူမျိုး(ဒုတိယတန်းစား)
၃။ ပြည်မကြီးထဲက တရုတ်မဟုတ်တဲ့အခြားလူမျိုး၊ (တတိယတန်းစား)

မြန်မာပြည်မှာ ဘယ်နှမျိုးရှိလဲ မသိဘူး။ အစိုးရသတင်းစာတွေအရ အနည်းဆုံး သုံးမျိုးတော့ရှိတယ်
၁။ လက်နက်ကိုင်၊ လက်နက်ချလူမျိုး (ကယ်တင်ရှင်နဲ့ ရှင်ကယ်တင်လူမျိုး) ဒါနဲ့ ကယ်တင်ရှင်ကဟုတ်ပြီ၊ ရှင်ကယ်တင်က ဘာပါလိမ့်။ ကိုယ်ရေးပြီး ကိုယ်မသိ။ ရှိစေ၊ တချို့ဟာတွေက မသိလည်း ရေးလို့ရတာပဲ။
၂။ ပုဆိန်ရိုးလူမျိုး ( လက်နက်ကိုင်၊ လက်နက်ချလူမျိုးကို ဆန့်ကျင်တဲ့လူမျိုး)
၃။ ငတ်နေတဲ့လူမျိုး(စားချင်တာလေးမှ ဝယ်မစားနိုင်ရင် ငတ်တာပဲ)

သိတဲ့လူက ဖြည့်ပေးကြပါအုံး။ ဒါလောက်တော့ မကလောက်ဘူး။

ဥပဒေနဲ့သမိုင်း


မြန်မာပြည်ပညာရေးက ဥပဒေနဲ့သမိုင်းကို တန်ဖိုးမထားဘူး။
ဒါဆို ဘယ်သူတွေက ဥပဒေရေးဆွဲပြီး ဘယ်သူတွေက နိုင်ငံရေး အနာဂတ်ပေါ်လစီချမှတ်မှာလဲ။
စင်္ကာပူရောက်လာတဲ့ အိမ်ဖော်လေးတွေတချို့က ဥပဒေဘွဲ့ရသူရ၊ သမိုင်းနဲ့ ဘွဲ့ရသူရ။ သူတို့ကို အထင်သေးတာ မဟုတ်ပါဘူး။
စင်္ကပူထောင်သွားတဲ့ ရှေ့နေဟောင်း လီကွမ်းယု၊ ကမ္ဘာ့နိုင်ငံရေးပေါ် လစီတွေ ရေးသွားတဲ့ (သမိုင်း၊ ပေါ်လစ်တီကယ်ဆိုင်းယင့်စ်ပညာရှင်) ကစ်ဆင်းဂျားတို့ ဟန်တင်တန်တို့ကို သွားမြင်မိလို့ပါ။
မတရားတဲ့ ဥပဒေဆွဲထားမိရင်တော့ သေနတ်နဲ့ထိုင်စောင့်မှ ဒီ ဥပဒေမြဲမှာ။

ကျနော်နဲ့ ကုဋင်ဝါဒ၊ ကင်းခြေများဝါဒ၊ ထီးဝါဒများ


အမေး။ ။ အရေးတကြီးအစီအမံတစ်ခုရေးဆွဲဖို့ ဒေါက်တိုင် ဘယ်နှတိုင် လိုအပ် တယ်လို့ ယူဆပါသလဲ အန်တီ။
ဖြေ ။ ။ ဒါက အနေအထားအမျိုးမျိုးအပေါ်မူတည်ပါတယ်။ ကျမတို့ လက်ရှိအနေ အထားအရ ဒေါက်တိုင်လေးတိုင်လို့ အန်တီယုံကြည်ပါတယ်။
အမေး။ ။ ဒါဆို အန်တီက ကုဋင်ဝါဒပေါ့။
ဖြေ ။ ။ မှန်ပါတယ်ရှင်။

အမေး။ ။ ဘဘကြီးကရော ဘယ်လိုယူဆပါသလဲခင်ဗျာ။
ဖြေ ။ ။ အဟမ်း၊ အဟမ်း၊ ဘဘကြီးက ဒါကိုလက်မခံပါဘူး၊ ဒေါက်တိုင်က များလေကောင်းလေပါ၊ ဘဘကြီးသဘောကတော့ ဒေါက်တိုင် ၁၄ တိုင်လို့ ယူဆပါတယ်။ ဒါဆို အရောင်အသွေးပိုစုံပြီး ဒေါက်တိုင်တစ်တိုင် ကျိုးသွားလည်း ဘာမှ မဖြစ်တော့ဘူး။
အမေး။ ။ ဒါဆို ဘဘကြီးက ကင်းခြေများဝါဒပေါ့။
ဖြေ ။ ။ နိုင်ငံတော်နဲ့ပြည်သူလူထုအတွက်ပါ။

ဒါနဲ့ ဒီအဖြေအတွက် ပါမောက္ခကြီးဆီရောက်အောင်သွားပြီး သူ့ အယူအဆ ကို မေးမြန်းကြည့်ခဲ့ပါတယ်။
အမေး။ ။ အရေးတကြီးအစီအမံတစ်ခုရေးဆွဲဖို့ ဒေါက်တိုင် ဘယ်နှတိုင် လိုအပ် တယ်လို့ ယူဆပါသလဲ ပါမောက္ခကြီးခင်ဗျာ။
ဖြေ ။ ။ တစ်တိုင်ပဲလိုအပ်ပါတယ်၊ အလွန်ဆုံးနှစ်တိုင်ပေါ့၊ ဒီထက်မပိုသင့်ဘူး။
အမေး။ ။ ဒါလေးကို နည်းနည်းထပ်ရှင်းပြပါလား။
ဖြေ ။ ။ အစ္စလာမ်ကမ္ဘာမှာ ဒေါက်တိုင်တွေများလွန်းလို့ ဘယ်သူက အစီအမံရေး ဆွဲမယ်ဆိုတာ မရေရာသလို တစ်ယောက်ယောက်က အစီအမံရေးဆွဲပြီ ဆိုရင် လည်း ဆိုက်တူ၊ ဂိုက်တူ၊ ပါဝါတူ တစ်ယောက်က သဘောမတူတတ်ဘူး။ ဒါ့ကြောင့် အစ္စလာမ်ကမ္ဘာမှာ ပြသနာဖြစ်ပြီဆိုရင် ကိုယ်ဘာသာ မရှင်းနိုင်တော့ တာ။ အနောက်ဆိုရင် အမေရိက၊ ကွန်ဖျူးရှပ်မှာ တရုတ်၊ အဲသလို ရှိနေရမယ်။
အမေး။ ။ ဒါဆို ပါမောက္ခကြီးက ထီးဝါဒပေါ့။
ဖြေ ။ ။ အတိအကျပဲ။

တကယ်လို့ ကုန်းဘောင်ခေတ်မှာ ဖေ့စ်ဘုတ်ရှိခဲ့ရင်


တစ်နေ့မှာပေါ့ဗျာ(ဘယ်နေ့လဲတော့မမှတ်မိဘူး)ကျွန်တော်တို့ရဲ့ ဘွရှင်သာလွန် မင်းတျားကြီး စစ်ကိုင်းဖက်ကိုဆင်စီးပြီး ခရီးထွက်စဉ်ကပေါ့။ စစ်ကိုင်းကိုရောက် တယ်ဆိုရင်ပဲ သူဆင်းရဲမတစ်ယောက် ထမင်းရေငှဲ့နေတာကိုတွေ့ရပြီး သူမ ငှဲ့ လိုက်တဲ့ထမင်းရည်တွေကလည်း လမ်းပေါ်အထိ စီးကျနေတယ်ဗျ။ အဲဒီအချိန်မှာ ကျွန်တော်ကလည်းဘွရှင်မင်းတျားကြီးနဲ့အတူရှိနေခဲ့တယ်။ အဲဒီမှာ ကျွန်တော်တို့ သတိထားမိတာက သူဆင်းရဲမချက်နေတဲ့ထမင်းအိုးက ပေါင်းအိုးမဟုတ်ဘူးဗျ၊ ဒါက သတိထားသင့်တဲ့အချက်ပဲ၊ တကယ်လို့ ပေါင်းအိုးနဲ့ချက်မယ်ဆိုရင် ထမင်း ရည် ငှဲ့နေစရာမလိုတဲ့အတွက် ဗီတာမင်အလေအလွင့်မရှိနိုင်တော့ဘူးပေါ့ဗျာ။

ဒါကိုမြင်တဲ့ ဖြတ်သွားဖြတ်လာတွေရှိပေမဲ့ ဘယ်သူမှ ဘာမှဝင်မပြောကြဘူး။ သူဆင်းရဲမက ရန်တွေ့မှာကြောက်လို့လည်းဖြစ်ချင်ဖြစ်မှာပေါ့ဗျာ။ ဒါပေမဲ့ သံဃာတော်တွေ၊ သက်ကြီးရွယ်အိုတွေကိုဆိုရင် ရန်တွေ့မယ်မထင်ပါဘူး။ သူတို့ကလည်း ဘာမှဝင်မပြောကြဘူး။ ထားပါတော့လေ။

ဒါနဲ့ ကျွန်တော်ရဲ့ ဘွရှင်မင်းတျားကြီးက ဆင်ပေါ်ကနေဆင်းပြီး "ဟယ်သူဆင်းရဲမ၊ သင်လုပ်ပုံက ဗီတာမင်အလေအလွင့်တွေဖြစ်စေသည်၊ ထမင်ပေါင်းအိုးလေးနဲ့ချက်သော် ဤပြသနာကို ရှောင်ရှားနိုင်သည်။ သင်တို့က ဘာမှမဖြစ်လောက်သည့် တောပြုန်း၊ တောင်ပြုန်း၊ မြစ်ပြုန်း၊ လယ်ယာမြေပြုန်း၊ ဂက်စ်ပြုန်း၊ ရေနံပြုန်း၊ သယံဇာတပြုန်း၊ အစစအရရာပြုန်တွေကို ပိုကြီးချဲ့နေ ကြပေမဲ့ ဤမျှ အလွန်တရာ အရေးကြီးသော ဗီတာမင်အလေအလွင့်ကိစ္စကို အသေးအမွှားဟုထင်တတ်ကြ၏၊ ယခုလို မုဗင်း ဖော်ဝါ့ဒ် ခေတ်ကြီးမှာ ငါတို့နိုင် ငံရဲ့ ကက်ပစီတီ လက်ကင်းဖြစ်နေမှုကို သင်တို့ သိဖို့ကောင်းသည်၊ ယခုလို ရီဖောင်းမင်းကာလ၌ ထမင်းရည်တက်စက်သည်လည်း ကျွန်းတောအုပ် ကြီးတစ် အုပ်၊ တောင်ကြီးတစ်လုံး၊ မြစ်ကြီးတစ်စီးမျှ တန်ဖိုးရှိလေ၏"
စသဖြင့် စသဖြင့်ဆုံးမလိုက်လို့ သူဆင်းရဲမ အမြင်မှန်ရသွားတယ်ဗျာ။

ဒါဘာဘဲ ဂျာ၊ ချင်ချင်ချယာလေးတွေ ချင်ချင်နိုင်အောင် တားတားက(အူးအူးက) မျှဝေတာပါ။

မြေးရဲထွဋ်
ဘွရှင်သာလွန်မင်းတျားကြီး၏ ပြောရေးဆိုခွင့်ရှိသူ
နေပြည်တော်

မတိုးတက်လို့ရတဲ့ဆု


သဘာဝန်းကျင် အသန့်ရှင်းဆုံးဆုဆိုတာနဲ့ပတ်သက်လို့ သိပ် ဝမ်းမသာနဲ့
အဲဒါက မတိုးတက်ဘူး၊ စက်မှုစီးပွား မထွန်းကားဘူးဆိုတဲ့သဘော။
ခါးလှ ဝမ်းဝတဲ့နိုင်ငံတွေ ဒီဆု မရတတ်ဘူး(သန့်လှပါတယ်ဆိုတဲ့ စင်္ကာပူအပါအဝင်)
နိုဘယ်လ်ဆုရှင်ရှိတယ်ဆိုတာနဲ့ ပတ်သက်လို့ သိပ်ဝမ်းမသာနဲ့
အဲဒါက အရက်စက်ဆုံး၊ အယုတ်မာဆုံး အာဏာရှင်ရှိနေတယ်ဆိုတဲ့သဘော။
(လူညို အိုဘားမားတို့က လွဲရင်)
လူတွေက ကမ္ဘာမှာ ရှားရှားပါးပါးကျန်နေတဲ့ ၁၉ ရာစု သဘာဝအလှလေး မြင်ချင်ကြတယ်။
အဲ... မြန်မာလိုတော့ သူတို့ မမွဲချင်ဘူး။
စက်မှုထွန်းကားပြီဆိုတာနဲ့ သန့်လည်းမသန့်ရှင်းနိုင်တော့ဘူး။
ဘာမှမလုပ်ရဘဲ မတိုးတက်လို့ရတဲ့ဆုကို ဂုဏ်ယူရင် အဲဒီဝန်ကြီး အူလို့။ ဒါပဲ။

နေရာလွဲနေသော ဝိသေသနပုဒ်


"အမျိုးဘာသာသာသနာကို ယုတ်နိမ့်စွာ ပစ်မှား ရှုတ်ချ စော်ကားသော NLD ပါတီ မှ Htin Lin Oo (ထင် လင်း ဦး) ခွေ ရ ပါ ပြီ ။"
ဝိသေသနပုဒ် နေရာလွဲနေတယ်၊ ဖြစ်သင့်တာက "NLD ပါတီ မှ အမျိုး ဘာသာ သာသနာ ကို ယုတ်နိမ့်စွာ ပစ်မှား ရှုတ်ချ စော်ကားသော Htin Lin Oo (ထင် လင်း ဦး)" ပါ။
အခုဝိသေသနက NLD ရှေ့မှာထားလိုက်တော့ ဝါးလုံးသိမ်းရိုက်သလို တစ်ပါတီ လုံးပါသွားတယ်။ စာရေးသူမှာ ဒီစေတနာမျိုး မရှိနိုင်ဘူးလို့ ယုံကြည်မိပါတယ်။
မြန်မာသဒ္ဒါကိုပြောတာပါ။ နိုင်ငံရေး မဟုတ်။

ရေ၊ လေ၊ မြေသန့်ရှင်းရေး အကောင်းဆုံးဆု


"အာဆီယံဒေသတွင်း ရေ၊ လေ၊ မြေသန့်ရှင်းရေး အကောင်းဆုံးဆု ရန်ကုန်ရရှိ"

ဓာတ်ကြီးလေးပါးမှာ တစ်ပါးလိုနေတယ်။ မီးပါ ပါသင့်တာ။
မီးသန့်ရှင်းတာက တစ်ခါတစ်ခါ စင်းလုံးချော၊ အဖြူထည်သက်သက်၊ လာကိုမလာတာ။

***အမျိုးသားနေ့ စတေးတပ်***


လူ အသုံးကျတော့ အမှိုက်က သယံဇာတဖိုးရတယ်။
လူ အသုံးမကျတော့ သယံဇာတက အမှိုက်ဖိုးပဲရတော့တယ်။
အမှိုက်ဖိုးပဲရတာလေးကို အသုံးမကျတဲ့လူက
သူ့အိပ်ကပ်ထဲပဲ ထည့်နေတော့
သယံဇာတလူတွေတောင်
လူအမှိုက်မဖြစ်ဖို့ ကျားကုတ်ကျားခဲ။


(27/11/2013) 

အချစ်စစ်တို့လမ်း မဖြောင့်ဖြူးဘူး


အိုဗားမားလည်း အမေရိကန်သမ္မတ တစ်ယောက်အနေနဲ့ ပြောခွင့်ရှိသမျှ ပြော သွားခဲ့ရှာတာပါပဲ။လုပ်စရာတွေက ကိုယ်တိုင်ပဲ လုပ်ကြရ လိမ့်မယ်။ လူငယ် စကားနဲ့ပြောတော့ "အချစ်စစ်တို့လမ်း မဖြောင့်ဖြူးဘူး"။
နိုင်ငံရေးစကားနဲ့ပြောတော့ " ပြုပြင်ပြောင်းလဲရေးလမ်း မဖြောင့်ဖြူးဘူး"။
မဟုတ်ပါဘူး၊ တကယ်က ဘယ်လမ်းမှ မဖြောင့်ဖြူးဘူး။

ပြုပြင်ပြောင်းလဲရေးလမ်း မဖြောင့်ဖြူးဘူး အောက်မှာ အဓိက ပြသနာနှစ်ခု ရှိနေ ပါတယ်
၁။ တရားခြင်း မတရားခြင်းကိုဘေးဖယ်ထားပြီး ပြသနာမဖြစ်ရေးကို ဦးတည်ထား တဲ့ အာရှရဲ့ အရိုးစွဲပေါ်လစီနဲ့ မတရားရားဘူးထင်ရင် ပြသနာကို ရင်ဆိုင်ဖို့ သွေး မကြောင်တဲ့ အနောက်တိုင်းပေါ်လစီ။

၂။ လူထုကိုမောင်းနှင်ဖို့ အကြွင်းမဲ့ အာဏာပိုင်ဆိုင်နေရမယ်ဆိုတဲ့ အာရှနိုင်ငံ အများစု(ဒီအထဲမှာ စစ်တပ်ခေါင်းဆောင် အများစုပါနေဟန်တူတယ်)ရဲ့ အရိုး စွဲပေါ်လစီနဲ့ လူထုကိုမောင်းနှင်ဖို့ အကြွင်းမဲ့ တစ်ဦးချင်းအခွင့်အရေး ပေးထားရ မယ်ဆိုတဲ့ အနောက်တိုင်းပေါ်လစီ။
ဒီ ပေါ်လစီကြီးနှစ်ခုကြားမှာ မြန်မာဟာ ခြေချုပ်လက်ချုပ် မိနေတယ်။





၁။ တရုတ်စတဲ့နိုင်ငံကြီးတွေက ဒီမိုကရေစီမရှိလည်းရတယ်ဆိုတဲ့ ချဉ်းကပ်မှုတွေ နဲ့ ဘာတွေဖြစ်နေနေ ပြဿနာမတက်ရေးရှေးရှုပြီး မြန်မာ့ပြည်တွင်းရေးကို ထမင်း ရည်ပူလျှာလွှဲလုပ်တယ်။ ပြဿနာမတက်ရင်တော်ပြီ၊ ပြဿနာမတက်အောင် ဘယ်လိုကိုင်တွယ်နေသလဲဆိုတာ လုံးလုံးမှ စိတ်မဝင်စား။ အရွယ်မရောက်သေး တဲ့ အညံ့စား ပေါ်လစီ။

အနောက်က အရင်းထဲကနေ အမြတ်ရနိုင်သလောက်ရအောင် ဈေးဆစ်ယူတဲ့ လူလားမြောက် ပေါ်လစီကိုကိုင်ဆွဲလာတယ်။
ကျနော်တို့ ဘယ်လောက် အမြတ်ရလိုက်မလဲ။
ကံ လား။
မဟုတ်ပါဘူး။ လူထု နိုင်ငံရေးအမြင်၊ လူထု ရပ်တည်ချက်ပါ။

၂။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ လစ်ဘရယ်မလိုဘူးဆိုတဲ့အယူဝါဒတွေနဲ့ တရုတ်၊ စင်္ကာပူတို့က မျှားခေါ်နေချိန်
လွတ်လပ်ခွင့်မရှိတဲ့ ကြွယ်ဝမှုရဲ့ အဓိပ္ပါယ်က ဘာလဲလို့ အနောက်က ကျယ်ကျယ်လောင်လောင် မေးခွန်းတွေထုတ်နေတယ်။
(ဘာပဲပြောပြော ပညာတတ်တတ်လာတဲ့ လူ့အဖွဲ့အစည်းဟာ လစ်ဘရယ်ကို ပိုလိုချင်တယ်ဆိုတာသိလို့ လီရှန်လွန်းတို့ ဖေ့စ်ဘုတ် ကိုယ်တိုင်သုံးနေရတယ်၊ သနားပါတယ်၊ သူ့မှာ မောင်ရဲထွဋ်မရှိရှာဘူး)

စစ်တပ်လူထွက်တွေနဲ့ခရိုနီ၊ ခရိုဝါက တစ်ဖက်၊ ဒေါ်စုနဲ့ တောင်ပြောမြောက်ပြော အူတူတူ အဖွဲ့ချုပ်အဖွဲ့ဝင်တချို့က တစ်ဖက်။
အမျိုးသားရေး အစွန်းရောက်၊ မရောက်၊ မရောက်တရောက်က တစ်ဖက်၊ လစ်ဘရယ်က တစ်ဖက်။
ကုလားဖြူမယား အဖွားကြီးဆိုသူတွေက တစ်ဖက်၊ ဘပြောင်ခေါ်သူတွေက တစ်ဖက်။
သဘာဝကျစွာ လွတ်လွတ်လပ်လပ် ကွဲနေကြလေရဲ့။

လမ်းတိုင်းက မဖြောင့်၊ အတွန့််၊ အကောက်၊ အဆင်း၊ အတက်၊ ရှေးတိုးနောက် ဆုတ်မရ အခြေအနေမျိုးစုံနဲ့၊ တစ်ခါတစ်ခါ နောက်လှည့်နေသလို ထင်နေရ တတ်ပြန်ရော။

အိုဘားမား စကားနဲ့ပြောတော့ "ငုတ်..မိ... သဲ.. ထိုင်.. တက်.. နိုင်.. ဖျား.. ရောက်။"
ဆာ အက်ဒွင် အာနိုးစကားနဲ့ပြောတော့ "ဆုမတောင်းနဲ့၊ အမှောင်က လင်းမလာ ဘူး"

ဒေါ်စုရေ......
လူငယ်တွေကတော့ အချစ်စစ်တို့လမ်း မဖြောင့်ဖြူးဘူး တဲ့။

ကမ္ဘာ့စတုတ္ထမြောက်အကြီးဆုံး စီးပွားရေးအင်အားစုကြီး


ဒကာကြီး ဦးသိန်းစိန်ကတော့ လုပ်ချလိုက်ပြန်လေပြီ။ အာစီယံအဖွဲ့ဟာ ကမ္ဘာ့စတုတ္ထမြောက်အကြီးဆုံး စီးပွားရေးအင်အားစုကြီး ဖြစ်လာနိုင်သည် ဟူသတတ်။
ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ကြားကောင်းပါဘိ။ ဟုတ်သွားသည်ဆိုစေ ကိုယ်ပါဖို့တော့ အရေးကြီးသည်။ အနောက်ဖက်အိမ်က ညှော်နံ့ရတိုင်း ကိုယ်ဗိုက်ဝတာမဟုတ်ချေ။
လွတ်လပ်စွာကုန်သွယ်ခွင့် (FTA) ဖြစ်ဖို့ ပြောနေကြသော်လည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံက လက်နက်တွေအပြိုင်တပ်ဆင်နေကြသည်ဟု ဟန်တင်တန်ကတော့ လက်နက်တွေ လျှော့ချနေသော အနောက်နှင့်နိုင်းယှဉ်ကာ ရယ်သွမ်းသွေးလေ၏။

သတင်းစာပေါ်မက်တဲ့ အိပ်မက်များ


ဒီနေ့ထုတ်သတင်းစာထဲက ဓာတ်ပုံလေးနှစ်ပုံနှင့်ဆက်စပ်နေသည့် အိပ်မက်နှစ် ခုအကြောင်း ပြောပြကြည့်ချင်ပါသည်။
ပထမပုံကတော့ ဘာလင်တံတိုင်းသေဆုံးခြင်း ၂၅ နှစ်မြောက် ပွဲသဘင် အကြောင်းဖြစ်ပါသည်။ ဗီသိုဘင်ရဲ့တေးသံတွေလည်း လူးလွန့်နေသည်၊ ဂေါ် ဘာချက်ရဲ့ သက်ကြီးစကားတွေကိုလည်း သက်ငယ်ကြားခဲ့ရသည်ဟု သိရပါ သည်။



မြန်မာလူမျိုးတစ်ယောက်၏ အိပ်မက်သည် ဤမှာပင် ရပ်မနေခဲ့ပါ။ အိပ်မက်ဟု ဆိုစေ ဤမျှဖြင့် မရပ်နားကောင်းဟုယုံကြည်မိပါသည်။ ကမ္ဘာမှာ မလိုးလား အပ်သော ဘာလင်တံတိုင်းပေါင်း များစွာရှိနေလိမ့်ဦးမည်ဟုလည်း ယုံကြည်နေ မိသည်။ မရှိစေချင်ပါ။ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ နိုင်ငံတော်၏ အလံအောက်မှာ...
နိုင်ငံတော်ကရွေးချယ်လိုက်သည့် ခေါင်းဆောင်၏ ဦးဆောင်မှုအောက်မှာ... စည်းလုံးစွာနေထိုင်လိုပါသည်။ မည်သူရယ်မဆိုလိုပါ။ သိက္ခာရှိရှိနိုင်သည့်ေ ခါင်းဆောင်မျိုးကိုဆိုလိုပါသည်။ သူ့ကို၊ သူမကိုလည်း လေးစားချင်ပါသည်။

ဒုတိယပုံကတော့ မြန်မာပြည်ရဲ့ လေးဖက်သွားစဘဏ်စနစ်အကြောင်းဖြစ်ပါ
သည်။ ရေးထားတာကလည်း ရစရာကိုမရှိပါ။ ဒါကလည်း နိုင်ငံခြားတိုင်းပြည်တွေ နဲ့နှိုင်းတော့ တကယ့်အမှန်တရားဖြစ်နေပြန်ပါသည်။



ဒါပေမဲ့ မနေ့က ဂျက်စမင်းပြောပြသလို
"ဟို..လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ်က ငါတို့နိုင်ငံရဲ့ ဘဏ်စနစ်၊ စီးပွားရေးစန်ကြီးက ဒီလိုတဲ့ကွာ" ဆိုပြီး နောက်မျိုးဆက်လူငယ်တွေကို ဓာတ်ပုံပြပြီး ဂုဏ်ယူတကြွားပြောခွင့်ရရင်ကောင်းမှာလို့ အိပ်မက် ဆက်မိနေမိပါသည်။

မည်သို့ဖြစ်စေ၊ မလိုအပ်သည့် တံတိုင်းတွေတော့ ရှိမနေစေချင်တော့ပါ။ ဒါမရှိမှ ခရီးတွင်ပါလိမ့်မည်။

အသည်းကွဲပေါ်လစီကို အိုဘားမား ရွေးလိမ့်မယ်


NLD တွေအတွက် သတင်းကောင်းမဟုတ်ဘူး။
"မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်လို့ အမေရိကန်က အကောင်းမြင်နေခဲ့တာတွေရှိပါတယ်။ မနှစ်က နှစ်ဦးပိုင်းကတည်းကစပြီး ပြုပြင်ပြောင်းလဲမှုလမ်းစဉ်ဟာ အီလည် လည်ဖြစ်နေခဲ့ပါပြီး လွန်ခဲ့တဲ့ ၂၄ လအတွင်း ထင်ရှားတဲ့ပြောင်းလဲမှုရယ်လို့ ပြ စရာ ဘာရှိပါသလဲ။"
ဒါက အိုဘားမား ဒီလထဲမလာခင် လှမ်းပို့လိုက်တဲ့ ဒေါ်စုရဲ့ "သက်ဆိုင်သူ သို့" မက့်ဆ့ဂ်ျပါပဲ။
ဒါပေမဲ့ အိုဗားမားရဲ့ အကြီးတန်းအရာရှိတစ်ယောက်ရဲ့စကားကို နားစွင့်ကြည့် ပါဦး။
" ရွေးကောက်ပွဲ တရားမျှတမှုရှိမရှိကို ဘယ်သူဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတယ်၊ ဘယ်သူတော့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရဘူးဆိုတာလောက်နဲ့ တိုင်းတာ သတ် မှတ်နေမှာမဟုတ်ပါဘူး၊ လူထုက ဘယ်လို ဒီမိုကရေစီမျိုးကိုလိုချင်တာလဲ၊ သူတို့ ရသွားတဲ့ ဒီမိုကရေစီက ဘယ်လိုဟာလဲဆိုတာနဲ့ တိုင်းတာသတ်မှတ်ရမှာပါ" သူက လို့ ဆိုခဲ့ပါတယ်။





ဒီစကားတွေရယ်၊ အမေရိကန်ရဲ့ လမ်းကြောင်းပြောင်းလာတဲ့ ကမ္ဘာ့နိုင်ငံရေးပေါ် လစီရယ်ကိုထောက်ဆကြည့်ရယ် ဒေါ်စုနဲ့အဖွဲ့ချုပ်အတွက် အမေရိကန်ဆီ က ထောက်ခံအားပေးမှု သိပ်မရနိုင်ဘူးလို့ အလွယ်တကူ ကောက်ချက် ချနိုင်ပါ တယ်။
ဒါကြောင့် အမေရိကန်က ဒေါ်စုကို မကြိုက်တော့ဘူး၊ မထောက်ခံတော့ဘူးလို့ ဆိုလိုရာမရောက်ပါဘူး။
လူထုအကြိုက်ထက် သူတို့အကြိုက် လစ်ဘရယ်ဒီမိုကရေစီခေါင်းဆောင်ကို အတင်းထိုးတင်မိတဲ့အတွက် အမေရိကန်တွေပြန်ဆပ်ရတဲ့ လျော်ကြေးက မနည်း လှပါဘူး။ သူတို့ထင်တဲ့ခေါင်းဆောင်တွေလည်း မမြဲဘူး၊ သူတို့လည်းနာမည်ပျက်၊ လူမုန်းများတယ်။
ဒါတွေကို သူတို့ ကျေကျေညက်ညက်လေ့လာပြီးပြီလို့ဆိုနိုင်ပါတယ်။ အမေရိ ကန်တွေရဲ့ အမြင်မှာ မြန်မာဟာ တူရကီနဲ့တူတာထက် အီဂျစ်နဲ့ပိုတူနေနိုင်ပါ တယ်။
သဘောမတူရင် ခွင့်လွှတ်ပါ။
ကိုယ့်ဖက်ကကြည့်ရင်တော့ အီဂျစ်နဲ့မြန်မာရဲ့ ဘာသာရေးလှုပ်ရှားမှုတွေဟာ မတူဘူးပေါ့။ ဒါပေမဲ့ အမေရိကန်ပညာရှင်တွေနဲ့မီဒီယာရဲ့အမြင်မှာတော့ ဘာသာအမည်ကွဲနေတာကလွဲလို့ သိသာတဲ့ထူးခြားမှု ရှိနေမယ်မဟုတ်ပါဘူး။

ကဲ ဒါဆို ကျနော် ဘာပြောချင်တာလဲ။
ကစ်ဆင်းဂျားနဲ့ဟန်တင်တန် မမှားခဲ့ဘူးဆိုရင်...
ရင်ထဲက (လစ်ဘရယ်) အချစ်ကို မြိုသိပ်ရင်း....
နိုင်ငံရေးသမားအပြုံးနဲ့ ချွေးသိပ်ရင်း....
မချစ်သော်လည်း အောင့်ကာနမ်းပေါ်လစီကို အိုဘားမား ကျင့်သုံးသွားလိမ့်ယ်။

လွန်ခဲ့တဲ့ နှစ် (၁၁၁) နှစ်က အမေရိက.... တဲ့


ဇင်ဝေသော်, ဘာသာပြန် - 6/27/2013

၁။ ပျမ်းမျှလူ့သက်တန်း ၄၇ နှစ်
၂။ ၈ ရာခိုင်နှုံးသောမိသားစုအိမ်မှာသာ တယ်လီဖုန်း ရှိ၊ ဒန်ဗာကနေ နယူးယောက်ခေါ်ရင် သုံးမိနစ် ၁၁ ဒေါ်လာကျ။
၃။ တစ်နိုင်ငံလုံး ကားစီးရေ ၈,၀၀၀ သာရှိပြီး ကားလမ်းကလည်း ၂၃၀ ကီလိုမီတာသာ အရှည်ရှိ။
၎။ အမြန်နှုန်းက တစ်နာရီမှာ ၁၆ ကီလိုမီတာသာ မောင်းခွင့်ရှိ။
၅။ သာမန်လူတစ်ယောက်ရဲ့ တစ်နှစ် လုပ်အားခက ဒေါ်လာ ၂၀၀ ကနေ ၄၀၀။
၆။ အရည်အချင်းမီ စာရင်းစစ် တစ်ယောက်ရဲ့ တစ်နှစ် လုပ်အားခ က ဒေါ်လာ ၂,၀၀၀၊ သွားဆရာဝန်က ဒေါ်လာ ၂,၅၀၀၊ တိရစ္ဆာန်ဆေးကု ဆရာဝန်က ၁,၅၀၀ ကနေ ၄၀၀၀၊ စက်မှုအင်ဂျင်နီယာက ၅,၀၀၀။
၇။ ၉၅ ရာခိုင်နှုံးမိခင်တွေက အိမ်မှာပဲ ကလေးမီးဖွားကြတယ်။ ဆရာဝန် ၉၀ ရာခိုင်နှုံးက တက္ကသိုလ်ဘွဲ့ရတွေ မဟုတ်ကြ။
၈။ သကြားတစ်ပေါင် ၄ ဆင့်၊ ကြက်ဥတစ်ဒါဇင် ၁၄ ဆင့်၊ ကော်ဖီတစ်ပေါင် ၁၅ ဆင့်။
၉။ အမျိုးသမီးအများစုက တစ်လ တစ်ခါသာ ခေါင်းလျှော်။
၁၀။ လူ အသေအပျောက် အများဆုံးရောဂါတွေက နမိုးနီးယား၊ တုပ်ကွေး၊ တီဘီ၊ ဝမ်းလျှောဝမ်းပျက်၊ နှလုံးရောဂါနဲ့ လေဖြတ်ရောဂါ။
၁၁။ Las Vegas ရဲ့ လူဦးရေက ၃၀။
၁၂။ ဆယ်ယောက်မှာ တစ်ယောက်က စာ မရေးတတ် မဖတ်တတ်။
၁၃။ ၆ ရာခိုင်နှုံးသာ အထက်တန်းကျောင်း ပညာရေးရှိ။
၁၄။ တစ်နိုင်ငံလုံး လူသတ်မှု ၂၃၀ သာရှိခဲ့။
**********************************************************
လွန်ခဲ့တဲ့ (၁၁၁) နှစ်ကမြန်မာ?
ကိုလိုနီလက်အောက်။
ယနေ့ မြန်မာ?
စင်္ကာပူမီဖို့ လပိုင်းပဲလိုတော့တယ်။ ၂၀၁၅ ဆို မှီပြီတဲ့။ ဝမ်းသာစရာကြီး။

ပညာရှင်တစ်ယောက် ဘေးထွက်သွားခြင်းဟာ


အကြံပေးတစ်ယောက်နှုတ်ထွက်သွားမှုနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ တစ်ယောက်အနေနဲ့ သိပ်ထူးခြားလှမယ်မဟုတ်ဘူး။ သူတို့ဆီမှာ ဒါက ဖြစ်ရိုးဖြစ်စဉ်ပဲ။ တစ်ခုရှိတာက အမေရိကန်မှာ ပညာရှင်တွေပေါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပညာရှင်တစ်ယောက် ဘေးထွက်သွားခြင်းဟာ မကောင်းလှတာတော့အမှန်ပဲ။

We need a leader who makes decision.


1) If it went right, share with the entire Nation.
2) If it went wrong, take full responsibility, say sorry to the Nation, seek one more chance from the Nation to give him or her.
3) If the mistake what he or she made is too big, leave the position for another who can lead.

Only those who have self-respect can follow these rules.
How many do we have such leader?

အင်္ဂလိပ်စာနဲ့ အလှမ်းကွာတဲ့ စာဖတ်ပရိသတ်အတွက်ဘာသာပြန်ပေးလိုက်ပါ တယ်။
ဆုံးဖြတ်ချက် ချရဲတဲ့ ခေါင်းဆောင်ကို ကျနော်တို့လိုတယ်။ အဲဒီခေါင်းဆောင်ဟာ
၁။ သူ့ရဲ့ဆုံးဖြတ်ချက်မှန်သွားရင် အဲဒီ ဆုံးဖြတ်ချက်ရဲ့အကျိုးရလဒ်ကို တစ်မျိုး သားလုံးနဲ့ မျှဝေနိုင်ရမယ်။
၂။ သူ့ရဲ့ဆုံးဖြတ်ချက်မှားသွားရင်တာဝန်အပြည့်အဝယူရမယ်၊ ပြည်သူ ကို တောင်းပန်နိုင်ရမယ်၊ နောက်မမှားအောင်ကြိုးစားပါမယ်ဆိုတဲ့ကတိနဲ့အတူ ဆက်လက်ကြိုးစားခွင့်ပြုဖို့ တစ်မျိုးသားလုံးဆီက တောင်းခံရမယ်။
၃။ ခွင့်လွှတ်လို့မရလောက်အောင် ကြီးမားတဲ့အမှားမျိုး ပြုလုပ်မိရင် နှုတ်ထွက်၊ စွမ်းနိုင်သူကို ခေါင်းဆောင်ခွင့် လွှဲပြောင်းပေးရဲရမယ်။

ကိုယ့်သိက္ခာကို လေးစားတဲ့ ခေါင်းဆောင်တွေသာ ဒီကျင့်ဝတ်တွေကို လိုက် နာနိုင်တယ်။
အဲသလို ခေါင်းဆောင်မျိုး ဘယ်နှယောက်လောက် ကျနော်တို့နိုင်ငံထဲမှာ ရှိပါသလဲ။
(ရှိသူတိုင်းကို ကြိုဆိုပါတယ်)

Give her a chance!


The whole world know who she is. But no one has not known how good in politics she is yet.
Why don't we give her the chance that she truly deserves? Let her go, let she build her own team. Then let she run the country.

telenor နဲ့ internet


(Kyaw Min Kyaw Min) "အခု(မှ) telenor နဲ့ internet ကိုင်နှိုင်ပါပြီဘုရား"

တူရင်တော့ ဒါကိုအားပေးသင့်တယ်။
ဥရောပထဲမှာကို ဒီလူတွေက ဘာသာရေးစွဲ အနည်းဆုံး၊ သူခိုးအနည်းဆုံးတွေ။
သူတို့ကျွေးမွေး၊ ပညာသင်ပေးထားတဲ့မြန်မာတွေလည်း အများကြီး။
အများစုက ကိုယ်ကျင့်တရားကို ဗဟိုပြု ထားနိုင်ကြပြီမို့ ဘာသာရေးအန္တရာယ်၊ ယဉ်ကျေးမှုအန္တရာယ်လည်း အနည်းဆုံးပဲ။

မြန်မာ့အစဉ်အလာ ?


လီကွမ်းယုက ပင်လယ်ကမ်းခြေဟာ မြို့ကျက်သရေဆိုပြီး ဟော်တယ်တွေဆောက်၊ ပန်းခြံတွေဆောက်၊ မရီးနားဘေးတွေဆောက်ခဲ့တယ်။
မြန်မာ့အစဉ်အလာက ရေမြင်ရင် အိမ်သာကို အပြင်ထုတ်လိုက်တော့တာပဲ။ မြစ်ဘေးတွေမှာဆို အိမ်သာလေးတွေ တန်းစီလို့။