ပွဲဦးထွက် "စု" ဋီကာ (ဆရာသစ္စာနီပေးတဲ့ ခေါင်းစဉ်)


ကမ်းလက် အမည်နဲ့ စာပေထုတ်ဝေခွင့်ရပြီလို့ သိရပါတယ်။
ပွဲဦးထွက် "စု" ဋီကာ (ဆရာသစ္စာနီပေးတဲ့ ခေါင်းစဉ်) သိပ်မကြာမီ ထွက်ပါမယ်။
ဆရာပေါင်းစုံပါ။ သစ္စာနီ၊ ဦးတင်ဦး(ကျူရှင်) စသည်။

ဒီမှာလည်း တန်ပြန်ဆန္ဒပြမှု တဲ့


ဒီမှာလည်း တန်ပြန်ဆန္ဒပြမှု တဲ့။ ဆွီဒင်ဆိုတာအငြိမ်သက်ဆုံး၊ အအေးချမ်းဆုံး လူ့အဖွဲ့အစည်းတွေထဲမှာ ထိပ်တန်းကရှိပါတယ်။ ဒါပေမဲ့ မွတ်စလင်လူဦးရေနဲ့ ဆိုတော့ သူတို့လည်း လမ်းပေါ်ရောက်လာကြရော။
"ကျေးဇူးပြုပြီး လမ်းပေါ်မှာ လူမျိုးရေးခွဲခြားမှု ဆန္ဒမပြပါနဲ့"
ဆိုတဲ့ လူတစ်စုရဲ့ဆန္ဒပြမှုကို မကျေနပ်လို့ ဆွီဒင်လူအုပ်ကြီး လမ်းပေါ်ရောက် လာကြတာပါ။ လှည့်လည်လမ်းလျှောက်ခွင့်မရကြလို့ တစ်နေရာထဲမှာပဲ ဆန္ဒပြကြရပါသတဲ့။ လူနဲ့ဥပဒေအကြောင်း လေ့လာခွင့် ရလိုက်ပါတယ်။

ဂျမဏီမှာလည်း မွတ်စလင်ဆန့်ကျင်ရေးတွေ ရှိနေတယ်။ အားလည်းကောင်း လာတယ်။ ဒါပေမဲ့ ဒီလှုပ်ရှားမှုခေါင်းဆောင်ရဲ့ ဟစ်တလာစတိုင်လ်နဲ့ပုံ တက် လာပြီးတဲ့နောက် ထောက်ခံသူ နည်းပါးသွားပါသတဲ့။ ဆင်ခြင်စရာပေါ့လေ။ ဒီသတင်းထဲက သင်္ခန်းစာနှစ်ခု ယူကြည့်မိတာပါ။


1 to ten. Quite nice!

Ypa Singapore

မလိုအပ်တာဆို မလုပ်တာက ပိုကောင်းမလား လို့


လမ်းမှာ ကားအရှိန်သတ်မှတ်မှုအတွက် ဆင်ထားတဲ့ စီစီတီဗွီကင်မရာကို အမေရိကန် ကားသမားက သေနတ်နဲ့ပစ်ထည့်လိုက်ရော။ ဒီတော့ သေနတ် နဲ့ပစ်သူကိုတွေ့နိုင်ဖို့ နောက်ထပ်ကင်မရာ တစ်လုံး လိုလာပြန်ရော။ ဒီမှာ ဆွေးနွေးစရာက သေနတ်နဲ့ပစ်မယ့်သူကိုချိန်ထားတဲ့ ကင်မရာကို အရင် ပစ်ပြီးမှ စပိဒ်ကင်မရာကိုပစ်ရင် ဘိုလုပ်မဲ။ ဟဲဟဲ ကင်မရာတွေ ဆင်လို့ မပြီးတော့ဘူး။

မြန်မာပြည်လည်း အဲလိုဖြစ်နေပြီ။ ကျောင်းသားတွေ သူ့သဘောနဲ့သူ ဆန္ဒ ထုတ်ဖော်တာ မှန်ကန်ကြောင်း မိဘတွေအဖွဲ့က ဆန္ဒပြ။ အဲဒီ မိဘတွေကိုရော ဘယ်သူက ကြိုးကိုင်ထားမှန်းမှမသိတာလို့ အစိုးရကကောက်ပြော။ အဲဒေါ့ နောက်တစ်ဖွဲ့က သူတို့ကို ဘယ်သူမှကြိုးကိုင်မထားကြောင်း ဆန္နထပ် ထုတ်ဖော်။
သရော်တာမဟုတ်ပါဘူး။ မလိုအပ်တာဆို မလုပ်တာက ပိုကောင်းမလား လို့လေ။

ဗုဒ္ဓဘာသာရဲ့ စီးပွားရေး အက်သစ်


၁။ အနာကုလာစ ကမ္မန္တာနဲ့
၂။ အနဝဇ္ဇာနိ ကမ္မာနိ
ဒီမင်္ဂလာနှစ်ပါးက အသက်မွေး ဝမ်ကြောင်းမှုနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ ချိတ်ဆက်ထားတယ်လို့ ယူဆရင် ရတယ်။
အတိုဆုံးကတော့ တစ်က ကုသိုလ်သိပ်မရ၊ ဝမ်းဝ။ နှစ်က ကုသိုလ်လည်းရ ဝမ်းလည်း ဝ။


ဆိုပါဆို့။ နယ်ပယ်အကျဉ်းဆုံးကို ကြည့်ပါ။ တောင်သူတစ်ယောက်က သူ့နွားကို ရောင်းရ၊ လဲရထပ်ရတော့မယ်။
(၁) စဉ်းစားပုံက ဒီနွားကို ဘယ်သူ့ရောင်းရင် ငွေပိုရမလဲ။ ဘယ်သူနဲ့ အလဲ အထပ်လုပ်ရင် အမြတ်ပိုကျန်မလဲ။
(၂) စဉ်းစားပုံက ငါ့နွားကိုဝယ်မယ့်သူက နွားကို သနားတတ်သူ၊ ပုံမှန် အစာကျွေး၊ ပုံမှန် ခိုင်းသူ ဟုတ်ရဲ့လား။ ခိုင်းဖို့ပါဆိုပြီး သားသတ်ရုံပို့မယ့်သူ မဟုတ်တာ သေချာရဲ့လား။

နယ်ပယ် အကျယ်ဆုံးကိုကြည့်ရင် ကမ္ဘာ့စီးပွားရေးပေါ့။ အစိုးရတစ်ဖွဲ့ဖွဲ့နဲ့ စီးပွားရေးအရ ဆက်ဆံရတော့မယ်။
(၁) စဉ်းစားပုံက ဘယ်အစိုးရနဲ့ စီးပွားရေးပူးပေါင်းလုပ်ဆောင်ရင် အမြတ် အစွန်း ပိုရမလဲ။
(၂) စဉ်းစားပုံက စီးပွားရေးကရလာတဲ့ အမြတ်အစွန်းတွေကို ဒီ အစိုးရက ဘယ်မှာသုံးစွဲမှာလဲ။ သူ့အာဏာမြဲဖို့၊ ပြည်သူကို ဖိနှိပ်ဖို့သုံးစွဲသွားမှလား။

ကြည့်ရဲရင် အဲသလောက်အထိ ကြည့်နိုင်ပါတယ်။
(ရှေးဟောင်းမင်္ဂလာနဲ့ ခေတ်သစ်လူမှု ဒိုင်မင်းရှင်း)

ဇင်ဝေသော်