အဲဒီတော့ ဆင်ဖြူတစ်ကောင် ရအောင်ရှာပြီး ဆီးရီးယားကိုပို့ဖို့လုပ်

ပြန်ချင်တဲ့ ကွန်မင့် နှစ်ခု


အောက်ပါ ကွန်မင့်နှစ်ခုနဲ့ပတ်သက်လို့ သမိုင်းဆက်ကို ပြဖို့လိုလာပါတယ်။ ကွန်မင့် နှစ်ခုကို အရင် ဖတ်ကြည့်ပါ။ လူငယ်တွေလို့ ယူဆရပါတယ်။

၁။ သင်္ခ ရာဇာ"ကျွန်တော်တို့ဟာ အစွန့်ပစ် ခံလိုက်ရတာ မဟုတ်ပါဘူး။ အတောင်စုံလို့ စားကျက်ကောင်းရှာသွားတဲ့ ငှက်တွေကို သစ်ပင်ကြီးက စွန့်ပစ်လိုက်တာ လို့ ပြောလို့ မရပါဘူး။ အချိန်တန်လို့ အိပ်တန်းပြန်လာရင် ကြိုဆိုနေမြဲပါပဲ။ စွန့်ပစ်လိုက်တယ် ဆိုတဲ့စကားမှာ ကြိုဆိုခြင်း မပါလို့ မမှန်တာပါ"
"သင်္ခ ရာဇာ အစွန့်ပစ်ခံ ဟုတ်လား
အဓိပ္ပါယ် မှန်အောင် မဖော်တတ်တော့
အပြောမတတ် ဆဲသလို ဖြစ်နေပြီ"


၂။ Mi Su "အစွန့်ပစ်ခံဆိုတဲ့အစား တခြားလှတဲ့စကားလုံးလေးသုံးကြည့်ပါလား .... ရေကြည်ရာမြက်နုရာအရ ပိုက်ဆံပိုရှာကောင်းမယ့်စင်ကာပူကိုရောက်လာခဲ့တာမှန်ပေမယ့်.... ကိုယ်တွေကိုမောင်းထုတ်လိုက်တာမှမဟုတ်ပဲ အစွန့်ပစ်ခံပြောရအောင်"

မြန်မာပြည်က ထွက်ပြေးလာရသူတွေကို အထင်ကရ သမိုင်းနောက်ခံအရ သုံးအုပ်စု ခွဲကြည့်နိုင်ပါတယ်။
၁။ ကျောင်းသား သမဂ္ဂလွန် အုပ်စု (ဦးနေဝင်းခေတ်)
၂။ ၈၈ လွန်အုပ်စု
၃။ ၂၀၀၇ လွန်အုပ်စု တို့ပါ။

၁ နဲ့ ၂ ဟာ ပရော်ဖက်ရှင်နယ်နဲ့ ပညာရှင်စစ်စစ်တွေချည်းပါ။ ၃ ကတော့ ရောနေပါတယ်။ အင်ဂျင်နီယာ၊ အိုင်တီစသည်နဲ့ ကျောင်းတက်လာသူကအစ အလုပ်ကြမ်း၊ အလုပ်နု အလွှာစုံပါလာတယ်။
လီကွမ်ယု ဘာကို ရည်ရွယ်တယ် ထင်ပါသလဲ။
စင်္ကာပူရဲ့ ၂၀ ရာစုတွင်းအချမ်းသာဆုံးစာရင်းမှာ မြန်မာပြည်ပြေး (လောစစ်ဟန်မပါ) ဘယ်နှယောက် ရှိနေနိုင်ပါသလဲ။ နိုင်ငံသမိုင်းဟာ ၂၀၀၇ က စတာ မဟုတ်လေဘူး။ ဆဲသလိုထင်ရင် ကွန်မင့်မရေးခင် သမိုင်း တစ်ခေါက် ပြန်ဖတ်ပေးပါ သင်္ခရာဇာနဲ့ မိစု။

မတူညီတဲ့ နှုတ်ဆက်ခြင်း နှစ်မျိုး


(၁)
တိန့်ရှောင်ဖိန် စင်္ကာပူကနေမပြန်မီ လီကွမ်းယုနဲ့ နှုတ်ဆက်စကား ပြောနေကြ သည်။

တိန့်ရှောင်ဖိန်။ လီ၊ ခင်ဗျားမှာ အလွန်လှပတဲ့ မြို့တော်နိုင်ငံ ရှိနေပြီပဲ။
လီကွမ်းယု။ လူကြီးတို့ဆီမှာလည်း ရှိနိုင်ပါတယ်လေ။ စင်္ကာပူဆိုတာ လယ် သမားတရုတ်တွေ အများစုနဲ့ဖွဲ့စည်းထားတာပါ။ ပြည်မကြီးမှာ ပညာတတ် ဟန်လူမျိုးတွေအများကြီးပါ။ စင်္ကာပူ လုပ်နီုင်တာအားလုံး တရုတ်ပြည်က လုပ်နိုင်ပါတယ်။ စင်္ကာပူထက် ပိုကောင်းအောင်တောင် လုပ်နိုင်ပါတယ်။

(၂)
ဦးသိန်းစိန် စင်္ကာပူကနေမပြန်မီ လီရှန်လွန်းနဲ့ နှုတ်ဆက်စကား ပြောနေကြ သည်။

ဦးသိန်းစိန်။ မစ္စတာလီ၊ ခင်ဗျားမှာ ပထမတန်းစား မြို့တော်နိုင်ငံ ရှိနေပြီပဲ။
လီရှန်လွန်း။ ဟုတ်ပါတယ်၊ ကျေးဇူးပါ။ ခင်းဗျားတို့နိုင်ငံရဲ့ အစွန့်ပစ်ခံ ပညာ တတ်တွေထဲမှာ စင်္ကာပူကလည်း ပညာတတ်ဝေစုတော်တော်များများ ရလိုက် ပါတယ်။ ကျနော့်အဖေကတော့ မြန်မာဟာ ပထမတန်းစား ဦးနှောက်တွေ ကို မောင်းထုတ်လိုက်တဲ့နိုင်ငံလို့ ပြောခဲ့ပါတယ်။

(၁) က တကယ် အဖြစ်အမှန်ပါ (၂) က စိတ်ကူးယဉ်ဇာတ်အိမ်ပြီး လီကွမ်းယု ပြောခဲ့တဲ့ စကားကတော့ အစစ်အမှန်ပါ။

ဇင်ဝေသော်

တော်တော်နောက်တဲ့ ကွန်ဖျူးရှပ်


ကစ်ဆင်းဂျားက ထရုတ်ပေါ်လစီကို ကွန်ဖျူးရှပ်စကားနဲ့ လှမ်းထေ့တာ။
မြန်မာပြည်က အဘတွေဖတ်မိရင် အားနာစရာ။
သံကောင်းကို သံချောင်း မလုပ်၊ လူကောင်းက စစ်သားမဖြစ် တဲ့။
(မျဉ်းတားထာလေးဖတ်ကြည့်ပါ)

သတင်းစာဖတ်တော့


ကမ်းလက် shared Title Wave's photo.
ဘာသာတောင် မပြန်ရက်စရာပဲ။
သတင်းစာ မဖတ်တော့ သတင်းငတ်။
သတင်းစာဖတ်တော့ သတင်းမှား ရ။ ကြေးမုံတို့ မြန်မာ့အလင်းတို့နဲ့ မတ်တွင်းနဲ့ကတော့ ကွက်တိပဲ။