သဘောတူညီမှု နှစ်မျိုး


အနောက်က သဘောတူညီမှုလက်မှတ်ထိုးလျင် ထိုသဘောတူညီမှုအတိုင်း ဆက်လက်လုပ်ဆောင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

တရုတ်က သဘောတူညီမှုလက်မှတ်ထိုးရာမှာ အတူတကွ လုပ်ဆောင်ဖို့ သဘောတူခြင်းသာဖြစ်ပြီး ထိုသဘောတူညီမှုထဲမှာ ပြင်ဆင်စရာ၊ ဖြည့်စွက်စရာတွေ အများကြီး ရှိနေတတ်သည်။
(ကစ်ဆင်းဂျား။ world order)

ကဲ မြန်မာအစိုးရရဲ့ သဘောတူညီမှုက ဘယ်လို သဘောတူညီမှုလဲ။
သမိုင်းက ပြောပြနေတာကတော့ ဒုတိယအမျိုးအစားပါ။
စောင့်ပဲကြည့်ရမယ့် သဘောပဲ။ ဦးရဲထွဋ် ဝမ်းသာသလောက် လေ့လာသူတွေကတော့ ဝမ်းမသာလောက်သေးဘူး။

တစ်ခုခုကို ရွေးခြင်း


မြန်မာဘုန်းကြီး ကျောင်းထိုင်ဖြစ်တော့ ဒီကျောင်းမှာ သီဟိုဠ်သံဃာ ဆက် ပြတ်တော့မယ်၊ မြန်မာသင်္ကန်းရောင်ပဲ လွှမ်းသွားတော့မယ်လို့ နိမိတ် ဖတ်သူတွေ၊ စိုးရိမ် ပူပန်သူတွေ ရှိခဲ့ပါတယ်။ အခုတော့ သူတို့ အထင်တွေ မှားကြောင်း၊ စိုးရိမ်စရာ မရှိကြောင်းသိသွားကြတယ်။
ကိုယ်တိုင်မေးကြည့်မိတာက "မြန်မာကျောင်းကြီး (တိုပါးရိုး) မှာ မြန်မာ ဆရာေ တွ တစ်ပါးမှမရှိတော့ဘဲ သီဟိုဠ်ဘုန်းကြီးတွေချည်းပဲ ရှိနေရင် မြန်မာတွေ ဘယ်လိုခံစားရမလဲ" ဆိုတာပါပဲ။
ဒီမေးခွန်းဟာ အဖြေတစ်ခု ကောင်းကောင်းပေးနိုင်ပါတယ်။
နိုင်ငံရေးစကားနဲ့ဆိုရင် ဒီမိုဂရပ်ဖစ် ဘဲလန့်စ် (လူဦးရေဟန်ချက်) မပျက်စေရဘူးပေါ့။ မြန်မာ သိပ်များသွားရင် သီဟိုဠ်ဘုန်းကြီးတွေသာမက တရုတ် ဒကာ၊ ဒကာမတွေကပါ စိုးရိမ်လာနိုင်ပါတယ်။ ဒါက လူ့သဘာဝပါ။ (အမေရိကမှာ မက္ကစီကန်တွေ၊ ဥရောပမှာ မွတ်စလင်တွေ၊ မြန်မာမှာ ရိုဟိန်ဂျာနဲ့ တရုတ်)

ဒါ့ကြောင့် ဗုဒ္ဓဘာသာအောက်မှာ ရေရှည်အလုပ်လုပ်နိုင်အောင် မြန်မာ့ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ သင်္ကြန်ပွဲမျိုးတွေ မလုပ်ဖြစ်တော့ပါဘူး။ ဒါပေမဲ့ ချွင်းချက် နဲ့ပါ။ ၂၀၀၇ ရွှေဝါရောင်ကာလလို အခြားကျောင်းတွေအတွက် အကြပ် အတည်း ရှိနေမယ်ဆိုရင်တော့ ဘာဖြစ်ဖြစ် လုပ်လိုက်မိမယ်ထင်ပါတယ်။
(သင်္ကြန် မလုပ်ဘူးလားဆိုတဲ့ အမေးတွေကို ဖြေပြီးသားဖြစ်သွားပြီလို့ ယူဆပါတယ်)

နော်မက်ဒစ်ရဟန်းတစ်ပါး၏ ခိုလှုံရာ အရိပ်


သမိုင်းနုနု နိုင်ငံငယ်လေးမှာ ကျောင်းတော်ရဲ့ ခရီးက ယနေ့ ၅၅ နှစ်မြောက် ခဲ့ပြီ။
၅၅ နှစ်မှာ မိမိနှင့်ဆက်စပ်မိသည့်ကာလကပင် ၁၃ နှစ်ထဲ ဝင်လာခဲ့ပြီ။ ဤမျှ ကြာလိုက်သည် မထင်မိ။
ဤကျောင်းသည် အတည်မကျ နော်မက်ဒစ်ရဟန်းတစ်ပါး၏ ခိုလှုံရာ အရိပ် လည်း ဖြစ်နေခဲ့သည်။

နိုင်ငံငယ်က ယဉ်ကျေးမှုပေါင်းစုံကို စုစပ်ပေးထာသလို ကျောင်းတော်က လည်း ထေရဝါဒအောက်မှာပင် မတူညီသော ယဉ်ကျေးမှုများကို နွေးထွေး စွာလက်ခံထားသည်။
ကိုယ်ကပေးတာတွေရှိသလို ကိုယ်ကရတာတွေလည်းရှိသည်။ ထိုအရာများစွာတို့တွင် ကိုယ်တိုင် သင်ယူလိုက်မိသည့် မတူပေမဲ့ အတူနေလို့ ရသည်ဆိုသည့် Co-exist သဘောတရားက ဘဝအတွက် တန်ဖိုးအကြီးဆုံး သင်္ခန်းစာပင် ဖြစ်ပါသည်။

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု။ ။


သီဟနာဒ




ဘယ်နိုင်ငံပါလိမ့်

ယုံကြည်ပါသလား


နန္ဒ စိုးစံ။ ။ လီကွမ်ယုလို..ခေါင်းဆောင်မျိုး မြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့ရင်..
.ကြိမ်းသေပေါက်မြန် မာနိုင်ငံဟာ..စက်ာပူလိုဖွံ့ဖြိုး တိုးတက်မယ်လို့ ယုံကြည်ပါသလားအရှင်ဘုရား..။


Zin Wai Thaw။ ။ ဒါက ဆောင်းပါးရေးမှ ရမှာ။ အစွမ်းရှိသူမို့ မြန်မာပြည်လို ဆိုရင် မတူတဲ့ ပေါ်လစီချလာနိုင်တယ်။ လီကွမ်ယုကို စင်ကာပူအောင်မြင်မှုနဲ့ တင် တိုင်းလို့ မရပါဘူး။ ကမ္ဘာကျော် ကုမ္ပဏီတွေမှာ အကြံပေး ဘုတ်အဖွဲ့ထဲ ပါနေတာ၊ အာရှအရေးမှာ အမေရိကန်နဲ့ ဥရောပ ခေါင်းဆောင်တွေ သူ့ဆီက အကြံဉာဏ်တွေယူကြရတာ တွေအထိ ကြည့်မှရမယ်။

သမ္မတကြီး အောင့်သက်သက်ပြန်ရပြန်တဲ့ စင်္ကာပူ ဒုတိယအခေါက်


ပထမအခေါက်တုန်းကတော့ ဧည့်ဆောင်၊ ဧည့်စောင့်ခန်းမထဲက ခြေေ ထာက်နဲ့ ကြမ်းပြင်မထိတဲ့ ထိုင်ခုံမှာ စကားစမည်ဖွဲ့သူမဲ့ တစ်ကိုယ်ရေ။ ဒါကိုကြည့်ပြီး ရင်နာ၊ စိတ်မကောင်းခြင်းကြီးစွာ "ကျန်ကျောင်းနဲ့ကျောက်စီဓါး" စတေးတပ်လေးတွေ ရေးဖြစ်ခဲ့တယ်။
အခု အခေါက်လည်းအောင့်သက်သက်ဖြစ်စရာ၊ အားမလို အားမရဖြစ်စရာ အနည်းဆုံး အကြောင်းနှစ်ချက်တော့ ရှိနေနိုင်တယ်။

၁။ လီကွမ်ယု ကွယ်လွန်မှုအတွက် ဝမ်းနည်းကြသူတွေက စင်္ကာပူနိုင်ငံ သားတွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေသာမက မြန်မာလူထုအများစုကကိုပဲ ဝမ်း နည်းတကြီးဖြစ်နေကြရတယ်။ ဒါ့အပြင် မြန်မာကအဘရွှေတို့ အုပ်စုတွေနဲ့ စင်္ကာပူက အဘလီကိုလည်း ပက်ပက်စက်နှိုင်းယှဉ်လာကြတယ်။ အမေကျော် ဒွေးဒေါ်လွမ်းလို့ပြောဖို့တော့ မသင့်လှဘူးထင်ပါတယ်။ လီ ဟာ တကယ်ကို အလုပ်လုပ်ပြသွားတဲ့ လူပါ။

၂။ ကတော့ သမ္မတအပါအဝင်အားလုံးဟာ တန်းမဝင်တဲ့ သူတို့ရဲ့ အင်္ဂလိပ် ကြောင့် အားငယ်နေ (အားမလို အားမရဖြစ်နေ) နိုင်ပါတယ်။ ဒီအထဲမှာ သံတမန်တချို့လည်းပါတယ်။ သူတို့ဆီက ထွက်လာတဲ့ အင်္ဂလိပ် အသံထွက်က တော်တော်စိတ်ပျက်စရာကောင်းတယ်(နှစ်ခါ ကြုံဖူးလို့ပါ)။ စင်္ကာပူကတောင် ဒီပွဲကို တက်ရောက်လာသူတိုင်းဟာ အနည်းဆုံး အင်္ဂလိပ် လိုတော့ ရပြီးသားလို့ မှတ်ယူထားတယ်။ အခြားဘာသာစကားတွေနဲ့ပြောရင် ဘာသာပြန်ပေးပေမဲ့ အင်္ဂလိပ်ကိုတော့ ဘာသာပြန်ပေးတာ မတွေ့ရဘူး။ လုံးစေ့ပတ်စေ့နားမလည်ရင် အတော်ကြာမယ့် ဈာပနအခန်းအနားပါ။

သဘာဝကျကျတွေးရင်တော့ ဖြည့်ဆည်းစရာတွေ၊ ပြင်ဆင်စရာတွေ တထွေးကြီးနဲ့ ပြန်သွားရမယ့် ခရီးပါ။
လူတိုင်းသေပေမဲ့ သေသူတိုင်းရဲ့ ဈာပနက မတူဘူး။
ဒါ အဓိကပါပဲ။

ဇင်ဝေသော်

စီးပွားရေး အကောင်းမြင်ဝါဒရှိနေ


ဒီနေ့ စထရိတ်တိုင်းမ်းမှာ မြန်မာနဲ့ပတ်သက်တဲ့ဆောင်းပါးရှည် နှစ်ပုဒ်တောင်ပါဝင်ပါတယ်။
ပုံ ၁ နဲ့ ၂ က နိုင်ငံရေး ကမောက်ကမတွေ ရှိနေတဲ့ကြားကပဲ စီးပွားရေး အကောင်းမြင်ဝါဒရှိနေကြောင်း၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ တိုးလာနိုင်ကြောင်း၊ စင်္ကာပူက ဘဏ်နှစ်ခုလည်း အခြေကျနေပြီဖြစ်ကြောင်း၊ တစ်ဦးချင်းဝင်ငွေ တိုးလာနိုင်ကြောင်း ဖော်ပြထားပါတယ်။ (ဦးရွှေမန်းတို့က တစ်ဦးချင်းဝင်ငွေ တိုးပြီးတောင်နေပြီ)

၃ နဲ့ ၄ ကတော့ စီးပွားရေးကနေ နိုင်ငံရေးဆီ လက်ညှိုး လှမ်းထိုးပြလိုက် တဲ့ နောက်ဆက်တွဲဆောင်းပါးပါ။ တိုင်းမ် မဂ္ဂဇင်းအချစ်တော် ဦးဝိရသူပေါ့။ ကောင်းပါတယ်၊ စထရိတ်တိုင်းမ်းက အင်တာဗျူးတော့ အင်တာနေရှင်နယ် သတင်းစာကြီးမှာ သူပြောချင်တာလေးတွေ တရားဝင်ပြောခွင့်ရတာပေါ့။

ပုံ ၄ ကတော့ ကိုယ့်လာမှန်မှာစိုးလို့ ငုံ့ရှောင်ပေးလိုက်မိပါတယ်။ ကုလသမဂ္ဂကိုယ်စားလှယ်ကို "ာသည်"လို့ ခေါ်တာနဲ့ ပတ်သက်တဲ့အမေးကို "ဒီတစ်ခါလာရင် ဖိနပ်နဲ့ပေါက်မှာ" လို့ ဆိုထားပါတယ်။




အမည်ခံ ဗုဒ္ဓဘာသာပါလို့ ခံယူသွားသူကိုတော့ သူ့လုပ်ရပ်တွေကိုကြည့်ပြီး


အမည်ခံ ဗုဒ္ဓဘာသာပါလို့ ခံယူသွားသူကိုတော့ သူ့လုပ်ရပ်တွေကိုကြည့်ပြီး မဟာယာန၊ ထေရဝါဒဗုဒ္ဓဘာသာတွေက ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အမျှဝေခဲ့ကြတယ်။
ကဲ တင်းပြည့်ဗုဒ္ဓဘာသာလို့ ခံယူထားကြတဲ့ ဆရာ့ဆရာကြီးတွေကိုရော ဘယ်လို အမျှဝေကြမလဲ။ လုပ်ရပ်တွေ စောင့်ကြည့်ကြရအုံးမှာပေါ့လေ။

Memorial service for Lee Kuan Yew


ဘာသာပေါင်းစုံရှိသည့်နိုင်ငံမှာ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ မိမိ ဘာသာကို ဖွင့်မပြောခြင်းက အခြားဘာသာဝင်များနှင့် ဆက်ဆံ၊ စည်းရုံးရာမှာ ပိုမိုအဆင်ပြေနိုင်ဖွယ်ရှိကြောင်း သုံးသပ်ကြည့်နိုင်ပေသည်။ သူကိုယ်တိုင် ကတော့ Nominal Buddhist ဖြစ်ကြောင်း ဝန်ခံထားသည်။ နောက်ပြီး ဇင်၊ သတိပဋ္ဌာန်နှင့်ဆက်စပ်သည့် မက်ဒီတေးရှင်းလည်း ပုံမှန်လုပ်သည်ဟု သိရ သည်။
ထို့ကြောင့် နိုင်ငံ့ခေါင်းဆောင်တစ်ယောက်အပြင် ဗုဒ္ဓဘာသာတစ်ယောက်ကို အမျှဝေမှုမျိုး ပြုလုပ်ခဲ့ကြသည်။



မထိတထိ သွားမလုပ်နဲ့