စင်္ကာပူကလူတွေ သဘောတူကြပါ့မလား......


အဆောက်အဦတွေက (HDB) "Highly Dangerous Building"
အစိုးရပါတီက (PAP) "Pay And Pay"
ပညာရေးကတော့ (MOE) "Money Only Environment"
ဘဏ်ကျပြန်တော့ (POSB) "Permanently Owing Some Banks"
ကျန်းမာရေးဝန်ကြီးဌာနက (MOH) "Money Operating Hospital"
ဘဏ္ဍာရေး စီမံပုံက (CPF) "Cash Prior To Funeral"
နာမည်ကြီး ဆင်တိုဆာကတောင် (SENTOSA) "So Expensive And Nothing To See Actually" တဲ့။

အရေးကြီးသော ဆွေးနွေးမှုများ သဘောတူညီမှု ရသွားသည်ဆိုရာမှာ


အရေးကြီးသော ဆွေးနွေးမှုများ သဘောတူညီမှု ရသွားသည်ဆိုရာမှာ နှစ်ဖက် အဖွဲ့များက သူတို့၏ တွေ့ဆုံဆွေးနွေးသူခေါင်းဆောင်များအပေါ်
"ဒီလူတော့ အချင်းချင်းအပေါ် သစ္စာဖောက်သွားပြီ"
ဆိုသည်အထိ ခံစားကြရတတ်သည်။ ပို၍ ဝမ်းနည်းဖွယ်ကောင်းသည်မှာ "အချင်းချင်းအပေါ် သစ္စာဖောက်သွားပြီ" ဆိုသည့်အသိမှ ထွက်ပေါ်လာသော မုန်းတီးမှုသည် ရန်သူ့အပေါ်ထားရှိသော မုန်းတီးမှုထက်ပင် ကြီးမား သွား တတ်ခြင်းပင်ဖြစ်သည်။
ဤသို့အကျိုးဆက်များ မရှိဘဲလည်း သဘောတူညီမှု မရတတ်ပြန်။

(ဟန်တင်တန်)

ဆွေးနွေးညှိနှိုင်းမှု


ဆွေးနွေးညှိနှိုင်းမှုကို လက်ခံတာက ကောင်းပါတယ်။
ဒါပေမဲ့ ဆွေးနွေးညှိနှိုင်းမှုကနေ လုံးဝ အမြတ်မရဘဲ လက်လျှော့လိုက်ရတာ က ပျော့ညံ့ရာရောက်သလို
ရာနှုန်းပြည့်ရမှ ဆိုတာကလည်း တင်းမာလွန်းရာရောက်ပါတယ်။
နဂိုစီယေးရှင်း (Negotiation) ညှိနိုင်းမှုအထဲမှာ ကွန်ပရိုမိုက်ဇ် (compromises) နှစ်ဖက် အလျှော့ပေးရမှုတွေ ပါဝင်ပါတယ်။
ဘယ်တော့မှ ရာနှုန်းပြည့် မရတတ်ပါဘူး။

ရိုးသားမှုက ကောင်းပါတယ်။


ရိုးသားမှုကနေတဆင့် တစ်ဖက်နားပေါက် ဖြစ်သွားရင်တော့ စဉ်းစားစရာပါ။
(လူအထင်ကြီးလို ကြီးငြား ပြောကြည့်တာပါ။ မကြီးတော့ အရင်းပေါ့)

.•• ချစ်ခြင်းတရားနဲ့ သူတို့ အမြင် ••.¸


တစ်ယောက်ကို တစ်ယောက် ချစ်တယ်ဆိုတာ ဘုရားစိုက်တဲ့ ပန်းကလေး ပွင့်လာတာလို့ တာရာမင်းဝေက ပြောဖူးပါတယ်။

ဖတ်ဖူးတဲ့ နောက်ထပ် စာလေးတစ်ကြောင်းကတော့ ချစ်သူရှာတဲ့အခါ မျက်စိ မှတ်ပြီးရှာရင် နှလုံးသားနဲ့ ပိုနီးစပ်တယ် တဲ့။

လန့် မောရိုး (Lance Morrow) ကတော့ နောက်တောက်တောက်ပါ။ မစားအပ်တဲ့အသီးကို စားမိပြီး တစ်ယောက်ကိုတစ်ယောက် ချစ်သွားကြလို့ ထာဝရဘုရားရှင်က ဒဏ်ခတ်တဲ့အနေနဲ့ အာဒမ် နဲ့ ဧဝ ကို အလုပ်လုပ် ခိုင်း လိုက်တယ်။ အလုပ်ကို ဒဏ်ခတ်တဲ့ အနေနဲ့ ခိုင်းတာ၊ ဆုပေးတဲ့ အနေနဲ့ ခိုင်း တာမဟုတ်ဘူး။ ဒါကြောင့် ကမ္ဘာဦး ကတည်းက အလုပ်လုပ်တယ်ဆိုတာရော ချစ်တယ်ဆိုတာပါဟာ ကောင်းတဲ့အဓိပ္ပါယ် မဆောင်ဘူးလို့ (တိုင်း မဂ္ဂဇင်း မှာ) ရေးခဲ့ပြန်ပါတယ်။

ဒီတော့ ဘုရားစိုက်တဲ့ ပန်းကလေးကို မျက်စိမှိတ်ရှာမိရင် ဒဏ်ခတ်ခြင်း ခံရတော့မယ်လို့ အဓိပ္ပါယ်ရှိသွားပါသလား။ (အလုပ်လက်မဲ့ ပိုများလာတဲ့ခေတ်မို့လေ)

ဇင်ဝေသော်