ဒါကတော့ လူတွေ ရယ်မောတတ်၊ ရယ်မောဖို့ ဖန်တီးတတ်တဲ့ ဟာသတွေနဲ့ ဆက်စပ်ပါတယ်။
အခြားလူတစ်ယောက် ဘယ်လောက် တော်တယ်၊ ဘယ်လောက် ဖြတ်ထိုးဉာဏ် ရှိတယ် ဆိုတာမျိုးကို လူတွေက သိပ်မရယ်တတ်ကြဘူး။ ရယ်စရာလို့လည်း သိပ်မထင်ဘူး။
ဒါပေမဲ့ အခြားလူတစ်ယောက်ရဲ့ အလွဲအမှားတွေ၊ အရေးမကြီးလှတဲ့ ကံမကောင်း အကြောင်းမလှ ကြုံတွေ့ရမှုတွေကိုတော့ လှိုက်လှိုက်လှဲလှဲ ရယ်မောတတ်ကြတယ်။ ဒီရယ်မောမှုမှာ သရော်လိုဟန်တွေ မပါကြပါဘူး၊ ရိုးရိုးပဲ ရယ်မောကြတာပါ။
ဒီအချက်ကို သံသယရှိရင် မြန့်မာပျက်လုံး၊ ကမ္ဘာ့ပျက်လုံးတွေကို လိုက်ကြည့်ပါ။ ဇာတ်လမ်းတွေ၊ ဟာသတွေထဲမှာ ဇာတ်ကောင်ရဲ့အမှန်ထက် ဇာတ်ကောင်ရဲ့ အမှားအကြောင်းတွေ ပိုများသလို လူတွေကလည်း ဒါကိုပဲ ရယ်မောကြတာပါ။
သူတစ်ပါးရဲ့ အမှားလေးတွေကို ရယ်စရာလို့ ထင်မှတ်နေကြခြင်းဟာ အတွင်းမှာ မသိမသာ ရှိနေတဲ့ လူရဲ့ စူပီးရီးယား ကွန်ပလက်စ်ကြောင့်လို့ သိပ္ပံကဆိုပါတယ်။
ဇင်ဝေသော်
Post a Comment