Home » All posts
သေချာပါပြီ
in
ဇင်ဝေသော်
- on 2/19/2016
- No comments
မုဆိုးနှစ်ယောက် တောလိုက်ထွက်ကြတယ်။
တောထဲရောက်တော့ ဘာကြောင့်မှန်းမသိ တစ်ယောက်က မူးမေ့ပြီး လဲကျသွားရော။ မျက်လုံးကြီးကပြူး၊ အသက်ရှုသေးသလား မရှုတော့ဘူးလားလည်း မသေချာတော့ဘူး။
ဒါနဲ့ ကျန်တဲ့တစ်ယောက်က စိုးရိမ်တကြီးနဲ့ အရေးပေါ် လူနာဌာနကို ဖုန်းဆက်ပေါ့...
"ကျနော့် သူငယ်ချင်း အသက်ရှိသေးလားမသိဘူး၊ ကျနော် ဘာဆက်လုပ်ရမလဲ"
"စိတ်အေးအေးထားပါ။ ပထမဆုံး သူ အသက်မရှူတော့တာ တကယ် မှန်ကြောင်း သေချာဖို့လိုပါတယ်"
"ဒါဆို ခဏ"
ဒိုင်း ဒိုင်း ဒိုင်း
"သေချာပါပြီ။ သူ လုံးဝ အသက်မရှူတော့ပါဘူး။ ကျနော် ဘာဆက်လုပ်ရမလဲ ပြောပြပါ။ ကျနော် စိတ်တွေ အရမ်းလှုပ်ရှားနေပါတယ်"
ပွင့်လင်းရာသီမှာ
in
ဇင်ဝေသော်,
ရသ ဆင်ခြေဖုံး
- on 2/18/2016
- No comments
အဖိနှိပ်ခံဘဝ၊ စနစ်ဆိုးဘဝအောက်မှာ အနုပညာတွေ တစ်သီတစ်တန်းကြီး ဖန်တီးနိုင်ခဲ့တဲ့ ရုရှား အနုပညာရှင်တွေထက်
ပွင့်လင်းရာသီမှာ အနုပညာပါပါ တေးဂီတတွေ ဖန်တီးနိုင်တဲ့ အိုင်ရစ်တွေကို ကျနော်ပိုချစ်မိတယ်၊ ပိုလည်း လေးစားမိတယ်။
တော်လှန်ရေးကိုဖွဲ့သီမှ အနုပညာမြောက်တဲ့ ကဗျာ၊ ဂီတဖြစ်မယ်ဆိုရင်တော့ တစ်ခုခု မှားနေပါပြီ။
လူနဲ့ စူပီးရီးယား ကွန်ပလက်စ် (နှစ်)
in
ဇင်ဝေသော်
- on 2/18/2016
- No comments
ဒါကတော့ လူတွေ ရယ်မောတတ်၊ ရယ်မောဖို့ ဖန်တီးတတ်တဲ့ ဟာသတွေနဲ့ ဆက်စပ်ပါတယ်။
အခြားလူတစ်ယောက် ဘယ်လောက် တော်တယ်၊ ဘယ်လောက် ဖြတ်ထိုးဉာဏ် ရှိတယ် ဆိုတာမျိုးကို လူတွေက သိပ်မရယ်တတ်ကြဘူး။ ရယ်စရာလို့လည်း သိပ်မထင်ဘူး။
ဒါပေမဲ့ အခြားလူတစ်ယောက်ရဲ့ အလွဲအမှားတွေ၊ အရေးမကြီးလှတဲ့ ကံမကောင်း အကြောင်းမလှ ကြုံတွေ့ရမှုတွေကိုတော့ လှိုက်လှိုက်လှဲလှဲ ရယ်မောတတ်ကြတယ်။ ဒီရယ်မောမှုမှာ သရော်လိုဟန်တွေ မပါကြပါဘူး၊ ရိုးရိုးပဲ ရယ်မောကြတာပါ။
ဒီအချက်ကို သံသယရှိရင် မြန့်မာပျက်လုံး၊ ကမ္ဘာ့ပျက်လုံးတွေကို လိုက်ကြည့်ပါ။ ဇာတ်လမ်းတွေ၊ ဟာသတွေထဲမှာ ဇာတ်ကောင်ရဲ့အမှန်ထက် ဇာတ်ကောင်ရဲ့ အမှားအကြောင်းတွေ ပိုများသလို လူတွေကလည်း ဒါကိုပဲ ရယ်မောကြတာပါ။
သူတစ်ပါးရဲ့ အမှားလေးတွေကို ရယ်စရာလို့ ထင်မှတ်နေကြခြင်းဟာ အတွင်းမှာ မသိမသာ ရှိနေတဲ့ လူရဲ့ စူပီးရီးယား ကွန်ပလက်စ်ကြောင့်လို့ သိပ္ပံကဆိုပါတယ်။
ဇင်ဝေသော်
လူနဲ့ စူပီးရီးယား ကွန်ပလက်စ် (တစ်)
in
ဇင်ဝေသော်
- on 2/18/2016
- No comments
လူတိုင်းမှာ မသိမသာ စူပီးရီးယား ကွန်ပလက်စ် (ကိုယ်က သူ့ထက် သာတယ်ထင်တဲ့ သဘောထား) ရှိတယ်လို့ သိပ္ပံကဆိုပါတယ်။
ဥပမာ။ ။ ကရုဏာဖြစ်ဖို့က မုဒိတာပွားဖို့ထက် ပိုလွယ်ပါတယ်။
ဘာကြောင့်ပါလဲ??
အဓိကကတော့ လူတစ်ဖက်သားက ကိုယ့်အောက် နိမ့်ပါးနေလို့၊ ကိုယ့်လောက် အဆင်မပြေလို့၊ ကိုယ်က မြင့်နေလို့ပါပဲ။
မုဒိတာကျတော့ တစ်ဖက်သားက ကိုယ့်ထက်သာနေတဲ့အတွက် မသိမသာရှိနေတဲ့ စူပီးရီးယား ကွန်ပလက်စ်နဲ့ သွားပြီး ထိပ်တိုက်တွေ့နေတယ်။
ဒီလိုဆိုလို လက်မခံနိုင်သူတွေ ရှိနိုင်ပေမဲ့ ကရုဏာဖြစ်ဖို့ထက် မုဒိတာပွားဖို့က ပိုခက်တယ်ဆိုတဲ့အချက်ကတော့ ငြင်းဖို့ခက်ပါလိမ့်မယ်။
ဒါက လူရဲ့ စူပီးရီးယား ကွန်ပလက်စ်ကြောင့်ပါ။
ထိန်းကြောင်းပေးထားတဲ့ နှလုံးသားရှိသူတွေ၊ နှလုံးသားကြီးသူတွေဆီမှာတော့ စူပီးရီးယား ကွန်ပလက်စ် မရှိနိုင်ဘူး။
ရှိရင်တောင် မြင်မကောင်း ရှုမကောင်း ထိုးလိုးထောင်လောင် မဟုတ်နိုင်ဘူး။
(စာအုပ်ကိုင်နေလို့ ဒီလောက်ပဲ ရေးနိုင်တယ်ဗျာ)
ဗုဒ္ဓဘာသာစိတ်ပညာအရ "အတိမာန" ဆိုတာနဲ့ "စူပီးရီးယား ကွန်ပလက်စ်" တို့ အဓိပ္ပါယ်အားဖြင့် ရာနှုန်းပြည့်နီးပါး ညီညွတ်ပါတယ်။
ဇင်ဝေသော်