ကွန်မင့်ရှင်သို့ လျှောက်ထားလွှာ


Ashin Kavissara "သေချာတာတစ်ခုကတော့ ဒီအစိုးရမှာ အများ လက် ခံနိုင်တဲ့ ပညာရှင်မရှိပါဘူး။ တစ်ခုခုဖြစ်ရင် ဦးအောင်မင်း၊ ဦးရဲထွဋ်တို့ ထွက် လာတယ်။ ဦးအောင်မင်း ဦးဆောင်တဲ့ဆွေးနွေးပွဲတွေ ဘယ်မှာအောင်မြင် လို့လဲ။ ဦးရဲထွဋ်ကတော့ သူသိသူတက်ပဲ။ အီရက်နိုင်ငံ ဆက်ဒမ်ဟူစိန် လက် ထက်က ပြန်ကြားရေးဝန်ကြီးနဲ့ တော်တော်တူတယ်။ ဦးသိန်းစိန်လူရွေးတော် တယ်။"
Unlike · Reply · 27 · 7 hrs · Edited
************************************************************************
ဆက်ဒမ်ဟူစိန်လက်ထက်က ပြန်ကြားရေးဝန်ကြီးနဲ့ သူတို့ချင်း တူပုံလေးပါ အားလုံးသိရအောင် ချီးမြှင့် ရေးသားပေးပါဦးဘုရား။

မစုပုံချစ်ကတော့ ကျုပ်တို့လို ကျားကိုးစီးစားကြီးတွေကို ပညာပြနေပြီ။


ကမ်းလက် shared Shwe Moe Hein's post.
 

 စုပုံချစ်ဆိုတဲ့ မိန်းကလေးဟာ မွေးကတည်းက ကိုယ်အဂါင်္မပြည့်စုံရှာဘူး၊ ခြေထောက်တဘက်နဲ့ ရပ်ရတယ် ။ စာရေးရတယ် ။ ကွန်ပျူတာသုံးရတယ် ။

ဆယ်တန်းအောင်တော့ ဆေးကျောင်းအမှတ်မီတယ် ။ တလောက စကောလားရှစ်ရလို့ နိုင်ငံခြားမှာကျောင်းသွားတက်တယ် ။

အခုကျောင်းသားသပိတ်မှာ ဧရာဝတီစစ်ကြောင်းကနေ သူကိုယ်တိုင် တိုက်ပွဲဝင်နေတယ်..။
source kyaw swar myint သတင်းဓါတ်ပုံ-Aung Aung Kyaw.

သြစတြေးလျနိုင်ငံ ဆစ်ဒနေမြို့မှာ ပညာတော်သင်သွားရောက်ခဲ့တဲ့ မသန်စွမ်းကျောင်းသူ မစုပုံချစ်ဟာ (Master of Policy Studies - MPS) မဟာဘွဲ့ ကို ထူးချွန်အောင်မြင်ရရှိခဲ့ပြီး ဇူလိုင်လ ၂၀ ရက်နေ့က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

သူဟာ ဆစ်ဒနေမြို့က The University of New South Wales (UNSW) တက္ကသိုလ်မှာ တစ်နှစ်ခွဲကျော်အကြာ ပညာသင်ယူခဲ့ပြီး မေဂျာဘာသာရပ်နှစ်ခု ဂုဏ်ထူးရအောင် ကြိုးစားနိုင်ခဲ့တာဖြစ်ပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို
ပြန်လည်ရောက်ရှိလာတဲ့ မစုပုံချစ်ကို မိဘနှစ်ပါးအပါအ၀င် မိသားစုဝင်တွေနဲ့ သူရဲ့သူငယ်ချင်းမိတ်ဆွေတွေက လာရောက်ကြိုဆိုခဲ့ကြပါတယ်။

မစုပုံချစ်ဟာ အကောင်းအတိုင်းရှိတဲ့ ဘယ်ဖက်ခြေထောက်ကိုအသုံးပြုပြီး စာရေးနိုင်တာဖြစ်ပါတယ်။ သူဟာ တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးလေးဘာသာနဲ့ အောင်မြင်ခဲ့ပြီး သတင်းနှင့်နည်းပညာ အင်ဂျင်နီယာဘာသာရပ်အထူးပြုနဲ့ နည်းပညာတက္ကသိုလ်ကို တက်ရောက်ခဲ့ပါတယ်။

မဟာဘွဲ့အတွက် နည်းပညာတက္ကသိုလ်ကို တက်ရောက်နေဆဲမှာ ၂၀၁၃ ခုနှစ်အတွင်း သြစတြေးလျနိုင်ငံမှာ ကျောင်းတက်ဖို့ ပညာတော်သင်ဆုကို ရရှိခဲ့တာပါ။ ဒါဟာ မြန်မာနိုင်ငံက မသန်စွမ်းသူတစ်ဦးအနေနဲ့ ပြည်ပ ပညာတော်သင်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့တာဖြစ်ပြီး သမိုင်းမှတ်တိုင်တစ်ခု
စိုက်ထူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
source 7 days daily

စနစ်က မကောင်းတော့လို့လား စနစ်ကို ချဉ်းကပ်တာ မမှန်လို့လား


အများ မြင်သာအောင် ဝေါပေါ်တင်ပေးတာပါ။ ကွန့်မင်ကိုသွားဖတ်ရင်လည်း ရပါတယ်။ စံ နဲ့ ချွင်းချက်က ရှိနေပြီးသားမို့ ထပ်မပြောတော့ပါ။

ဆယ်တန်းကို သုံးနှစ်အောင်းဖြေခြင်းက တကယ်တော့ ချွင်းချက်ပါပဲ။
၁။ အဲဒီချဉ်းကပ်နည်းနဲ့ ကျောင်းသား ဘယ်လောက်ရာနှုန်းချဉ်းကပ်နိုင်မလဲ။
၂။ကျောင်းသားအများစု ဒီနည်းအတိုင်း ချဉ်းကပ်မယ်ဆိုရင် ဒါက စံ ဖြစ်သွားမယ်။ အဲဒီ "စံ" က ဆေးဝင်ဖို့ ပညာသင်နှစ် "သုံး" နှစ်ဆိုတာမျိုး ဖြစ်သွားပါမယ်။
ဆက်လက်ဆွေးနွေးပါဘုရား။ ချွင်းချက်နဲ့ "စံ" အောက်မှာဆို စိတ်ဝင်စားပါတယ်။
***********************************************************************
Ja Buda အမေရိကန်ရောက် မြန်မာဆရာဝန်ဟာ တော်တဲ့ကျောင်းသားတစ်ယောက်မဖြစ်ခဲ့ပါဘူး။ တော်ချင်တဲ့ကျောင်းသားတစ်ယောက်သာ ဖြစ်ခဲ့ပါတယ်။ ဆယ်တန်းမှာ သုံးနှစ် အောင်းခဲ့တာ ဖြစ်လို့ပါ။ စနစ်ကိုချည်း ပုံချတာတော့ သိက်မစားလွန်းဘူး။ စနစ်က ရှိပီးသား။ ချဉ်းကပ်တတ်ဖို့သာ အခရာကြမယ်။ ၂၅၀၀ကျော်က ဗုဒ္ဓစနစ်ကို ကျင့်သုံးလို့ မြေပြင်က စပါးလမ်းတာတောင် မခြောက်ဘူးလို့ဆိုပါတယ်။ ခုလည်း အဲ့စနစ်ပါပဲ။ ဒါပေမဲ့ ခုတော့ ရှားလွန်းလို့ ဘယ်ကလွတ်လိုက်မှန်း မသိတဲ့ မိုးပျံပူပေါင်းကို တမြို့လုံး ရဟန္တာ အမှတ်နဲ့ ဖင်ဘူးတောင်းထောင် ရှိခိုးနေကြရတယ်။ ဒါဘာလို့လဲ။ စနစ်က မကောင်းတော့လို့လား စနစ်ကို ချဉ်းကပ်တာ မမှန်လို့လား။

ခုပဲ ဖတ်လိုက်မိတယ်။
Discussion is always better than argument. Because Discussing is to find out what is right ! Argument is to find out who is right.

ဒီတော့ ခု ပညာရေးစနစ်ကို ဘယ်သူမှန်တယ်ဆိုတာအတွက်ပဲ ထပ်တလဲလဲ ရေရွတ်နေကြပြီး ဘာက အမှန်ဆိုတာအတွက်တော့ ပါးစပ်တွေက စွန့်အနေကြတယ်။ ဒီအတိုင်းဆို ဗုဒ္ဓပိဋကတ်တော်တွေ ပုဇွန်တောင် ပို့လိုက်ရုံရှိတာပေါ့။
Unlike · Reply · 1 · 4 mins

ဒါတွေကြောင့် နိုင်ငံ မတည်မငြိမ်ဖြစ်နေတာ


အဲဒီ အင်္ဂလိပ်သံအမတ် ကုလားဖြူကို ဒီအတိုင်း လွှတ်မထားသင့်ဘူး။ သမတကြီးနဲ့တကွ အစိုးရတစ်ဖွဲ့လုံးကို သက်သက်အရှက်ခွဲချင်လို့ ဘတ်စ်ကားလျှောက်စီးပြတာ။ ဒါလည်း လူထုကို ဆူပူအောင်လုပ်နည်း တစ်မျိုးပဲ။ ဒါတွေကြောင့် နိုင်ငံ မတည်မငြိမ်ဖြစ်နေတာ။ မှတ်လောက်အောင် ဆုံးမလိုက်ရမှာ။

သူ့လောဂျစ်က မိုက်တယ်။


ကမ်းလက် shared BoBo Than's post.
BoBo Than

တချိန်ချိန်မှာ နိုင်ငံသား ဖြစ်နိုင်တဲ့ ဝိုက်ကတ်သမားတွေကို မဲပေးခွင့်ပြုသင့်တယ်လို့ ပြောတဲ့ လူကို....ပြောချင်တာက
ခင်ဗျား သမီးနဲ့ တွဲနေတဲ့ သူ့ရည်းစား...
တချိန်မှာ သားမက် ဖြစ်နိုင်တဲ့ ကောင်ကို
အခုကတည်းက အိမ်မှာ
ခင်ဗျားသမီးတဲ့ အတူ ညညလာအိပ်ခိုင်းလိုက်ပါ....

အဲဒါ သစ္စာနီ တဲ့။ စင်္ကပူ၊ ၂၂ ရက်နေ့ တွေ့ရအောင်။


ကမ်းလက် shared Thitsarni Poet's post.
Thitsarni Poet

ပြည်သူ့ ဥဒါန်း

အောင်ဆန်းကို....
မြေမှာမြှုတ်ထား ပတ္တမြားဖြစ်၏
မီးနဲ့ရောမွှေ ရွှေဖြစ်၏။

အောင်ဆန်းကို....
ထက်ခြမ်းခွဲချ နေ,လ ဖြစ်၏
ကောင်းကင်မှာကြဲ ကြယ်ရဲဖြစ်၏။

အောင်ဆန်းကို....
ပင်လယ်ထဲပစ် ပန်းလှေဖြစ်၏
လေထဲမှာဖြန့် ချစ်ရနံ့ဖြစ်၏
တစ်နိုင်ငံလုံး သင်းမဆုံး။

သစ္စာနီ

(ဖေဖေါ်ဝါရီ12,13,14 ပြည်သူ့ဥယျာဉ်တွင် ခင်းကျင်းပြသ
မည့် ဗိုလ်ချုပ်အနှစ်တစ်ရာပြည့်အမှတ်တရ ART SHOW
ကဗျာ ပန်းချီ ကာတွန်းနှင့်ဓာတ်ပုံပြပွဲ ကဗျာပြခန်းတွင်
ဤကဗျာကိုပြသထားပါမည်။)

ဗိုလ်ရဲထွဋ်ကတော့ အရေးရယ်အကြောင်းရယ်ဆို


ဗိုလ်ရဲထွဋ်ကတော့ အရေးရယ်အကြောင်းရယ်ဆို ကရော်ကမည် ထ,လုပ်တော့ တာပဲ။
နိုင်ငံရဲ့အနေအထားက ပူတတ်ရင် ပူစရာကြီး၊ မန္တလေး၊ ဧရာဝတီ စခဲ့ပြီး ရန်ကုန်၊ မုံရွာနဲ့ ပခုက္ကူ စနေပြီ။
ဒီအချိန်မှာ ပြန်ကြားရေးဝန်ကြီး ထုတ်ပြန်လိုက်တာက ဖီးလ် စားသောက်ဆိုင်ရှေ့ က ကားမရပ်ရနေရာမှာ ကားရပ်ထားတဲ့ဓာတ်ပုံ။ မြန်မာပြည်မှာ တော်တော် ရှား ဟန်တူတယ်။
စင်္ကာပူလိုနေရာမှာ သတင်းစာနောက်ဆုံးက လူထုအော်သံထဲ ဓာတ်ပုံပို့၊ စာဝင်ရေး လုပ်ကြတာက သာမန်ပြည်သူတွေပါ။

အာရှသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း


ကမ်းလက် shared MRTV's video.
အာရှသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း
တေးရေး - သဟာယဆရာတင်
တေးဆို - ကိုမြကြီး

Post by MRTV.

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားကို အမြည်း



ကမ်းလက် shared သက်နှင်း သုန္ဒရီ's video.
သက်နှင်း သုန္ဒရီ

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားကို အမြည်းသဘောလေး ကြည့်စေချင်တယ်…

တကယ်ကောင်းပါတယ်…

ဗိုလ်ချုပ်နေရာက သရုပ်ဆောင်သူရော ဒေါ်ခင်ကြည်အဖြစ်သရုပ်ဆောင်သူရော ပီပြင်ပါတယ်…

ရုပ်ရှင်ကြည့်နေရတယ်လို့ မထင်ရအောင် အသက်ဝင်တဲ့ ဇာတ်ကားပါ…

ဘာဝနာ ရုပ်ကြွင်း?



တရားထိုင်နေဟန် ဘုန်းတော်ကြီးတစ်ပါးရဲ့ ရုပ်ကြွင်းက အွန်လိုင်းသတင်းကနေ သတင်းစာသတင်း ဖြစ်လာပါတယ်။ ဘယ်သူရဲ့ ရုပ်အလောင်းဖြစ်မယ်ဆိုတာ တိတိကျကျမဆိုနိုင်ပေမဲ့ လားမားဂိုဏ်းဝင် နာမည်ကြီး ရုရှား ဘုန်းတော် ကြီးဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ နှစ်ပေါင်း ၂၀၀ ခန်းရှိတဲ့ ရုပ်ကြွင်းလို့ ဆိုကြ ပါတယ်။

ဆရာဝန်လည်းဖြစ်သူ တိဗက်ဘုန်းတော်ကြီး Dr Barry Kerzin ရဲ့ အဆိုအရ ဒီအခြေအနေဟာ တရားဘာဝနာပွားများမှုမှာ အမြင့်ဆုံးနီးပါးကိုရောက်နေပြီး ဗုဒ္ဓဖြစ်ဖို့ပင် နီးကပ်နေပြီ၊ ဒီအတိုင်း ဆက်လက်ရှိနေမယ်ဆိုရင် သုံးပတ် အတွင်း မှာ ခန္ဓာကိုယ် သေးငယ်သွားပြီး အမြင့်ဆုံးကိုရောက်ရှိသွားတယ်၊ ဝန်ကျင်ရှိ လူတွေကိုလည်း ငြိမ်းချမ်းမှုကိုရစေတယ်လို့ ဆိုပါတယ်။

ဒီရုပ်ကြွင်းကို မှောင်ခိုဈေးနဲ့ရောင်းဖို့ ကြိုးစားနေစဉ် ရဲကတွေ့ရှိခဲ့တာဖြစ်တယ်လို့ the Siberian Time သတင်းစာက ဖော်ပြထားပါတယ်။
နောက်ပြီး တိဗက်ဘုန်းတော်ကြီးတွေနဲ့ဆက်စပ်တဲ့ ဒီလိုဖြစ်စဉ်မျိုး နှစ် ၅၀ အတွင်းမှာ အကြိမ် ၄၀ လောက် ရှိခဲ့ဖူးတယ်လို့လည်း သိရပါတယ်။