ဒီထက် နယ်ပယ် ကျယ်ကျယ် ဆုံးဖြတ်ချက်တွေနဲ့ မဲချူလို့ မရနိုင်တော့ဘူးလားလို့ပဲ


၁။ ထိုင်းဗုံးကိစ္စက ဘာသာရေးနဲ့ မဆိုင်သလို၊ နိုင်ငံရေးလိုလိုနဲ့ အခုတော့ ခေါင်းမြီးခြုံတွေပါလာပြီ။ ငှားရမ်းထားတဲ့ သူမအိမ်မှာ ဗုံးနဲ့ဆိုင်တဲ့ ပစ္စည်းတွေ တွေ့လို့ သူမနဲ့အတူ နောက်လေးယောက်ကို ထပ်ပြီး ဝရမ်း ထုတ် ထားရပါသတဲ့။

၂။ ကတော့ ဦးသိန်းစိန် လက်မှတ်ထိုးခဲ့တဲ့ တစ်လင်တစ်မယားနဲ့ လစ်ဗင်း တူဂဲသားကိစ္စပါ။ တစ်လင်တစ်မယားဥပဒေ တည်သွားရင် အဓိက ထွက်ေ ပါက်က လစ်ဗင်း တူဂဲသားဖြစ်လိမ့်မယ်ဆိုတဲ့ ခပ်လွယ်လွယ်ကောက်ချက်နဲ့ လစ်ဗင်း တူဂဲသားကို ခပ်နာနာ ဖိလိုက်ဟန် တူပါရဲ့။ အမျိုးသားရေးဝါဒီတွေရဲ့ မဲကို လှမ်းချူယူလိုက်တဲ့ ရွေးကောက်ပွဲဝင် ဆုံးဖြတ် ချက် ဖြစ်ဟန်လည်း တူတယ်။ ဒီထက် ပညာပါပြီး ဒီထက် နယ်ပယ် ကျယ်ကျယ် ဆုံးဖြတ်ချက်တွေနဲ့ မဲချူလို့ မရနိုင်တော့ဘူးလားလို့ပဲ တွေးမိပါတယ်။


သက္ကရာဇ် ၂၀၄၀ မှာ ရေပြတ်လပ်မှု အကြီးအကျယ် ရင်ဆိုင်ရဖွယ် ရှိ


လာမယ့် သက္ကရာဇ် ၂၀၄၀ မှာ ရေပြတ်လပ်မှု အကြီးအကျယ် ရင်ဆိုင်ရဖွယ် ရှိတဲ့ နိုင်ငံတွေကို ခန်းမှန်းဖော်ပြထားပါတယ်။ စင်္ကာပူလည်း ပါဝင်နေ တယ်။ မြန်မာ မပါလို့ တော်ပါသေးရဲ့။ တရုတ်ကြီးက ရေမဝယ်သေးသရွေ့ ဒီပြသနာ မကြီးလှသေးဘူးလို့ ဆိုရမှာပါ။ နိုင်ငံတွေစာရင်းကို ပုံ ၂ မှာ ရှုပါ။

၃ နဲ့ ၄ က ထိုင်း ရင်ဆိုင်နေရတဲ့ ဒုက္ခသည်ပြသနာပါ။ ပါကစ္စတန်အပြင် ဆီးရီးယားနဲ့ ဆိုမာလီယားတို့ကတောင် ပါနေသေးတယ်။ ဟန်တင်တန်ဟောကိန်းတွေကတော့ ကြောက်စရာကောင်းလောက်အောင် မှန်နေတယ်။

မြန်မာနဲ့ ပတ်သက်တဲ့သတင်းကတော့ ဟံသာဝတီလေဆိပ် စီမံကိန်း ရွှေ့ ဆိုင်းတဲ့ အကြောင်းပဲ ပါလာတယ်။
ဒါနဲ့ မနေ့က ခြယ်ခြယ်တို့အဖေပြောသွားတဲ့ "ရန်ကုန်ကားလမ်းပိတ်တာက လမ်းဘေးဈေးသည်လေးတွေ ဖမ်းနေရုံနဲ့တော့ မရလောက်ပါဘူး ကွယ်တို့" ဆိုတာလေး မဆိုးဘူး။




မောနင်း ပို့စ်


၁။ နယူးယောက် အမျိုးသမီးတွေရဲ့ ရင်သားကိစ္စက အာရှမျက်စိနဲ့ ကြည့် ရင် ရှေ့နည်းနည်း ပိုရောက်သွားသလိုပဲ။ စလုံးမလေးလို ကတုံး ရိတ်ပြီး ခပ်တည်တည် လူထဲထွက်ပြတာက ပိုမိုက်သလား လို့။ (သူမကတော့ ရောဂါကြောင့်ပါ တဲ့)

၂။ ဒေါ်စုကတော့......
*လွတ်လွတ်လပ်လပ်၊ မှန်မှန်ကန်ကန်ဆို ရွေးကောက် ပွဲမှာ နိုင်ဖို့ ယုံကြည်။
*ဒါပေမဲ့ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချမှုမျိုးလို စိုးရိမ်စရာတွေတော့ ရှိ။

*လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တာတွေကို ကြည့်ရင် ဒီမိုကရေစီ ကူးပြောင်းရေးခရီး ရှေ့သိပ်မရောက်သေး။

*မိုဘိုင်းဖုန်းတွေ လူထုသုံးစွဲလာမှုက နိုင်ငံရေးအပေါ် အကျိုးသက်ရောက်မှု ရှိ၊ တရားမမျှတမှု၊ အဖိနှိပ် ခံရမှုတွေ လူထုက ပိုသိ။
သမ္မတ လျာထားသူဟာ ပါတီတွင်းကပဲ ဖြစ်မယ်၊ သူ(မ) ကိုလည်း ရွေးကောက်ပွဲပြီးမှပဲ ကြေငြာမယ်။

*သူမဟာ အခု ဖရီးဒမ်း ဖိုက်တာ မဟုတ်တော့၊ ရွေးကောက်ပွဲ အနိုင်ရဖို့ အာရုံစိုက်ထားတဲ့ လက်တွေ့ နိုင်ငံရေးသမား ဖြစ်လာ။

၃။ ဒါနဲ့ စကားမစပ် ဝိန်း ရွန်နီ ဂိုးစသွင်းနေပါပြီ။ ဟက်ထရစ်။

ရွာမှာ လျပ်စစ်မီး ရသွားပြီတို့ ဘာတို့


၁။ က သတင်းစာ ကာတွန်းလေးကို သဘောကျလို့။
၂၊ ၃၊ ၄။ ကတော့ ရွာမှာ လျပ်စစ်မီး ရသွားပြီတို့ ဘာတို့ပေါ့။ နယ်အတွက် အစိုးရက သိန်း ၅၇၀ ဆိုလား (အတိအကျ မမှတ်မိ) ချပေးသတဲ့။ ကျန်တာတော့ ရွာ၊ နီးစပ်ရာနဲ့ ကမ်းလက်တို့ ကမကထပြုပေါ့။




မောနင်း ပို့စ်


၁။ ဆရာကြီးနှစ်ယောက် ကွဲကြပြဲကြသတင်းကို စထရိတ်တိုင်းမ်က စာမျက်နှာပြည့်တောင် ဖော်ပြထားလေရဲ့။
မြန်မာတွေအတွက် သိပ် မထူးလှပါဘူး၊ ဒေါ်စုက ဦးရွှေမန်းနဲ့ ပူးပေါင်းသွားမယ်၊ အစိုးရပါတီတွင်း အကွဲအပြဲကြောင့် အဖွဲ့ချုပ် အခြေအနေ ပိုကောင်းသွားမယ် လို့ ပြောပြီး......
အောက်လွှတ်တော် ဥပဒေပြုအဖွဲ့ဝင် အများစုကလည်း သမ္မတက မျက်ကွယ်ပြုထားချိန်မှာ ဦးရွှေမန်းက ရပ်တည်ပေးထားခဲ့လို့ ဦးရွှေမန်းဖက်ကနေ ရှိနေမယ် ဆိုတာလောက်ပါပဲ။



၂။ စင်္ကာပူက နှစ် ၅၀ မြောက် ရွှေရတုအမှတ်တရ ၁၀ တန်နဲ့ ၅၀ တန် ငွေစက္ကူအသစ်တွေ ထုတ်ပြီး ၅၀ တန် ပေါ်မှာ ကွယ်လွန်သွားသူ မစ္စတာလီကွမ်ယုရဲ့ ပုံ ပါဝင်ပါသတဲ့။ (အဖြူရောင်၊ လက်သီးလက်မောင်း တန်းနေပုံ)
သူတို့က မြန်မာစစ်အစိုးရအဆက်ဆက် သုံးတဲ့ တိရစ္ဆာန်ပုံတွေ သဘောမကျကြဘူး ထင်ပါရဲ့။ ဒေါရစ်ကို ငွေစက္ကူအသစ်ရပြီလားမေးတော့ ဘဏ်ရှေ့မှာ တန်းစီရတာ အကြာကြီးနေမှာလို့ ပြောတယ်။




မောနင်း ပို့စ်


၁၊ ၂။ ဦးရွှေမန်းအတွက် ရွေးစရာ သိပ်မရှိဘူးဆိုပဲ။ လှုပ်လေမြုတ်လေ အနေအထားမျိုးပေါ့။ စစ်တပ်အတွင်းမှာ သူနဲ့ ဦးသိန်းစိန်ကို နှိုင်းယှဉ်ကြည့် ကြသတဲ့။ ဦးသိန်းစိန်ရဲ့ မိသားစုက ရွာမှာပဲရှိနေ၊ သူ သမ္မတဖြစ်လာတဲ့နောက်မှာလည်း ထူးထူးခြားခြား ဘာမှ ပြောင်းလဲမလာဘူး။ (ထင်သာမြင်သာအောင် ကျိကျိတက် ချမ်းသာမလာဘူး)။ 
ဦးရွှေမန်းသား နှစ်ယောက်က ချမ်းသာလှပြီး အမေရိကန်ရဲ့ ဘလက် လစ်တ် ထဲမှာပါနေတော့ စစ်တပ်က လက်ရှိ သမ္မတဖက်မှာ ရှိနေမယ်ပေါ့။
၃၊၄။ ဘန်ကောက် ဗုံးသတင်းက စိတ်မကောင်းစရာတွေကြားကနေ ပြုံးစရာလေးတစ်ခု တွေ့လိုက်ရတယ်။ လူတိုင်းက တတ်နိုင်သလောက် အကူအညီ ပေးနေချိန် တချို့ကတော့ ဓာတ်ပုံပဲ ရိုက်နေကြသတဲ့၊ ဖေ့စ်ဘုတ်မှာ တင်ဖို့နေမှာပေါ့လေ။





ခေါင်းပေါင်းစကြီးတွေကိုယ်စီနဲ့ ဒကာကြီးနှစ်ယောက်


ထင်တဲ့အတိုင်းပဲ၊ ခေါင်းပေါင်းစကြီးတွေကိုယ်စီနဲ့ ဒကာကြီးနှစ်ယောက် ဓာတ်ပုံက သတင်းစာမှာ ပြူးလို့။
ရန်ဖြစ်တန်း ကစားနေကြတာ ဟုတ်ပုံမရဘူး။ တကယ်ဆော်နေကြတာ။ 
တစ်စုံတစ်ရာ အမှားအယွင်းမရှိရင် ဦးသိန်းစိန်က နေရာဆက်ထိန်းပေးဖို့ အစီအစဉ်ရှိကြဟန် တူပါတယ်။
တရုတ်နဲ့ကွဲသွားတာဆိုလို့ ဒီမိုကရေစီသို့ ဝန်ခံတာ၊ ရွေးကောက်ပွဲ လုပ်ပေးမယ် ကမ္ဘာသိကြေငြာတာပဲ ရှိပါတယ်။


မြန်မာပြည် ရွေးကောက်ပွဲကလည်း နယူးယောက်မာရသွန် လုပ်အားပေး တစ်ယောက် ပြောသလိုပြောရမယ် ထင်ပါတယ်။
"ဘာလို့များ ငွေကုန်၊ အချိန်ကုန်ခံနေကြလဲ မသိဘူး၊ ကင်ညာက လူတစ်ယောက်ခေါ်ပြီး လည်ပင်းမှာ ဆုတံဆိပ် ဆွဲပေးလိုက်ရင် ပြီးတာပဲ၊ အခု မလိုအပ်ဘဲ အားလုံး အလုပ် ရှုပ်နေကြရတယ်" တဲ့။
(August 13 at 11:09pm)

မောနင်း ပို့စ်


၁၊ ၂။ အစိုးရက ပြည်သူနဲ့ယှဉ်တော့ နာမည်ပိုပျက်မယ့်ကိန်းပဲ။ ရေဘေး သင့် ပြည်သူအများစုက စေတနာရှင်ပြည်သူလူထုရှိတယ် အစိုးရကို အားမကိုး တဲ့။
ရက်ရောတဲ့ နိုင်ငံတွေစာရင်းမှာ အမေရိကန်နဲ့အတူ ထိပ်ကရှိနေပေမဲ့ လူထုရဲ့ တစ်ရက်ဝင်ငွေ (အနည်းဆုံး) သုံးဒေါ်လာပဲရှိတဲ့ နိုင်ငံမွဲရဲ့ စေတနာက အမှတ် ပိုရတာပေါ့။
၃။ ဦးသိန်းစိန်က ပါလီမန် မဝင်၊ ဒါပေမဲ့ အဖွဲ့ချုပ်က ဒေါ်စု သမ္မတမဖြစ်နိုင်မှု၊ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲပြိုင်ပွဲဝင်စာရင်း ထုတ်ပြန်ရာမှာ အငြင်းပွားစရာတွေ ရှိနေမှုနဲ့ နာမည်ကြီး အစိတ်သားကိစ္စကြောင့် ဦးသိန်းစိန်ရဲ့ ဒုတိယ သက်တမ်း ဖြစ်မလာနိုင်ဘူးလို့ ပြောမရကြောင်း အဆုံးသတ်ထားလေရဲ့။






မောနင်း ပို့စ်


မောနင်းပို့စ် မတင်ဘူး မတင်ဘူးနဲ့၊ တင်ရင်းတင်ရင်း ပို့စ်ဖြစ်သွားတော့မှာပဲ။
တရုတ်လက်ရှိအစိုးရနဲ့ သမ္မတရှီကိုတော့ သဘောကျတယ်။ အကျင့်ပျက် တိုက်ဖျက်မှုကို တကယ်လုပ်ပစ်တာ။
စားဖား၊ ပြည်ပြေး တစ်ရာစာရင်းတဲ့။ စင်္ကာပူမှာတောင် ၆ ယောက်။ အော်ဇီ အထိသွားပြီး အနံ့ခံနေတယ်။
ဘယ်ပြေးပြေး မလွတ်ဘူးဆိုတဲ့သဘောပဲ။ ဘယ်အကောင် လာဘ်စားရတော့မလဲ။
လူက တကယ်လုပ်ရင်ကြောက်ပါတယ်၊ အဲ ကိုယ်ကလည်း မှန်ရင်ပေါ့လေ။


မောနင်း ပို့စ်


၁။ ပညာမတတ်တဲ့ အိမ်ထောင်က ပြိုကွဲဖို့ ပိုများတယ်။
၂။ မွတ်စလင် အိမ်ထောင်က ငါးနှစ်အတွင်း ပြိုကွဲဖို့ ပိုများတယ်။
၃။ ပညာလည်းတတ် မွတ်စလင်လည်းမဟုတ်သူတွေက အိမ်ထောင်ကို မပြုကြတော့ဘူး၊ နားအေးသွားရော။
(၃) က သတင်းစာမှာ မပါပါ။

မောနင်းပို့စ်


၁ နဲ့ ၂ ကတော့ အသက် ၁၀၀-၁၀၄ နှစ် အလွတ်တန်း မီတာ ၁၅၀၀ ရေကူးပြိုင်ပွဲမှာ ပထမရသွားတဲ့ ဂျပန်အဖွား နာဂါအိုကာပါ။ သူမ အသက်တန်းမှာ ၀င်ပြိုင်သူကလည်း သူမ တစ်ယောက်ထဲ၊ အဲသလို။ အသက် ၁၀၅ အထိ ရေကူးသွားဖို့ ဆုံးဖြတ်ထားပါသတဲ့။

၃ နဲ့ ၄ ကတော့ ဆရာလီ သေဆုံးတာနဲ့ပတ်သက်လို့ အကဲပိုတယ်ထင်ရင် ဆင်ခြင်မိဖို့ India တမီးနာဒုက တမီးတွေသတင်းပါ။ ပြတိုက်မှာတောင် ရုပ်တုထားဦးမတဲ့။ ပြတိုက်ထဲမှာ နှစ်ပေါင်း တစ်ရာလောက်ကြာရင် နတ်တောင် ဖြစ်ချင်ဖြစ်သွားမှာ။ ဘယ်သူပြောနိုင်တာမှတ်လို့။

ကလေးအဖေကလည်း အဲဒီနေ့မှာမွေးတဲ့ သူ့ကလေး ကုလားလေးကို လီကွမ်းယု လို့ နာမည်ပေးသတဲ့။ အသားညို လီ လေးပေါ့။





မောနင်း ပို့စ်


၁။ စင်္ကာပူရဲ့ မြန်မာပြည်ထဲရင်းနှီးမြှုပ်နှံမှုနှုန်း တိုးနေပါသတဲ့။ မနှစ်က ၃.၂၃ ဘီလီယံနဲ့ တတိယရင်းနှီးမြှုပ်နှံမှုအများဆုံးလို့ဆိုပါတယ်။ သူတို့ကတော့ စားသောက်ဆိုင်နဲ့ ဟော်တယ်နဲ့ခရီးသွားလာရေးမှာ ပိုများလိမ့်မယ်။ လာအိုမှာဆိုရင် အဲဒီစီးပွားရေးတွေမှာ စလုံးတွေပဲများတယ်။

၂။ ကတော့ စလုံးတွေစာသိပ်မဖတ်ကြဘူးလား မေးခွန်းနဲ့ဆိုင်ပါတယ်။ ဆရာလီ သေတာတောင် တစ်ပတ်အတွင်း အုပ်ရေ ၅၀၀၀ ပဲ။ ဒီစာအုပ်က ဓာတ်ပုံတွေပါ။ ဒါက ဘက်ဆဲလားသတင်းထူး။ စာရေးထားတဲ့ One Man's View နဲ့ Hard Truths တို့က ၂၄၀၀ တဲ့။ ဖွံဖြိုးတဲ့နိုင်ငံအနေနဲ့ စာဖတ်အား နည်းဆဲပါ။ သူသေလို့ ဝိုင်းငိုကြပေမဲ့ သူ့စာအုပ်တွေကိုတော့ သိပ်မဖတ် ကြပါဘူး။ ဒါက ကိုယ်တွေ့ပါ။

၃။ ကတော့ နိုင်ငံ တစ်နိုင်ငံရှိ လူထုရဲ့စိတ်နေစရိုက်နဲ့ ကြွယ်ဝမှုအဆင့်ကို နှိုင်း ယှဉ်ကြည့်ပုံ ပါ။ ရွှေနိုင်ငံတော်ကြီးက ဘယ်အထဲပါနေပါလိမ့်။ ဆင်ဖြူတော်ကြီးတွေရှိနေသရွေ့တော့ မပူရသေးပါဘူးလေ။



စီးပွားရေး အကောင်းမြင်ဝါဒရှိနေ


ဒီနေ့ စထရိတ်တိုင်းမ်းမှာ မြန်မာနဲ့ပတ်သက်တဲ့ဆောင်းပါးရှည် နှစ်ပုဒ်တောင်ပါဝင်ပါတယ်။
ပုံ ၁ နဲ့ ၂ က နိုင်ငံရေး ကမောက်ကမတွေ ရှိနေတဲ့ကြားကပဲ စီးပွားရေး အကောင်းမြင်ဝါဒရှိနေကြောင်း၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ တိုးလာနိုင်ကြောင်း၊ စင်္ကာပူက ဘဏ်နှစ်ခုလည်း အခြေကျနေပြီဖြစ်ကြောင်း၊ တစ်ဦးချင်းဝင်ငွေ တိုးလာနိုင်ကြောင်း ဖော်ပြထားပါတယ်။ (ဦးရွှေမန်းတို့က တစ်ဦးချင်းဝင်ငွေ တိုးပြီးတောင်နေပြီ)

၃ နဲ့ ၄ ကတော့ စီးပွားရေးကနေ နိုင်ငံရေးဆီ လက်ညှိုး လှမ်းထိုးပြလိုက် တဲ့ နောက်ဆက်တွဲဆောင်းပါးပါ။ တိုင်းမ် မဂ္ဂဇင်းအချစ်တော် ဦးဝိရသူပေါ့။ ကောင်းပါတယ်၊ စထရိတ်တိုင်းမ်းက အင်တာဗျူးတော့ အင်တာနေရှင်နယ် သတင်းစာကြီးမှာ သူပြောချင်တာလေးတွေ တရားဝင်ပြောခွင့်ရတာပေါ့။

ပုံ ၄ ကတော့ ကိုယ့်လာမှန်မှာစိုးလို့ ငုံ့ရှောင်ပေးလိုက်မိပါတယ်။ ကုလသမဂ္ဂကိုယ်စားလှယ်ကို "ာသည်"လို့ ခေါ်တာနဲ့ ပတ်သက်တဲ့အမေးကို "ဒီတစ်ခါလာရင် ဖိနပ်နဲ့ပေါက်မှာ" လို့ ဆိုထားပါတယ်။




မောနင်း ပို့စ်


(၁ နဲ့ ၂) ကတော့ ဘာရယ်မဟုတ်ပါဘူး၊ ဈာပနတက်ရောက်မယ့် နိုင်ငံခေါင်းေ ဆာင်တွေထဲမှာ မြန်မာရဲ့ (ဦး)သိန်းစိန်ဆိုတာ တွေ့လိုက်ရလို့။ နောက်ပြီး သူတို့ပြောတဲ့ ယူလော်ဂျီ (Eulogy) ဆိုတာ သေဆုံးသူရဲ့ ကောင်းကွက်ကို ထုတ်ဖော်ချီးကြူးရင်း ကျန်ရစ်သူမိသားစုနဲ့ဆက်စပ်သူတွေကို စိတ်သက်သာ ရာ ရစေခြင်းမျိုးပါ။ သတင်းစာထဲက ဝေဖန်ရေးဆောင်းပါးမျိုး မဟုတ်ပါဘူး။

(၃) ကတော့ စီးပွားရေး အကျိုးအမြတ်ကိုပဲကြည့်ပြီး ယဉ်ကျေးမှုကို မျက်ကွယ်ပြု၊ အာရှလူ့အဖွဲ့အစည်းထဲကိုဝင်လာတဲ့ ဩစတေးလျကို လီ ပြောလိုက်တဲ့စကားပါ။ အာရှထဲဝင်လာတဲ့ လူဖြူအမှိုက်သရိုက် တဲ့။ ဦးလှဆွေစကားနဲ့ဆိုရင် ပိသာလေးကြီးပေါ့။



မောနင်းပို့စ်


၁။ မြန်မာအစိုးရက လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ ဥရောပ သမဂ္ဂနဲ့ အမေရိကန်က စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို ဖိတ်မယ်ဆိုပဲ။ မဆိုးဘူးပေါ့။ ယုံကြည်မှုလည်း ရှိနေဟန်တူတယ်။ မြန်မာအစိုးရနဲ့ပေါင်းရင် ဥရောပလည်း နည်းနည်းတော့ အရှက်ရတတ်တယ်။ ဥရောပက လေ့ကျင့်ပေးထားတဲ့ရဲတွေ ကျောင်းသားတွေကို တုတ်နဲ့ ၀င်ရိုက်ပါလေရော။


၂။ မနှစ်က ထိုင်းထဲခိုးဝင်လာတဲ့ မွတ်စလင်တွေကို ဘယ်နိုင်ငံသားလည်းဆိုတာ သောကြာနေ့မှာ ဆုံးဖြတ်ချက် ချမတဲ့။ ဖြစ်နိုင်တာက တရုတ်ပြည်၊ ရှင်ကျန့်ပြည်နယ်၊ သူတို့နာမည်တွေက တူရကီနာမည်တွေတဲ့။ တူရကီလို့လည်း ၀န်ခံကြသတဲ့။ သမိုင်းနဲ့ချီပြီး နည်းနည်းကြောက်တတ်တဲ့ ထိုင်းကတော့ ပေါက်ဖော်ကြီးဆီသွားပြီး အကြံတောင်း၊ ပေါက်ဖော်ကြီးပြောသလို ဆုံးဖြတ်မယ့်သဘောပါ။


မောနင်းပို့စ်


၁။ ဒီသတင်းမျိုးတွေ ဦးဦးရဲထွဋ်တို့ ဖတ်သင့်တယ်။ ဟွန်ဒူးရပ်က ကျောင်းသားတွေ စာသင်ချိန် ၅ မိနစ်တိုးလို့တဲ့ လမ်းပေါ်တက် ဆန္ဒပြလာပြကြတယ်။ သူတို့နဲ့နှိုင်းရင် မြန်မာကျောင်းသားတွေက အများကြီး အမျှော်အမြင်ရှိတယ်။ နောက်ပြီး မကျေနပ်လို့ ဆန္ဒပြပါတယ်ဆို ဘယ်ကလာ နောက်ကွယ်က ကြိုးကိုင်သူရှိနေရဦးမှာလဲ။ ၅ မိနစ် စာသင်ချိန် တိုးလို့တဲ့။(ဖိုက် မိနစ်တဲ့နော်။ မျက်စိမှားတာ မဟုတ်ဘူး)



၂။ မိခင်နို့သောက်ရတဲ့ကလေးက ဥာဏ်ပိုကောင်းသလို လစာလည်းပိုရ၊ ပိုလည်း ချမ်းသာတတ်သတဲ့။ ယုံတစ်ဝက် မယုံတစ်ဝက်ပဲ။ ကိုယ်တိုင် အမေ့နို့စို့ခဲ့ရပေမဲ့ ဒီနေ့အထိ ဦးတေဇလောက် မချမ်းသာဘူးဖြစ်နေတယ်။ စမတ်ဖြစ်တယ်ဆိုတာလေးတော့ ဘာဖြစ်ဖြစ် အရင်းရအောင် ယုံထားလိုက်တယ်။ သုတေသန လုံးဝမှားသွားရင်လည်း စိတ်မကောင်းစရာ။



၃။ မန်စီးတီးလည်း ချန်ပီယံလိဂ်က ထွက်သွားပြီ။ ချန်ပီယံလိဂ်မှာ ပရီမီးယားလိဂ် ကိုယ်စားပြုအသင်းတွေထဲ မန်ယူမပါလို့ကတော့ မကွာတားခင် ပြုတ်နေတတ်ကြတာပါပဲ။ ချယ်လ်ဆီး၊ အာဆင်နယ်နဲ့ မန်စီးတီးဆိုတာက ဆရာ့ဆရာကြီးတွေပွဲမှာတော့ လူရာ တယ် မ၀င်သေးပါဘူး။ သဘောမတူလည်း မတတ်နိုင်ဘူး။ ဒါက ဒီနှစ် တကယ်ဖြစ်နေတာတွေ။

"လိုက်ခ်ဒါန"


ဒီနေ့ ကျောင်းရဲ့ သံဃိကဒါန နေ့ပါ။
သံဃိကဒါန မစမီ၊ ဧည့်သည်များ မရောက်မီ ဟုမ်းပေ့ဂ်ျပေါ်က ဖရင့်တွေရဲ့ ပို့စ်အားလုံးကို "လိုက်ခ်ဒါန" လုပ်ပေးလိုက်ပါသည်။
ကျန်ရှိနေခဲ့ပါက အကြောင်းကြားပေးစေလိုပါသည်။
ယနေ့ ပြုခဲ့သမျှ အားလုံး အမျှ အမျှ။


မောနင်း ပို့စ်


လေယာဉ်ပျောက်ဆုံးမှုတွေနဲ့ ပြည့်နေတဲ့သတင်းတွေကို ကျော်ဖတ်လိုက်တော့ ပြုံးစရာ ဆောင်းပါးလေးနှစ်ပုဒ် တွေ့ရပါတယ်။
အမေရိကမှာ မေရီ ခရစ်မတ်လို့တောင် ပြောမရတော့ဘူးလို့ "Politically correct" ကို သရော်ထားပါတယ်။
ခရစ်ယန်မဟုတ်တဲ့အိမ်နီးချင်းတွေကို အားနာရလို့၊ ထိပါးသလိုဖြစ်မှာစိုးလို့တဲ့။
တက္ကသိုလ်ဝင်းအတွင်းမှာလည်း လူမည်းလေး "Black kid" လို့ခေါ်မရတော့ဘဲ ရှူးဖိနပ်အနီနဲ့ ကလေးလို့ ခေါ်နေရသတဲ့။ (အသားမည်း အရဲဆင် စကားပုံ က နေရာတိုင်းမှာ မှန်နေသလိုလို)
အမေရိကရောက် အာရှသားသားတွေကိုလည်း အာရှသားခေါ်ရင်ရိုင်းမှာစိုးလို့ "သင်္ချာတော်ပြီး ကားမောင်းညံ့တဲ့ လူမျိုး" လို့ ခေါ်ရပါသတဲ့။
ကဲ အာ့ဆို "Politically correct" ဖြစ်အောင် လက်ရှိအစိုးရကို ဘိုခေါ်ကြမဲ။

******************************************************

နှစ်ကတော့ Selfie ကနေဆင့်ပွားထွက်လာတဲ့ "Wealfile" ဆိုတဲ့ အင်္ဂလိပ် စကားလုံးပဲ ဖြစ်ပါတယ်။ ကိုယ့်ရှိတာကို ခပ်ကြွားကြွားလေး ရိုက်ပြတာမျိုးပေါ့။
ဆောင်းပါးက ခပ်အုပ်အုပ်ပဲသရော်ထားလို့ ဘေးဘီကိုပြန်ကြည့်မှ ပြုံးရပါတယ်။
ဒါမျိုးလေးတွေ "ဘကြီးဘုန်းကြီး" ဝေါပေါ်မှာတို့၊ "ကိုကိုက ဂေါက်ရိုက်" (စသည် စသည်) ဝေါပေါ်တို့မှာ တွေ့ရတတ်လို့ပါ။
သူတို့မှလားဆိုတော့ မဟုတ်ဘူး။ ကိုယ်ပါ ပါသွားတယ်။
(ပုံ ၃ ကို ရှု)
ပုံမပါလည်း ရေးလို့ရတာမို့ ဒါမျိုးလေးတွေကို "Wealfile" လို့ခေါ်ပါသတဲ့။

******************************************************

နောက်ဆုံးတော့ မိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုတာ ကိုယ်က ဘယ်လောက်ပဲ ပြောင်စပ်စပ်လုပ်နေနေ လက်တွဲဖြုတ်မသွားသူကို ခေါ်တာပါ။

 




မြန်ကောင်းသက်သာ


ပြည်သူတွေ ငွေစုဆောင်းချွေတာဖို့ ပညာပေး၊ ပေါ်လစီတွေချမှတ်၊ အလုပ်မဖြစ်။
ကင်ညာနိုင်ငံမှာ လူမြင်သာတဲ့နေရာတွေမှ ငွေစုဗူးချပေးထား၊ အဲဒီမိသားစုတွေ ရဲ့ ငွေစုစောင်းမှု ၆၆ ရာနှုန်းတက်လာ။
လမ်းအန္တရာယ်ကြောင့် အသေအပျောက်များ၊ ပညာပေး၊ ပေါ်လစီတွေချမှတ်၊ အလုပ်မဖြစ်။
ကင်ညာနိုင်ငံ ကား၊ ဘတ်စ်တွေပေါ်မှာ ကားသမား မဆင်မခြင်မောင်းနေရင် ခရီးသည်တွေက ဝိုင်းအော်ကြဖို့ ပိုစတာတွေကပ်၊ စာတွေရေး။ ဒါက အများကြီး ပိုထိရောက်တယ်။
(သူ့မှတ်ချက်။ ။ အလွယ်နည်းပေမဲ့ အလုပ်ဖြစ်သွားတတ်တယ်။)

ကျောင်းဆရာတစ်ယောက်ကို သူ့စွမ်းဆောင်ရည်ကြောင့် နှစ်အကုန်မှာဆုချ၊ ကလေးတွေရဲ့ စာမေးပွဲရလာဒ် တိုးတက်မလာဘူး။
နှစ်စမှာ ဆုပေး၊ ကလေးတွေရဲ့ စာမေးပွဲရလာဒ် တိုးတက်မလာရင် ပြန်သိမ်း မယ်လို့ ဆရာ့ကိုအသိပေးထား။ ဒါက အများကြီးပိုထိရောက်တယ်။
(သူ့မှတ်ချက်။ ။ လူတွေဟာ အမြဲ အကျိုးသင့်အကြောင်းသင့် စဉ်းစားလုပ်ကိုင် တတ်ကြတာ မဟုတ်ဘူး။ ရဖို့ထက် ဆုးရှုံးရမှာကို ပိုကြောက်တယ်)




ဇမ်ဘီယာ၊ ဆံပင်ညှပ်ဆိုင်တွေမှာ အမျိုးသမီးတွေကို ကွန်ဒုန်းရောင်းပေးဖို့ပြော၊ ဆုငွေပါချ။ အလုပ်မဖြစ်။
အလှပြင်ဆိုင်တွေမှာ ကွန်ဒုန်းရောင်းတာက အများကြီးထိရောက်။
(သူ့မှတ်ချက်။ ။ လူတွေဟာ တစ်ယောက်ချင်း အရှက်မရလိုကြ။)

ပေါ်လစီနဲ့ပတ်သက်တဲ့ ဒေးဗစ် ဘရုတ်က်ရဲ့ နယူးယောက်တိုင်းဆောင်းပါးပါ။ အချိန်ရရင် စိတ်ဝင်စားစရာကောင်းပါတယ်။

မောနင်း ပို့စ်


၁။ ပုတ်ရဟန်းမင်းကြီးအကြောင်းပါပဲ၊ ကောင်းကင်ဘုံမှာ တိရစ္ဆာန်တွေလည်း ရှိတယ်ဆိုတဲ့ မှတ်ချက်ကြောင့် ရှေးရိုးစွဲဘာသာရေးသမားတွေကြားမှာ အငြင်း ပွားစရာ ဖြစ်သွားသတဲ့။ ခွေးသေလို့ သောကရောက်နေတဲ့ကလေးကို
"ထာဝရဘုရားရှင်ဖန်ဆင်းထားတဲ့ သတ္တဝါတိုင်းအတွက် ကောင်းကင်ဘုံတံခါး ပွင့်နေတယ်" ဆိုတဲ့ အားပေးစကားကြောင့် ခွေးမှာ ဝိဉာင် ရှိ၊ မရှိ အငြင်းပွား စရာ ဖြစ်သွားတာပါ။
လက်ရှိ ပုတ်ရဟန်းမင်းကြီးက ကွန်ဆာဗေးတစ်တော့ ဟုတ်ပုံမရပါဘူး၊ လိင်တူ လက်ထပ်ခြင်း၊ လက်မထပ်တဲ့ စုံတွဲတွေအပြင် မဟာပေါက်ကွဲမှုသီအိုရီတောင် သမ္မာကျမ်းစာနဲ့ မဆန့်ကျင်ဘူးလို့ ဆိုခဲ့သူပါ။ ခွေးမှာ ဝိဉာင် ရှိ၊ မရှိက ဗုဒ္ဓဘာသာ အတွက် ဆွေးနွေးစရာကိစ္စမဟုတ်လောက်အောင် ရှင်းပြီးသားပါ။ လက်ရှိကမ္ဘာနဲ့ သမ္မာကျမ်းစာ၊ ရှေ့မှာ ဘာတွေဖြစ်လာဦးမလဲ။ ခရစ်ယန်ရဲ့အားသာချက်က ခေတ်ပညာတတ်တွေ များခြင်းပါ။



၂။ နိုင်ငံရေးကစားမယ်ဆိုရင်လည်း ဦးလေးဆမ်(အမေရိကန်)တို့လောက် ကစား တတ်ရင် ကြည့်ကောင်းတယ်၊ ရှေ့ဖုံးနောက်ပေါ်မဟုတ်ဘူး (ဥပမာ သမ္မတ၊ ဦးရဲ ထွဋ်နဲ့မှုးဇော်)။ တရုတ်အားကောင်းလာပြီဆိုတော့ တရုတ်နဲ့ ဆွေမျိုး ရုတ်တ ရက်ကောက်စပ်လိုက်တာ။ ဒုတိယကမ္ဘာစစ်အတွင်း ဖက်စစ်ဂျပန်တွေကို သေ အတူရှင်မကွာ လက်တွဲအတူ တိုက်ခိုက်ခဲ့ကြတာ တဲ့။ သံတမန်စကားတွေပြောနေတာထက် အဆများစွာ ခရီးပိုရောက်တယ်။ ဟော လီးဝုဒ် ကများ ရုပ်ရှင်ကောက်ရိုက်လိုက်ရင်(တရုတ်မင်းသား၊ မင်သမီးကို နေ ရာလေး မျှအောင်ပေး) တရုတ်ပရိသတ်နဲ့တင် သေချာပေါက် ဝင်ငွေကောင်းမယ့် ကားမျိုးပဲ။
အဲ..ကံဆိုးတာက ဂျပန်ဖြစ်သွားမယ်။ ဂျပန်အပေါ်ရှိနေတဲ့ လူထုရဲ့ နာကြည်းမှုက အားပိုကောင်းလာမယ်။ "ဘယ်တတ်နိုင်ပါ့" (ဦးလေးဆမ်)


၃။ ဒါကတော့ မိတ်ဆွေ ရှယ်လီရဲ့ နာရေးသတင်းသက်သက်ပါ။