တကယ်လို့ မင်းက ဘုရင်ဆိုရင်


The Man in the Iron Mask ဇာတ်ကားထဲက ဒိုင်ယာလော့ဂ်ပါ။
ခေတ်ဟောင်း ဥရောပရဲ့ နိမိတ်ပုံတချို့ပေါ့။ ဒီလို
The King cares for nothing,
knows nothing.
တကယ်လို့ မင်းက ဘုရင်ဆိုရင်
Remember, don't ever apologize. Never says sorry. တဲ့။

လူနာပြက္ခဒိန်က ဒီနေ့ လပြည့်လို့ သတ်မှတ်တယ်။


ဒီနှစ် မိတ်ဆက်လိုက်တဲ့ ဘာသာရေးဝတ်ရွတ်စဉ်ကတော့ လပြည့်တွေနဲ့ ဘုရားဟောတဲ့ သုတ်တွေကို ညှိပြီး ရွတ်ဖတ်သရဇ္ဈာယ်မှုပါ။ ဒီလပြည့်မှာ ကျရောက်တာက ရာဟုလောဝါဒသုတ်ဖြစ်လို့ ဒီည ဒီသုတ်ကို ရွတ်ဖတ် သရဇ္ဈာယ်ကြမယ်ပေါ့။
သုတ်တော်ရဲ့ အနှစ်ချုပ်ကတော့ ကုသိုလ်၊ အကုသိုလ်ကို အရိုးရှင်းဆုံး ခွဲခြားပြခြင်းပါ။
ကိုယ့်အတွက်၊ သူ့အတွက်၊ နှစ်ဦးသားအတွက် မကောင်း။ အကုသိုလ်။
ကိုယ့်အတွက်၊ သူ့အတွက်၊ နှစ်ဦးသားအတွက် ကောင်း။ ကုသိုလ်။
မပြု၊ မပြော၊ မကြံမီ အရင်စဉ်းစားဖို့ ရှင်ရာဟုလာကို ပေးတဲ့ ဩဝါဒ ပါပဲ။

မိုက်စမ်းတာဆိုတော့လည်း မိုက်စမ်းတာပါ့လေ


Posted by Zin Wai Thaw · 9 hrs · 
ဟွင်း ဟွင်း ဘကြီးဘုန်းကြီးနော်
--------------- ==============
သံဃာ့အဖွဲ့အစည်းပေါင်းစုံက အမျိုးသားပညာရေးနဲ့ ပတ်သက်ပြီး အကြံပြုစာတွေ ပေးပို့ကြတယ်။ ကိုယ်နဲ့ဆိုင်တဲ
ပရိယတ္တိပညာရေးအတွက် ဂိုဏ်းပေါင်းစုံအစည်းအဝေးကြီးခေါ်ပြီး ငွေသိန်းပေါင်း သောင်းနဲ့ချီအကုန်အကျခံဆွေးနွေးခဲ့ကြပေမယ့် ဟုတ္တိပတ္တိအဖြေမထွက်ခဲ့ကြတာ သတိရမိတယ်။

တကယ်တော့ အမျိုးသားပညာရေးနဲ့ပတ်သက်ပြီး ကျောင်းသားလေးတွေ ဆန္ဒပြချီတက်နေတာကို ဘကြီးဘုန်းကြီးကိုယ်တိုင်က သဘောမတူပါဘူး။
ဘယ့်နှယ်ကွယ် မင်းတို့ လုပ်စရာလား။
အနာဂတ်မြော်မြင်ပြီး ရေရှည်ကြည့်တတ်တဲ့ အစိုးရကိုယ်တိုင်က တိုင်းပြည်ကို ခခယယ ကျနော်တို့ ပြောင်းကြပါစို့ လို့ စင်ကာပူတည်ထောင်စ မစ္စ္စတာလီလို မျက်ရည်လည်ရွဲလေးနဲ့
ကြေငြာရမှာ--။ ခုတော့ကွယ် မင်းတို့က ပြောင်းချင် --။ အဘတို့ ပြောင်ချင် --။ အယ် ဂျောက်ဂျက်
ထူးခြားတာက ကျောင်းသားလေးတွေကိုမေတ္တာရပ်ခံချက်အစောင်စောင် ထုတ်ပြန်ကြတာပါပဲ။
အစိုးရသတင်းစာတွေကလည်း မင်းတို့လွန်လာပြီနော် ဟွင်းဟွင်းဆိုတဲ့ အသံမျိုးထွက်ပြနေပါတယ်။
ရွှေပြည်ကြီးမှာ ဖြစ်ခဲ့သမျှသွေးသံရဲရဲကိစ္စ္စတွေမှာ ပုပ်တို့ ဒလိုင်လားမားတို့ဆီက မှတ်ချက်စကားလေးတွေ ထွက်လာခဲ့ဖူးပေမယ့်---။
ဟွင်း ဟွင်း ဘကြီးဘုန်းကြီးနော် ---။
------=---------
စာမရေးနိုင်သေးလို့ မိုက်စမ်းနေတာ
ဟလို ဟယို ---။
 
 
 

အစိုးရလည်းပါတယ်၊ အစိုးရချည်းလည်း မဟုတ်


(လူငယ်နဲ့ စာဖတ်ခြင်းပါ၊ ကျောင်းသားသပိတ်အကြောင်း မဟုတ်)
ဆရာတစ်ယောက်ရဲ့ စာပေဟောပြောပွဲ ယူကျုမှာပါ။ လူငယ်တွေ စာဖတ်နည်းခြင်းနဲ့ပတ်သက်လို့ အစိုးရအဆက်ဆက်ကို တရားခံချပြီး အင်တာ နက်၊ ဂိမ်း စသည်ရဲ့ အရေးပါမှုကို ဆရာက အလေးအနက်မထားခဲ့ပါဘူး။
အင်တာနက်၊ ဂိမ်း စတာတွေနဲ့ပတ်သက်တဲ့ ဆရာ့ကောက်ချက်က ခေတ်သစ် မီဒီယာ ဒီထက် ဖွံ့ဖြိုးပေမဲ့ လူငယ်တွေ စာဖတ်ကြတယ်လို့ အမေရိကန်၊ အင်္ဂ လန်က လူငယ်တွေကို ထောက်ပြဆွေးနွေးပါတယ်။

ဒါပေမဲ့ "အသစ်အဆန်းအပေါ် စိတ်ဝင်စားခြင်း" သီအိုရီကို ဆရာက မဆွေးနွေးခဲ့ပါဘူး။ ဆိုလိုတာက အင်တာနက်ရဲ့ ရိုက်ခတ်မှုကို ဖွံ့ဖြိုးပြီးနိုင်ငံေ တွထက် ဖွံ့ဖြိုးဆဲနိုင်ငံတွေက အခု ပိုခံနေကြရပါတယ်။ ဘာ့ကြောင့်လည်းဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ဒါက အသစ်အဆန်းဖြစ် ဆဲမို့ပါ။



ဥပမာ အင်တာနက်လိုင်းမကောင်းတဲ့နေရာကလာသူဟာ အင်တာနက် လိုင်း ကောင်းတဲ့နေရာလည်း ရောက်ရော အင်တာနက်ပိုပြီး သုံးနေတတ်ပါ တယ်။ အင်တာနက်လိုင်း ကောင်းတဲ့နေရာမှာ သူ အနေကြာသွားရင် အသား ကျသွားပြီး ပုံမှန်ပဲ သုံးပါတော့မယ်။ ဒီသဘောပါ။

နောက်ပြီး လူငယ်တွေ စာဖတ်နည်းခြင်းဟာ
အစိုးရကြောင့်
အသုံးမကျတဲ့ ပညာရေးစနစ်ကြောင့်ဆိုတဲ့ ကောက်ချက်ကလည်း မှန်ပေမဲ့ ရာနှုန်းပြည့် မမှန်ပါဘူး(ရာနှုန်းပြည့် အမှန်တရားကို ဘယ်သူမှလည်း ရှာမတွေ့ ကြပါဘူး)။ ဘာကြောင့်လဲဆိုရင် စင်္ကာပူလူငယ်တွေ စာဖတ်အားနည်းလာတဲ့ အချက်ကို ဒါ ( အစိုးရ၊ အသုံးမကျတဲ့ ပညာရေးစနစ်) နဲ့ ရှင်းပြ မရလို့ပါ။ စင်္ကာပူလူငယ်တွေ စာဖတ်အားနည်းကြပါတယ်။ အစိုးရ၊ မိဘ၊ ဆရာ သမားတွေက ဒါကို သိကြသလို အဖြေလည်း ရှာနေကြပါတယ်။

ဒီမှာ အစိုးရကို အပြစ်တင်ချင်ရင် အဖြေ မရှာခြင်းကြောင့်သာ အပြစ်တင်လို့ ရပါမယ်။ တကယ်က အင်တာနက်ရိုက်ခတ်မှုဟာ အကြောင်းလေးမဟုတ်၊ အကြောင်းကြီးလို့ ထင်ပါတယ် ဆရာ။

လေးစားလျက်
ဇင်ဝေသော်

ဆုပေးပါ


ကောင်မလေးတစ်ယောက်က မက်ဆေ့ထဲကနေ ပြောတယ်
"ညညဆို ဘုန်းဘုန်းတွေကို ကန့်တော့ပြီးမှ အိပ်တယ်၊ ဆုပေးပါ" တဲ့။
ဒါနဲ့ တိုတိုတုတ်တုတ် မက်ဆေ့ထဲကနေပဲ
"အာယု ဝဏ္ဏော သုခံ ဗလံ" လို့ ပြန်လိုက်တော့ သူက
"အာဋာနာဋိယ သုတ္တံ နိဋ္ဌိတံ" တဲ့ ဗျာ။