ဘဲငန်းကလေးတွေက မျက်စေ့အလင်းပွင့်ရာသစပြီး ဘဲငန်းမကြီးနောက်ကို တဂက်ဂက် မည်သံပေးရင်း မကွေမကွာ လိုက်ကြပါတယ်။ ဒါကို ရိုးရာယဉ်ကျေးမှုက မိခင်မေတ္တာရဲ့ ဆွဲငင်အားကြောင့်လို့ ယူဆပါတယ်။
ဒါကို သိပ္ပံက မငြင်းပါဘူး။ ဒါပေမဲ့ တိကျတဲ့ အဖြေကိုတော့ ထပ်ရှာကြည့်တယ်။ ဘဲငန်းလေးတွေ မပေါက်ခင်ကတည်းက သူတို့ဘေးမှာ စက်ရုပ်ကြီးတစ်ခု ချထားပေးတယ်။ သူတို့ မျက်စေ့ ပွင့်ပွင့်ချင်း ပထမဆုံး မြင်တွေ့ရမယ့် အရာက အဲဒီ စက်ရုပ်ကြီးပါ။
သူတို့လမ်းလျောက်တတ်တဲ့ အရွယ်ရောက်တဲ့အခါမှာလည်း သူတို့ဟာ စက်ရုပ်ကြီးရဲ့နောက်ကို တကောက်ကော်ပဲ လိုက်နေကြပါသတဲ့။
ဒီမှာ အဖြေတစ်ခု ထပ်ထွက်သွားတယ်။
သတ္တဝါတွေဟာ သူတို့ ပထမဆုံးမြင်တွေ့ရတဲ့ အရာဝတ္ထုတစ်ခုကို စံတစ်ခုအနေနဲ သတ်မှတ်ထားပြီး အားကိုးတကြီးလည်း ဖက်တွယ်ထားတတ်တယ်ဆိုတဲ့ အဖြေပါပဲ။
ကျနော်တို့ သဘောတူသညိဖြစ်စေ မတူသည်ဖြစ်စေ သိပ္ပံဟာ သိပ္ပံအနေနဲ့ ခိုင်ခိုင်မာမာပဲ ရှိနေပါလိမ့်မယ်။
ဇင်ဝေသော်
Post a Comment