ဦးနေဝင်း၊ ဦးသန်းရွှေနဲ့ဒေါ်စု။ ဘယ်သူက လူစိတ် ပိုရှိမလဲ။


အမေရိကန်လည်း တွင်း တာဝါ ပြိုကျဖူးပြီ၊ သူတို့ချင်း ဘယ်သူ့ဘယ်သူမှလက်ညှိုး မထိုးကြဘူး။ (ဒီမိုကရက်ကြောင့်၊ ရီပတ်ဘလင်ကန်ကြောင့် စသည်)
ဩစတေးလျလည်း အရှက်ခွဲ ခံလိုက်ရပြီ။ သူတို့ချင်း အပြစ်ပုံချမနေကြဘူး။ ဒါဟာ ရင့်ကျက်တဲ့ကမ္ဘာရဲ့သဘောပဲ။
မြန်မာပြည်က မိတ္ထီလာဖြစ်လည်း ဒေါ်စု၊ မန္တလေး၊ ရခိုင်ပြည်နယ်မှာဖြစ် လည်း ဒေါ်စုပဲ။
တစ်သက်လုံး အန္ဒိယ၊ အင်္ဂလန်နဲ့နေအိမ်ထဲထောင်ကျနေခဲ့ရတဲ့အမျိုးသမီးကြီးက အဲဒီမွတ်စလင်တွေကို ဘယ်လိုလုပ် ပြည်တွင်းထဲရောက်အောင် ဆွဲသွင်းလို့ရမှာ လဲ။ ဆိုင်ကော ဆိုင်ရဲ့လား။

အခု လတ်တလောကိစ္စက ပြောရတော့ခက်ပါတယ်။ ဒါ့ကြောင့် ဘာမှ မပြောလို ပါဘူး။
ဒေါ်စုတက်လာလည်း နိုင်ငံရေး စီးပွားရေးအရ တရုတ်နဲ့မကင်းနိုင်သလို မွတ်စ လင်နဲ့လည်းကင်းနိုင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ကိုင်တွယ်ပုံ ပိုရင့်ကျက်လာလိမ့်မယ့်။ လူထုဆန္ဒကို နားပိုထောင်လာမယ်။
နောက်ဆုံး ရုပ်ပျက်ဆင်းပျက်မှားသွားရင် နှုတ်ထွက်ပေးလိမ့်မယ်။ မသထာရေစာ အဏာကို တွယ်ဖက်နေမယ့်အစား မဟုတ်ဘူးလို့ သူမ သမိုင်းအရ သိရတယ်။
ဒါကလည်း ပုဂ္ဂိုလ်ရေးနဲ့မဆိုင်ဘူး၊ သမိုင်းနဲ့ဘဲဆိုင်တယ်။ သမိုင်းနည်းနည်းပဲ သိရင်ကို ဒီအဖြေထွက်တယ်။
ဦးနေဝင်း၊ ဦးသန်းရွှေနဲ့ဒေါ်စု။ ဘယ်သူက လူစိတ် ပိုရှိမလဲ။

တရုတ် ဝူကန်ရွာ အရေးအခင်းနဲ့ မြန်မာ့လယ်ယာမြေ ဆုံးရှုံးမှု

၂၀၁၁ ခု စက်တင်ဘာလက Guangdong ပြည်နယ်ရှိ ဝူကန်ရွာ( Wukan) မှာ တောင်သူလယ်သမားတွေရဲ့ လယ်ယ်မြေ ဆုံးရှုံးမှုနဲ့ ပတ်သက်ပြီး ဆန္ဒပြ မှုတွေဖြစ်ခဲ့တယ်။ ကန်ထရိုက်သမားတွေက အစိုးရ အရာရှိတွေနဲ့ပေါင်းပြီး လယ်ယ်မြေ တွေကိုသိမ်းယူမှုပါပဲ။ မြန်မာပြည်ရဲ့ လတ်တလော အနေ အ ထားတွေနဲ့ ဆင်ဆင်တူပါတယ်။ ဒီက ရလာတဲ့ အကျိုး အမြတ်တွေ ကျေ တာ့ တောင်သူလယ်သမားတွေအတွက် ခံစားခွင့် လုံးဝမရှိဘဲ ကန်ထရိုက် သမားတွေနဲ့ အစိုးရ အရာရှိတွေဆီသာ အကျိုးအမြတ်တွေအားလုံးရောက် သွားတယ်။
ဒါကို မကျေမနပ်ဖြစ်ရာကတဆင့် ဆန္ဒပြမှုတွေဖြစ်လာခဲ့တယ်။
အစပိုင်း မှာတော့ ရွာသားအနည်းအကျဉ်းလောက်ပါပဲ။ ဒီ ဆန္ဒပြမှုကို အ ကြမ်းဖက် နှိမ်နှင်းရာမှာ ရွာသားအချို့ အဖမ်းခံရပြီးရွာသားတစ်ယောက် သေ ဆုံးခဲ့တယ်။ ရွာသားတစ်ယောက် သေဆုံးမှုနဲ့ပတ်သက်ပြီး ဆန္ဒပြမှု အရှိန် အ ဟုန် အားကောင်းလာပြီး ဒီဇင်ဘာလမှာ ရွာသား နှစ်သောင်းလောက်
အထိ ဖြစ်လာခဲ့တယ်။ ရိုးရိုးဆန္ဒပြရုံတင်မကတော့ဘဲ သူတို့မှာရှိတဲ့ လက် နက်တွေကို ဆောင်ယူလာကြတဲ့ အထိပါပဲ။



ဒီမှာ တရုတ်ကွန်မြူနစ် အစိုးရရဲ့ ကိုင်တွယ်ပုံက စိတ်ဝင်စားစရာပါ။ Guangdong ပြည်နယ်ရဲ့ လက်ထောက် ပြည်နယ်မှုးကိုယ်တိုင် ရွာအထိ ဆင်းပြီး ဖြေရှင်းပေးတယ်။ လယ်သမားတွေ ဆုံးရှုံးတဲ့ မြေတချို့ ပြန်ပေး တယ်၊ ဆန္ဒပြမှုမှာ အဖမ်းခံထားရသူတွေကို လွှတ်ပေးတယ်။ ပြီးတော့ အဲ့ဒီရွာအတွက် ရွေးကောက်ပွဲ ကျင်းပပေးတယ်။ ရွေးကောက်ပွဲမှာ ဆန္ဒပြမှုရဲ့ လူထုခေါင်းဆောင်က မဲ အပြတ်နဲ့ နိုင်သွားတယ်။ ဒီတော့ လက်ထောက် ပြည်နယ်မှုးက သူ့ကို ရွာသူကြီး ခန့်ထားပေးခဲ့တယ်။

ဒါက ကွန်မြူနစ်လို့ အမည်ခံထားတဲ့ တရုတ်အစိုးရရဲ့ ဖြေရှင်းပုံပါ။
*********************************************


ကျနော်တို့နိုင်ငံက တောင်သူလယ်သမားတွေရဲ့ လယ်ယ်မြေ ဆုံးရှုံးမှု နဲ့ နောက်ဆက်တွဲပြဿနာတွေကိုတော့ အွန်လိုင်းပေါ်မှာ လူတိုင်းက ကျနော့်ထက် ပိုသိနိုင်လို့ (ကိုယ်တိုင်လည်း ကျကျနန မသိလို့) မရေးတော့ ပါဘူး။
ကျနော် မျှဝေချင်တာက လီကွမ်းယု ကောက်ချက်ချသလို "တရုတ်အစိုးရက ကွန်မြူနစ် ပုလင်းအခွံထဲထည့်ထားပေမဲ့ "ဝိုင်" က ကွန်မြူနစ် မစစ်တော့ ဘူး" ဆိုတာပါပဲ။

သူ့ ဝိုင် ကွန်မြူနစ် စစ်၊ မစစ် က ကိုယ်နဲ့မဆိုင်လှပေမဲ့ လူလည်ကြီးများ၊ အ ကျင့်ပျက် အရာရှိကြီးများနဲ့ လယ်ယာမြေ ဆုံးရှုံးရတဲ့ တောင်သူ လယ်သ မားတွေရဲ့ အဖြစ်ဆိုးက နိုင်ငံအဝှမ်းလိုက် ကြုံတွေ့နေကြရတယ်။

အင်္ဂလိပ်ခေတ်က ဖောင်စီးရင်း ရေငတ် စကားပုံ တွင်ကျယ်ခဲ့တယ်။ ကုန်းမြေအချမ်းသာဆုံး ရှေ့တောင်အာရှနိုင်ငံက တောင်သူတွေ မြေမရှိတော့ဘူး၊ လူလတ်တန်းစား ပညာတတ်တွေ နေစရာ မြေပိုင် မဝယ်နိုင်တော့ဘူး။
မြန်မာ (ဒီမိုကရေစီ) အစိုးရနဲ့ တရုတ် (ကွန်မြူနစ်) အစိုးရ ပြည်သူ့အပေါ် သဘောထား ဘယ်သူသာမလဲ။

Ref: One Man's View of The World. LKY.

28/08/2013

တဖြည်းဖြည်းနဲ့တော့ အာဖဂန်နဲ့ တူလာပြီ။


ဒါ(တက်တူး)က တားမရဘူး၊ တစ်ဦးချင်းကိစ္စ၊ မိတ်ကပ်အထူအပါး၊ နှုတ်ခမ်းနီ အထူအပါး၊ ဘောင်းဘီအတိုအရှည်ကိစ္စမျိုးပဲ။ ဘာသာရေး၊ ယဉ်ကျေးမှု၊ အလုပ် အကိုင်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေက သူတို့ပိုင်နက်ထဲမှာ တားမြစ်နိုင်ပါ တယ်။ လမ်းပေါ်လျှောက်သွားနေတဲ့ လူငယ်ကို တားမြစ်လို့မရသလို အစိုးရ လုပ်ရမယ့်ကိစ္စလည်း မဟုတ်ပါဘူး။ ဟိုတစ်နေ့ကပဲ ဘီးလ်ဂိတ်ပုံ ခြေသလုံးမှာ ထိုးထားတဲ့ကောင်လေး တစ်ယောက်တွေ့ရတယ်။ ဒါမျိုးကို သူ့မိဘတွေကလည်း သဘောမတူနိုင်ပါဘူး။ ဘာတတ်နိုင်မှာလဲ။ (လီကွမ်းယုလေသံနဲ့ ငါက ကုမ္ပဏီ ပိုင်ရှင်ဆိုရင်တော့ သူတို့ကို မခန့်ဘူး ပေါ့။ ဒါပဲရမှာပေါ့) အောက်က စာက တို လွန်းသွားလို့ပါ။
ဟိုဟာတားချင်၊ ဒီဟာတားချင်နဲ့ မွတ်စလင်အစွန်းရောက်နဲ့ သိပ်မကွာတော့ဘူး လို့ ပြောချင်တာ။
(12/22/2014 at 5:58 pm)

ဒါ အနောက်ယဉ်ကျေးမှုမဟုတ်ပါဘူး၊ လူငယ်ယဉ်ကျေးမှု (သို့) တစ်ခေတ်ပြန်ဆန်းယဉ်ကျေးမှုပါ။
အစွန်းရောက်အုပ်စုသိရင် လက်ဖြတ်ခံရမှာသိလျက်နဲ့ တက်တူးထိုးနေကြတာ တဲ့။
(12/22/2014 at 5:01 pm)



၇ နှစ်သား အကိုတစ်ယောက်ရဲ့ ဆုံးမစကား

ညီလေး
ဖေဖေနဲ့ ရန်ဖြစ်ပြီးစ မေမေက ခေါင်းဖီးပေးမယ်ဆိုရင် အဖီးမခံနဲ့။ ထွက်ပြေးပါ။ ဘာဖြစ်မယ်ဆိုတာ ကိုကို သိတယ်။

ညီလေး
ဆံပင်ညှပ်ခံနေရင်း နှာမချေမိပါစေနဲ့။ ကိုရင်မဝတ်ခင် ဆံချတာမျိုးဆို ပို ဂရုစိုက်ပါ။ ဘာဖြစ်မယ်ဆိုတာ ကိုကို သိတယ်။

ညီလေး
ပီကေကို ဆက်မဝါးချင်တော့ဘူးဆိုရင် သူများရှေ့က စာသင်ခုံအောက်မှာ ကပ်ထားရတယ်။



ညီလေး
"ဝိုင်နှစ်ခွက်လောက် သောက်ပြီးမှ ဖေဖေ့ဆီက မုန့်ဖိုးတောင်းပါ" ဆိုတဲ့စကားက မမှန်ဘူး။
မူးနေရင် တောင်းစရာတောင်မလိုတော့ဘူး။ ကြိုက်သလောက် နှိုက်ယူထား လို့ရတယ်။
မနက်ရောက်ရင် ဖေဖေနဲ့ မေမေ ရန်ဖြစ်တာကိုပါ ချောင်းကြည့်လို့ ရသေး တယ်။

ညီလေး
ခဲဖျက်မပါတဲ့ ခဲတန်ဟာ ဘောလ်ပင်နဲ့ အတူတူပဲဆိုတာ မှတ်ထားပါ။ စာမေးပွဲ မဖြေနိုင်ရင် ခဲတန်ကို ကိုက်နေတတ်တယ်။ ခဲဖျက်ပေါ်က သံ ပတ်လေးပေါ်မှာပဲ ကိုက်ပါ။

ညီလေး
ရန်မဖြစ်နဲ့၊ လူလည်ကျလွန်းလို့ မကျေနပ်တဲ့ကောင်ရှိရင် မှတ်ထား၊
နိုင်ငံတော်အလံကို အလေး ပြုရင်း မသိသလိုလိုနဲ့ သူ့ခြေသန်းလေးပေါ် တက်နင်းပါ။ ခြေမပေါ်ထက် ခြေသန်းလေးပေါ်တက်နင်းတာက ပို ထိရောက်တယ်။

ညီလေး
အပေါက်ဆိုးဆိုး ဆရာမက ပြုံးပြီးခေါ်ရင် မသွားနဲ့။ လူမမြင်ရင် ခေါင်းခေါက်မလို့။ အရမ်းနာတယ်။

ညီလေး
အရေးအကြီးဆုံးကတော့ အတန်းထဲမှာ တော့ပ် သရီး မရစေနဲ့။
မင်း ကျောင်းပျက်ရင် လူတိုင်းသိတယ်။

ချစ်တဲ့
ကိုကို

22/05/2013  

နယူးယောက် မာရသွန်ပွဲ


နယူးယောက် မာရသွန်ပွဲပြိုင်အတွက် အချိန်ကုန်ခံပြီး ဘာကြောင့် ဒီလောက်ပြင် ဆင်နေကြတယ်ဆိုတာကို ကျနော်တော့ နားမလည်နိုင်တော့ဘူး။
ကင်ညာနိုင်ငံက လူတစ်ယောက်ကိုခေါ်ပြီး လည်ပင်းမှာ ဆုတံဆိပ်ဆွဲပေး လိုက်ရင် ပြီးနေပြီ။ ဒါဆို ဘယ်သူမှ အလုပ်မရှုပ်တော့ဘူး။
(နယူးယောက် ပရိသတ်တစ်ဦး)

လူဝင်စား


စစ်တပ်အကြီးအကဲတွေက သမိုင်းထဲက ဘုရင်တွေကို လူဝင်စားလုပ်နေကြချိန်မှာ
ဘုန်းကြီးလူဝင်စားသံကိုတော့ မကြားရသေးဘူး(ကိုယ်မသိတာလည်းဖြစ်မယ်)၊
ဥပမာ ရှင်အရဟံတို့၊ ဆရာတော်ဗုဒ်တို့ကို ဝင်စားတယ်ဆိုတာမျိုးပေါ့။
လက်ရှိအနေအထားကိုကြည့်ရတာကတော့ ဒါလည်း ပေါ်လာနိုင်မယ့်သဘောပဲ။

စစ်တပ်ထဲရော ခရိုနီထဲမှာပါ နတ်သျှင်နောင်ဝင်စားတယ်ဆိုတာတော့ မကြားသေးဘူး။ ကလောင်ထက်လို့ မဝင်စားရဲတာလား၊ ပိုက်ဆံ ကုန်တင်ကားနဲ့ သယ်ရလောက်အောင် ချမ်းသာတဲ့ဘဝမဟုတ်လို့ စိတ်မဝင်စားတာလားတော့ မသိဘူးပေါ့။
ဝန်မခံပေမဲ့ ရှင်အဇ္ဇဂေါဏကိုဝင်စားသလိုလို ဘုန်းကြီးတွေတော့ ရှိတယ်။

အမေရိကန်တွေရဲ့ အားသာချက်


အမေရိကန်တွေရဲ့ အားသာချက်က ဉာဏ်ကောင်းတာမဟုတ်ဘူး၊ မှားမှန်းသိ ရင် တောင်းပန်ရဲတာ၊ ပြင်ရဲတာ(အူတူတူ ခေါင်းမာတာမျိုးမဟုတ်)တဲ့။ (တမြန်နေ့ကဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရ)
ပင်လယ်ကွေ့စစ်ပွဲပြီးတော့ စစ်ပွဲတွင်းမှာ အမှားတွေဘယ်လောက်များခဲ့သလဲ ဆိုတာ စာရင်းလုပ်ဖို့ ဘုရှ်နဲ့တိုနီဘလဲယားတို့နှစ်ယောက် ခေါင်းချင်းဆိုင်ပြီး အမှား ရှာခဲ့ကြတယ်။
တို့ဆီက အဘတွေပဲနားအေးတယ်။ အမွဲဆုံးနိုင်ငံဖြစ်နေတာကို အမှားလည်း မရှာ၊ မှားမှန်းလည်း မသိ၊ သိလည်း မတောင်းပန်။

ဖေ့စ်ဘုတ်သာ ဆိုင်လေးတစ်ဆိုင်ဆိုရင်


ဖေ့စ်ဘုတ်သာ ဆိုင်လေးတစ်ဆိုင်ဆိုရင် လူအလာနည်းရင်နည်း၊ ပတ်ဝန်းကျင် သန့်ပြီး လူကြီးလူကောင်းတွေပဲလာတတ်တဲ့ ဆိုင်လေးမျိုးဖြစ်နေစေချင်တယ်။ မနက်ပိုင်း အောင်ခြင်းရှစ်ပါး၊ နေ့၊ ညပိုင်းတွေမှာ ဆင်ဖိုနီတေးသွားလေးတွေနဲ့ လွင်နေတာမျိုးပေါ့။
အမူး၊ အရမ်း၊ မိမဆုံးမ ဖမဆုံးမတွေ မလာစေချင်ဘူး။ ဖေ့စ်ဘုတ်က အမြဲ လှဲကျင်းနေတော့ လူရမ်းကားမလာဘူး။
သူတို့က ဂူဂဲလ်ပလပ်သွားပြီး တောင်ရေးမြောက်ရေး၊ အုပ်စုလိုက်ဖြစ်မယ်။ တတ်နိုင်သရွေ့တော့ လှဲကျင်းရမှာပဲ။ ဒါမျိုးတော့ အားမပေးချင်ဘူး။

သူများနိုင်ငံတွေရဲ့ အားနည်းချက်ကိုထောက်ပြတိုင်း အဘတို့အုပ်စုကို ရွဲ့ပြောနေသလိုပါပဲ။


ဖတ်ကြည့်ကြပါအုံး။

နောက်ဆုံးအနေနဲ့ သူတို့ရင်ဆိုင်ဖြေရှင်းရမှာက လာဘ်ပေးလာဘ်ယူမှု ပါပဲ။ ပြည်နယ်အရာရှိတွေကလည်း သူတို့ဝေစုကို ရဖို့ကြိုးစားနေကြတာဆိုတော့ ခရိုင်အုပ်ချုပ်ရေးစနစ်ကလည်း လာဘ်ပေးလာဘ်ယူမှုကင်းပျောက်အောင် လုပ် မပေးနိုင်ပါဘူး။ ကိုယ်ကျင့်တရားပျက်မှုက အဆင့်ဆင့်မှာကို အမြစ်တွယ်နေတာ ပါ။ ပရောဂျက်တစ်ခုအတွက် တစ်ဒေါ်လာသုံးမယ်ဆိုရင် ဆယ်ဆင့်က ဟိုနေရာရောက်သွား၊ ဆင့်နှစ်ဆယ်က ဒီနေရာရောက်သွား စတာတွေနဲ့ပဲ အမှန် တကယ်ရောက်ရမယ့် နေရာရောက်တော့ သိပ်မကျန်တော့ပါဘူး။ အကျင့်ပျက်မှု သန္ဓေတည်သွားပြီဆိုရင် ဒါကိုတော်လှန်ဖို့ တော်တော်ခက်တယ်ဆိုတာ သမ္မတ ယူဒိုယူနိုက သဘောပေါက်တယ်။ ဒါကို တွန်းလှန်ဖို့ ခိုင်ခိုင်မာမာနဲ့ ပြတ်ပြတ် သားသား ကိုင်တွယ်မှရမယ်။ ဒါကလည်း ဗဟိုကနေ စမှရမယ်။ တကယ်လို့ လာဘ်ပေးလာဘ်ယူပြဿနာကို ကျော်လွှားနိုင်တယ်ဆိုရင်တော့ သူတို့အနာဂတ်တောက်ပပြီး အင်ဒိုနီးရှားအသစ် ဖြစ်လာနိုင်ပါတယ်။
(လီကွမ်းယု၊ လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်)

အင်ဒိုနီးရှား အရာရှိကြီးတွေ


လက်ရှိအစိုးရဟာ လမ်းပန်းဆက် သွယ်ရေးနဲ့ပတ်သက်တဲ့ အစည်းအဝေး ကြီးတွေ ခေါ်နေတာကြာပါပြီ။ ဘာမှတော့ဖြစ် မလာသေးပါဘူး။ ဒါတွေ အကောင်အထည်မပေါ်ရတဲ့အထဲ အင်ဒိုနီးရှား အရာရှိကြီးတွေက စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ စင်ကာပူကိုလာပြီး ဇိမ်ခံနေကြတာဟာ ပြည်သူတွေ အတွက် စိတ်ပျက်စရာဖြစ်နေခဲ့ပြန်ပါတယ်။ ဒီကိုလာပြီး ပြန်ပြန်သွားကြတိုင်းလည်း သူတို့ကားလမ်းတွေ၊ လေယာဉ်ကွင်းတွေ ကို ပိုကောင်းအောင်လုပ်ရမယ်ဆိုတဲ့ စိတ်ကူးပါသွားကြတာချည်းပါပဲ။

ဆူဟာတို


ဆူဟာတို အနေနဲ့ သူ့နိုင်ငံအပေါ် ဘယ်လောက်အကျိုးပြုခဲ့သလဲဆိုတာ တိတိ ကျကျသိရဖို့ မြန်မာပြည်နဲ့ နှိုင်းယှဉ်ကြည့်ရမှာဖြစ်ပါတယ်။ ဒီနှစ်နိုင်ငံလုံးဟာ တိုးတက်မှုအတူတူလောက်နဲ့ တာထွက်ခဲ့ကြတာပါ။ နှစ်နိုင်ငံလုံးမှာ သဘာဝ အရင်းအမြစ်တွေရှိတယ်။ စစ်တပ်အကြီးအကဲက ခေါင်းဆောင်နေရာမှာ ရှိခဲ့ တယ်။ ဒါပေမယ့် မြန်မာ့ခေါင်းဆောင် နေဝင်းဟာ (အဲဒီအချိန်တုန်းက ဘားမား) ဆိုရှယ်လစ်လမ်းစဉ်ကို လိုက်သွားခဲ့ပါတယ်။ တကယ်လို့ ဆူဟာတိုသာ ခေါင်း မာမာနဲ့ ဖွံ့ဖြိုးရေးကို မလုပ်နိုင်ခဲ့ဖူးဆိုရင် အင်ဒိုနီးရှားလည်းပဲ မြန်မာလိုဖြစ်နေ မှာပါ။ ဆူဟာတိုဟာ လာဘ်စားမှု၊ သူ့မိသားစုအသိုင်းအဝိုင်းကို ဦးစားပေး မှုကြောင့် နာမည်ဆိုး ထွက်ကောင်း ထွက်ပါလိမ့်မယ်။ ဒါပေမယ့် သမိုင်းဟာ သူ့လုပ်ရပ်တွေနဲ့ အောင်မြင်မှုတွေကိုပါကြည့်ပြီး တိုင်းထွာဆုံးဖြတ်တာဖြစ်ပါ တယ်။ သူ့လူထုကို သူပညာသင်ပေးခဲ့တယ်။ စီးပွါးရေး တိုးတက်လာအောင် လုပ်ဆောင်ပေးနိုင်ခဲ့တယ်။ လမ်းတွေ၊ အဆောက်အဦးတွေ ဆောက်ပေးခဲ့တယ်။

ဗျည်းသုံးဆယ့်သုံးလုံး ဖွဲ့စည်းပုံ ပြင်ရမည်(New Version)


"ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရမယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရမယ်" ဆိုသည့် အသံများ မကြာခဏ ကြားနေရပါသည်။ ပြင်ကြပါ။ ပြင်သင့်ပါသည် ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ပြီးလျှင် အခြားပြင်စရာ များ စွာရှိနေသေးကြောင်းတော့ သတိပေးချင်ပါသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြီး လျှင် ဒုတိယ အရေးအကြီးဆုံးက ဗျည်း သုံးဆယ့်သုံးလုံး ဖွဲ့စည်းပုံ ဖြစ်ပါသည်။ အက္ခရာအခွင့်အရေးနှင့် လုံးဝ မညီညွ တ်ပါ။ ပြင်ကို ပြင်ရပါမည်။ စိတ်ကူးပေါက် ခိုက် အနည်းငယ် တင်ပြချင်ပါ သည်။

"က" ကြီး။
သူက ဗျည်းသုံးဆယ့်သုံးလုံး၏ ခေါင်းဆောင်ဖြစ်ပါသည်။ ပြသနာက "က" ငယ် ဆိုတာမရှိဘဲ သူတစ်ယောက်ထဲ အလိုလို ကြီးနေခြင်းဖြစ်ပါ သည်။ "က" ငယ်ရှိလျှင် "က" ကြီးကို လက်ခံလို့ရပါသည်။ ရှေ့ဆုံးကမို့ ကြီး တာလား၊ အဓိပ္ပါယ် မရှိပါ။ သူ့ထက်ကြီးကျယ်၊ သူ့ထက်ခန်းနား၊ သူ့ထက် အရေး ခက်သော ဗျည်း များစွာရှိသည်။
ဥပမာ ဃ၊ ဋ၊ ဍ၊ ဏ၊ ဠ တို့ဖြစ်ပါသည်။ တော်ရုံတန်ရုံလူ မှန်အောင် မရေးတတ်ပါ။

"ခ" ကွေး
"ခ" ကွေးကလည်း အဆင်မပြေလှပါ။ မြန်မာစာမှာ ကွေးနေအောင် "က" တယ်လို့သာရှိပါသည်။ ပြသနာက "ခ" ကွေး ကြောင့် ကွေးနေအောင် "ခ" သူများ ပေါ်ပေါက်လာရသည်။ နိမိတ်မကောင်းသော အက္ခရာ ဖြစ်သည်။ "က" ကြီးနောက်လိုက်တို့သည် ကွေးနေအောင် "ခ" တတ်သည့် နောက်လိုက် ဒုတိယတန်းစား၊ အချောင်စားများဖြစ်နေသည်ကို တွေ့ရပါသည်။

"ဂ" ငယ်
"ဂ" ငယ်ကလည်း မစွံလှပါ။ "ဃ" ကြီးကြောင့် ငယ်လိုက်ရတာဟု ဆိုရန် ရှိသော်လည်း ရေးထုံးအရ "ဃ" ကြီးနဲ့ "ဂ" ငယ် လုံးဝဆက်စပ်ဖို့ ခက် ပါသည်။ တည်နေပုံအားဖြင့်လည်း ပက်လက်နဲ မှောက်ရက် ဖြစ်သည်။ သူနှင့် ပုံစံတူသည်က "က" ကြီးသာ ဖြစ်သည်။ "ဂ" ငယ်ဟူသည် "က" ကြီးတစ်ခြမ်းပဲ့သာဖြစ်သည်။ တက္ကနီကယ်တန်းဖြင့် စမော "က" (သို့ ) "က" ငယ် ဟုဆိုနိုင်သည်။ ယခု ဤသို့မဟုတ်ဘဲ သူနဲ့ မိသားစုချင်းမတူသည့် "ဃ" ကြီး လက်အောက်ခံလုပ်ကာ "ဂ" ငယ် ဖြစ်နေရသည်။

"ဃ"
"ဃ"၏ ဖြစ်သင့်သောအမည်က "ယ" ပျက်ဖြစ်သည်။ ပုံစံ ပျက်နေသော "ယ" သာဖြစ်ပါသည်။ ယ ကို ခေါင်းပေါင်းစတပ်ပေးလျှင် "ဃ" ဖြစ်ပါသည်၊ အစစ်မဟုတ်ပါ။

"င"
သူတစ်ယောက်ထဲ အလိုလို ကြီးနေသော "က" ကြီး၊ ကွေးနေအောင် "ခ" သော "ခ" ကွေး တို့ အုပ်စု အဆုံးသတ်က "င" ဖြစ်နေသည်။ အတ္တသံပါသည်။ သူတပါးဆိုတာ မပါတော့ဘဲ "င" (ငါ့) ဖြစ်နေသည်။

"စ" လုံး
"စ" လုံး ကိုတော့ ထောက်ခံပါသည်။ အဓိပ္ပါယ်လည်း လှပါသည်။ အစမှာ လုံးလုံးလေး (သို့) စတင်ချိန်မှာ စည်းစည်းလုံးလုံး ရှိကြသည် ဟုအဓိပ္ပါ ယ် ကောက်ယူနိုင်ပါသည်။ သို့သော် ပုံစံကို သေသေချာချာကြည့်မိတော့ မျက်စောင်းထိုးနေဟန်ရှိသည်ကို စတင်တွေ့ရသည်။

"ဆ" လိမ်
သိပ်သဘောမတွေ့မိတော့ပါ။ စ လို့မှ ဘာမှ မကြာသေးခင် မုန်းကြိုးလိမ်လို့ လိမ်လိမ်ကောက်ကောက်ဖြစ်လာသည်။ ထိုသို့ မဖြစ်သင့်ဟု ထင်ပါသည်။ "လုံး" နေရာမှာ "လိမ်" သွားသောကာလက ဘာမှ မကြာလိုက်ပါ။ ရေးဟန် အနေနဲ့လည်း ကွေးနေအောင် "ခ" သော "ခ" ကွေးနှင့် တော်တော်တူနေ သည်။
ထူးသည်က "ဆ" လိမ်က ကျောပိုးအိပ်ကြီး ပါနေခြင်းသာဖြစ်သည်။ ဘာတွေ ထည့်ထားမှန်း မသိပါ။ "ခ" သူများ "ကျောပိုးအိပ်ကြီး" ဖြစ်သွားတတ်ပါသလား။

"ဇ" ကွဲ
လိမ် သွားပြီဆိုလျှင် အခြေအနေကို အကဲခတ်လို့ ရသွားပြီဖြစ်ပါသည်။ လိမ်ပြီး မကြာမီ သူသူ ငါငါ "ဇ" များ ကွဲကြတော့သည်။ ရေးဟန်အားဖြင့် လည်း "ဇ" ကွဲသည် ပုရွက်ဆိတ် အကိုက်ခံထားရသော "ဂ" ငယ် နဲ့ တော်တော်တူနေပါသည်။ မဖြစ်သင့်ပါ။

"ဈ" မျဉ်းဆွဲ
မကောင်းတော့ပါ။ ကွဲကြ ပြဲကြပြီး မျဉ်းများ "စွဲ"လာကြ၊ "ဆွဲ"လာကြသည်။ သူ့မျဉ်း ကိုယ့်မျဉ်းစသည်တို့ဖြင့် သူသူငါငါ အတ္တလည်း ကဲလာကြတော့ သည်။
ဗျည်းတစ်လုံးရေးရာမှာ ပေတံလိုနေသလိုလည်း ခံစားရပါသည်။ လုံးဝ မဖြစ်သင့်ပါ။

"ည"
ဤမျှဆို စာရှူသူတို့ သဘောပေါက်ပြီဟု ယူဆမိပါသည်။
"စ" လုံး။ အစမှာ စည်းစည်းလုံးလုံး ရှိကြသည်။
"ဆ" လိမ်။ စ လို့ မကြာမီ မုန်းကြိုးလိမ်လို့ လိမ်လိမ်ကောက်ကောက်ဖြစ် လာသည်။
"ဇ" ကွဲ။ လိမ်ပြီး မကြာမီ သူသူ ငါငါ "ဇ" များ ကွဲကြတော့သည်။
ထို့နောက် "ဈ" မျဉ်းဆွဲ။ ကွဲကြ ပြဲကြပြီး သူ့မျဉ်း ကိုယ့်မျဉ်း ဆွဲလာကြသည်။
ဒီနောက် ဘာရှိသေးသနည်း။
"ည" ရောက်သွားပါတော့သည်။
မီးကလည်း ပျက်နေသည် ဆိုပါတော့......?????




"ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ" အုပ်စုကတော့ ကျနော့် ဉာဏ်မမီလောက်အောင် ရှုပ်ေ ထွးသော အုပ်စုဖြစ်နေသဖြင့် လက်ရှောင်လိုက်ပါသည်။ အပြင်မှာ ချရေးပါ ဆိုလျှင် ဤအုပ်စုကို မှန်အောင်ပင် မရေးတတ်ပါ။ ကိုယ်မပိုင်သော ဘာသာ ရပ်ကို လူလယ်၊ လူတတ် ဝင်မလုပ်တာက စိတ် မချမ်းမြေ့ဖွယ် ကွန်မင့်များ အန္တရာယ်မှ ကင်းဝေးစေနိုင်ပါသည်။ စိတ်ကူးပေါက်ရင် ဆက်ပါမည်၊ မပေါက်ရင် မဆက်ပါ။ ဤမျှဖြင့်ပင် ဗျည်း သုံးဆယ့်သုံးလုံး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ကို ပြင်မှရ မည် ဆိုသည်က တောင်ကြီးတစ်တောင် လုံး နေ့ချင်းညချင်း မြေပြင် ညီဖြစ်သွား သလို သိသာလှပြီ ဖြစ်ပါသည်။

တိုးတက်ပွင့်လင်းတဲ့ မွတ်စလင် နိုင်ငံဆိုတာ


မေး။ ။ နောက်ပြီးလတ်တလော လူမျိုးရေး ရောနှောမှုနဲ့ပတ်သတ်တာက မလေးရှားဟာ အစ္စလာမ်ဘာသာရေးဖက်ကို ပိုပိုပြီးယိုင်လာနေတဲ့အချက်ပါ။
ဖြေ။ ။ အဲဒါ အရှေ့အလယ်ပိုင်းရဲ့လွှမ်းမိုးမှု။

မေး။ ။ဒါဆိုရင် တိုးတက်ပွင့်လင်းတဲ့မွတ်စလင် နိုင်ငံဖြစ်လာနိုင်ဦးမလား။
ဖြေ။ ။ဒါကိုမင်းတို့က ယုံကြည်သလား။ ဒါနဲ့တိုးတက်ပွင့်လင်းတဲ့ မွတ်စလင် နိုင်ငံဆိုတာ ဘာကိုပြောတာလဲ။

မေး။ ။ ကမ္ဘာကြီးနဲ့ ဆက်သွယ်တာ၊ အိုင်ဒီယာအသစ်တွေကိုလမ်းဖွင့်ပေးတာ။
ဖြေ။ ။ မင်းဆိုလိုတာက သူတို့ခေါင်းစွပ်တွေကို ချွတ်လာကြမယ်၊ အမျိုးသားနဲ့ အမျိုးသမီး လက်ဆွဲနှုတ်ဆက်၊ စားသောက်ဆိုင်မှာ အတူထိုင်၊ မွတ်စလင် မဟုတ် သူက ဘီယာသောက်၊ မွတ်စလင်က သူနဲ့အတူတူထိုင်ပြီး ကော်ဖီသောက်၊ ဒီလိုလား။

မေး။ ။ ဒီလိုမဟုတ်ပေမဲ့ ဆော်ဒီအာရေးဗျထက် တူရကီနဲ့တော့ ပိုတူလာနိုင် တယ် မဟုတ်လား။ အထိုက်အလျောက် ပွင့်လင်းလွတ်လပ်၊ နိုင်ငံတကာ တန်း ဖိုးတွေကို အသိအမှတ်ပြု၊
ဖြေ။ ။ မဖြစ်နိုင်ပါဘူး။ မလေးရှားဟာ မလေးမွတ်စလင်နိုင်ငံပဲဖြစ်မယ်။ အရင်တုန်းက ဒီလောက်တင်းတင်းကျပ်ကျပ်ကြီး မဟုတ်ဘူး။ အခု အရှေ့ အလယ်ပိုင်းနိုင်ငံတွေရဲ့လွှမ်းမိုးမှုကြောင့်ပိုပြီးတင်းကျပ်လာနေတယ်။ အရင်က ညစာစားပွဲတွေမှာ အသောက်အစားတွေ ဘာတွေနဲ့ဧည့်ခံတယ်။ ငါ မလေးရှား ကို ရောက်တယ်ဆိုရင် တန်ကုက သူ့မိတ်ဆွေတွေကိုပါ ဖိတ်ပြီး ၀ီစကီတို့ ဘရန် ဒီတို့နဲ့ဧည့်ခံတယ်။ အခုဆိုရင် အချိုရည်ထည့်ပြီး ဖန်ခွက်ချင်း တိုက်နေကြတယ်။

အစ္စလမ်အကြမ်းဖက်မှု နောက်ခံ


၁။ ယူနီဗာဆယ်လစ်ဇင်နဲ့ အစစသာလွန်နေတဲ့ ခရစ်ယန်နယ်ချဲ့မှုကြောင့် မွတ်စလင်ဘာသာရေးအဖွဲ့တွေ စုစည်း၊ အားကောင်းလာ။
၂။ အင်္ဂလိပ်တတ် ပြည်ပမွတ်စလင်ပညာရှင်တွေက ပြည်တွင်းမွတ်စလင်ပညာ ရှင်တွေကို အစွန်းရောက်နေပြီလို့ပြော။
၃။ ပြည်တွင်းမွတ်စလင်ပညာရှင်တွေက အင်္ဂလိပ်တတ် ပြည်ပ မွတ်စလင်ပညာ ရှင်တွေကို လူဖြူရဲ့ ကပ္ပလီလို့ခေါ်။
၎။ ကိုရန်ကျမ်းတတ်တွေက ဦးဆောင်တော့ လူငယ်ထုကြီး အုံနဲ့ကျင်းနဲ့ပါလာ။
၅။ သေရတာက လူငယ်တွေ၊ ခေါင်းဆောင်စည်းရုံးသူ ပညာတတ်တွေက အသေ မခံ၊ (အမေရိကန်တွေ ရှာသတ်မှသေ)
၆။ အစတော့ ကိုယ့်ယဉ်ကျေးမှုကို ကာကွယ်ဖို့၊ တဖြည်းဖြည်းနဲ့ သူများ ယဉ်ကျေးမှုကို တိုက်ခိုက်ချေမှုန်းဖို့။
၇။ နောက်ဆုံး ဘာသာရေးအတွက် အသက်ပေးရတာကို ဂုဏ်ယူပြီး အသေခံ အကြမ်းဖက်သမားတွေဖြစ်။
၈။ သူတို့ကို မထောက်ခံတဲ့ ကျန်တဲ့မွတ်စလင်တွေကိုပဲ သူတို့က ရန်သူသတ်မှတ်။

မြန်မာပြည်ရော ဘယ်လိုလဲ။ ၁ ကနေ ၈ အထိ ဘယ်လောက် ကွဲနေမလဲ။
နံပါတ် ၈ က ကြောက်စရာအကောင်းဆုံး၊ ညီညွတ်ရေးကို အန္တရာယ်ပေးတယ်။

သင်ပုန်းကြီးသင်ရင်


မဆလ
မထသ
မယက
မဘသ
ကလေးတွေ သင်ပုန်းကြီးသင်ရင် အသုံးကျတယ်။ စာလုံးပေါင်းရတာ လွယ်တယ်။

နိုင်ငံရေး နဲ့ ဘာသာရေး


အရှင်ဘုရားတစ်ပါးက နိုင်ငံရေးလုပ်တတ်တယ်။
နောက် အရှင်ဘုရားတစ်ပါးက နိုင်ငံရေးမလုပ်တတ်ဘူး။
ဒါနဲ့........
အရှင်ဘုရားတစ်ပါးစကားက နိုင်ငံရေးဖြစ်ပြီး ဘာသာရေးလိုလို..........
နောက် အရှင်ဘုရားတစ်ပါးစကားက ဘာသာရေးဖြစ်ပေမဲ့ နိုင်ငံရေးဖြစ်သွားရော............။

ဆိုးလ်မိတ် Husband


သက္ကရာဇ် ၂၂၁၅ ခု၊ ဆိုးလ်မိတ် Husband Showroom မှာ အမျိုးသမီးနှစ်ယောက် ဝင်းဒိုးရှော့ပင်းလုပ်နေတယ်။

ပထမထပ် (Good)
Husband မော်ဒယ် 0.5 ။ ။ ရုပ်ရည် သင့်တင့်၊ အလုပ်အကိုင် ဝင်ငွေ ပုံမှန်ရှိ၊ လူကြီးလူကောင်း ဆန်။
အာမခံသက်တန်း ၁၀ နှစ်။

"အေး ကြည့်ရတာမဆိုးဘူးကွ၊ တစ်ယောက်ယောက်ကို ဆွဲထားရရင် ဘယ်လိုလဲ"
"ဒါက ပထမထပ်ပဲ ရှိသေးတာ၊ ဒုတိယထပ်မှာ ဒီထက်ကောင်းတာတွေရှိဦးမယ်"
ဒါနဲ့ ဒုတိယထပ်ကို ဆက်တက်ကြ။

**********************************

ဒုတိယထပ်(Better)
Husband မော်ဒယ် 0.4 ။ ။ ရုပ်ရည်ချောမော၊ လစာကောင်း၊ ချက်တတ်ပြုတ် တတ်၊ လူကြီးလူကောင်း ဆန်၊ ကလေးချစ်တတ်။
အာမခံသက်တန်း နှစ် ၂၀။

"မင်း ဘယ်လိုထင်လဲ"
"ပထမထပ်ကထက် အများကြီးသာတယ်၊ အိမ်ထောင်ပြုမယ်ဆိုရင် တစ်ယောက်လောက်ဆွဲထားရရင် မဆိုးဘူး"
"တတိယထပ် ရှိသေးတယ် မဟုတ်လား၊ သူက ဘာပြောထားသလဲ"

************************************

တတိယထပ်(Nearly perfect)
Husband မော်ဒယ် 0.3 ။ ။ ရုပ်ရည်ချောမော၊ လစာကောင်း၊ ချက်တတ်ပြုတ် တတ်။ လူကြီးလူကောင်း ဆန်၊ ယောက္ခမတွေနဲ့ ရှော့မရှိ၊ ဆေ့ဗ်ဂါ့တ်အာမခံ။
အာမခံသက်တန်း နှစ် ၃၀။

"တစ်ယောက်ယောက်ကိုတော့ ဆွဲထားရတော့မယ်ထင်တယ်နော်"
"အေး၊ ကိုယ်လည်း စဉ်းစားနေတယ်"
"ဒါပေမဲ့ အပေါ်မှာ တစ်ထပ်ရှိသေးတယ် မဟုတ်လား"
"ရှိသေးတယ်လေ"
"သူက ဘာပြောထားသလဲ"
"perfect တဲ့၊ ဘာမှတော့ အသေးစိပ် ရေးမထားဘူး"
"အေးလေ၊ ဒါဆို ပါဖက်ဆီသွားကြတာပေါ့"

***************************************

ဒါနဲ့ အမျိုးသမီးနှစ်ယောက်ဟာ အပေါ်ဆုံးအထပ်ရှိ အရောင်းပြခန်းထဲကို ဝင်သွား ကြတယ်။ အဲဒီမှာ လူတစ်ယောက်မှ မရှိဘူး။
ကောင်တာစားပွဲပေါ်မှာတော့ ဈေးဝယ်လမ်းညွှန်စာရွက်တစ်ရွက်ရှိတယ်၊ ဖတ် ကြည့်တော့

"ပါဖက် မော်ဒယ်ဆိုတာ အမည်သာရှိပြီး ယနေ့အထိတော့ ရောင်းကုန်အနေ နဲ့ ရောက်မလာသေးပါ။
ထို့အပြင် ကျွန်ုပ်တို့ ဆိုးလ်မိတ် Husband ဥပဒေအရ ဝင်ပြီးသား အရောင်းပြ ခန်းထဲကို အလွယ်တကူထပ်ဝင်ခွင့်မရှိပါ။
လေဒီတို့အနေနဲ့ ဒုတိယအကြိမ်ထပ်ကြိုးစားမယ်ဆိုရင် ပထမထပ်ကနေ ပြန် စရပါလိမ့်မယ်။"

သင့်ခယု ဖော် ယော် ကော်ပိုရေးရှင်း
ဆိုးလ်မိတ် Husband
(အွန်လိုင်းဂျုတ်ကို ခပ်များများပွားထားပါတယ်။)

တော်ဝင်မိသားစုနဲ့ ဘာသာရေး ခေါင်းဆောင်


"တော်ဝင်မိသားစုက နိုင်ငံရဲ့သယံဇာတတွေကို စိတ်ကြိုက်စီရင်ပိုင်ခွင့်ရပြီး ဘာသာရေး ခေါင်းဆောင်တွေက ဘာသာရေးကိစ္စမှာ စိတ်ကြိုက်လုပ်ကိုင်ခွင့် ရထားကြတယ်"

ရှေးရိုးစွဲ ပဒေသရာဇ်စနစ်ကြီးတစ်ခုလုံးကို လူငယ်လူရွယ် ဘွဲ့ရပညာတတ် အနည်းငယ်လောက်က ပြောင်းလဲမပစ်နိုင်ပါဘူး။ နောက်ပြီး သူတို့ ဆက်ဆံနေရ တာက မူဆလင်ဘာသာရေးခေါင်းဆောင် ၀ါဟာဘီတွေ။ သူတို့က အာရပ်ကမ္ဘာ မှာ အာဏာအရှိဆုံး၊ ကွန်ဆာဗေးတစ်အဖြစ်ဆုံး ဘာသာရေးခေါင်းဆောင် တွေ ပါ။
သူတို့ရရှိနေတဲ့အာဏာကလည်း တော်ဝင်မိသားစုနဲ့အပြန်အလှန် အသိအမှတ်ပြု ထားတဲ့ အာဏာပါ။ တော်ဝင်မိသားစုက နိုင်ငံရဲ့သယံဇာတတွေကို စိတ်ကြိုက် စီရင်ပိုင်ခွင့်ရပြီး ဘာသာရေး ခေါင်းဆောင်တွေက ဘာသာရေးကိစ္စမှာ စိတ်ကြိုက် လုပ်ကိုင်ခွင့်ရထားကြတယ်။
ဒါပေမယ့် အဗ္ဗဒူလာဘုရင်နဲ့တွေ့ပြီး စကားပြောကြည့်တော့ သူတို့နိုင်ငံလည်း ဒီပုံစံနဲ့အကြာကြီး ခရီးဆက် မနေနိုင်ဘူးဆိုတာ သူတို့ယုံကြည်ကြောင်းပြောပြလို့ ကျွန်တော်သိခွင့်ရခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးဟာ ရှောင်လွှဲလို့မရဘူး။ တစ် ဆင့်ချင်းပြောင်းလဲမှုကို သူတို့လုပ်ယူကြလိမ့်မယ်။ ဒါပေမဲ့ ဘယ်လောက်အမြန် နှုန်းနဲ့ ပြောင်းလဲကြမှာလဲ။ ဒါတော့ကျွန်တော်လည်း မသိပါဘူး။ ဖြစ်နိုင်တာကတော့ (The King Abdulla University of Science and Technology=KAUST) တက္ကသိုလ်ရဲ့ လူမှုရေးပုံစံတွေ အစတော့ ပတ်ဝန်း ကျင်ကိုပြန့်၊ တဖြည်းဖြည်းနဲ့တစ်နိုင်ငံလုံးပြန့်နှံ့တဲ့အထိ စောင့်ရ မယ့်ပုံပါပဲ။

(လီကွမ်းယု၊ လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်)

သာတူညီမျှနိုင်ငံသားစိတ်


ပထမဆုံးအနေနဲ့ ပြောရရင် သာတူညီမျှနိုင်ငံသားစိတ်ပါ။ ခင်ဗျားနဲ့ကျွန်တော် နှစ်ယောက်ကြားမှာ ကြွယ်ဝမှု၊ ဂုဏ်သိက္ခာ၊ အောင်မြင်မှု၊ ရုပ်ပိုင်း စိတ်ပိုင်း ဆိုင် ရာ ခြားနားမှုတွေ ရှိနေကြပေမယ့် နိုင်ငံသားဆိုတဲ့ အသိစိတ်တူညီမှု နှစ်ယောက်စလုံးမှာ ရှိနေရပါမယ်။

ကျွန်တော်တို့ နှစ်ယောက်စလုံးမှာ
(က) တူညီတဲ့ အခွင့်အရေး
(ခ) နိုင်ငံအပေါ်ထားရှိရမယ့် တူညီတဲ့ တာဝန်နဲ့ ၀တ္တရားရှိနေရမယ်။

ကျွန်တော်တို့ နှစ်ယောက်စလုံးဟာ
(က) ဥပဒေအရဖြစ်စေ
(ခ) ကိုယ်ကျင့်တရားတန်ဖိုးအရ ဖြစ်စေတူညီနေကြတယ်။ ဒီမိုကရေစီစနစ်နဲ့ တရားဥပဒေစိုးမိုးဖို့ ဆိုရင် ဒီအချက်က မဖြစ်မနေရှိနေမှရပါတယ်။

ဒီအချက်ကိုလည်း ပညာတတ်အသိုင်းအ၀ိုင်း၊ လူကုံတန်အသိုင်းအ၀ိုင်းကတင် လက်ခံထားလို့ မရပါဘူး။ လူ့ အဖွဲ့ အစည်းတစ်ခုလုံးက လက်ခံထားမှရပါတယ်။

(လီကွမ်းယု၊ လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်)

"တရုတ်က မြန်မာနဲ့ပါကစ္စတန်မှာ ဆိပ်ကမ်းကြီးတွေ တည်ဆောက်လာလိမ့်မယ်"


(လီကွမ်းယု၊ လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်)

မေး။ ။အိန္ဒိယ လူဦးရေရဲ့ အသက်ပျမ်းမျှကွာဟမှု အကြောင်းကရော ဘယ်လို လဲ၊ သူတို့မှာ အသက်(၁၅)နှစ်နဲ့ (၃၅)နှစ်အကြား လူငယ်တွေ အများကြီးရှိနေ တယ်။ ဒါက စီးပွားရေးအတွက် အားသာချက် မဟုတ်ဘူးလား။
ဖြေ။ ။ လူငယ်ထုရဲ့ မောင်းနှင်အားတော့ ရှိမှာပေါ့။ သူတို့ ကလေးမွေးဖွားနှုန်း က ၂.၅ ရှိတယ်။ တရုတ်ထက် ပိုများတာပေါ့။ တရုတ်လည်း ကလေးတစ်ယောက်ပေါ်လစီနဲ့ပတ်သတ်လို့ တချိန်ချိန် မှာ နောင်တရစရာတော့ ရှိတယ်။ ဒါပေမဲ့ အိန္ဒိယရဲ့ ပြဿနာက အိမ်၊ ပညာရေး၊ စာသင်ကျောင်းနဲ့ လူနေမှု အဆင့်အတန်းပဲ။ တချို့နေရာတွေမှာဆိုရင် ကျောင်းမရှိလို့ ဆရာတွေက သစ်ပင်အောက်မှာ စာသင်ပေးကြရတယ်။ ဒီတော့ လူဦးရေများနေရင်လည်း ပညာမတတ်တဲ့လူတွေတိုးတာတာပဲ အဖတ်တင်မှာပေါ့။
..................................................................
..................................................................
......................................................................
မေး။ ။ ပစိဖိတ်သမုဒ္ဒရာထဲမှာရော သူတို့ပါဝါ ဝင်ရောက်လာနိုင်မလား။
ဖြေ။ ။ အိန္ဒိယရေတပ်က ပစိဖိတ်ထဲဝင်လာမယ်လို့ ငါတော့မထင်မိပါဘူး။ ငါထင်တာကတော့ တရုတ်ပဲ။ တရုတ်က မြန်မာနဲ့ပါကစ္စတန်မှာ ဆိပ်ကမ်း ကြီးတွေ တည်ဆောက်လာလိမ့်မယ်။ တကယ်တော့ ဒီဆိပ်ကမ်းတွေက အာဖရိကကနေ ကုန်တင်ဝင်လာမယ့် သူတို့သင်္ဘောတွေ လုံခြုံရေးအတွက်ပဲ။ ဒါပေမဲ့ အိန္ဒိယသမုဒ္ဒရာထဲသွားပြီး တရုတ်က ဗိုလ်ကျချင်လို့တော့ မရဘူး။

ထိပ်ဆုံးက ရှီ


"သစ်တစ်ပင်ခုတ် အချုပ်သုံးလ" အော်ပြီး ကိုင်းဖျာဖြတ်သူကို ထောင်ချပေမဲ့ အမြစ်ကတူးသူတွေလွတ်နေတော့ သူ့နာမည်နဲ့သိက္ခာကလည်း "ချော့ကလက် ခွေးလျက်" ဖြစ်နေတယ်"

တရုတ်သမ္မတကို သူခိုကြီးနှိပ်နှင်းမှုကြောင့် တိတ်တိတ်လေး သဘောကျနေမိ တာ၊ သူက ပြည်တွင်းပြည်ပထောက်ခံမှုမှာ နံပါတ်တစ်တဲ့။ ဟုတ်မှာ၊ နေ့တိုင်းလိုလို တရုတ်အရာရှိဟောင်း၊ သစ် သူခိုးကြီး၊ သေး၊ ဖမ်း၊ ထောင်ချသတင်းပါတယ်။ မျက်နှာပူလို့ ဦးရဲထွဋ်နာမည် မတပ်တော့ဘူး။

အိန္ဒိယသမ္မတကတော့ ပြောဖို့ စောသေးတယ်၊ ဘယ်လိုလာမလဲ မသိဘူး။



၂၀၁၂ နှစ်လယ်ပိုင်းလောက်ကများ ဟားဘတ်က သုတေသနလုပ်ခဲ့ရင် ဦးသိန်းစိန်တို့လည်း တော့ပ်တင်းမှာ ဝင်နေလောက်တယ်။ အခုဟာက "သစ်တစ်ပင်ခုတ် အချုပ်သုံးလ" အော်ပြီး ကိုင်းဖျာဖြတ်သူကို ထောင်ချပေမဲ့ အမြစ်ကတူးသူတွေလွတ်နေတော့ သူ့နာမည်နဲ့သိက္ခာကလည်း "ချော့ကလက် ခွေးလျက်" ဖြစ်နေတယ်။

အိုဗားမားလာလွန်းလို့ ဂုဏ်ယူရမလားအောက်မေ့မိပါတယ်၊ သူက အာဏာရှင်ချွေးသိပ်ရေးမဟာဗျူဟာလုပ်နေတာကိုး။ ပထမ မြန်မာ့တရားဝင်လက်နက်ကိုင်အုပ်စု၊ အခု ကက်စက်ထရို။ မြောက် ကိုရီးယားက "ကမ္ဘာမှာဆွဲဆောင်မှုအရှိဆုံး" ဖက်တီးပဲ ကျန်တော့တယ်။

ဦးသိန်းစိန်သာ ရှီ တစ်ဝက်ရှိရင် အပိုဆာလာလေးနဲ့တောင် စတေးတပ် တင် လိုက်ချင်ရဲ့၊ အခုတော့ ခပ်တိုတိုပဲ။ ပါးသွားပြီ။

ဆရာကြီးလီရဲ့အမြင်ကို သုံးသပ်ကြပါအုံး


မေး ။ ။ မြောက်ကိုရီးယားခေါင်းဆောင်တွေအနေနဲ့ လစ်ဗျားဆီကနေ သင်္ခန်းစာ ယူနိုင်သလို မြန်မာဆီကလည်း သင်္ခန်းစာယူနိုင်မယ်မဟုတ်ဘူးလား။ သူတို့ စစ် အာဏာရှင်တွေလည်း နောက်ဆုံး စိတ် ပြောင်းခဲ့ကြတာပဲ။

ဖြေ ။ ။ ဗမာစစ်ခေါင်းဆောင်တွေက ဒီပုံအတိုင်းဆိုရင် ဘယ်မှရောက်မှာ မဟုတ်တော့ဘူးဆိုတာ သဘောပေါက်လို့ပြောင်းသွားကြတာ။ ထိုင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်နေတာကို သူတို့ တွေ့ရတယ်။ ဒီပုံစံနဲ့ ဆက်ပြီးခရီးဆက်လို့ မရနိုင်တော့ဘူး၊ နောက်ဆုံး ပြိုလဲကျသွားမှာဆိုတာကို သူတို့ သိသွားကြတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားတွေက ယဉ်ကျေးမှုအရရော ပုံသဏ္ဍာန်အရပါ မတူ ကွဲပြားနေကြတယ်။ မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေ လုံခြည်နဲ့ခေါင်းပေါင်းဝတ်ထား တာကို ကြည့်၊ မြောက်ကိုရီးယားတွေလောက် ရက်စက် ခေါင်းမာပုံ မပေါက်ဘူး။ လူတွေချင်း မတူကြဘူး။
( on 12/18/2014 at 10:10 pm )


မဖတ်မိမှာစိုးလို့၊ ကွန်မင့် နှစ်ခုစလုံး သူ့ဟာနဲ့သူ သဘာဝကျတယ်။
"ဆရာကြီးလီရဲ့အမြင်ကို သုံးသပ်ကြပါအုံး" မှ................

(မြောက်ကိုရီးယားက ဒေသတွင်း ရည်ရွယ်ချက်၊ မြန်မာက ပြည်တွင်းနှိပ်စက်ရေး သက်သက်။)
Ashin Kavissara။ ။ မြောက်ကိုရီယားက တရုတ်နှင့်ရုရှားဆီက စစ်လက် နက် နျူးကလီယား အကူအညီရယူပြီး အိမ်နီချင်း ဂျပန်နှင့်တောင်ကိုရီယားကို အသေခံပြီး စိန်ခေါ်နိုင်တဲ့အနေထားရှိနေပြီ။ တရုတ်နှင့်မြောက်ကိုရီယားက ခံထားခဲ့ရတော့ ဂျပန်ကိုအခဲမကြေးဘူး၊ မမေ့ဘူး။ တောင်ကိုရီယားကိုတော့ ဂျပန်နှင့်အမေရိကန်ကိုပေါင်းလို့။ ဂျပန်ကလဲ စစ်ကိုတော်တော်ကြောက်သွား တယ်။ သူတို့က သုံပွင့်ဆိုင်ဇာတ်လမ်းနှင့်အမေရိကန်၊ ရုရှား။
မြန်မာစစ်ခေါင်းဆောင်တွေက မူလရည်ရွယ်ချက်ကိုက တရုတ်နှင့်ရုရှားဆီက လက်နက်ဝယ်ယူပြီး တိုင်ရင်းသားနှင့်ပြည်သူကိုအနိုင်ယူကာ အာဏာကို အမြဲ တမ်းဆုပ်ကိုင်ထားပြီး အိမ်ကျယ်လုပ်ဖို့ဖြစ်တယ်။
မြောက်ကိုရီယားစစ်ခေါင်းဆောင်တွေ စိန်ခေါ်တာက ဂျပန်၊တောင်ကိုရီယား၊ အမေရိကန်။
မြန်မာစစ်ခေါင်းဆောင်တွေ အမြဲတမ်း ဗိုလ်ကျအနိုင်ယူချင်တာက တိုင်းရင်း သားနှင့်ပြည်သူ။
ဘယ်သူကပိုမိုက်သလဲ?


(မြန်မာနဲ့ မြောက်ကိုးရီးယား သမိုင်းနောက်ခံ မတူ)
Phoe Wunna။ ။ မြန်မာပြည်မှာက တိုင်းပြည်တည်ထောင်ကတည်းက ဒီမို ကရေစီစနစ်နဲ့ တည်ထောင်လာတာ။ ဗိုလ်ချုပ်အောင်ဆန်း ရှိခဲ့ဖူးတယ်။ ဒေါ်စု ရှိနေတယ်။ ၈၈ အရေးတော်ပုံ၊ ရွှေဝါရောင်တော်လှန်ရေး၊ ၉၀ ရွေးကောက်ပွဲ ရလာဒ်။ အမြဲလှုပ်ရှားနေတဲ့ ပြည်တွင်း ပြည်ပ ပြည်သူတွေ ရှိနေတယ်။ မြောက် ကိုးရီးယားမှာ ဒါတွေ တခုမှ မရှိဘူး။
 
 (on 12/19/2014 at 10:20 am )

ယေဘုယျသဘော


"ယေဘုယျသဘောနဲ့ပြောရရင် ကိုယ့်အိမ်နီးချင်းတွေ အကြပ်ရိုက်နေကြရလေလေ တရုတ်အတွက် ပိုပြီးအခွင့်ကောင်းရလေလေမဟုတ်လား"

တရုတ်ကတော့ စစ်ရေးနဲ့ပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးနဲ့ပဲဖြစ်ဖြစ် ကိုရီးယားနှစ်နိုင် ငံ ပေါင်းစည်းသွားမှာကို မလိုလားပါဘူး။ သူတို့က အခု မြောက်ကိုရီးယားကို ရုပ်သေးရုပ်လို ဆက်ဆံနေတာပါ။ ပေါင်းစည်း သွားပြီဆိုရင် တောင်ကိုရီးယားက ဦးစီးမိသွားမယ်၊ ဒါဆိုရင် အမေရိကန် ရေတပ်က တရုတ်ကိုရီးယား နယ်စပ် ယာလုမြစ် (Yalu River) အထိ ရောက်လာကြလိမ့်မယ်။ အမေရိကန် ရေတပ်သင်္ဘောတွေ သူတို့နိုင်ငံ ခြေရင်းအထိရောက်လာမှာမျိုးကို တရုတ်ကမလိုချင်ပါဘူး။ ပြီးတော့ ဒီအကြောင်းဟာ ကိုရီးယားစစ်ပွဲ ဖြစ်ခဲ့ရခြင်းရဲ့ အဓိကအကြောင်းရင်းတွေထဲမှာ ပါဝင်နေတယ်။ သူတို့နှစ်နိုင်ငံ ပေါင်းစည်းမိ သွားရင် အမေရိကန်တပ်တွေဆုတ်ပေးမယ်လို့ အမေရိကန်တွေက သဘောတူ ခဲ့မယ်ဆိုရင်တောင် ဒီ ပေါင်းစည်းမှုသတင်းက တရုတ်ပြည်အတွက် သတင်းကောင်းမဖြစ်နိုင်ပါဘူး။ (အမေရိကန်တပ်တွေ ဆုတ်ခွာဖို့က ရာခိုင်နှုန်းအတော်နည်းပါတယ်။)
သူတို့နယ်စပ်မှာ အားကောင်းလာတဲ့ကိုရီးယားကို တရုတ်က ဘယ်မြင်ချင်မှာ လဲ။ ယေဘုယျသဘောနဲ့ပြောရရင် ကိုယ့်အိမ်နီးချင်းတွေ အကြပ်ရိုက်နေကြရလေ တရုတ်အတွက် ပိုပြီးအခွင့်ကောင်းရလေမဟုတ်လား။
(လီကွမ်းယု၊ လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်)

ဗုဒ္ဓဟူးကမှ တစ်ပါးဆိုတစ်ပါး


အင်္ဂါသားဆရာတော်ကြီးတွေ စိတ်ကူးထဲပေါ်သလောက်ရွတ်ကြည့်တော့
လယ်တီဆရာတော်ကြီး ဦးဥာဏ
ရွှေကျင်ဆရာတော်ကြီး ဦးဇာဂရာဘိဝံသ
မဟာဂန္ဓာရုံဆရာတော်ကြီး ဦးဇနကာဘိဝံသ
ကြာနီကန်ဆရာတော် ဦးဇဋိလ
သပိတ်အိုင်ဆရာတော် ဦးဥာဏိသရ
မဟာမြိုင်ဆရာတော် ဦးဇောတိက

နောက်ပိုင်းမှာ ဦးဆေကိန္ဒ
အရှင်ဆန္ဒာဓိက

ကိုယ့်ဘဝထဲပြန်ကြည့်တော့
ဥပဇ္ဈာယ်ဆရာရင်းက ဒေးဝန်းဆရာတော် ဦးဇောတိကာဘိဝံသ
ဒီကောင်လေးအိမ်တော်ရာဘုရားထဲက ခြင်းဝိုင်းထဲမှာပဲတွေ့ရတာပါ၊
ဘယ်လိုကျမ်းတွေပြီးသွားတာလဲဆိုရတဲ့ ဆရာသမား ဦးဇောတိကာလင်္ကာရာဘိဝံသ
၁၆ နှစ်နဲ့ ကျမ်းသုံးကျမ်း တစ်နှစ်ထဲပြီးသွားတဲ့ မိတ်ဆွေ ဇောတိသရာလင်္ကာရာဘိဝံသ

ဒီဘွဲ့တွေကိုရွတ်တော့ ဓမ္မဂင်္ဂါဆရာတော်က ဗုဒ္ဓဟူးကမှ "တစ်ပါးဆိုတစ်ပါး" ဆိုပြီး
တိပိဋကဆရာတော်ကြီး(ဦးဝိစိတ္တသာရာဘိဝံသ)ကို ထောက်ပြဖူးတယ်။ သူက ဗုဒ္ဓဟူးကိုး။
ဟဲဟဲ၊ ဟုတ်ပါတယ်ဗျာ၊ "ဗုဒ္ဓဟူးက တစ်ပါးဆိုတစ်ပါး" ပါ။

ဓမ္မဂင်္ဂါက လုပ်ချပြန်ပြီ


"ဗုဒ္ဓဘား Vs ချောင်းဦးဘား" တဲ့။ တိုတိုလေး။
ပြသနာက ဗုဒ္ဓရော ချောင်းဦးရောက မြင်းမူသားဗုဒ္ဓဘာသာအတွက် အိမ်နီးချင်းတွေဖြစ်နေတယ်။
ဘယ်ဘားသွားရရင် ကောင်းမလဲ။

နှစ်ကူးသွားတဲ့ ဒီဇင်ဘာ ၃၁


ကျောင်းကကျောင်းသားလေးတွေရဲ့လက်ရာ ၂၀၁၅ ပြက္ခဒိန်ကိုကြည့်ပါ၊ ရက် ၃၀ သာရှိတဲ့ ဒီဇင်ဘာကို တွေ့ရပါမယ်။ အမှားက လူကြီးတွေအမှားပါ၊ ပုံဆွဲ တဲ့ ကလေးပေါက်စတွေနဲ့ မဆိုင်ပါ။ လူကြီးတွေက သေသေချာချာ မစစ်ဆေးခဲ့ ကြခြင်းပါ။ စစ်ဆေးရမယ့်တာဝန်ရှိသူတွေထဲမှာ ကိုယ်တိုင်လည်းပါဝင်ပါတယ်။ အခု တစ်ရက် လို ပြက္ခဒိန်နဲ့ပတ်သက်ပြီး ကွန်ပလိန်းတွေ တက်လာပါပြီ။
"ဟိုက် ဗုဒ္ဓေါ"

ကိုယ်ပါအပြစ်ရှိနေတော့ ရယ်စရာလိုလိုလုပ်လိုက်ရပါတယ်။
"အေးလေ၊ ကျန်နေခဲ့တဲ့ ၃၁ ရက်နေ့ကို ၂၀၁၆ ခု ပြက္ခဒိန်အစမှာ ထည့်လိုက်ကြ တာပေါ့" လို့။
ရိုက်ပြီးသွားပြီ၊ မတတ်နိုင်တော့ဘူး။
ပြောချင်တာက လူကြီးဖြစ်နေတာရယ်၊ သင်္ကန်းကြီးဝတ်ထားတာရယ်ကြောင့် လူတွေက "Ok lor" နဲ့ ပြီးသွားကြတယ်ဆိုတာပါ။
တကယ်ကတော့ သင်္ကန်းကသင်္ကန်း၊ အမှားကအမှားပဲ မဟုတ်လား။



စကားပြောသော ဓာတ်ပုံများ (၇)


၁။ ချစ်ခြင်းတရားက အလွန်လှပပါသည်။
၂။ ယင်းဖြစ်လာရန် အလွန်ရှည်သောလည်ပင်းနှစ်ခု ညီညွတ်ဖို့လိုအပ်ပါသည်။
၃။ ချစ်ခြင်းတရားခိုင်မြဲနေဖို့ဆိုရင် ဟိုဟိုဒီဒီကြည့်လို့ရတော့မည် မထင်ပါ။
ထို့ကြောင့်ချစ်ခြင်းတရားဟူသည် လှပသည်၊ ခက်ခဲသည်၊ မလွတ်လပ် ဟု ဆိုနိုင်ပါသည်။

ရူးကြောင်ကြောင်လားမားနဲ့စာရင် လားမားမရှိတာကောင်းတယ်(ဒလိုင်းလားမား)


၁။ ဗုဒ္ဓဘာသာဖြစ်လာတဲ့ ကမ္ဘာကျော်တွေဟာ အများအားဖြင့် ဒလိုင်းလားမားကြောင့်။
၂။ စောစောကတင်ပဲ သူ့ကိုဆက်ခံမယ့်သူဟာ အမျိုးသမီးဖြစ်ကောင်းဖြစ်မယ်လို့ ဆိုခဲ့တယ်။
၃။ အခု သူဟာ နောက်ဆုံးလားမားတောင်ဖြစ်နေနိုင်တယ်လို့ ဆိုပြန်တယ်။ (ရူးကြောင်ကြောင်လားမားတက်လာတာနဲ့စာရင် နာမည်ကောင်းရှိနေချိန်မှာ လူကရေးတဲ့ လားမားအစဉ်အလာပျက်သွားတာကမှ ကောင်းဦးမယ်၊ ဒါပေမဲ့ ဒါက တိဘက်လူထု သဘောပါ တဲ့)

ပြန်ချင်တဲ့ကွန်မင့်များ


"ဂျပန်က အရှုံးပေါ်သွားပေမဲ့ ကမ္ဘာက အမြတ်ရလိုက်တယ်ဆိုတဲ့အမြင်နဲ့"လူလား မမြောက်သေးတဲ့ အတွေးများ" ဆောင်းပါးတွေထဲမှာ ဆွေးနွေးဖူးပါတယ်"

Zaw Sid" အော် ဗျာဂျပန်က စစ်မကြေညာပဲ ပုလဲဆိပ်ကမ်းကို အဝှာယားပြီး ဗုံး ဝင်ကြဲတာကိုး ယူအက်စ်ဘက်ကကြည့်ရင်လဲမှန်တယ်ဗျ(ကျွန်တော့်အမြင်)
ကျွန်တော်ဆိုလဲ ဒါမျိုးလက်ခံမလား ပြန်လုပ်မိမှာပဲ ထူပူနေတဲံ့အချိန်ကိုးနောက် တစ်ခုက US က အဲ့ဗုံးကိုစမ်းချင်နေတာ ဖင်တကြွကြွဖြစ်နေတယ်ထင်ပါတယ်
(တမင်တကာများ ဗုံးဝင်ကြဲတာကို မသိချင်ယောင်ဆောင်ပေးလိုက်တာလားမသိ)

Unlike · Reply · 1 · 13 minutes ago
*******************************************************************
Ant Htoo Naing အကျိုးသင့် အကြောင်းသင့် စဉ်းစားလိုက်လို့ပဲ ဟီရိုရှီးမားနဲ့ နာဂါဆာကီနှစ်မြို့ ပြားပြားဝပ်ခဲ့ပြီ။ အနုမြူဗုံးကို စတီထွင်၊ ကိုယ့်ဆီမှာလည်း တစ် ကမ္ဘာလုံး ဖျက်လို့ရအောင် အများကြီး စုဆောင်းထား၊ သူများနိုင်ငံကို အနုမြူနဲ့ ပစ်ခတ်ခဲ့တဲ့ တစ်ဦးတည်းသောနိုင်ငံ၊ အနုမြူလက်နက်ကို အဖြန့်ဖြူးဆုံးနိုင်ငံ (အနုမြုပိုင်တယ်လို့ ယူဆကြထားတဲ့ ကိုးနိုင်ငံမှာ သူအပါ ခြောက်နိုင်ငံမှာ ရှိအောင်လုပ်ခဲ့သူ)၊ ဒါပေမယ့် သူရန်သူက အနံ့လောက် ရသွားမှာကို အရမ်းကြောက်တော့ သူ့ဆီမှာ ဒါကြီးရှိနေတာ ကမ္ဘာကြီးကို လုံခြုံစေတယ် လို့ နိုင်ငံခေါင်းဆောင်တွေကို lobby လုပ်တယ်၊ ခေါင်းဆောင်တွေကလည်း ရူးချင်ယောင်ဆောင်ပြီး သူ့အကြိုက် လိုက်ပြောကြတာလို့ မြင်မိပါတယ် အရှင် ဘုရား။"
Unlike · Reply · 1 · 29 minutes ago
********************************************************************
နည်းနည်းတော့ အန္တရာယ်ကြီးတဲ့ အတွေးပေါ့။ အနုမြူဗုံးနဲ့ စစ်ပွဲကို အဆုံး မသပ်နိုင်ခဲ့ရင် တငွေ့ငွေ့ဆက်လောင်နေမယ့် စစ်ပွဲ၊ တဖြုတ်ဖြုတ်သေနေမယ့် စစ်သားနဲ့ပြည်သူ(အများကြီး ပိုများသွားနိုင်တယ်)။
ဂျပန်က အရှုံးပေါ်သွားပေမဲ့ ကမ္ဘာက အမြတ်ရလိုက်တယ်ဆိုတဲ့အမြင်နဲ့ "လူလားမမြောက်သေးတဲ့ အတွေးများ" ဆောင်းပါးတွေထဲမှာ ဆွေးနွေးဖူးပါတယ်။

လူနောက်ကြီး၊ အကုန်လျှောက်ပြောသွားတာ..................


"အီရန်သာ အနုမြူဗုံးရသွားရင်တော့ အရှေ့အလယ်ပိုင်းမှာ အကြီးအကျယ်ပြဿနာတက်ပြီ။ ဆော်ဒီကလည်း ပါကစ္စတန်တွေဆီက ဗုံးဝယ်မယ်။ အီဂျစ်ကလည်း တစ်နည်းနည်းနဲ့ ရအောင်လုပ်မှာပဲ။ အဲဒီ ဗုံးတွေနဲ့ အပြန်အလှန် သေကြေပျက်စီး ကုန်ကြမယ်ဆိုတာလည်း မြေကြီးလက်ခတ်မလွဲဘဲ၊ ဒီဗုံး တွေက အကျိုးသင့် အကြောင်းသင့် စဉ်းစားတတ်တဲ့လူတွေရဲ့လက်ထဲမှာ ရှိနေမှ အလုပ်ဖြစ်တာ။ အရှေ့အလယ်ပိုင်းက လူတွေဟာ အဲသလောက် စဉ်းစားတတ်တယ်လို့ ငါတော့ မထင်ဘူး"
(လီကွမ်းယု၊ One Man's View of the World)

"ဦးပဉ္စင်းတို့၊ အဇာတသတ် အဖေကိုသတ်တာ နိုင်ငံရေး" (ဒေးဝန်းဆရာတော်ကြီး)


ဆရာဆိုးကို အမွှမ်းတင်ချင်တော့ အဇာတသတ်ရဲ့ အာဏာမက်မောမှုက သိပ် မပေါ်လွင်တော့ဘူး။ အားလုံး ဒေဝဒတ်ပေါ် ပုံကျသွားတယ်။ တကယ်က အဇာတသတ်ကိုယ်တိုင်မလုပ်ချင်ရင် ဒေဝဒတ်ကို ဖမ်းလိုက်ရုံပဲ။ ဘာသာရေးသမားက အာဏာရှိသူကို ခိုင်းလို့ရတယ်ဆိုတာ အာဏာရှိသူကိုယ် တိုင် လုပ်ချင်တာမို့။ သူတို့မလုပ်ချင်တာခိုင်းရင် ခိုင်းသူ ဘာသာရေး သမားကို ခေါက်ထားမယ် (သို့) ဖမ်းမယ်။ ဒါပဲ။

မွတ်စလင်သမိုင်းကလွဲရင်(သူကတော့ ဘာသာရေးခေါင်းဆောင်ကိုယ်တိုင်က အာဏာရှိ) အားလုံး ဒီအတိုင်းပဲ။ ဘာသာရေးသမားကိုလည်း အပြစ်သိပ်တင်လို့ မရဘူး။ ဘာသာရေးသမားကိုယ်တိုင်ကလည်း ငါတို့ခိုင်းလို့ဆိုပြီး ဘဝင်လေမ ဟပ်သင့်ဘူး။
အာဏာရှင်က သူလုပ်ချင်လို့ လုပ်တာ၊ မလုပ်ချင်ရင် သေအောင်ခိုင်း မလုပ်ဘူး။

နယူးဇီလန်နှစ်ယောက်


စလုံးတရုတ်အမျိုးသမီးနှစ်ယောက်နဲ့ အိမ်ထောင်ကျထားတဲ့ နယူးဇီလန်နှစ်ယောက် ကျောင်းမှာ ပုံမှန်အဝင်အထွက်ရှိတယ်။
ရအောင်ဆွယ်နိုင်တဲ့ သူတို့ ဇနီးတွေကို ကျေးဇူးတင်မယ်ဆိုတင်ထိုက်တာပေါ့။
ဒါပေမဲ့ အခု နယူးဇီလန်ကြီးတစ်ယောက်က ပါဠိလိုဘုရားရှိခိုးတွေ တစာစာ ရွတ်နေနိုင်ချိန်မှာ ကိုယ်တို့ စလုံးတရုတ်အမျိုးသမီးက
ပါးစပ်ပိတ်ကြီးနဲ့၊ ဘာမှ မရွတ်တတ်သေးဘူး။ အခု ၁၁ နာရီမှာ မြင်ခဲ့ရတာ။ အဲသလို။

ဖေ့စ်ဘုတ်ရေးဟန်


အုတ်ခွက်စာ၊ သစ်ခေါက်စာ၊ ကျောက်စာ၊ ပေစာ စတဲ့ စာရေးသားတဲ့ပစ္စည်းပေါ် အခြေခံသတ်မှတ်တဲ့စာမျိုး။
ကဗျာ၊ ရတု၊ ဆောင်းပါး၊ အက်ဆေး၊ ဝတ္ထု စတဲ့ရေးသားဟန်တွေကို အခြေခံ သတ်မှတ်တဲ့စာမျိုး။
ဒီခေတ်မှာ ကွန်ပျူတာပေါ် ဖေ့စ်ဘုတ်ရေးဟန် တိုးလာတယ်။
ပညာရှင်တွေပိုင်းက ဖေ့စ်ဘုတ်ရေးဟန်ကို လေ့လာသုံးသပ်လာစရာရှိပါတယ်။

နာမည်ကြီး၊ လူဖတ်များ၊ အောင်မြင်တဲ့ဖေ့စ်ဘုတ်တွေမှာ ထူးခြားမှုရှိမှာပါတယ်။
အပြင်မှာ လူမသိ၊ ဖေ့စ်ဘုတ်ပေါ်မှာ နာမည်ကြီးတဲ့စာရေးသူတွေဟာ စာရေး ဟန်ကြောင့်ဖြစ်ပါလိမ့်မယ်။
အမျိုးသားရေး၊ ဘာသာရေး၊ အဆိုအမိန့်၊ တက်ကျမ်းတွေက လူကြိုက်များတယ် ဆိုပေမဲ့ တချို့လူငယ်တွေက ဒါတွေမပါဘဲ ဖတ်ကောင်းအောင် ရေးတတ်ကြပါ တယ်။
သူတို့ကို ဝေဖန်မှုထက် သူတို့အရည်အချင်းကို အသိအမှတ်ပြုခြင်းက ပိုကောင်း ပါတယ်။
ဒါကို ဖေ့စ်ဘုတ်ရေးဟန်လို့ အမည်ပေးရမယ် ထင်မိပါတယ်။

လက်ရှိအစိုးရပါတီရဲ့ အဓိကနေရာ


"လက်ရှိအစိုးရပါတီရဲ့ အဓိကနေရာတွေကို စစ်အတွင်း ဆိုရှယ်လစ် လက်ကျန် ဗိုလ်ချုပ်တွေက ယူထားတယ်။ အစိုးရထဲ ရာထူးအဆင့်ဆင့်ယူထား ပုံတွေက လည်း စီးပွားရေးနဲ့ စီမံခန့်ခွဲမှုမှာ တော်လွန်းလို့ ရယူထားတာမျိုး မဟုတ်ဘူး၊ စစ်အတွင်း နှစ် ၃၀ ကာလမှာ တောင်၊ မြောက်ဗီယက်နမ်နိုင်ငံတွေကြား ဘယ်သူ က ဥမင်လှိုင်ခေါင်း ဘယ်လောက်ရှည်ရှည်ဖောက်နိုင်ခဲ့သလဲ အပေါ်မှာမူတည်ပြီး ရာထူးတွေယူထားကြတာ"

(လီကွမ်းယုလေ၊ စိတ်ထဲရှိတာ အကုန်ပြောတာပဲ။ မြန်မာပြည်ကို ရွဲ့ပြောနေ သလိုလို၊ ရယ်ရလို့ ပြန်တင်ပေးလိုက်ပါတယ်)

"ဒေါ်စုမရှိဘူးဆိုတော့ မွတ်စလင်နဲ့ပတ်သက်ပြီး ဩစတေးလျက ဘယ်သူ့ကို လက်ညှိုးထိုးကြလေမလဲ"


၁။ ရိုဟိန်ဂျာပြသနာမရှိလည်း မွတ်စလင်ကတော့ တစ်မျိုးမျိုးနဲ့ ပြသနာ မီးထွန်း ရှာပြီး လူမဆန်တဲ့အလုပ်လုပ်နေမှာပဲ။

၂။ ရဟန်းတွေ မဲပေးခွင့်ပြုလိုက်ရင် နိုင်ငံရေးပါတီကြီးတွေအတိုင်း နှစ်ခြမ်းကွဲ သွားမယ်လို့ဆိုကြတယ်။ အခု မဲမပေးရလည်း သံဃာက နှစ်ခြမ်းပါပဲ။ တစ်ခြမ်းက ဒေါ်စုကို မွတ်ခေါ်ပြီး တစ်ခြမ်းက ဒေါ်စုမရှိလည်း မွတ်ကရှိနေခဲ့၊ ရှိနေမှာပဲလို့ ယုံကြည်တယ်။

၃။ ဩစတေးလျရဲ့ ကနဦးမွတ်စလင် ငါးသိန်းက ဆယ်နှစ်အတွင်း လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်တိုးလာတယ် တဲ့၊ အများစုက အလုပ်လက်မဲ့၊ ဩစတေးလျရဲ့ အားသာချက်က ဝင်လာတဲ့အရေအတွက်၊ တိုးလာတဲ့အရေအတွက်ကို တိတိ ကျ ကျသိတယ်။ မြန်မာပြည်က ဘာမှမသိတော့ သူများပြောတာကို အတည်ပြုနေ ရတယ်။

၎။ မုတ်ဆိတ်မွှေးရှည်၊ ခေါင်းမြည်းခြုံတွေကို ပုဂ္ဂလိကပိုင်ဆိုင်တွေက ဝင်ခွင့် မပြုတော့ဘူးဆိုရင် မွတ်စလင်တွေက ခွဲခြားဆက်ဆံတယ်ဆိုပြီး ဆန္ဒပြနေကြ ဦးမှာလား။

၅။ ဒေါ်စုမရှိဘူးဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဩစတေးလျက ဘယ်သူ့ကို လက်ညှိုးထိုးကြလေမလဲ။
အင်း....ဩစတေးလျက ပညာပိုတတ်ကြတယ်။

ပေါက်တတ်ကရ အင်တာဗျူး (၅)


မေး။ ။ အမျိုးသားတွေက ဘာဖြစ်လို့ လောင်းကစားကို အမျိုးသမီးတွေထက် ပိုစိတ်ဝင်စားကြတာလဲ။
ဖြေ။ ။ သူတို့က အမျိုးသမီးတွေကို လက်ထပ်ယူရမယ့်သူတွေဖြစ်နေလို့ပါ။
မေး။ ။ လက်ထပ်ပြီးတဲ့ အမျိုးသားတွေကျတော့ရော။
ဖြေ။ ။ သူတို့ကလည်း အခုမှတော့ မထူးတော့ပါဘူးကွာဆိုပြီး ဆက်ပြီး မထူးတွန်း တွန်းတတ်ကြလို့ပါ။
(နိုင်ငံခြားဂျုတ်ကို ပွားထားတာပါ)

ဉာတကာနဉ္စ သင်္ဂဟော(ဘေးထွက်ဆိုးကျိုး)


ဆွေမျိုးဆိုတာ (သာမန်လူတစ်ယောက်အတွက်) သွေးသားရင်းချာ ဆွေမျိုး၊ (သာမန် ထက်အောင်မြင်တဲ့ လူတစ်ယောက်အတွက်) ရပ်ဆွေရပ်မျိုး၊ (အလွန်အောင် မြင်တဲ့ လူတစ်ယောက်အတွက်) နယ်ဆွေနယ်မျိုးအထိ ပုံစံ အမျိုး မျိုး ရှိနေနိုင်ပါတယ်။ အထက်ပါ ဆွေမျိုးတွေက သူ့ကို(သူမကို) သံယောဇဉ် ရှိနေ တတ်ကြပါတယ်။ ဗုဒ္ဓဘာသာအရ သူတို့ကို ဒါန၊ အားပေးစကားပြော၊ ကိုယ်ချင်း စာ၊ အကျိုးစီးပွားဆောင် (သို့) တက်ဖို့ လမ်းစရှာပေး ဆိုပြီး အားပေးမှု လေမျိုးပြ ထားပါတယ်။

"ဉာတကာနဉ္စ သင်္ဂဟော" ကို ဗုဒ္ဓဘာသာကသာမက တရုတ်ကွန်ဖျူးရှပ်ဝါဒက လည်း အထူးအလေးထားပါတယ်။ ဒါပေမဲ့ လမ်းလွဲသွားတဲ့ ဉာတကာနဉ္စ သင်္ဂဟောက ဆွေမျိုးကောင်းစားရေး ဝိသမလောဘသားကောင်တွေကို မွေး ထုတ်ပေးနိုင်ပြန်ပါတယ်။ အဲသလို ဝိသမလောဘသားကောင်တွေကို လည်း တရုတ်ပြည်မှာရော မြန်မာပြည်မှာပါ အုံနဲ့ကျင်းနဲ့ရှိနေတတ်ပါတယ်။ ဂေါတမဗုဒ္ဓနဲ့ကွန်ဖျူးရှပ်တို့သာသိရင် တော်တော်ကြီးစိတ်မကောင်းဖြစ်ကြမှာ သေချာပါတယ်။

မြန်ကောင်းသက်သာ


ပြည်သူတွေ ငွေစုဆောင်းချွေတာဖို့ ပညာပေး၊ ပေါ်လစီတွေချမှတ်၊ အလုပ်မဖြစ်။
ကင်ညာနိုင်ငံမှာ လူမြင်သာတဲ့နေရာတွေမှ ငွေစုဗူးချပေးထား၊ အဲဒီမိသားစုတွေ ရဲ့ ငွေစုစောင်းမှု ၆၆ ရာနှုန်းတက်လာ။
လမ်းအန္တရာယ်ကြောင့် အသေအပျောက်များ၊ ပညာပေး၊ ပေါ်လစီတွေချမှတ်၊ အလုပ်မဖြစ်။
ကင်ညာနိုင်ငံ ကား၊ ဘတ်စ်တွေပေါ်မှာ ကားသမား မဆင်မခြင်မောင်းနေရင် ခရီးသည်တွေက ဝိုင်းအော်ကြဖို့ ပိုစတာတွေကပ်၊ စာတွေရေး။ ဒါက အများကြီး ပိုထိရောက်တယ်။
(သူ့မှတ်ချက်။ ။ အလွယ်နည်းပေမဲ့ အလုပ်ဖြစ်သွားတတ်တယ်။)

ကျောင်းဆရာတစ်ယောက်ကို သူ့စွမ်းဆောင်ရည်ကြောင့် နှစ်အကုန်မှာဆုချ၊ ကလေးတွေရဲ့ စာမေးပွဲရလာဒ် တိုးတက်မလာဘူး။
နှစ်စမှာ ဆုပေး၊ ကလေးတွေရဲ့ စာမေးပွဲရလာဒ် တိုးတက်မလာရင် ပြန်သိမ်း မယ်လို့ ဆရာ့ကိုအသိပေးထား။ ဒါက အများကြီးပိုထိရောက်တယ်။
(သူ့မှတ်ချက်။ ။ လူတွေဟာ အမြဲ အကျိုးသင့်အကြောင်းသင့် စဉ်းစားလုပ်ကိုင် တတ်ကြတာ မဟုတ်ဘူး။ ရဖို့ထက် ဆုးရှုံးရမှာကို ပိုကြောက်တယ်)




ဇမ်ဘီယာ၊ ဆံပင်ညှပ်ဆိုင်တွေမှာ အမျိုးသမီးတွေကို ကွန်ဒုန်းရောင်းပေးဖို့ပြော၊ ဆုငွေပါချ။ အလုပ်မဖြစ်။
အလှပြင်ဆိုင်တွေမှာ ကွန်ဒုန်းရောင်းတာက အများကြီးထိရောက်။
(သူ့မှတ်ချက်။ ။ လူတွေဟာ တစ်ယောက်ချင်း အရှက်မရလိုကြ။)

ပေါ်လစီနဲ့ပတ်သက်တဲ့ ဒေးဗစ် ဘရုတ်က်ရဲ့ နယူးယောက်တိုင်းဆောင်းပါးပါ။ အချိန်ရရင် စိတ်ဝင်စားစရာကောင်းပါတယ်။

ပထမပိုင်း မန်ယူ ၂၊ လီဗာပူး ဝ


ကစားကွက်မကောင်း၊ လေးယောက် အဝါထိ၊ ဒုတိယ (မက်တာ) ဂိုးက လူကျွံဘော။
တောင်ပံနှစ်လုံးနဲ့ အလုပ်ဖြစ်နေဆဲ။

ပုတ္တဒါရသမင်္ဂလာ


ပညာရေးနဲ့စီးပွားရေးနိမ့်ကျမှုကြောင့် ပုတ္တဒါရသမင်္ဂလာက အနည်းငယ် ပုံစံပြောင်းသွားသည်။ ယင်းက မြန်မာပြည်၏ အင်အားအကြီးဆုံး လူ့အဖွဲ့ အစည်း ကြီးနှစ်ခုကို မွေးထုတ်လိုက်သည်။ လူ့အဖွဲ့အစည်းကြီးနှစ်ခုဟူသည် ရဟန်း သံဃာအဖွဲ့အစည်းနှင့် စစ်တပ်တို့ ဖြစ်လေသည်။
ရဟန်းသံဃာများပြားခြင်းက ဘာသာရေးအတွက် အားကောင်းစေပြီး စစ်တပ် အင်အားများခြင်းက ကာကွယ်ရေးအတွက် အားကောင်းစေသည်။

သို့သော် ထိုအဖွဲ့အစည်းကြီးနှစ်ခုလုံး မှန်ကန်သောလမ်းကြောင်းပေါ်မှာ ရှိနေမှ အပြုသဘောဆောင်မည်။

ယနေ့ပြဿနာသည် စစ်တပ်နှင့်ဆိုင်သည်။
အကယ်၍ နိုင်ငံ၏ ပညာရေးနဲ့စီးပွားရေးမြင့်မားလာပြီး ပုတ္တဒါရသမင်္ဂလာ ပုံစံပြောင်းသွားလျှင် ရဟန်းသံဃာအရေအတွက်ရော စစ်သားအရေအတွက် ပါ လျော့ကျသွားနိုင်ဟန် ရှိသည်။
ထိုအခါ အရေအတွက်ထက် အရည်အချင်း မြင့်လာနိုင်သည်ဟုကောက်ချက် ချလျှင် အလွန်အမင်းလွဲနိုင်ခြေ သိပ်မရှိဟုထင်ပါသည်။

ကိုရင် မဝတ်မနေရ၊ စစ်မှု မထမ်းမနေရ ဥပဒေပင် လိုကောင်းလိုလာပါလိမ့်မည်။

သေပေးရှင်ပေး


လယ်သမားမိသားစုတွေက နွားကြီးကိုကျတော့ ချစ်လိုက်ကြ၊ ဂရုစိုက်လိုက်ကြ တာ။ ဝက်ကြီးအပေါ်တော့ အဲသလိုသံယောဇဉ်မျိုး မရှိကြဘူး။ ဒါကို ဝက်ကြီးက သိပ်မကျေနပ်ဘူးပေါ့၊ ဒါနဲ့ သူက
"ငါသေပြီဆိုရင် ငါ့တစ်ကိုယ်လုံး ဘာမှပစ်စရာ မရှိအောင် တစ်မျိုးစီလုပ်ပြီး စားလို့ ရနေတာပဲ၊ မင်းကမှ ပစ်စရာတွေပါသေးတယ်၊ ဒါသာဖြစ်တယ် လူတွေက မင်းကို ချစ်သလိုမျိုး ငါ့ကို မချစ်ကြဘူး" လို့ နွားကြီးကို သွားပြောတယ်။ ဒီတော့ နွားကြီးက
"မတူဘူးကွ၊ မင်းက သေမှ ပေးတာ၊ ငါက မသေခင်ကတည်းက ပေးနေတာ" တဲ့။

နွားကြီးပြောတာဟုတ်မယ်ထင်ပါတယ်၊ ကျနော်တို့ဆယ်ကျော်သက်ဘဝတုံး က နွားသေတယ်ဆိုရင် ဝမ်းနည်းတကြီးဖြစ်တတ်ကြပြီး အဲဒီ အမဲသားမျိုးကို လည်း မစားကြဘူး၊ အဲ..ဝက်သေရင် ပျော်နေတတ်ကြတယ်၊ စားလည်း စားကြတယ်။

လိုနေတာ Middle Class (သို့) Upper Middle Class


ကဗျာဆရာက စင်္ကာပူမှာလုပ်တဲ့ သူတို့ကဗျာရွတ်ပွဲမှာ ပရိသတ်တွေများလို့ အံ့သြ တကြီးဖြစ်မိတယ်၊ အနောက်နိုင်ငံကြီးတွေမှာ ဒီလောက်က်စည်စည်ကားကား မရှိဘူးလို့ဆိုပါတယ်။ ဒါနဲ့ စင်္ကာပူမှာ ဘာပဲလုပ်လုပ် လူစုရတာလွယ်တယ်၊ ဖြစ်နိုင်တာက နိုင်ငံသေးတော့ သွားလာရ လွယ်ကူတယ်၊ ဆက်သွယ်ရေးနဲ့သွားရေးလာရေးလွယ်ကူမှုက ဒါကို ဖြည့်ဆည်းပေးထားတယ်။ အထူးသဖြင့်ကတော့ လူလတ်တန်းစားတွေ များပြားခြင်းကြောင့် ဖြစ်နိုင်ပါတယ် လို့ သူ့ကို ပြောပြမိတယ်။

လူ့အဖွဲ့အစည်းတစ်ခုရဲ့ အဓိက မောင်းနှင်အား၊ သက်ဝင်လှုပ်ရှားမှုအားက လူ လတ်တန်းစားတွေဆီမှာရှိနေပါတယ်။ အနောက်မှာလည်း မြန်မာတွေ ရှိတာပါပဲ၊ ဒါပေမဲ့ သွားလာရဝေးတာရယ် လူတန်းစားကွာဟမှုရယ်ကြောင့် လူစုလူဝေးနဲ့ လုပ်ရတဲ့ ကိစ္စတွေမှာ စုရစည်းရ ခက်သွားနိုင်တယ်။ သေချာတာက စင်္ကာပူလောက် မလွယ်ဘူး။ စင်္ကာပူမှာရှိတဲ့ မြန်မာတွေက အားလုံးနီးပါး သူလို ကိုယ်လိုတွေချည်းပါ။ သေချာတာက ဒုက္ခသည်အနေနဲ့ ခုံလှုံလာသူမရှိဘူး။ အများစုက တူတူတန်တန်ဘွဲ့ ရပြီးသူတွေချည်း။ ဒါကို Middle Class (သို့) Upper Middle Class လို့ခေါ်နိုင်ပါတယ်။ ပရဟိတပဲ လုပ်လုပ်၊ ဘာသာရေးပဲ လုပ်လုပ်၊ အနုပညာကိစ္စပဲဖြစ်ဖြစ် စင်္ကာပူမှာ ပရိသတ်ပိုများနေပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုရင် Middle Class (သို့) Upper Middle Class လို့ခေါ်တဲ့ လူတန်းစားများနေလို့ပါ။

ဒါက မြန်မာလူမျိုးတွေကြာမှာပဲလား။ အချက်အလက်တွေအရ မဟုတ်ပါဘူး။
ဥပမာ သီရိလင်္ကာ Buddhist and Pali University က ဩစတေးလျ၊ အမေရိက နဲ့ကိုရီးယားတို့မှာ ပါဠိကောလိပ်တွေဖွင့်တယ်၊ ဘယ်မှာမှ စင်္ကာပူမှာလို မအောင်မြင်ဘူး။
မြန်မာနိုင်ငံက အဘိဓမ္မာစာမေးပွဲ နိုင်ငံခြားစာဖြေဌာန နှစ်ခု ချပေးထားတယ်လို့ သိရပါတယ်။ အင်္ဂလန်နဲ့စင်္ကာပူပါ။ ဒါပေမဲ့ အင်္ဂလန်ဟာစင်္ကာပူလိုအောင်မြင်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါဟာ လူတွေကြောင့်၊ အချိန်ကြောင့်မဟုတ်ဘဲ အထက်ပါ အချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။

ဆင်းရဲလွန်းရင် ယုံကြည်မှုနည်းသွားးတယ်၊ ချမ်းသာလွန်းတော့ သာမန်လူတန်း စားနဲ့ ဝေးသွားတယ်။
ဒီတော့ လူ့အဖွဲ့အစည်းရဲ့ အသက်၊ သက်ဝင်လှုပ်ရှားမှုက Middle Class (သို့) Upper Middle Class လို့ခေါ်တဲ့ လူတန်းစား များနေခြင်းပါပဲ။

၈၀ ရာခိုင်နူန်းကျော်က အောက်ခြေလူတန်းစားဖြစ်နေတဲ့ လူ့အဖွဲ့အစည်းအတွက် ဘယ်အဘ၊ ဘယ်ကယ်တင်ရှင်ဆိုသူကိုမှ ကျေးဇူးတင်မနေနိုင်ကြပါဘူး။
အဲသလိုနဲ့ အွန်လိုင်းပေါ်မှာတော့ ဂျူး ဟောလီးဒေအကြောင်း ဟော့တ်ဖြစ်နေလေ ရဲ့။

ဗုဒ္ဓဘာသာရဲ့ ရှေး အကျဆုံး သစ်ခေါက်စာ

The British Museum scrolls ဆိုတာ ဗုဒ္ဓဘာသာ ရှေးဟောင်းကျမ်းစာတွေကို စုစည်းထားတဲ့ ဌာန တစ်ခုပါ။ အဲဒီ The British Museum scrolls ၁၉၉၀ နှစ်တွေက အာဖဂန် နစ်စတန်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အခုတော့ လန်ဒန်က British Museum မှာ ပြောင်းရွှေ့ သိမ်းဆည်းခဲ့ပါတယ်။ အဲဒီစာတွေဟာ ချောမွေ့တဲ့ သစ်ခေါက်ပေါ် ရေးထိုးထားတာ ဖြစ်ပြီး အေဒီ တစ် ရာစု ကလို့ ခန်းမှန်းထားကြပါတယ်။

ရှာဖွေ တွေ့ရှိသမျှထဲမှာတော့ ရှေး အကျဆုံးဗုဒ္ဓဘာသာ စာပေ ပါပဲ။ ပူပြင်းတဲ့ ရာသီဥတုဒဏ်ကြောင့် အိန္ဒိယမှာ ရှိတဲ့ စာပေတွေကတော့ မူရင်း ပိဋကတ်တော်တွေ တစ်ချို့ပါ ရာစုနှစ် များစွာကတည်းက ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။ အာဖဂန် နစ်စတန် ရဲ့ အေးပြီး ခြောက်သွေ့တဲ့ ရာသီဥတုက ဒီစာပေတွေ မပျက်စီးစေဖို့ စောင့်ရှောက်ပေးထားခဲ့ပါတယ်။

အခု ပညာရှင်တွေ တိုက်ဆိုင် လေ့လာကြည့်တော့ ဒီနေ့ရှိနေတဲ့ ဗုဒ္ဓဘာသာကျမ်းစာတွေနဲ့ ရာစုပေါင်း များစွာက ရှိခဲ့တဲ့ ဗုဒ္ဓဘာသာကျမ်းစာတွေ တစ်ထေရာတည်း တူနေတာကို တွေ့ကြရပါတယ်။ အဲဒီ အထဲမှာ ပါဝင် တွေ့ရှိရတဲ့ ကျမ်းစာတွေကတော့ သံယုတ္တ နိကာယ်၊ အင်္ဂုတ္တရ နိကာယ်၊ ဓမ္မပဒ၊ ဣတိဝုတ် နဲ့ သုတ္တနိပါတ် တို့ ဖြစ်ကြပါတယ်။

ဒါတင်မက အခြား ဆေးပညာရပ်ဆိုင်ရာ ကျမ်းစာတွေလည်း တွေ့ရှိခဲ့ရပါတယ်။

Ref: Ancient Buddhist Scrolls from Gandhara,
By Richard Salomon. 1999.
Posted on 11/08/2012

ကမ်းလက်







Copyright © 2012 ကမ်းလက်. All rights reserved.

ပေါက်တတ်ကရ အင်တာဗျူး (၄)


မေး။ ။ ယေရှုခရစ်တော်က ဘာ့ကြောင့် ဆစ်ဒနီမှာမမွေးဖွားတာလဲ။
ဖြေ။ ။ ပညာရှိသုံးယောက်နဲ့အပျိုစင်တစ်ယောက် တွေ့အောင်မရှာနိုင်လို့ပါ။ (Three wise men and a virgin)
(ဩစတေးလျ ဂျုတ်)

မေး။ ။ ဒါဆို သိဒ္ဓတ္ထမင်းသားကရော ဘာ့ကြောင့် တရုတ်ပြည်မှာ မမွေးဖွား တာလဲ။
ဖြေ။ ။ ဒါက မယ်တော်မာယာအကြံအစီပါ။ သားယောက်ျားလေး မဖြစ်ခဲ့ရင် ကလေးကိုစွန့်ပစ်ရမှာ စိုးရိမ်လို့။
(မြန်မာဂျုတ်)

ဘုရားလက်ထက်မှာ ဖေ့စ်ဘုတ်ရှိခဲ့ရင်.........


ဆိုပါဆို့။ စတေးတပ်တစ်ခု တက်လာမယ်"ရဟန်းဂေါတမလည်း တစ်လင် တစ် မယားစနစ် ထောက်ခံပြီ" ဒါဆို တက်လာစရာရှိတဲ့ စတေးတပ်တပ်တွေ၊ အဓိက က သူတို့။

၁။ ပသေနဒီကောသလ စတေးတပ်။ ။ ဒီသတင်းတကယ်မှန်ရင် ငါတို့ ဗုဒ္ဓဘာ သာကနေနှုတ်ထွက်တယ်၊ လျှော့စား၊ လျှော့အိပ်ဆိုတာတောင် မဖြစ်လို့ လက်ခံ ထားရတာ၊ တစ်လင်တစ်မယားစနစ်တဲ့။ ပသေနဒီတို့ နှုတ်ထွက်တယ်။
၂။ မဟာနာမ။ ။( ဥက္ကဋ္ဌနှင့်ဝါရင့်ပါလီမန်အရာရှိ၊ လိစ္ဆဝီကွန်ဂရက်၊ ယူနိုက် တက် ဝေသာလီ(စ်)) စတေးတပ်။ ။ ဒါက နိုင်ငံရေးလှည့်ကွက်ကြီးပါ။ ဂေါတမ ဗုဒ္ဓနဲ့မဆိုင်ပါဘူး။ ပါလီမန် စနစ်အခိုင်အမာရှိတဲ့ ဝေသာလီမှာ ဒီဥပဒေမျိုး ထွက် လာရင် အိုးစားတောင် ကွဲ သွားမယ်။

မောနင်း ပို့စ်


၁။ ပုတ်ရဟန်းမင်းကြီးအကြောင်းပါပဲ၊ ကောင်းကင်ဘုံမှာ တိရစ္ဆာန်တွေလည်း ရှိတယ်ဆိုတဲ့ မှတ်ချက်ကြောင့် ရှေးရိုးစွဲဘာသာရေးသမားတွေကြားမှာ အငြင်း ပွားစရာ ဖြစ်သွားသတဲ့။ ခွေးသေလို့ သောကရောက်နေတဲ့ကလေးကို
"ထာဝရဘုရားရှင်ဖန်ဆင်းထားတဲ့ သတ္တဝါတိုင်းအတွက် ကောင်းကင်ဘုံတံခါး ပွင့်နေတယ်" ဆိုတဲ့ အားပေးစကားကြောင့် ခွေးမှာ ဝိဉာင် ရှိ၊ မရှိ အငြင်းပွား စရာ ဖြစ်သွားတာပါ။
လက်ရှိ ပုတ်ရဟန်းမင်းကြီးက ကွန်ဆာဗေးတစ်တော့ ဟုတ်ပုံမရပါဘူး၊ လိင်တူ လက်ထပ်ခြင်း၊ လက်မထပ်တဲ့ စုံတွဲတွေအပြင် မဟာပေါက်ကွဲမှုသီအိုရီတောင် သမ္မာကျမ်းစာနဲ့ မဆန့်ကျင်ဘူးလို့ ဆိုခဲ့သူပါ။ ခွေးမှာ ဝိဉာင် ရှိ၊ မရှိက ဗုဒ္ဓဘာသာ အတွက် ဆွေးနွေးစရာကိစ္စမဟုတ်လောက်အောင် ရှင်းပြီးသားပါ။ လက်ရှိကမ္ဘာနဲ့ သမ္မာကျမ်းစာ၊ ရှေ့မှာ ဘာတွေဖြစ်လာဦးမလဲ။ ခရစ်ယန်ရဲ့အားသာချက်က ခေတ်ပညာတတ်တွေ များခြင်းပါ။



၂။ နိုင်ငံရေးကစားမယ်ဆိုရင်လည်း ဦးလေးဆမ်(အမေရိကန်)တို့လောက် ကစား တတ်ရင် ကြည့်ကောင်းတယ်၊ ရှေ့ဖုံးနောက်ပေါ်မဟုတ်ဘူး (ဥပမာ သမ္မတ၊ ဦးရဲ ထွဋ်နဲ့မှုးဇော်)။ တရုတ်အားကောင်းလာပြီဆိုတော့ တရုတ်နဲ့ ဆွေမျိုး ရုတ်တ ရက်ကောက်စပ်လိုက်တာ။ ဒုတိယကမ္ဘာစစ်အတွင်း ဖက်စစ်ဂျပန်တွေကို သေ အတူရှင်မကွာ လက်တွဲအတူ တိုက်ခိုက်ခဲ့ကြတာ တဲ့။ သံတမန်စကားတွေပြောနေတာထက် အဆများစွာ ခရီးပိုရောက်တယ်။ ဟော လီးဝုဒ် ကများ ရုပ်ရှင်ကောက်ရိုက်လိုက်ရင်(တရုတ်မင်းသား၊ မင်သမီးကို နေ ရာလေး မျှအောင်ပေး) တရုတ်ပရိသတ်နဲ့တင် သေချာပေါက် ဝင်ငွေကောင်းမယ့် ကားမျိုးပဲ။
အဲ..ကံဆိုးတာက ဂျပန်ဖြစ်သွားမယ်။ ဂျပန်အပေါ်ရှိနေတဲ့ လူထုရဲ့ နာကြည်းမှုက အားပိုကောင်းလာမယ်။ "ဘယ်တတ်နိုင်ပါ့" (ဦးလေးဆမ်)


၃။ ဒါကတော့ မိတ်ဆွေ ရှယ်လီရဲ့ နာရေးသတင်းသက်သက်ပါ။

သဗ္ဗေဓမ္မာ အနတ္တာ


တစ်ယောက်ဆီမှ အနတ္တဖွဲ့ကိုဖတ်ရှုနေစဉ် နောက်တစ်ယောက်က အနတ္တကို ကိုယ်တိုင်သရုပ်ဖော်ပြသွားသည်။ ထိုစာနှင့်ထိုအီးမေး နာရီဝက်ပင် မခြားလိုက်ပါ။
ရှယ်လီသည် ကင်ဆာရောဂါဝေဒနာသည်တစ်ယောက်ဖြစ်ပြီး ကီမိုသရာဖီဖြင့် အသက်ဆက်နေရသူလည်းဖြစ်ပါသည်။
"ငါမရှိတော့တဲ့အခါ ငါတို့အလုပ်တွေ အရှိန်မပျက်ဆက်လုပ်နိုင်ဖို့ ကလယ်ရာကို ငါခေါ်ခဲ့တယ်" ဟု သူမဆိုဖူးသည်။
သို့သော် သူမကိုတွေ့တိုင်း ရောဂါဝေဒနာခံစားနေရသူဟု လုံးဝမထင်ရပါ။
အကယ်၍ လီကွမ်းယု၏ Hard Truths သည် မြန်မာလူထုအတွက် အကျိုး တစ်စုံ တစ်ရာရှိသည်ဆိုငြားအံ့ လူထုအစား ကျေးဇူးတင်စကား၊ သူမအတွက် ဝမ်းနည်း စကားပြောဖို့လည်း ကျွန်ုပ်မှာ တာဝန်ရှိနေပါတော့သည်။
ဗုဒ္ဓဘာသာအရ "ကောင်းရာသုဂတိ ရောက်ပါစေ""သဗ္ဗေဓမ္မာ အနတ္တာ" ဟူ၍သာ ကျွန်ုပ်ဆိုနိုင်ပါတော့သည်။

Sabbe sankhara anicca, Sabbe sankhara dukkha, Sabbe dhamma anatta.

I'm deeply sorry about this sad news.
She helped and guided me so much.
May you be well and happy wherever you are, Shirley Hew. See you!
Sabbe sankhara anicca, Sabbe sankhara dukkha, Sabbe dhamma anatta.


Dear Ven. U Cittara (Zin Wai Thaw)

It is with deep sadness that we announce the death of our friend and colleague Shirley Hew on Friday, 12 December 2014 at 9 am. Shirley led Straits Times Press in the SPH group since 2008. In a publishing career spanning 33 years, she was a great supporter of local writers, many of whom are now established names in Singapore fiction and nonfiction. An associate said that she always marvelled at her great sense of purpose and passion about everything she did. We couldn’t have put it better ourselves.

There will be an obituary giving details in tomorrow’s Straits Times.
Kind regards
Clara
Clara Wong
Marketing & Operations Manager
Straits Times Press Pte Ltd
English/ Malay Newspaper Division

" မေ့ထားလိုက် အတ္တ"


တပည့်ဟောင်းထဲက ရှေ့နေတစ်ယောက်ပါ၊ ပုံမှန်အမှတ်တရ စာ၊ ကတ်တွေ ပို့ပေးတတ်တယ်။ အခု သူရေးထားတာက သူ့ရဲ့ ၂၀၁၄ အငြိမ်းဓာတ်ရှာဖွေရေး ခရီးစဉ်အကြောင်း၊ ကဗျာတောင်မဟုတ်၊ တေးတစ်ပုဒ်၊ တီးခတ်တတ်ရင် သံစဉ်တောင်ပါသေးတယ်။ သူ့သီချင်းလေးကို ဘာသာပြန်ပေးထားပါတယ်။ နှင်း နဲ့အတူ ဆွတ်ဆွတ်တောင်ဖြူနေလေရဲ့။





" မေ့ထားလိုက် အတ္တ"

ဗုဒ္ဓဂယာမှာ ဗုဒ္ဓကိုဖူး
ဓမ္မသာလာက ဒလိုင်းလားမားကို ဦးခိုက်
ချစ်သူကို တစ်ခဏ သတိရ
"အတ္တ" မင်း မေ့ထားလိုက်။

လုမ္ဗီနီမှာ သရဏဂုံခံယူ
မြို့ဟောင်းကန္ဒီမှာ စွယ်တော်မြတ်ဖူးမျှော်
ပေါ်လာတဲ့အိပ်မက် တစ်ခဏ သတိရ
"အတ္တ" မင်း မေ့ထားလိုက်။

တာကျန်ဇီက ရှန်ဂရီလာမှာ တစ်ည
သစ်ရွက်တေးသံကို ခံစား
လူအဖြစ်ရောက်လာရတာကို တန်ဖိုးထား
"အတ္တ" မင်း မေ့ထားလိုက်။

ကြာပွင့်ပေါ်ခိုစီးရင်း စကြဝဠာထဲပျံ ဝဲ
ဗောဓောဗုဓ လထွက်ချိန်ကို ရှုစား
မတွေ့ခင်အထိ သတိရနေရအောင်
"အတ္တ" မင်း မေ့ထားလိုက်။

ဒုက္ခအဟောင်း အနတ္တအဟောင်း
အသက်ရှုလိုက်တိုင်း အနိစ္စအဟောင်း
ခွဲရမယ့်အချိန်ကို သတိကပ်ရင်း ရှုမှတ်
"အတ္တ" မင်း မေ့ထားလိုက်။ ။


("ဘုရားရှင်က ဒီလောက်တော်တဲ့ ပတ်ဘလစ်စပီကာမို့ ဟာသဉာဏ်မရှိ၊ ဟာသ မစွက်ဘူးဆိုတာ မဖြစ်နိုင်ဘူး" ဆိုတဲ့ ရှေ့နေမကြီးပါ။ ဒီအကြောင်း ကမ်းလက်မှာ ပဲ ဆောင်းပါးရေးဖူးပါတယ်။)

အဘရေ သောက်သောက်


ထန်းပင်များနဲ့ရွာဝင်လမ်းကို ရိုက်ပြ၊ ရွာနောက်ခံရှိနေစေ
ပူဆွေးသောကရောက်နေသော ကျော်ဟိန်း ထန်းရေအိုးဆွဲလာ
မြေပုံပေါ် ဆန်ဆေးရေများလောင်းချ၊(ထန်းရေအစစ်မဖြစ်စေရ)
ဒိုင်ယာလော့ဂ်
"အဘရေ သောက်သောက်"