ဖြစ်နိုင်ရင်တော့ ဘိုနိုလို မျက်မှန်အမည်းကြီးနဲ့ ဘော်ဒီဂတ် လုပ်ချင်တာပေါ့


တိုက်ဆိုင်မှုရယ်တော့ မဟုတ်ဘူးဗျ။ ကံကတော့ ပါတယ်။
ဒေါ်စု ဥရောပခရီးစဉ်သွားချိန် U2 က တအားပေါက်နေတာ။ အဲဒီအချိန် U2
အဖွဲ့ခေါင်းဆောင် ဘိုနိုကြီးက မျက်မှန် အမည်းကြီးနဲ့ ဒေါ်စုကို အကြိုအပို့လုပ်၊ ဘော်ဒီဂတ် လုပ်ခဲ့တာ။

ကိုယ်က ဘာမှ မဟုတ်ပေမဲ့ အဲ့ဒီဖီးလ်လေးကို သဘောကျတယ်။ ဒါ့ကြောင့် လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်ကို အချိန် နည်းနည်းဆွဲလိုက်တာ။ ရွေးကောက်ပွဲ ရာသီနဲ့ ညှိလိုက်တယ်ပေါ့။

ကံကောင်းချင်တော့ ဒီစာအုပ်ကလည်း ပေါက်သွား တယ်။ ဖြစ်နိုင်ရင်တော့
ဘိုနိုလို မျက်မှန်အမည်းကြီးနဲ့ ဘော်ဒီဂတ် လုပ်ချင်တာပေါ့။

အခုလည်း ကိုယ့်ရှိတဲ့ ကလောင်လေးနဲ့ ၀န်းရံခွင့်ရတယ် ဆိုတော့ မဆိုးဘူးပေါ့ဗျာ။
ဒီစာအုပ်ကို အချိန်မီထုတ်လို့ ကျေးဇူးတင်တယ်ဆိုသူတွေ အတွက်ပါ။








ဇင်ဝေသော်

"Unplayed Piano" (သံစဉ်မဲ့ စန္ဒယားတစ်လုံး)


ဟိုနေ့က ဗွီဒီယိုလေးကို စာသား၊ မြန်မာပြန်နဲ့အတူ ထပ်တင်ပေးလိုက်တာပါ။ ဒေါ်စုရဲ့ နှစ် ၆၀ မြောက် မွေးနေ့အတွက် အိုင်းရစ်လူမျိုး ကလပ်စစ် ဘုရင်ကြီး ဒမ်မီယံ ရိုက်စ်ရဲ့ လက်ဆောင်ပါ။ ကမ္ဘာဟာ သူမအတွက် မျက်ရည်စက်စက် နားထောင်ခဲ့ရတဲ့ သီချင်း တစ်ပုဒ်ပေါ့။ ရုတ်တရက် ဘာသာပြန်ထားတာမို့ အဖြစ်လောက်၊ ခံစားလို ရရုံလောက်ပဲ ရှိမှာပါ။
(ဇင်ဝေသော်)






"Unplayed Piano" (သံစဉ်မဲ့ စန္ဒယားတစ်လုံး)
(with Lisa Hannigan)

Come and see me
လာကြည့်လှဲ့
Sing me to sleep
အိပ်ယာဝင် တေးတစ်ပုဒ်နဲ့
Come and free me
ကျမကို လွတ်မြောက်စေလှဲ့
Hold me if I need to weep
ကျမ ငိုကြွေးခိုက် ကျမကို ထွေးပိုက်ထားပါ

Maybe it's not the season
အခွင့်မသာ
Maybe it's not the year
အခါမသင့်သေးဘူး ထင်ရဲ့
Maybe there's no good reason
ခိုင်လုံတဲ့ အကြောင်းပြချက်လည်း မရှိ
Why I'm locked up inside
ကျမကို ဘာအတွက် သော့ခတ်ထားကြတာလဲ

Just cause they wanna hide me
ကျမကို လူ မတွေ့စေချင်ရုံ
The moon goes bright
လရောင်က ရွှန်းပြီးလက်လက်လာ
The darker they make my night
ကျမညတို့က မိုက်ပြီးရင်း မိုက်

Unplayed pianos are often by a window
တံခါးပေါက်ဘေးက ဖုန်တွေပေပွ ပီယာနို
In a room where nobody loved goes
ဘယ်သူမှ မနေချင်တဲ့ အခန်းထဲ
She sits alone with her silent song
သူမ တစ်ကိုယ်ရည် တိတ်ဆိတ်တေးသွားနဲ့
Somebody bring her home
သူမကို အိမ်ပြန်ပို့ပေးပါ။
Unplayed piano (unplayed piano)
တိတ်ဆိတ် ပီယာနို
Still holds a tune (still holds a tune)
သံစဉ်တွေ ရင်ခွင်ထဲ ရှိဆဲ
Lock on the lid (years, years pass by)
သော့ခတ်လှောင်မြိုက်
In a stale, stale room (in the changing of the moon)
ညှီစိုစီု့ အခန်းမိုက်ထဲ
Maybe it's not that easy (through the only window)
သိပ် လွယ်မယ်တော့ မဟုတ်
Or maybe it's not that hard (in a stale, stale room)
သိပ်လည်း မခက်လောက်ဘူး

Maybe they could release me (stale, stale room)
သူတို့ လွှတ်ပေးကောင်းပါရဲ့
Let the people decide
သူတို့ဘာသာပဲ ဆုံးဖြတ်ကြပါစေ
I've got nothing to hide
ကျမမှာ ဖုန်းကွယ်ထားစရာ နတ္ထိ
I've done nothing wrong
ဘာအမှားမှလည်း မလုပ်မိ
So why have I been here so long?
ဘာကြောင့်များ ဒီလောက်အကြာကြီး ဒီမှာ နေနေရပါလိမ့်

Unplayed pianos are often by a window
In a room where nobody loved goes
She sits alone with her silent song
Somebody bring her home

Unplayed pianos are often by a window
In a room where nobody loved goes
She sits alone with her silent song
Somebody bring her home

Unplayed piano
Still holds a tune
Years pass by
In the changing of the moon


 

နိုင်ငံရေးဆိုတာကလည်း သိပ္ပံပဲမို့ သံသယဆန်တဲ့ နားနဲ့ နားထောင်ရပါတယ်


ညီငယ် ညီမငယ်တို့ရဲ့၊ ဦးရွှေမန်းကြီး ပြောတာက နိုင်ငံရေး စကားပါကွဲ့။ နိုင်ငံရေးဆိုတာကလည်း သိပ္ပံပဲမို့ သံသယဆန်တဲ့ နားနဲ့ နားထောင်ရပါတယ်။ ပျော်စရာပေမဲ့ စိတ်ရှိလက်ရှိ ပျော်မပစ်လိုက်ကြပါနဲ့။
(8:44)

နားဝင်မချိုတုန်းကတော့ ဆရာတော် ဦးဆေကိန္ဒက သမ္မတကြီးဆီ၊ သူရ ဦးရွှေမန်းဆီ၊ ကာချုပ်ကြီးဆီနဲ့ ဒေါ်စုဆီအထိရောက်အောင် ငါကိုယ်တိုင် ပေးပေးမယ်။
ခွေးမသားလေး ငါ့ကို လေးအုပ်ထပ်ပေးလို့ မေတ္တာဆဲလေးနဲ့ စာအုပ်တောင်း၊ ၀န်ခံတော်မူခဲ့တယ်။
လူတစ်ယောက်ကိုလည်း ပို့ပေးတော်မူကောင်းပါရဲ့။ ဟိုနေ့က အုပ်ရေ ၁၅၀ ဆိုတော့လေ။
(9:36am)

အောင်ခြင်းရှစ်ပါးနဲ့ ဆိုက်ကော်လော်ဂျီ


(မနေ့က တရားတိုတို)

၁။ မေတ္တာတရားဟာ လူတွေအပေါ်မှာထက် တိရစ္ဆာန်တွေအပေါ် ပိုပြီး စူးရှ၊ ထိရောက်ဟန်ရှိ။ (ကိုယ်ပိုင် သုံးသပ်ချက်မို့ "It seems to me that........" လို့ ပြောသင့်ပါတယ်၊ ညီ၊ ညီမတွေအတွက်ပါ)
ဥပမာ...
နာဠာဂီရိဆင်ကို မေတ္တာတရားသက်သက်နဲ့ အောင်မြင်တော်မူခဲ့သော်လည်း သစ္စကနဲ့ တွေ့ရာ၊ စိဉ္စမာနနဲ့ တွေ့ရာမှာတော့ အပြင်အကူ (External Support or help) ယူတော်မူခဲ့ရတယ်။

၂။ လူတွေထဲမှာတောင် ရက်စက်ကြမ်းကြုတ်သူ၊ ကောက်ကျစ် ယုတ်မာသူ၊ မာနကြီး၊ တစ်ယူသန်စွဲ ပြင်းထန်သူတွေ မတူကြဘူး။

(က) အင်္ဂုလိမာလဆိုရင် ရက်စက်ကြမ်းကြုတ်ပေမဲ့ ရိုးသားတယ် (Cruel but honest)။ ဒါ့ကြောင့် ဘယ်သူ့အကူအညီမှ မယူဘဲ ဘုရားရှင် ချေချွတ်နိုင်ခဲ့တယ်။

(ခ) စိဉ္စမာနက ကောက်ကျစ် ယုတ်မာသူ (Cunning)၊ သူမကို ချေချွတ်နိုင် ဖို့ ကြွက်ယောင်ဆောင်တဲ့ နတ် ပါဝင်လာရတယ်။

(ဂ) သစ္စကကတော့ မာနကြီး၊ တစ်ယူသန်စွဲ ပြင်းထန်သူ (Arrogant) ပေါ့။ သူ့ကို ချေချွတ်နိုင်ဖို့အရေးမှာလည်း သိကြားတွေ၊ ဝရဇိန်တွေ ပါနေရတယ်။

အချုပ်ကတော့ ကောက်ကျစ် ယုတ်မာသူ၊ မာနကြီး၊ တစ်ယူသန်စွဲ ပြင်းထန် သူတွေနဲ့ ဆက်ဆံရာမှာ မေတ္တာတစ်ခုတည်းနဲ့ မရတတ်ဘူး။
(Loving-kindness alone may not be good or strong enough.)
*****************************************************************




ပုံလေးက ဘုန်းဇင်တို့ အိန္ဒိယခရီးစဉ်အသွား အိန္ဒိယ တစ်နေရာရာမှာ ရိုက်ခဲ့တာပါ။ အဲဒီနွားလေးမှာ မြန်မာနွား၊ အိန္ဒိယနွားဆိုတဲ့ အမျိုးသားရေး စိတ် မရှိဘူး။ သူ့ခေါင်းလေး ပွတ်ပေးလိုက်တာနဲ့ ကလေးလေးလိုဖြစ်သွား တာ။
အဲဒါ အကန့်အသတ်မဲ့ မေတ္တာ (Unconditional love) ဆက်ဆံရေး ပါပဲ။

တကယ်က တနင်္ဂနွေနေ့တိုင်း တရားတိုတို ဟောပေးရတယ်၊ ကြွားသလို ဖြစ်နေမှာစိုးလို့ မတင်ဖြစ် တာ။ အခုဟာကလည်း ညီရဟန်းတွေ များများလာလို့ တင်ဖြစ်၊ ဝေမျှဖြစ်တာပါ။

ဘုန်းဇင်

လောကကြီးမှာ ပါတီ နှစ်မျိုးပဲရှိတယ်


၁။ ကတိ မတည်တဲ့ ပါတီနဲ့
၂။ ကတိ မပေးတဲ့ ပါတီ။

ဘုန်းဇင်၊ အုန်းခရီယေးတစ်ဗတီ


သင် ဘယ်သူနဲ့ ပေါင်းသင်းနေတယ်ဆိုတာ ကျနော့်ကိုပြောပါ၊ သင် ဘယ်သူဆိုတာ ကျနော် ပြောပါမယ်။ (အင်္ဂလိပ် စကားပုံ)
သင့်နာမည် ဦးဌေးဦး ဖြစ်တယ်လို့သာ ပြောပါ၊ သင့် ဘုရားခန်း ဘယ်လိုနေမယ်ဆိုတာ ပြောပြပါမယ်။ (ဘုန်းဇင်၊ အုန်းခရီယေးတစ်ဗတီ)

"ကျောင်းပိတ်ရက် မဟုတ်ပါဘဲ ကျောင်းသားလေးတွေကို ဘာကြောင့်များ ဒီနေရာ ခေါ်ထားကြတာပါလိမ့်


ကျနော် တရုတ်ပြည် လေယာဉ်ကွင်းထဲ ရောက်စဉ် ဝတ်စုံညီ ကျောင်းသားလေးတွေက "ကြိုဆိုပါတယ်၊ နွေးထွေးစွာ ကြိုဆိုပါတယ်" သီချင်းလေး ပြိုင်တူဆိုရင်း ပန်းစည်းကလေးတွေ ဝှေ့ယမ်းကြတယ်။
ကျနော် စဉ်းစားမိတာက "ကျောင်းပိတ်ရက် မဟုတ်ပါဘဲ ကျောင်းသားလေးတွေကို ဘာကြောင့်များ ဒီနေရာ ခေါ်ထားကြတာပါလိမ့်၊ ဒီအချိန်မှာ သူတို့လေးတွေဟာ စာသင်ခန်းထဲမှာ ရှိနေရမှာ မဟုတ်ဘူးလား" ဆိုတာပဲ ဖြစ်နေပါတယ်။
(လီကွမ်းယု)
(သမ္မတကြီးနဲ့ လက်ထောက် ဆရာဌေးဦးတို့ဆီ ရောက်အောင် ပို့ပေးကြပါကွယ်တို့ရယ်။)

ဒါလေးများ သတင်းထူး လုပ်နေရသေး


၁။ ဒါလေးများ သတင်းထူး လုပ်နေရသေး။
၂။ ကမှ သတင်း။


မြတ်စွာဘုရားရှင် မြန်မာပြည်တွင် မပွင့်ရသည့် အကြောင်းရင်းများ


ကမ်းလက် shared Sally Mya-Win's photo.
 
 Sally Mya-Win with Aung Myint Soe and 7 others
မြတ်စွာဘုရားရှင် မြန်မာပြည်တွင် မပွင့်ရသည့် အကြောင်းရင်းများ။
၁။ မယ်တော်ကိုင်စရာ သစ်ပင် မရှိခြင်း။
၂။ နှစ်ပြည်ထောင်ကြား ခမည်းတော်နှင့် မယ်တော်ယူမိ၍ အမျိုးစောင့်ဥပဒေနဲ့ ငြိနေခြင်း။
၃။ တပြည်သူသွေးနှော၍ ဘုရင် မဖြစ်ဘူးခြင်း။
၎။ ရဟန်းပြုရန်အတွက် နတ်တို့ဖန်ဆင်းသောကျောင်းသင်္ကန်း၌ အာမခံချက်မရှိခြင်း။
၅။ ဒုက္ကရစရိယာကျင့်စရာ တောမရှိခြင်း။
၆။ ဂဏာနို့ဆွမ်း သပိတ်မျှောရန် မြစ်တွင်း ရေမရှိခြင်း။
၇။ ဗောဓိပင်နှင့် ရွှေပလ္လင်နေရာသည် တပ်ပိုင်မြေဖြစ်နေခြင်း။
၈။ ငါးဦးထက်ပို၍ တရားဟောသဖြင့် တရားပွဲကို ပါမစ်ယူရခြင်း။
၉။ တရားဟောရန် သာသနာရေးမှ ဘွဲ့လက်မှတ်သတ်မှတ်ချက် မရှိခြင်း။
၁၀။ တန်ခိုးပြာဋိကာ ပြခြင်းသည် နိုင်ငံတော်အား အကြည်ညိုပျက်စေခြင်း။
၁၁။ ပြည်ပသို့ တရားဟောထွက်၍ ကျောင်းထိုင်ခွင့်မရခြင်း။
၁၂။ နိုင်ငံခြားသားများအား ကျောင်းတွင်လက်ခံခြင်း။
၁၃။ မြစ်တစ်ခုအပေါ်မှ တရားဟောခွင့်မရှိခြင်း။
၁၄။ ဒယ်အိုးကျမည့် တရားများ ဟောပြောခြင်းကို ခွင့်မပြုခြင်း။
၁၅။ စီတန်းလှည့်လည်ခြင်းကို သံဃာအရေအတွက် အပါးတစ်ရာထက်ပိုလွန်ခြင်း။
စသည့်အချက်များကြောင့် ဗုဒ္ဓဂါယာ မြေမြတ်မဟာတွင်သာ ဘုရားပွင့်သည်။
(( Copied from Thiha Kyaw ))

ကလေးတွေကို ရိုက်တဲ့ ကျောင်းအုပ်ကြီးကို အကြံပေးချင်တာ...


ဘာမှ မသိဘဲနဲ့ သူများ ဒေါ်စုလို့ လိုက်စုနေတယ်ဆိုပြီး ကလေးတွေကို ရိုက်တဲ့ ကျောင်းအုပ်ကြီးကို အကြံပေးချင်တာ...

တစ်ပြည်လုံးက လူငယ် လူလတ်တွေကိုလည်း ခေါ်ရိုက်ပါ လို့။ ဖြူသလား မည်းသလား မသိဘဲနဲ့ သူများ ဗိုလ်ချုပ် အောင်ဆန်းဆိုလို့ လိုက် အောင်ဆန်းနေကြတာလေ။

ဒါတင် မကသေးဘူး။ တစ်ကမ္ဘာလုံးက ဗုဒ္ဓဘာသာတွေကိုလည်း ကြိမ်လုံးကြီကြီး ရေစိမ်ပြီး ခေါ်ရိုက်ရမှာ။ ဒီလူတွေကမှ ဘယ်သူမှ မမီလိုက်တဲ့ ဘုရားကို ဗုဒ္ဓ ဗုဒ္ဓ နဲ့ ဖြစ်နေကြတာ။ ကဲကို ကဲတယ်။