Home » All posts
ကမ်းလက်ဝေါပေါ်မှာ
in
ဇင်ဝေသော်
- on 2/16/2015
- No comments
ကမ်းလက်ဝေါပေါ်မှာ ဦးသန်းရွှေကိုတောင် ဆဲခွင့်မပြုပါ ခင်ဗျား။
ဆိုရှယ် ဘာသာရေး၊ သာသနာပြု
in
3D ဘာသာရေး,
သီဟနာဒ
- on 2/16/2015
- No comments
ဒီလို တရုတ်နှစ်သစ်ကူးတွေမှာ တစ်ချိန်က ကျောင်းအပေါ် ကျေးဇူးများပြီး အခု အသွားအလာခက်နေပြီဖြစ်တဲ့ သက်ကြီးရွယ်အိုတွေအိမ်ကို ရဟန်းတွေ ကိုယ် တိုင် သွားကြ၊ ပရိတ်ရွတ်ပေးကြ၊ အားပေးစကားအနည်းငယ်ပြောကြ လုပ်လေ့လုပ်ထရှိတယ်။
တစ်နေ့ကို လေးငါးအိမ်ပေါ့။ ပင့်ကြွမဟုတ်၊ မပင့်ကြွ။ ဖုန်းတော့ ကြိုတင်ဆက် ထားကြတယ်။ သူတို့တတွေ တကယ်ပျော်သွားတာ။
ဒါက ဆိုရှယ် ဘာသာရေး၊ သာသနာပြုပဲ။ နေမကောင်းတဲ့ အရှင်မဟာကသပ၊ အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်ကြီးတွေက ဘုရားကြွလာဖို့ ဘယ် ပင့်ရဲပါ့ မလဲ။ ကြွသွားတော့ ဝမ်းသာတာပေါ့။
ဘာသာဝင်တွေအကြောင်း
in
ဇင်ဝေသော်
- on 2/16/2015
- No comments
ခရစ်ယန်ဘာသာဝင်တွေက ဘာသာရေးအကြောင်း၊ ဂေါ့ဒ်အကြောင်းကို ဟာသရေးရင် ရယ်စရာအနေနဲ့ ရယ်လိုက်ကြတယ်။
ဗုဒ္ဓဘာသာက ဒါမျိုးက နောက်စရာမဟုတ်ဘူးဆိုပြီး ဝင်ငေါက်ကြတယ်၊ နည်းနည်း ပိုကဲသူက ဆဲတယ်။
မွတ်စလစ်ကတော့ ခေါင်းဖြတ်သတ်လိုက်တယ်။
ဒါက ဘာသာဝင်တွေအကြောင်းပါပဲ။
Live and let live
in
ကဗျာ,
ဇင်ဝေသော်
- on 2/15/2015
- No comments
ထောင်ဆိုတာ
အချခံရသူက လတ်တလော လှိုင်းထန်ထန်မှာ
အနာဂါတ် ရင်ခုန်သံနဲ့ အံကြိတ်ကူးခတ်ပြီး
ချလိုက်သူက
ပစ္စုပ္ပန် ရေ လေညင်းမှာ
ပူပန်ခြင်း နောင်တတ္ပေနဲ့
ရွက်လွှင့်နေရတတ်ပြန်ရော။
တကယ်တော့
လူ့ဘဝရဲ့ ဘာသာတရား အစစ်က
"Live and let live."ဖြစ်ပြီး
"Eat or be eaten." မဟုတ်လေဘူး။ ။
အချခံရသူက လတ်တလော လှိုင်းထန်ထန်မှာ
အနာဂါတ် ရင်ခုန်သံနဲ့ အံကြိတ်ကူးခတ်ပြီး
ချလိုက်သူက
ပစ္စုပ္ပန် ရေ လေညင်းမှာ
ပူပန်ခြင်း နောင်တတ္ပေနဲ့
ရွက်လွှင့်နေရတတ်ပြန်ရော။
တကယ်တော့
လူ့ဘဝရဲ့ ဘာသာတရား အစစ်က
"Live and let live."ဖြစ်ပြီး
"Eat or be eaten." မဟုတ်လေဘူး။ ။
15/01/2012
Copyright © 2012 ကမ်းလက်. All rights reserved.