အောင်ဆန်းသမီး အငယ်မလေးအတွက် ဖိုးစိန်ဆင့်သား အငယ်ကောင် ရေးတဲ့ကဗျာ (တစ်လလို အမှတ်တရ)







မြန်မာလိုပြောလည်း ဒီစကား
အင်္ဂလိပ်လိုပြောလည်း ဒီစကား
သွား သွား မစမ်းကြစမ်းပါနဲ့
အောင်ဆန်းသမီး အငယ်မလေးရယ်
Nothing to lose,
No one to fear,
Dare to change။


စင်္ကာပူအတွက် လီကွမ်းယုက Farther Figure
မြန်မာပြည်အတွက် ဒေါ်စုက Mother Figure
ဘုရားစူးပါရစေရဲ့
(ဒီတောသားက)
ဒန်ပေါက်စားရလို့ ပြောတာ မဟုတ်ရပေါင်။

အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားအရေး
သံသယလေးများ မခို့တရို့ရှိရင်
ကချင်ပြည်နယ်က အမေခေါ်သံကြီးကို
ကျေးဇူးပြု နားဆင်ပေးကြအုံး။

ချွေးတလုံးလုံးနဲ့
လယ်တောထဲက ပြန်လာတဲ့အမေကို
ဖုန်တလုံးလုံးနဲ့
ကစားရာက ပြေးဖက်ကြတဲ့ ကလေးတွေလိုပဲ။

အညာသားက အညာလေနဲ့ပဲ ပြောတတ်လို့
စကားရိုင်းသွားရင် ခွင့်လွှတ်ကြပါ
နိုဘယ်လ်အပါအဝင် ဆုတွေနဲ့
အင်္ဂလန်က ပြန်လာတဲ့
အောင်ဆန်းသမီး အငယ်မလေးကို
ဖိုးစိန်ဆင့်သား အငယ်ဆုံးကောင်
ဘက်ဆဲလား နိုင်ငံရေး ဘာသာပြန် ဆရာက
ယုံကြည်သတဲ့
လေးစားသတဲ့လေ။ ။

ဇင်ဝေသော်

(08/10/2015 08:16)

 

Post a Comment