Home » All posts
စလုံးဒကာ၊ ဒကာမတွေကလည်း လီကွမ်းယုမြန်မာပြန်ကို တောင်းသဗျ
in
ဇင်ဝေသော်,
လီကွမ်းယု
- on 6/27/2015
- No comments
မြန်မာလိုတစ်လုံးမှ မဖတ်တတ်တဲ့ စလုံးဒကာ၊ ဒကာမတွေကလည်း လီကွမ်းယုမြန်မာပြန်ကို တောင်းသဗျ။
မျက်နှာဖုံးကြည့်ပြီး Cool! လို့က ပြောသေးတယ်။ ဂုဏ်ယူကြတာလေ။ စိတ်ကူးချိုချိုရဲ့ စာအုပ်အပြင်အဆင်ကလည်း အဆင့်မြင့်ပါတယ်၊ စံ ဝင်တယ်ပေါ့။
တချို့က သိမ်းထားဖို့ တဲ့၊ တချို့ကတော့ လုပ်ဖော်ကိုင်ဖက် မြန်မာကို ပေးဖို့တဲ့။
မဖတ်နိုင်ဘဲတောင်းတာဆို တစ်အုပ်ကို ဒေါ်လာတစ်ရာနဲ့မှ ပေးမှာဆိုရင် အခုနေ သူဌေးဖြစ်ပြီ။
ဦးရဲထွဋ် ညွှန်းမယ်ဆို ညွှန်းလောက်ပါတယ်
in
ကာတွန်း,
စာအုပ်အညွှန်း,
ဇင်ဝေသော်
- on 6/27/2015
- No comments
ဦးရဲထွဋ် ညွှန်းမယ်ဆို ညွှန်းလောက်ပါတယ်။ တေလာက ဦးနေဝင်းအပေါ် အကောင်းမြင်တာတွေရှိတယ်။ စာအုပ်လက်ဆောင်ပေးသွားတဲ့ ပါမောက္ခ ကတော့ "တေလာက အကောင်းမြင်တာများလွန်းတယ်၊ ဖတ်ပြီးရင် အမြင်ပြောပြပါအုံး၊ ဆွေးနွေးကြည့်ရအောင်" မှာထားခဲ့တယ်။
မစ္စတာချိုင်းနား မပြတ်သေးလို့ သေသေချာချာ မကိုင်နိုင်သေးပါဘူး။ ထူထဲ လွန်းတာကြောင့် ဘာသာပြန်ဖို့ထက် ထုတ်နှုတ် ဝေဖန်ဖို့ကောင်းမယ့် စာအုပ်မျိုးဖြစ်နိုင်ပါတယ်။ သေချာတာကတော့ ဦးနေဝင်း ငယ်ဘဝအကြောင်းနဲ့ပတ်သက်လို့ ရေရာတဲ့ အထောက်အထား ဘာမှ မရှိခြင်းပဲ။ တစ်မျိုးစီ ဆော်နေကြတယ်။
တေလာရဲ့ ဂျင်နရယ်နေဝင်း စာအုပ်ထဲက မြန်မာ စကားပ
in
ဇင်ဝေသော်,
ပြုံးစိစိ
- on 6/27/2015
- No comments
တလောကထွက်တဲ့ တေလာရဲ့ ဂျင်နရယ်နေဝင်း စာအုပ်ထဲကပါ၊ မြန်မာ စကားပုံတွေကို အင်္ဂလိပ်လို ပြန်ရေးထားတာ။
အဲဒါတွေကို စွတ်ပြီးဘာသာပြန်ရင်တော့ ရယ်စရာဖြစ်ကုန်မှာ သေချာတယ်။
အမေကျော် ဒွေးဒေါ်လွမ်းကို "Those who seek to love the Aunty outside rather than the mother of their own." လို့ ရေးထားပြီး
ဒီယုန်မြင်လို ဒီခြုံထွင်ကို "They create the bush (to catch it) as they see the rabbit." လို့ သူနားလည်သလို ရေးထားတာ တွေ့ရတယ်။
ဖတ်ရင်း ရယ်ချင်လို့ တင်လိုက်တာပါ။ မျဉ်းတားထားတာလေးတွေ ဖတ်ကြည့်ပါ။
တရုတ်ပြည် အိပ်ပျော်နေပါစေ
in
သူတို့စကား
- on 6/26/2015
- No comments
“တရုတ်ပြည် အိပ်ပျော်နေပါစေ။ သူနိုးလာရင် တစ်ကမ္ဘာလုံး လှုပ်ခတ်သွားလိမ့်မယ်”
(နပိုလီယံ)
အေဒီ ၂၁ ရာစု
in
Politics,
ဇင်ဝေသော်
- on 6/26/2015
- No comments
လူ လွှတ်တော်၌ တင်သွင်း ဆွေးနွေးရသည့် အရေးတကြီး ကိစ္စနှစ်ရပ်
၁။ စစ်အကြောင်း နားလည်ရမည် (သို့) ကာကွယ်ရေးအကြောင်း နားလည်ရမည်။
၂။ ချွေးမ၊ သားမက် ဖယ်ရေး၊ မဖယ်ရေး။
********************************************************************************
ဘီစီ ၆ ရာစု
လွှတ်တော် ဥက္ကဋ္ဌ ရှင်ဒေဝဒတ်။
လွှတ်တော်အမတ်။ လင်းနို့သား ငါးရာဖြစ်ဖူးသော ရဟန်း ၅၀၀။
ဗုဒ္ဓဇင်လွှတ်တော်၌ တင်သွင်း ဆွေးနွေးမည့် အရေးတကြီး ကိစ္စနှစ်ရပ်
၁။ ဗုဒ္ဓဇင်ကို နှံ့စပ်ရမည် (သို့) ပိဋကတ်တော်ကို ကျွမ်းကျင်လိမ္မာရမည်။
၂။ အဖိတ်နေ့ညနေမှာ ခေါင်းရိတ်ရမည် (သို့) ဥပုသ်နေ့ မနက်မှာ ခေါင်းရိတ်ရမည်။
ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းနှင့်အထက်မှာရှိမှ ဆုံးဖြတ်ချက် အတည်ပြုနိုင် သည်။
မှတ်ချက်။ ဘုရားလည်း "ဒုအင်္ဂုလံ၊ ဒွေမာသံ" ဖြင့် ရောမချရ။ ဆန္ဒရှိလျှင် ဘုရားလည်း ထောက်ခံ (သို့) ကန့်ကွက် တစ်မဲထည့်ခွင့်ရှိသည်။ မဲခွဲဆုံးဖြတ်ခြင်းမပြီးမှီ အရှင်သာရိပုတ္တရာနှင့် အရှင်မဟာ မောဂ္ဂလာန်တို့ကို ရဟန်းငယ် ၅၀၀ ထံ စည်းရုံးရေး မလွှတ်ရ။
ပရမတ္ထနီးပါးမှန်တဲ့ အမှန်တရား
in
The Clash of Civilizations,
ဇင်ဝေသော်
- on 6/26/2015
- No comments
ကုလသမဂ္ဂမှာ မဲခွဲဆုံးဖြတ်တာပဲ ဖြစ်ဖြစ်
အိုလံပစ်မြို့တော်အတွက် မဲခွဲဆုံးဖြတ်တာပဲ ဖြစ်ဖြစ်
(အပြင်မှာ ဘယ်လိုပဲပြောပြော)
နောက်ဆုံးအဖြေက စီဗီလိုက်ဇေးရှင်းအတိုင်းပဲ ရှိတယ်။
ဒါက ပရမတ္ထနီးပါးမှန်တဲ့ အမှန်တရား။
တဖြည်းဖြည်း ကိုယ်အားကောင်းအောင် လုပ်ယူဖို့ပဲ ရှိတယ်။
Ref: The Clash of Civilizations
အရမ်းရီရလို့
in
ဇင်ဝေသော်,
ပြန်လည်မျှဝေခြင်း,
ပေါ့ပေါ့ပါးပါး
- on 6/26/2015
- No comments
ကမ်းလက် shared Kathy Nyunt's video.
သူငယ်ချင်းတယောက်ဆီ ကရတာပါ အရမ်းရီရလို့ မျဝေလိုက်တာပါ မူလဖန်တီးရှင်ရေ ကျေးဇူးပါနော်
Posted by Kathy Nyunt on Wednesday, May 27, 2015
ဓမ္မဂင်္ဂါစာ ပေါက်နေတာကြာပါပြီ
in
ဇင်ဝေသော်,
အမှတ်တရ
- on 6/26/2015
- No comments
သက္ကရာဇ် ၂၀၀၀ ကျော်ကျော်၊ သီဟနာဒက မဟာသန္တိသုခမှာ၊ သူက ထေရဝါဒတက္ကသိုလ်မှာပဲ ရှိသေးသည်။ မဟာသန္တိသုခကို သူ အ လည်ရောက်ရောက်လာတတ်သလို ထိုနှစ်မှာ ယူနီဆက်ကလည်း မဟာ သန္တိသုခ သင်တန်းသား ရဟန်း၊ သီလရှင်၊ အခြား ကျောင်း သူကျောင်း သားလေးတွေအတွက် ကျန်းမာရေး အလုပ်ရုံပွဲ ကျင်းပပေးသည်။ ထိုပွဲထဲကို ခရီးကြုံ ဓမ္မဂင်္ဂါလည်းပါသွားသည်။
ကိုယ်တိုင် အခန်းရပ် ပြဇာတ်တွေ ရေးကြ၊ ကိုယ်တိုင် သရုပ်ဆောင်ကြ၊ ဇာတ်ဝင်ခန်းတွေ စာစီကြ၊ ဇာတ်ဝင်ခန်း သီချင်းတွေရေးကြ၊ ပဟေဠိတွေ ဖွက်ကြ၊ ဖြေကြ၊ ဒီဘိတ်တွေ လုပ်ကြ၊ ငြင်းကြ ခုံကြ။ ပျော်စရာကောင်းသလို သင်္ခန်းစာယူစရာလည်း ကောင်သည်။
တစ်နေ့မှာတော့ အိမ်သာအရေးကြီးပုံကို အခန်းရပ်ပြဇာတ်ရေးပြီး ကိုယ်တိုင် တင်ပြကြရသည်။ ပြဇာတ်ရေးစရာ ရှိလျင်တော့ သူနဲ့တိုင်ပင်ပြီး ကိုယ်တိုင် ပဲ ရေးမိသည်။ ယင်းပြဇာတ် ရှေ့ထွက် စကားပြောခန်းကို ဓမ္မဂင်္ဂါက တာဝန် ယူရေးသည်။ ကျေးလက်အိမ်သာ သင်္ခန်းစာထဲကို ဘယ်လို ညှပ်ထည့်လိုက် သည် မသိ၊ ဒါဝင်တွေရော အီဗိုလူးရှင်းတွေပါ ပါကုန်သည်။ ယူနီဆက်ဆရာတွေလည်း မျက်လုံပြူး၊ လက်ခုပ်တီး၊ တော်တော်ကြီး မြိုင်သွား သည်။
အထူးသဖြင့် စာဖတ်နာ၊ စာလည်းရွေးလွန်းသော ယခု နယူး ဇီလန်ရောက် ဦးသီရိဓမ္မက "မောဒန်ကြီး၊ နင့်စာလေး ငါ့ကို မိတ္တူဆွဲပေးခဲ့စမ်း ပါ၊ ကြိုက်လွန်းလို့" ဟု ဆိုသည်။
ထိုမှနောက် သန္တိသုခကျောင်းသားမဟုတ်သော်လည်း ဦးသီရိသာမက အားလုံးက သူ့ကို့ မော်ဒန်လို့ သိသွားကြသည်။ (အသိအမှတ် ပြုလိုက်ကြရသည်)
ဓမ္မဂင်္ဂါသည် ကျေးလက်အိမ်သာနှင့် ဒါဝင်၊ အီဗိုလူးရှင်းကိုပင် မရ ရအောင် ဆွဲစေ့ ကွန့်စပ်နိုင်သူပင်။ ယနေ့ ဓမ္မဂင်္ဂါရောက်နေသည့်နေရာကို ကျွန်ုပ်တော့ အံ့ဩတကြီး မဖြစ်မိ။
ထိုစဉ်က ကျွန်ုပ်တို့ ပြိုင်တူဆိုခဲ့ရသည့် "ဒီနေ့" ဆိုသည့် သီချင်းလေးကိုလည်း အမှတ်ရသည်။


