Home » All posts
ဦးသန်းရွှေ အသက်ရှင်နေသေးရင် တရုတ်သမိုင်းကို လေ့လာပါ။
in
ဇင်ဝေသော်,
လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (လီကွမ်ယု)
- on 8/15/2015
- No comments
မေး ။ ။ ထိပ်တန်းအဆင့်က အရာရှိကြီးတွေ သဘောထားချင်း မတိုက်ဆိုင်လို့ ကွဲသွား တာမျိုးရော မဖြစ်နိုင်ဘူးလား။ ဝမ်ကျားပေါင် ရာထူးရှိနေစဉ်တုန်းက သူဟာ နိုင်ငံရေး ပြုပြင် ပြောင်းလဲ လိုသူ တစ်ယောက်အနေနဲ့ တွေ့မြင်ခဲ့ရတယ်။ ဒီမိုကရေစီနဲ့ တရုတ်လူမျိုးတွေရဲ့ စရိုက်လက္ခဏာတွေ အကြောင်းတောင် သူက ဆက်စပ် ပြောပြနေသေးတယ်။
ဖြေ ။ ။ ဒါပေမဲ့ သူက နံပါက်တစ် မဟုတ်ဘူး။ နံပါက်သုံးအဆင့်ပဲ ရှိတယ်။ နံပါက်သုံးအဆင့်က ဒါမျိုး ပြောတယ်ဆိုတာကလည်း ကောင်းတဲ့အချက်ပါပဲ။ အဲဒီတုန်းက ကျန်ဇီမင်းက အာဏာကို ကိုင်ထား တုန်းပဲ။ သူတို့ ထိပ်တန်းအဆင့် အရာရှိကြီးတွေကြားမှာ ဝမ်ကျာင်းပေါင်နဲ့ သဘောထား တိုက်ဆိုင်တာ ဆိုလို့ တစ်ယောက်စနှစ်ယောက်စပဲ ရှိမယ်ထင်တယ်။ သူတို့အားလုံးဟာ စေ့စေ့စပ်စပ် ရွေးချယ်ခံထားရတဲ့ လူတွေချည်းပဲ။ ဟုတ်ပြီ၊ ဒီစနစ်ဟောင်းကို စွန့်ပြီး လူထုအကြိုက် လိုက်ကြစို့လို့ ပြောကြလိမ့်မယ် ထင်သလား။ ရွေးကောက်ပွဲဆိုတာ တစ်ယောက်ယောက်က ဝင်ပြိုင်ပြီး မထင်မှတ်ဘဲ နိုင်သွားတာမျိုးတွေ ရှိတတ်တယ်။ ဒါမျိုး သူတို့ လုပ်ကြမှာ မဟုတ်ပါဘူး။
(လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်)
မြန်မာပြည် မိုးလေ၀သ အခြေအနေ
in
Politics,
ဇင်ဝေသော်
- on 8/15/2015
- No comments
အင်တာနက်လိုင်းများ တစ်နိုင်ငံလုံးမကောင်းဘဲ ဖြစ်နေခြင်းကြောင့် လာမည့်လပိုင်းအတွင်း မျက်နှာတစ်ဖက်ကို လှည့်ထားရင်း သမ္မတကြီးအနေနဲ့ လုထုကို ငဲ့ညှာပြီး ဒုတိယသက်တမ်းအတွက် စဉ်းစားပေးပါရန် တောင်းဆိုကြမည့် အစိုးရ ၀န်ထမ်းများ လမ်းပေါ်မှာ မကြာမကြာ တွေ့မြင်လာရနိုင်ကြောင်း လေ့လာသုံးသပ်ရပါသည်။
သဒ္ဓါဓိကဘုရားအလောင်း ရှိတာကို မေ့ထားလို့ လုံးဝမရဘူး
in
သီဟနာဒ,
ကျောင်းတွင်းမှတ်စု
- on 8/14/2015
- No comments
အဓိပ္ပါယ်ကို ကျကျနန သူတို့ နားမလည်ကြပါဘူး၊ ဒါပေမယ့် ရွတ်နေကြပုံက သိပ်ပြီးအားရပါးရရှိတယ်။ သဒ္ဓါဓိကဘုရားအလောင်း ရှိတာကို မေ့ထားလို့ လုံးဝမရဘူး။
ခေါင်းပေါင်းစကြီးတွေကိုယ်စီနဲ့ ဒကာကြီးနှစ်ယောက်
in
ဇင်ဝေသော်,
မောနင်း ပို့စ်
- on 8/14/2015
- No comments
ရန်ဖြစ်တန်း ကစားနေကြတာ ဟုတ်ပုံမရဘူး။ တကယ်ဆော်နေကြတာ။
တစ်စုံတစ်ရာ အမှားအယွင်းမရှိရင် ဦးသိန်းစိန်က နေရာဆက်ထိန်းပေးဖို့ အစီအစဉ်ရှိကြဟန် တူပါတယ်။
တရုတ်နဲ့ကွဲသွားတာဆိုလို့ ဒီမိုကရေစီသို့ ဝန်ခံတာ၊ ရွေးကောက်ပွဲ လုပ်ပေးမယ် ကမ္ဘာသိကြေငြာတာပဲ ရှိပါတယ်။
မြန်မာပြည် ရွေးကောက်ပွဲကလည်း နယူးယောက်မာရသွန် လုပ်အားပေး တစ်ယောက် ပြောသလိုပြောရမယ် ထင်ပါတယ်။
"ဘာလို့များ ငွေကုန်၊ အချိန်ကုန်ခံနေကြလဲ မသိဘူး၊ ကင်ညာက လူတစ်ယောက်ခေါ်ပြီး လည်ပင်းမှာ ဆုတံဆိပ် ဆွဲပေးလိုက်ရင် ပြီးတာပဲ၊ အခု မလိုအပ်ဘဲ အားလုံး အလုပ် ရှုပ်နေကြရတယ်" တဲ့။
(August 13 at 11:09pm)
ဒီလောက်အရေးကြီးတဲ့ကိစ္စမျိုးကို လွယ်လွယ်တော့ အတည်မပြုသင့်ဘူး
in
Politics,
ဇင်ဝေသော်
- on 8/13/2015
- No comments
လီလီနိုင်ကျော်က ရာသီဥတုကောင်းပါသည် ဆိုတဲ့သီချင်းကို တကယ်ပဲ ဆိုခဲ့သလား။
ဒီလောက်အရေးကြီးတဲ့ကိစ္စမျိုးကို လွယ်လွယ်တော့ အတည်မပြုသင့်ဘူး။
(August 13 at 10:24am)
နေပျီဒေါ်မှာ အဲ့လို ဖြစ်နာ
ကမ်းလက် shared Even Demata's video.
Ito ang totoong kung-fu
Posted by Even Demata on Friday, April 24, 2015
မောနင်း ပို့စ်
in
ဇင်ဝေသော်,
မောနင်း ပို့စ်
- on 8/13/2015
- No comments
ရက်ရောတဲ့ နိုင်ငံတွေစာရင်းမှာ အမေရိကန်နဲ့အတူ ထိပ်ကရှိနေပေမဲ့ လူထုရဲ့ တစ်ရက်ဝင်ငွေ (အနည်းဆုံး) သုံးဒေါ်လာပဲရှိတဲ့ နိုင်ငံမွဲရဲ့ စေတနာက အမှတ် ပိုရတာပေါ့။
၃။ ဦးသိန်းစိန်က ပါလီမန် မဝင်၊ ဒါပေမဲ့ အဖွဲ့ချုပ်က ဒေါ်စု သမ္မတမဖြစ်နိုင်မှု၊ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲပြိုင်ပွဲဝင်စာရင်း ထုတ်ပြန်ရာမှာ အငြင်းပွားစရာတွေ ရှိနေမှုနဲ့ နာမည်ကြီး အစိတ်သားကိစ္စကြောင့် ဦးသိန်းစိန်ရဲ့ ဒုတိယ သက်တမ်း ဖြစ်မလာနိုင်ဘူးလို့ ပြောမရကြောင်း အဆုံးသတ်ထားလေရဲ့။
ကြက်တူရွေး သုံးကောင်
in
ဇင်ဝေသော်,
ပေါ့ပေါ့ပါးပါး
- on 8/12/2015
- No comments
မေးကြည့်တော့ အရောင်းစာရေးလေးက.....
"ဒီဖက်က ကြက်တူရွေးက ဘာသာစကား နှစ်မျိုးပြောနိုင်တယ်၊ သူက ဒေါ်လာ တစ်ထောင်၊ ဟိုဖက်က ကြက်တူရွေးက ဘာသာစကား သုံးမျိုးအထိ ပြောနိုင် တယ်၊ သူက နှစ်ထောင်၊ အလယ်ခေါင်က ကြက်တူရွေးကတော့ ဒေါ်လာ သုံးထောင်ပါ။ သူက ဘာစကားမှတော့ မပြောဘူး"
"ဘာစကားမှ မပြောတတ်ဘဲနဲ့ သူက ဘာလို့ ဈေးကြီးနေတာလဲ"
"ဒါတော့ ကျနော်လည်း ကောင်းကောင်းမသိဘူး၊ ဟို နှစ်ကောင်က သူ့ကို အဘ ခေါ်လို့တော့ ဖြစ်နိုင်တာပဲ"
(၁၉၉၁၊ ဧပြီ၊ ရီးဒါးဒိုင်ဂျက်ကို မှီးပါတယ်)









