လက်ရှိအစိုးရနဲ့အဖွဲ့ချုပ်


အခုဆုံးဖြတ်ချက်က မနှစ်မြို့စရာပေမဲ့ သွေးပျက်စရာတော့ မဟုတ်ပါဘူး။
အချိန်အကြာကြီး အုပ်ချုပ်လာတဲ့ အစိုးရတစ်ဖွဲ့ (ဘယ်နိုင်ငံရဲ့ အာဏာရှင် အစိုးရမဆို) က ရာဂဏန်းသာ အရေအတွက်ရှိတဲ့ လွှတ်တော်ကိုတော့ အနိုင်ကိုင်ထားမှာ အသေအချာပါပဲ။ အခုဟာက လွှတ်တော်ကိစ္စပါ။

ရွေးကောက်ပွဲမှာတော့ ရာဂဏန်းလောက် ထိန်းချုပ်နိုင်ရုံနဲ့ မရတော့ပါ ဘူး။ နိုင်ငံအလိုက်ဖြစ်သွားပါပြီ၊ သန်း ၆၀ ဖြစ်သွားပါပြီ။ ဒါတောင် အစိုးရက တတ်နိုင်သလောက် ထောက်ခံမဲအများဆုံးရဖို့ ကြိုးစားမှာပါ။ သူ့ဆီမှာ လုပ်ပိုင် ခွင့်၊ အာဏာ၊ ပါဝါ အပြည့်ရှိနေတော့ အားသာချက်ရှိနေပါတယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံတော်တစ်ခုလုံးကို ကိုင်တွယ်ဖို့က လွှတ်တော်ကို ကိုင်တွယ် ဖို့ထက်တော့ အဆများစွာ ပိုခက်သွားပါပြီ။

မသေချာလှပေမဲ့ စဉ်းစားစရာက ဒီပွဲဟာ (လက်ရှိအစိုးရနဲ့အဖွဲ့ချုပ်အတွက်) သွေးတိုးစမ်းတဲ့ပွဲများ ဖြစ်နေမလားဆိုတာပါ။
ဒေါ်စုဖြေသွားတဲ့ အဖြေကိုကြည့်တော့ ခြေစမ်းပွဲတစ်ပွဲ ရှုံးသလောက်သာ သဘောထားဟန်ရှိကြောင်း တွေ့ရပါတယ်။

ကမ်းလက် shared Martin Swe's video.
မထိရောက်တဲ့ ပြင်ဆင်မှုတွေကိုတောင် မထောက်ခံကြတာဟာ ပြုပြင်ပြောင်းလဲရေးကို မလိုလားဘူးဆိုတာ ပြသလိုက်တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်အပြီး သတင်းထောက်တွေကို ပြောပါတယ်။
RFA သတင်းထောက် မဝေယံမိုးမြင့်က ကောက်နှုတ်တင်ပြထားပါတယ်။
ရိုက်ကူး - မျိုးသန့်ခိုင်၊ ဝင်းနောင်တိုး
.
Credit : RFA
.
ပြန်လည်မျှဝေပေးပါတယ်။
လေးစားစွာဖြင့်
Martin Swe
25-06-2015
 


မထိရောက်တဲ့ ပြင်ဆင်မှုတွေကိုတောင် မထောက်ခံကြတာဟာ ပြုပြင်ပြောင်းလဲရေးကို မလိုလားဘူးဆိုတာ ပြသလိုက်တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်အပြီး သတင်းထောက်တွေကို ပြောပါတယ်။RFA သတင်းထောက် မဝေယံမိုးမြင့်က ကောက်နှုတ်တင်ပြထားပါတယ်။ရိုက်ကူး - မျိုးသန့်ခိုင်၊ ဝင်းနောင်တိုး.Credit : RFA.ပြန်လည်မျှဝေပေးပါတယ်။လေးစားစွာဖြင့်Martin Swe25-06-2015
Posted by Martin Swe on Thursday, June 25, 2015

လူလားမမြောက်သေးသော အတွေးများ


ရွှေမြန်မာမဂ္ဂဇင်း အတွေးအမြင်စာစုများ စုစည်းမှု


၂၀၁၅ ရွေးကောက်ပွဲ မဲပေးခွင့်က


၂၀၁၅ ရွေးကောက်ပွဲ မဲပေးခွင့်က
မြန်မာနဲ့ထိုင်း ဗိုလ်လုပွဲလက်မှတ် ဝယ်ရသလို
ဖြစ်နေမလား စိုးရိမ်စရာ။

ပန်တော်ကျ ဗိုလ်ခင်ညွန့်ကလည်း
သနားရမှာလား၊ ဖနောင့်နဲ့ ပိတ်ကန်ရမှာလား
စဉ်းစားစရာ။

ဖတ်ခဲ့ရတဲ့ စာတစ်ပုဒ်......


"Later period" ကို လေထာ ပရိယတ် လို့ ( နိုင်ငံတော်ဝန်ကြီးဌာနတစ်ခုရဲ့ စီမံခန့်ခွဲမှုအောက်ရှိ တက္ကသိုလ်ကြီးတစ်ခုမှ) ဆရာတစ်ယောက်က အသံထွက် လို့ မြန်မာတွေ၊ နိုင်ငံခြားကျောင်းသားတွေအတွက် ပြုံးစရာ ဖြစ်ကြရဆိုပဲ။

ဓမ္မ္မဂင်္ဂါ၊ ဖိုးဇော်၊ ကျော်စွာဝင်း


စာရေးဆရာများ၊ ဖေ့စ်ဘုတ် ဖရင့်များ၊ စာဖတ်သူများ၊
တနည်းမဟုတ် တနည်း အကူအညီပေးခဲ့ကြသူများ
အားလုံးကို ကျေးဇူးတင်စွာ နှုတ်ဆက်ပါသည်။

အသံထွက် ရောနှောမှု


လောကဓမ္မ ကို မြန်မာလို လောကဓံ ဟု သိထားကြသည်။
အမှန်တော့ လောကဓမ္မက လောကဖြစ်စဉ် သဘောတရား သာဖြစ်ပါသည်။
လောကဓံ ဟု ခေါ်ဆိုနားလည်ရာမှ တဆင့် လောကဒဏ် နှင့် ရောထွေးမှုလည်း ဖြစ်သွားတော့သည်။
ထို့ကြောင့် အဆိုးလောကဓံကြုံရတိုင်း ဒါက လောကဓံပဲဟု သတ်မှတ်လာကြသည်။ မယုံ မရှိပါနဲ့၊ ထီပေါက်လို့ ပျော်နေသူကို ဒါက လောကဓံလို့ မပြောကြပါ။

အမှန်မူ လောကဓမ္မခေါ်သော လောကဓံသည် အကောင်းရော အဆိုးပါ ပါဝင်ပါသည်။
ဆန့်ကျင်ဖက် လောကဓံများစွာ အခု ရန်ကုန်ပြန်တဲ့အခေါက်မှာ ကြုံတွေ့ရသည်။ မီးပျက်သည်၊ ဥပဒေထဲမှ ခပ်တည်တည် ဥပဒေမရှိသလို တောင်းသည်။ ဒါသည် လောကဓံ။
မိတ်ဆွေကောင်းတစ်ယောက် အရှင်လတ်လတ်ရလိုက်ခြင်းသည်လည်း လောကဓံသာ ဖြစ်ပါသည်။

ဘော လုံး ပွဲ လက်မှတ်


ကမ်းလက် shared Tin Maung Win's post.
သည်နေ့ညနေ စောင်း မှာ The Straight Times က ဖုံး ခေါ် လာ တယ်
ဘော လုံး ပွဲ လက်မှတ် ကိစ္စ မေး တာ
ဒို့ဗမာ ဆိုင် ကနေ semi final ပွဲ ကို ၂၅$ နဲ့ ၅ စောင် ဝယ် ရ တယ် လို့ ဖြေ လိုက် တယ် ၊ သူ တို့သိတာ က Final မှာ ရောင်းတာ ဘဲ သိ တာ....ဆက် ဖြေ လိုက် တယ်. လက် မှတ် မှာ တန် ဘိုး က ၁၃ ကျပ် ရေး ထား တာ လို့. နံ မည် ရယ် IC အလုပ် အ ကိုင် ပါ ပြော လိုက် တယ်. သတင်းထဲ ထည့်ျရးရင် ရ တယ် လို့
အမှန် လက် မှတ် က ရ ပြီး သား၊ နေ ရာ မ ကောင်း လို့ (section420) လိုချင် တဲ့ မိတ်ဆွေ ကို ပေး ပြီး ထပ် ဝယ်တာ
လက်မှတ် သွားယူသူ ကို သူ တို့ ပြော တာ က ၅ $ အမြတ် က ဘော အသင်း အတွက်ပါ တဲ့. လက်မှတ် ရတော့ကြည့်လိုက် တော့ တန် ဘိုး က ၁၃ ကျပ်. သွားယူသူ ကို ဆူ ပြစ် လိုက် တယ် နင်တယ်ပြီး အ ပါ လား လို့.. ပြောလိုက်သေး တယ် လက်မှတ်ရတာ သူ တို့ က်ု ဘဲ ကျေး ဇူး တင် ရမဲ့ အပေါက်....အဲ့ဒီ ထဲ က တင်း နေ တာ နောက် ပိုင်: FB မှာ ဖတ် ရတော့ ပို ချဉ် လာ တယ် E အရေးကောင်းလို့ဘဲ လက် မှတ်တွေရတယ် ဆိုတာမျိုး ကို့လူမျိုး တွေ က ဒုက္ခ ခံပြီး လက်မှတ်မ ဝယ် ချင် တာ မျိုး
စီးပွားရေး လုပ် တာ ကို နားလည် တယ် အမှန်အကန် ပြော ပြီး လုပ်..
SEA game or police က တရား စွဲ ရင် ကို့စားစရိတ် က်ုစား ပြီး သက် သေ လိုက် ဘို့ အ ဆင် သင့် ဘဲ

 

တကယ်က ကိုယ်လုပ်သည့်အလုပ်ကို ပိုင်နိင်ဖို့၊ ပရော်ဖက်ရှင်နယ်အဆင့်အထိ ရှိနေဖို့သာ


အနာဂါမ် ဆရာသက်ကြီး တရားပြလာခဲ့ဖူးသည်။
ထိုမှနောက် လူပုဂ္ဂိုလ်မျာ ဆက်တိုက်လိုလို တရားပြလာခဲ့ကြသည်။
ကမ္ဘာအထိတရားခြေဆန့်သွားသူက ဆရာကြီး ဦးဂိုအင်ကာ
မျက်မှောက်ခေတ် ဒေါက်တာမင်းတင်မွန်ကအစ များစွာ တရားပြသူပြ၊ အဘိဓမ္မာ ပို့ချသူ ပို့ချ။

မနေ့က သူများတက်သဖြင့် ဖတ်လိုက်ရသည့် စတေးတပ်တစ်ခုမှာ လူအလုပ်ကို ဘုန်းကြီးလုပ်လို့ရပေမဲ့ ဘုန်းကြီးအလုပ် လူလုပ်လို့ မရဟန် ရေးထားတာကို ဖတ်လိုက်ရသည်။
တကယ်က ခေတ်အဆက်ဆက်မှာ ရောထွေးယှက်တင်ဖြစ်မှု ရှိပါသည်။
တကယ်က ကိုယ်လုပ်သည့်အလုပ်ကို ပိုင်နိင်ဖို့၊ ပရော်ဖက်ရှင်နယ်အဆင့်အထိ ရှိနေဖို့သာ အရေးကြီးသည်။

ဒါက မြန်မာ့ ယဉ်ကျေးမှု အောက်မှာပဲ ရှိသေးသည်။

ကြက်သား ကာလသားချက်နဲ့ ပုံမပျက် ကိတ်မုန့် တစ်ပွဲ


ရွာကိုမရောက်ဖြစ်ခဲ့ပေမဲ့ တစ်အိမ်လုံးစာ ကြက်သားကာလသားဟင်း ချက်ထားဖို့ မှာခဲ့သည်။
ရွာမရောက်ဘဲ ရန်ကုန်ပြန်ရောက်လာခဲ့သည်။

နောက်နေ့မနက် အသိတစ်ယောက်က ဘာစားချင်သလဲ မေးလို့ အလွမ်းပြေ ဒါပဲစားမယ် ဖြေခဲ့မိ၏။ သူမက ကိုယ်တိုင်မလာ၊ ကလေးတွေကို အပို့ခိုင်းလိုက်သည်။ ဘာဖြစ်ဖြစ် ထိုဟင်း ရောက်လာသည်ပေါ့။ စားကောင်းပါသည်။ ထိုဟင်းကိုစားပြီး ဘာမှ မစားဖြစ်တော့။

တစ်ယောက်ကလည်း ကိတ်မုန့် စီစဉ်ထားသည်၊ လက်ရှိ ကျန်းမာရေးနဲ့အညီ ဖြစ်ပါလိမ့်မည်။ သို့သော် မစားဖြစ်။
မိတ်ဆွေတွေ ရောက်လာတိုင်း ထိုကိတ်မုန့်ကို ချကျွေးမိသည်။ အများအားဖြင့် မစားကြ။လူမမာစာဟု ထင်သောကြောင့်လား၊ သူတို့ကိုယ်တိုင် မကြိုက်သောကြောင့်လားတော့ မသိပါ။

မနေ့က ပထမဆုံး ဆရာ သစ္စ္စာနီနဲ့ ကိုကျော်သာလာသည်၊ ထို့နောက် ဆရာ မောင်စိမ်းနီလာသည်။ ပြသနာက မောင်စိမ်းနီနှင့် ရိုက်လိုက်သောပုံမှာ ထိုကိတ်မုန့်ပွဲပါသွားသည်။

ထိုစဉ် မိန်းကလေးတစ်ယောက်က တို့ကို ချကျွေးတဲ့ ကိတ်မုန့်က ပန်းကန်းကအစ အတူတူပဲ ပြောရင်း ဖုန်းဆက်သည့်အခါ စဉ်းစားရင်း ရယ်မောလိုက်ရသည့်အဖြစ်က ဗိုက်ကြောတွေ နာသည်အထိပင်။ ဒီနေ့ လာချင်လို့ လိပ်စာတောင်းသူများ ထိုကိတ်မုန့်ကို အရင် သတိရစေချင်ပါသည်။ ထိုကိတ်မုန့် မကုန်သေးပါ။ ရေခဲသေတ္တာထဲမှာ ရှိသေးသည်။

ဆရာကြီး ဦးတင်ဦး (ကျူရှင်)


၁၉ ရက်နေ့က ထူးထူးခြားခြား တက်ရောက်လာသူများတွင် ဆရာကြီး ဦးတင်ဦး ကျူရှင်လည်းပါဝင်သည်။ ဆရာကြီးကတော့ အရွယ်လည်းရှိ၊ မျက်စိလည်းကောင်း အခုလို စာအုပ်တွေကို ဖတ်ရုံမက ဘာသာပြန်ဖို့အထိပါ စိတ်ဝင်စားလို့ ၀မ်သာကြောင်း၊ သူ့အနေနဲ့ မျက်စိကို တော်တော် ညှာနေရကြောင်း ပြောသွားသည်။ စကား ဒီထက်ကြာကြာ ပြောလိုသေးသော်လည်း နှစ်ဖက်စလုံးက ရှုပ်နေသဖြင့် ခဏသာပြောခွင့်ရခဲ့သည်။ သို့သော် ထိုက်သင့်သလောက် ပြည့်စုံသည်။ လေးစားရသည့် ဘာသာပြန် ကျွမ်းကျင်လှသော ဆရာကြီးတွေထဲမှ တစ်ယောက် လို့တော့ အနည်းဆုံး ပြောနိုင်ပါသည်။
ကိုယ်တိုင်ကလည်း ဆရာကြီးနှင့် တွေ့လိုက်ရသဖြင့် အလွန်ဝမ်းသာမိပါသည်။


စုဋီကာရှိပြီးဖြစ်သူများအနေနဲ့ ဆရာကြီး ဦးတင်ဦး ကျူရှင်၏ ဆောင်းပါးကို သေသေချာချာဖတ်မိကြဖို့ တိုက်တွန်းချင်ပါသည်။ အတိတ်၊ ပစ္စ္စုပ္ပန်မှတဆင့် အနာဂတ်ကို မျှော်ခေါ်ရေးထားသဖြင့် သုံးသပ်စရာတွေ များစွာပါဝင်ပါသည်။