တရုတ်က ဒီမိုကရေစီစနစ်နဲ့ မင်း အုပ်ချုပ် သလား၊ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်သလားဆိုတာကို စိတ်မဝင်စားဘူး


မေး ။ ။အမေရိကန်တွေနဲ့ ဆက်ဆံရတာနဲ့ နှိုင်းယှဉ်ရင် တရုတ်နဲ့ ဆက်ဆံရတာက ခြားနားချက်တွေ အများကြီး ရှိနေနိုင်တယ်။ စင်္ကာပူမှာ အမေရိကန်လွှမ်းမိုးမှုက ပိုများနေတော့ သူတို့နဲ့ပဲ ဆက်ပြီး ဆက်ဆံသွားရမယ့်သဘောရှိနေပါသလား။

ဖြေ ။ ။ ဟုတ်တယ်။ အမေရိကန်တွေက ရိုးသားပြီး အန္တရာယ်လည်း ပိုကင်းတယ်လို့ ငါတော့ ထင်မိတယ်။ သူတို့က လည်ပင်းညှစ်မယ့်လူတွေ မဟုတ်ဘူး။ သူတို့က နိုင်ငံတိုင်း ဒီမိုကရေစီကို ကျင့်သုံးစေချင်တယ်။ ဂုတ်ခွစီးတဲ့ လူတွေမဟုတ်ဘူး။ တရုတ်က ဒီမိုကရေစီစနစ်နဲ့ မင်း အုပ်ချုပ် သလား၊ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်သလားဆိုတာကို စိတ်မဝင်စားဘူး။ သူတို့ လိုချင်တာ ရဖို့ပဲ စိတ်ဝင်စားတယ်။ သူများအစိုးရရဲ့ပေါ်လစီကို ပြောင်းလဲလာအောင် စည်းရုံးဖို့လည်း စိတ်မဝင်စားဘူး။ တရုတ်က မင်းရဲ့ လက်ရှိပေါ်လစီနဲ့ ကိုက်ညီမယ့်ပေါ်လစီကို လိုက်ပြီးကျင့်သုံး သွားမှာပဲ။.......................................................




၉၇၆ ခုနှစ် တရုတ်ပြည်ကို ကျွန်တော်ရောက်စဉ်က တရုတ်ပြည်ဟာ တံခါးပိတ်ဝါဒနဲ့ တယူသန် လူ့အဖွဲ့အစည်းသာဖြစ်နေပြီး လမ်းပေါ်ကလူတွေကိုကြည့်ရင်လည်း အပြာ(သို့မဟုတ်) အနက် ရောင် အ၀တ်အစားတွေနဲ့ချည်းပဲ။ ကျွန်တော်ရောက်သွားတော့ ကျောင်းပိတ်ရက်လည်း မဟုတ် ပါဘဲနဲ့ ကျွန်တော့်ကို ကြိုဆိုဖို့ ကျောင်းသားလေးတွေကို လေယာဉ်ကွင်းထဲကို စုစည်းခေါ်ထားခဲ့ကြတယ်။ “Huan ying, huan ying! Re lie huan ying’’ (“welcome, welcome, warmly welcome!-ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ်၊ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်) ဆိုတဲ့ သီချင်းတွေ သံပြိုင်ဆိုကြလို့ပဲ။
“သူတို့အားလုံးကျောင်းထဲမှာနေပြီး စာသင်ရမယ့်အချိန်တွေမှာ ကျောင်းကနေ လေယာဉ် ကွင်းကို လာ၊ လေယာဉ်ကွင်းကနေကျောင်းကိုပြန်နဲ့ တစ်နေ့တာလုံး မဆီမဆိုင် အချိန်ဖြုန်း နေကြရရှာတယ်” လို့ ကျွန်တော်တွေးလိုက်မိတယ်။

သူတို့က ဒီလိုပဲငြင်းခုံနေတတ်ကြတဲ့လူမျိုးတွေပဲ ဆိုတာ


တချိန်တည်းမှာပဲ ကျွန်တော်တို့ သတိထားသင့်တာက အမေရိကန် တွေဟာ သူတို့ကောင်းကြောင်းကို မိုးတစ်လုံးလေတစ်လုံး ကြွားဝါပြောတတ်ကြသလို သူတို့ရဲ့ ပြဿနာ တွေဆိုရင်လည်း ရှိတာထက် ပိုပြောတတ်ကြတယ်ဆိုတဲ့ သူတို့သဘာဝပါ။ ဒါတွေကြောင့် တယ်လီဗီးရှင်း အစီအစဉ်တွေ ပိုကြည့်ကောင်းလာတယ်၊ သတင်းစာတွေလည်း ပိုရောင်းလို့ကောင်းလာတယ်။ ဒါတွေကြောင့်ပဲ သူတစ်ပါးရဲ့ အပြစ်ကိုပြောချင်ရင် သေသေချာချာ စဉ်းစားပြီးမှ ပြောဆိုတာကိုလည်း သတိထားစရာဖြစ်နိုင်ပြန်ပါတယ်။ နိုင်ငံခြား လေ့လာသူပညာရှင်တွေတောင် အစပိုင်းမှာတော့ အမေရိကန်တွေ သူတို့ချင်း သဘောထားတွေကွဲပြီး ညှိုမရနှိုင်းမရဖြစ်နေကြပြီလို့ထင်နေတတ်ကြတယ်၊ နောက်မှသာ သူတို့က ဒီလိုပဲငြင်းခုံနေတတ်ကြတဲ့လူမျိုးတွေပဲ ဆိုတာကို သဘောပေါက်သွားကြတာမျိုးပါ။



အမေရိကန်ရဲ့အဓိက အားသားချက်က အရေအတွက် မဟုတ်ဘူး


အိုင်ဖုန်း၊ အိုင်ပက်၊ မိုက်ကရိုဆော့(ဖ်)၊ အင်တာနက်၊ ဒါတွေ အားလုံး ကမ္ဘာ့ဘယ်နိုင်ငံကမှ တီထွင်နိုင်တာမဟုတ်ဘူး။ အမေရိကန်တွေကပဲ တီထွင်လိုက်တာပါ။ တစ်ဦးချင်းအရည်အသွေးမှာ တရုတ်တွေလည်း အမေရိကန်တွေကို ယှဉ်နိုင်တာပါပဲ။ ဒီလိုယှဉ်နိုင်ပါလျက်နဲ့ သူတို့ က ဘာဖြစ်လို့ အမေရိကန်တွေလို တီထွင်မှုတွေ မလုပ်နိုင်ကြတာလဲ။ အဖြေက ရှင်းရှင်းလေးပါ ။ အမေရိကန်တွေမှာ ရှိတဲ့ သတ္တိမျိုး သူတို့မှာ မရှိလို့ပါပဲ။ ပွဲစဉ်တစ်ခုလုံးရဲ့ အဖြေကို ပြောင်းလဲပစ်နိုင်တဲ့ တီထွင်ဖန်တီးမှုမျိုး အမေရိကန်တွေဆီက အမြဲ မျှော်လင့်ထားလို့ ရပါတယ်။ သူတို့ ခဏကျဆင်းမယ်၊ ပြီးရင် ထိပ်တန်းပြန်ရောက်လာမယ်။ ဒီလို အကြိမ်ရေတွေက မနည်းတော့ပါဘူး။....................

အမေရိကန်ရဲ့အဓိက အားသားချက်က အရေအတွက် မဟုတ်ဘူး၊ သူတို့ရဲ့ နောက်မတွန့် ရွတ်ရွတ်ချွံချွံစိတ်ဓာတ်ပါ။ ဒီ စိတ်ဓာတ်က ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ အမေရိကန်လူအဖွဲ့အစည်းဟာ တီထွင်ဖန်တီးမှုမှာ တရုတ်ထက် အပြတ်အသတ်သာပါတယ်။ "အမေရိကန်တွေ ကျဆင်းနေပြီးဆိုတာ အမှန်ပဲလား။ မမှန်ဘူးလား" ဆိုတာနဲ့ပတ်သက်လို့ သူတို့ အမေရိကန်တွေ အချင်းချင်းငြင်းခုံနေကြတာကို ကြည့်ရုံနဲ့တင် သူတို့ဟာ လက်ရှိ အောင်မြင်မှုအပေါ် သာယာနေတတ်တဲ့လူ့တွေ မဟုတ်ဘူးဆိုတာ အထင်အရှားတွေ့မြင်နိုင်ပါတယ်။ ဒါက သူတို့ရဲ့ အဓိကအားသာချက်ပါ။

 (One Man's View of the World)

ဒီမူက သူတို့ အဖွဲ့အစည်းရဲ့ အမြင်ကို ရောင်ပြန်ဟပ်ခြင်း တစ်မျိုးလည်းဖြစ်ပါတယ်။ တရုတ်ပြည်မှာ လူက မူထက် ကြီးနေတယ်။ လူတစ်ယောက်ဟာ သမ္မတ ဖြစ်ကောင်း ဖြစ်နေမယ်။ ဒါပေမဲ့ စစ်တပ်ရဲ့ ထောက်ခံမှု မရဘူးဆိုရင် ဒီသမ္မတဟာ အမည်ခံသမ္မတ တစ်ယောက်ပဲ ဖြစ်နေလိမ့်မယ်။ စင်္ကာပူ၊ ဗြိတိန်၊ ဥရောပနဲ့ အမေရိကတို့ကို ကြည့်ပါ။ ခင်ဗျားက သမ္မတ (သို့မဟုတ်) ဝန်ကြီးချုပ်ဆိုရင် စစ်တပ်အကြီးအကဲဟာ ခင်ဗျားရဲ့ အမိန့်ကို နာခံရပါတယ်။ အကြောင်းကတော့ အင်စတီကျူးရှင်းက လူထက် ကြီးနေလို့ပါ။ အမေရိကကို အသာထားပါဦး။ တရုတ်ဟာ တရားဥပဒေ စိုးမိုးရေးနဲ့ အစိုးရဖွဲ့စည်းပုံဆိုင်ရာ ကိစ္စတွေမှာ စင်္ကာပူရဲ့ ခြေရာကိုတောင် မီအောင် လိုက်နိုင်ပါ့မလား။

လမ်းကြောင်းပေါ် ပြန်ရောက်လာတဲ့ လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်


စထရိတ် တိုင်းမ် အိတ်ဇက်ကူးတစ် ဒါရိုက်တာ ရှယ်လီ သေဆုံးခြင်း၊ ကြား ထဲမှာ သူ့ကိုဆက်ခံသူ မရေရာခြင်း၊ရေရာလာတဲ့ ဒါရိုက်တာ ဂျူလီး ယက်ရဲ့ ကျန်းမာရေးက ရက်ရှည်ဆေးကုသမှုလိုအပ်နေခြင်းတို့ကြောင့် အားလုံးပြင်ဆင်ပြီးပါလျက် ဖြန့်ချီဖို့ ထစ်နေခဲ့ရပါတယ်။
အခုတော့ ဂျူလီးယက်ရဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီမို့ ကော်ပီရိုက် ကိစ္စ အမြန်ပြီးဖို့ ဆွးနွေးနေပါပြီ။
ပြီးတာနဲ့ ရိုက်၊ ဖြန့်ပို့ပါပဲ။

စထရိတ်တိုင်းမ် စလုံးအမျိုးသမီးက မခေဘူး။
ပထမစာမှာ နာမည်ရှေ့ ဦး တပ်ပြီး ဒုတိယစာမှာကျတော့ ကို တဲ့။
ကိုဇင်ဝေသော်ပေါ့လေ။ ပြုံးမိသေးရဲ့။ မောင် မဟုတ်လို့ တော်သေး။
(June 2 at 9:20am)

အမည်ခံ ဗုဒ္ဓဘာသာပါလို့ ခံယူသွားသူကိုတော့ သူ့လုပ်ရပ်တွေကိုကြည့်ပြီး


အမည်ခံ ဗုဒ္ဓဘာသာပါလို့ ခံယူသွားသူကိုတော့ သူ့လုပ်ရပ်တွေကိုကြည့်ပြီး မဟာယာန၊ ထေရဝါဒဗုဒ္ဓဘာသာတွေက ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အမျှဝေခဲ့ကြတယ်။
ကဲ တင်းပြည့်ဗုဒ္ဓဘာသာလို့ ခံယူထားကြတဲ့ ဆရာ့ဆရာကြီးတွေကိုရော ဘယ်လို အမျှဝေကြမလဲ။ လုပ်ရပ်တွေ စောင့်ကြည့်ကြရအုံးမှာပေါ့လေ။

မစ္စတာလီရဲ့ နောက်ဆုံးစာအုပ် "လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်" ထဲက မြန်မာ


ဒီနေ့ မစ္စတာလီရဲ့ နောက်ဆုံးစာအုပ် "လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်" ထဲက မြန်မာနဲ့ပတ်သက်တဲ့ မစ္စတာလီရဲ့ အမြင်ကို အမှတ်တရ ပြန် လည်ဖော်ပြပေးလိုက်ပါတယ်။

မြန်မာ။ ။ ဗိုလ်ချုပ်ကြီးများလမ်းကြောင်းပြောင်းခြင်း

ရှေ့ဆက်ဖို့လမ်းဆုံးနေပြီဆိုတာသိတဲ့နောက်တော့ အကျိုးအကြောင်းညီညီ စဉ်းစားတတ်ရင် ရွေးစရာက တစ်လမ်းပဲ ရှိပါတော့တယ်။ ဒါက နောက် လှည့်ပြန်လျှောက်ဖို့ပါ။ ၂၀၁၁ ခုမှာ သူတို့နိုင်ငံ ဘယ်ကို ဦးတည်ရမလဲဆို တာနဲ့ပတ်သက်လို့ မြန်မာ့ဗိုလ်ချုပ်ကြီးတစ်ချို့ဆန္ဒဘယ်လိုရှိခဲ့တယ်၊ ဘယ် လိုစတင်ပြောင်းလဲမယ်ဆိုတာကို သုံးသပ်ကြည့်ဖို့ နည်းလမ်းတွေအများကြီး ရှိပါတယ်။
ကျနော့််အမြင်အရပြောရရင် ဦးနှောက်ကောင်းတွေကို စနစ်တကျရှာဖွေ၊ ရွေြး ခယ်၊ မွေးမြူပြီး ရုတ်တရက် ကြီး “ဂ”ငယ်ကွေ့ ချိုးကွေ့ လိုက်တာမဟုတ်သလို ရိုးရိုးသားသားနဲ့ အမြင်မှန် ရပြီး ရုတ်တရက်ပြောင်းလဲလိုက်ခြင်းမျိုးလည်း မဟုတ်ပါဘူး။ ဒီအတိုင်း ဆက်သွားနေရင်တော့ ပြိုလဲကျသွားတော့မှာပဲဆိုတာ သဘောပေါက်ပြီး သူ တို့နာမည်ကို အဖတ်ဆယ်ယူဖို့ မဖြစ်မနေပြောင်းလဲ လိုက်တာမျိုးတောင် မဟုတ်ပါဘူး။
ဒီထက် ရှင်းရှင်းလင်းလင်းဖြစ်အောင် ရှင်းပြလို့ ရပါတယ်။ ဗိုလ်ချုပ်ကြီးေ တွ တွေ့မြင်လိုက်ရတာာက သူတို့နိုင်ငံကတော့ လမ်းဆုံးကိုရောက်နေပြီ။ ရွေးစရာ (ဆက်သွားစရာ လမ်း) ဘာမှမရှိတော့ဘူးဆိုတာပါပဲ။

ဖွံ့ဖြိုးတိုးတက်နေတဲ့ ထိုင်းနိုင်ငံဆီ နယ်ခြားလေးကိုကျော်ပြီးကြည့်လိုက်မိ တယ်ဆိုရင်ပဲ ဒီအမြင်က ရှင်းရှင်းလင်းလင်းတွေ့မြင်ရမှာပါ။ သဘာဝ အရင်း အမြစ်အနေနဲ့ကြည့်ရင် ထိုင်းနိုင်ငံထက်ပိုပြီး မချမ်းသာဘူးဆိုရင်တောင်မှ ထိုင်းနိုင်ငံလောက်တော့ မြန်မာလည်း ချမ်းသာပါတယ်။
ဥပမာ အနေနဲ့ နှစ်နိုင်ငံလုံးကထွက်တဲ့ ရှောက်ချိုသီးတွေကို နှိုင်းယှဉ်ကြည့် ပါ။ သိပ္ပံနဲ့ နည်းပညာကို အသုံးပြုပြီးစိုက်ပျိုးထားတာ ဖြစ်နေတော့ ထိုင်းက ထွက်တဲ့ ရှောက်ချိုသီးက အလုံးပိုကြီးသလို ချိုလည်း ပိုချိုတယ်။ နောက်ပြီး ထိုင်းနိုင်ငံဟာ ဒီဒေသတွင်းမှာ သစ်ခွပန်း၊ ပန်းပင်၊ သစ်သီးတွေ တင်ပို့ရာမှာ နံပါတ်တစ် ဖြစ်နေပါတယ်။ သီအိုရီအရပြောရရင် ရာသီဥတုနဲ့ မြေသြဇာ ကြွယ်ဝမှုက နှစ်နိုင်ငံလုံး ကံကောင်းစွာ ပိုင်ဆိုင်ထားကြတော့ ထိုင်းစိုက်ပျိုး လို့ရနိုင်တာမှန်သမျှ မြန်မာပြည်မှာလည်း စိုက်ပျိုးနိုင်တာပါပဲ။ ဒါပေမဲ့ ဘာ မှ ဖြစ်မလာခဲ့ဘူး။ နောက်ထပ် စိတ်မကောင်းစရာ နှိုင်းယှဉ်ကြည့်စရာတစ်ခု က ထိုင်းနိုင်ငံက ဆေးဝါးတွေရရှိဖို့ နယ်ခြားကို ကျော်ဖြတ်ပြီး ကျောက်မျက် ရတနာ ထွင်းထွက်ပစ္စည်းတွေနဲ့ လဲလှယ်ယူနေကြရတယ်။ မြန်မာက အများ ကြီးနောက်ကျကျန်နေရစ်ခဲ့ပါတယ်။

နာဂစ်မုန်တိုင်းဒဏ်ကိုခံလိုက်ရခြင်းဟာ စစ်တပ်အရာရှိတွေကိုရော မြန် မာပြည်သူလူထုကိုပါ လှုပ်နှိုးလိုက်တာပါပဲ။ ၂၀၀၈ ခုမှာ ဖြစ်ပွားခဲ့တဲ့ ဒီဘေး ဒဏ်ကြောင့် သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်။ ဘာလုပ်လို့ ဘာ ကိုင်ရမှန်းမသိတဲ့ အစိုးရဟာ သူတို့ကိုယ်တိုင် ထိထိရောက်ရောက် ကူညီေ စာင့်ရှောက်မှုမပေးနှိုင်သလို စိတ်လိုလက်ရ အကူအညီပေးလိုတဲ့ အမေရိ ကန်၊ ပြင်သစ်စတဲ့ နိုင်ငံခြားတိုင်းပြည်တွေရဲ့ အကူအညီကိုလည်း လက်မခံခဲ့ ကြပါဘူး။
သူတို့နဲ့ ဆန့်ကျင်ဖက်သာဓက ကတော့ တရုတ်ပြည်၊ စီချွမ်း (Sichun) ပြည် နယ်မှာ လှုပ်သွားတဲ့ ငလျင်ပါ။ အပျက်အစီးအရ မြန်မာပြည်အောက် မရောက်ပါဘူး တရုတ်ပြည်ကူညီစောင့်ရှောက်ရေးအဖွဲ့တွေက ချက်ချင်းေ ရာက်သွားပြီး ကယ်ဆယ်မှု ကူညီပံ့ပိုးမှုတွေ လုပ်ပေးခဲ့ကြတယ်။ တရုတ်ခေါင်းဆောင် ပရီးမီးယား ဝင်ကျားပေါင်ကိုယ်တိုင် ဒါကို အဓိက ဦး စားပေးအနေနဲ့ ဦးဆောင်လုပ်ပြလိုက်တော့ တစ်နိုင်ငံလုံး တက်ညီလက်ညီ ကူညီပံ့ပိုးပေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံရေး ကျွမ်းကျင်သူတွေကတော့ နာဂစ် မုန်တိုင်း အန္တရာယ်ဟာ နိုင်ငံရဲ့ စိုးရိမ်စရာအကောင်းဆုံးရေမှတ်ကိုရောက် သွားပြီး ပြောင်းလဲမှု၊ အစပျိုးပေးလိုက်တာလို့ သုံးသပ်ကြပါတယ်။ သူတို့ သုံးသပ်ချက်ဟာ အမှန်တရားးနဲ့ မဝေးလှဘူးလို့ ကျွန်တော်ထင်ပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၁ ခုရောက်တဲ့အခါမှာတော့ ဆိုင်းမဆင့်ဘုံမဆင့် နဲ့ ပြုပြင်ပြောင်းလဲရေးကိုစတင်အကောင်အထည်ဖော်လာပါတော့တယ်။
နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးခဲ့တယ်။ ဒီအထဲမှာ အောင်ဆန်ုးစု ကြည် လည်းပါဝင်ခဲ့ပါတယ်။ နိုဘယ်ဆုတံဆိပ်ရှင် အောင်ဆန်းစုကြည်ကို ၂၀၁၂ ခု ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်အရွေးခံခွင့်ပြုခဲ့တယ်။ သူမလည်း အရွေးချယ်ခံရပြီး ပါလီမန်ထဲရောက်သွားခဲ့ပါတော့တယ်။ ရွေးကောက်ပွဲပြီး တဲ့အခါမှာလည်း ခပ်သွက်သွက်ပဲ နိုင်ငံရေး အကျဉ်းသားတွေကို ဆက်ပြီး လွှတ်ပေးခဲ့ပါတယ်။ ဖြစ်နိုင်တဲ့အကြောင်းတစ်ရပ်ကတော့ စီးပွားရေးပိတ်ဆို့ ထားတဲ့ နိုင်ငံတွေကို စီးပွားရေးပြန်ဖွင့်ပေးလာအောင် စည်းရုံးလုပ်ဆောင် မှုတစ်ခုပါ။ ဒီအချက်ဟာ နိုင်ငံစီးပွားရေးအတွက် အရေးကြီးတယ်ဆိုတာ သူတို့ သိထားကြပါတယ်။ အနောက်နိုင်ငံတွေကလည်း အစပထမတော့ တွန့်ဆုပ်ဆုပ်ပါပဲ။ ဒါပေမဲ့ တဖြည်းဖြည်းဖွင့်ပေးလာခဲ့ကြတယ်။
၂၀၁၂ ခု နိုဝင်ဘာလထဲမှာ အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ကို အလည်ရောက်လာချိန်မှာ မြန်မာနိုင်ငံလည်း ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ် အပြည့်အဝရောက်ရှိလာခဲ့ပါတော့တယ်။

ဒီနိုင်ငံဟာ ၂၀၁၅ ခုမှာ အမှန်တကယ်လွပ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးေ ကာက်ပွဲကျင်းပလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီရွေးကောက်ပွဲဟာ ဒေါ်အောင်ဆန်းစုကြည် အပြတ်အသတ်အနိုင်ရပေမဲ့ စစ်အစိုးရက လုံးဝအသိအမှတ်မပြုခဲ့တဲ့ ၁၉၉၀ ခု ရွေးကောက်ပွဲပြီးမှာ ပထ မဆုံးကျင်းပနိုင်မဲ့ ရွေးကောက်ပွဲ ဖြစ်နေပါလိမ့်မယ်။ မြန်မာနိုင်ငံဟာ ဖြည်းဖြည်းနဲ့မှန်မှန် ပုံမှန်နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိလာနေပါတယ်။

၁၉၆၀ ခုနှစ်တွေအတွင်းမှာ မြန်မာ့ခေါင်းဆောင်ဗိုလ်ချုပ်နေဝင်းဟာ ဆိုရှယ် လစ်လမ်းစဉ်ကို လိုက်ခဲ့ပါတယ်။ ပြီးတော့ ဗြိတိသျှအစိုးရက စီးပွားရေးလုပ် ဖို့ခေါ်သွင်းလာတဲ့ အိန္ဒိယန်းတွေကို အိန္ဒိယပြန်ပို့ခဲ့တယ်။ အဲဒီ အိန္ဒိယန်းတွေ က စီးပွားရေးနဲ့ ကူသန်းရောင်းဝယ်ရေး ကျွမ်းကျင်သူတွေပါ။ သူတို့ကိုပြန်လွှတ်၊ တံခါးပိတ်ဝါဒကျင့်သုံးပြီး မြန်မာလူမျိုးတွေအချင်းချင်းပဲ စီးပွားရေးလည်ပတ်နေတော့ နိုင်ငံလည်း နှစ်ပေါင်းလေးဆယ်လောက် သေသွားတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်လောက်ကတော့ ဗိုလ်ချုပ်ကြီးတွေထဲမှာ ဥာဏ် ရည်ဥာဏ်သွေး အထက်မြက်ဆုံးဖြစ်တဲ့ ခင်ညွှန့်နဲ့ ကျွန်တော်အဆက် အသွယ်ရှိခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးတွေထဲမှာ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ စိတ် ဝင်စားတာလည်း သူတစ်ယောက်ပဲ ရှိပါတယ်။ ဆူဟာတို့လမ်းစဉ်ကိုလိုက်ဖို့ သူ့ကို ကျွန်တော်တိုက်တွန်းခဲ့ပါသေးတယ်။ စစ်ဝတ်စုံကိုချွတ်၊ နိုင်ငံရေးပါတီထောင်၊ ရွေးကောက်ပွဲနိုင်အောင်လုပ်၊ လူထု ရဲ့ထောက်ခံမှုရလာပြီဆိုရင် စီးပွားရေးတံခါးဖွင့်လိုက်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်ပြောပြီးလို့ မကြာခင်မှာပဲ ခင်ညွှန့်လည်း အဖမ်းခံလိုက်ရပြီး နေ အိမ် အကျယ်ချုပ် အချခံလိုက်ရပါတော့တယ်။ အဲဒီနောက် မြန်မာစစ်တပ်နဲ့ ကျွန်တော်လည်း အဆက်အသွယ်မရှိတော့ပါဘူး။ နောက်ပြီး မြန်မာပြည် သွားပြီး တိုက်တွန်းနေလို့လည်း စင်္ကာပူအတွက် အကျိုးအမြတ် ဘာမှမရှိနိုင် ဘူးလို့လည်း သုံးသပ်မိပါတယ်။
နိုင်ငံတော်တော်များများကြိုးးစားခဲ့ကြပြီး ဘယ်သူမှလည်း အောင်မြင်မှု မရရှိခဲ့ကြပါဘူး။ ဒါကြောင့် ဒီ အလုပ်ဟာ ကျွန်တော်လုပ်ရမယ့်အလုပ်လို့ မထင်တော့ပါဘူး။

ဆက်ရန်
ဇင်ဝေသော်

မစ္စတာလီရဲ့နေဝင်ချိန်မှာတမ်း


ကမ်းလက် shared Ashin Kavissara's photo.
 
 
မစ္စတာလီရဲ့နေဝင်ချိန်မှာတမ်း
(ဇင်ဝေသော် ဘာသာပြန်)
ကျနော့်ဘဝရဲ့ အမှတ်ရစရာအကောင်းဆုံးတွေက စင်္ကာပူကို ကိုယ်ကျင့်တရား မပျက်တဲ့နိုင်ငံ၊ အရည်အချင်းကို ရှေ့တန်းတင်တဲ့နိုင်ငံ၊ နိုင်ငံသားတိုင်း သာတူညီမျှ ရှိတဲ့နိုင်ငံဖြစ်လာဖို့ လူထုကို စည်းရုံးခဲ့ရတာတွေပါ။ ဒါတွေက ကျနော်သေတဲ့နောက်အထိ ကျန်နေရစ်မယ့် အကျိုးတရားတွေဖြစ်ပါတယ်။ ဒီဥပဒေတွေရှိနေရင် စင်္ကာပူလည်း ပန်းပန်နေနိုင်မှာပါ။ ဒါဟာ ကျနော့်ရဲ့ အကြီးမားဆုံး မျှော်လင့်ချက်ဖြစ်ပါတယ်။
လုပ်စရာရှိတာတွေကို အကောင်းဆုံးလုပ်ခဲ့ပြီးတဲ့နောက် ဒီဘဝနဲ့ပတ်သက်လို့ ဘာမှ အလွမ်းသယ်နေစရာလည်း မလိုတော့ပါဘူး။
သူများတွေယုံကြည်သလို ကောင်းကင်ဘုံမှာ ကျနော်နဲ့ကျနော့်ဇနီး ပြန်တွေ့ရမယ် လို့လည်း မယုံကြည်ပါဘူး။
သူလည်း ပြာအိုးပဲကျန်တယ်၊ ကျနော်လည်း ပြာအိုးပဲ ကျန်ရစ်မှာပါ။
(From One Man's View of the World)

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (အမေးအဖြေ)


တစ်ကိုယ်ရေဘဝ
(ထွက်သွားဖို့ အဆင်သင့်ဖြစ်နေပြီ။ အမေးအဖြေ)

မေး ။ ။ မစ္စတာလီက အမည်ခံ ဗုဒ္ဓဘာသာလို့ တစ်ခါက ပြောဖူးတယ်နော်။ အခုလည်း ဒီအတိုင်းပဲလား။
ဖြေ ။ ။ ဟုတ်တယ်။ အရင်အတိုင်းပဲ။ ငါက ခရစ်ယန်လည်း မဟုတ်၊ တာအို ဘာသာဝင်လည်း မဟုတ်ဘူး။ ငါက ဒီ ဘာသာနှစ်ခုထဲမှာ ဘယ်အထဲမှ ပါမနေဘူး။

မေး ။ ။ မစ္စတာလီ ပြောတဲ့ “ဓလေ့ထုံးစံ” ဆိုတာ ဘာကို ဆိုလိုတာလဲ။
ဖြေ ။ ။ သတ်မှတ်ထားတဲ့နေ့မှာ မိဘဘိုးဘွားတွေကို အစားအသောက်တွေနဲ့ တင်ကြ၊ ပူဇော်ကြတာ စတာမျိုးပေါ့။ ငါတင်မြှောက်ပူဇော်ဖို့ အလုပ်သမားတွေ က စားပွဲပေါ် အဆင်သင့် ပြင်ဆင်ပေးထားကြတယ်။ ငါ မရှိတော့ရင် ဒါတွေ လည်း ရှိမှာ မဟုတ်တော့ဘူး။ ဒါက Qing Ming လက်ထက်က သုဿာန်သွားပြီး ရှင်းလင်းသုတ်သင်ပေးတာမျိုးပါ။ မျိုးဆက်တွေ ပြောင်းလာတာနဲ့အမျှ လုပ်ဆောင်တဲ့ ပုဂ္ဂိုလ်လည်း နည်းနည်း လာတယ်။ ဒါက ဓလေ့ထုံးစံပေါ့။

မေး ။ ။ ဘာသာတရား မရှိဘူးဆိုရင် စိတ်သက်သာအောင် ဘယ်လို ဖန်တီး ယူသလဲ။
ဖြေ ။ ။ စိတ်သက်သာမှုဆိုတာ နာကျင်ကိုက်ခဲတဲ့ ဝေဒနာတွေ အဆုံးသတ် မှုပေါ့။ ဘဝအဆုံး အပိုင်း (သေခြင်းတရား) အမြန်ရောက်လာပါစေလို့ ဆုတောင်း မျှော်လင့်ရတာပဲ။ အသက် (၈၉) နှစ်မှာ နာရေးသတင်းတွေကို ဖတ်ရင်း ငါ့ထက် အသက်ပိုရှည်အောင် နေရတဲ့လူ တော်တော် နည်းတယ် ဆိုတာ တွေ့ရတယ်။ ဒါနဲ့ ငါလည်း စဉ်းစားနေမိတယ်။ သူတို့ ဘယ်လိုနေပြီး ဘယ်လို သေခဲ့ကြပါလိမ့်၊ ဝေဒနာတွေ အကြာကြီး ခံစားခဲ့ကြရတာလား။ မလှုပ်နိုင်၊ မရှားနိုင် ဘဝနဲ့လား စသည်ဖြင့်ပေါ့။ အသက် (၈၉) နှစ်မှာ ငှက်ပျော တုံးလို ဘဝနဲ့ ပိုက်ကနေ အစာသွင်း မခံချင်ရင် ဆေးပညာအရ ကြိုတင် လမ်းညွှန်မှု (AMD) လုပ်ထားဖို့ ငါကတော့ အကြံပေးမှာပဲ။ အသက်ကယ်ဖို့ ဆိုပြီး ဘာမှ မလုပ်ပါနဲ့၊ သဘာဝအတိုင်းပဲ သေပါရစေလို့ ပြောလိုက်။

မေး ။ ။ အကြောင်းအမျိုးမျိုးတော့ ရှိမှာပေါ့။ စင်္ကာပူမှာ ဒါမျိုး လုပ်လေ့လုပ်ထ သိပ်မရှိသေးဘူး။
ဖြေ ။ ။ အေးလေ၊ သူတို့က သေခြင်းတရားကို ကြိုတင် ရင်မဆိုင်ချင်လို့ နေ မှာပေါ့။

မေး ။ ။ တချို့နိုင်ငံတွေမှာ တရားဝင် ခွင့်ပြုထားတဲ့ “euthanasia” (ရောဂါ မခံစားရစေဖို့ ဆေးဝါး အကူအညီဖြင့် အဆုံးစီရင်ပေးခြင်း) ကို လက်ခံ တယ်ပေါ့။
ဖြေ ။ ။ လူတွေကို သိသိကြီးနဲ့ သတ်ပစ်တာ မဟုတ်ဘဲ ဝေဒနာ အသည်း အသန် မခံစားရအောင် လူနာကိုယ်တိုင်က ရွေးချယ်တာမျိုး ဆိုရင်တော့ ဒတ်(ခ်ျ) တွေလို “Yes” လို့ ဆိုရမှာပဲ။ ဒါကြောင့် ငါ့ရဲ့ ဆေးပညာကြိုတင် လမ်းညွှန်ချက်မှာ “သွားပါရစေတော့” လို့ ဆိုထားတာ။

မေး ။ ။ မစ္စတာလီရဲ့ မြေးတစ်ယောက်က "ကောင်းမွန်တဲ့ ဘဝဆိုတာ ဘယ်လို ဘဝလဲ" လို့ မေးလာရင် ဘယ်လို ဖြေမလဲ။
ဖြေ ။ ။ အသက်နှစ်ဆယ်ကျော်မြေးတွေ ငါ့မှာ ရှိတယ်။ သူတို့ကတော့ ဒီလို မေးခွန်းမျိုး ဘာမမေးဘူး။ သူတို့ကိုယ်တိုင် သိထားပြီးကြပြီးသားပဲ။ လူတွေနေထိုင်တဲ့ ရုပ်ဝတ္ထုကမ္ဘာက ပြောင်းလဲနေသလို သူတို့ တွေ့ကြုံ ဆက်ဆံနေရတဲ့ လူတွေနဲ့အညီ မျိုးဆက်တိုင်းရဲ့ ဘဝရည်ရွယ်ချက် ပန်းတိုင်တွေလည်း ပြောင်းလဲလာတယ်။

မေး ။ ။ မစ္စတာလီ ဆိုလိုတာက လူငယ်တွေအပေါ် ပြောနေလည်း ဩဇာ သက်ရောက်မှု မရှိဘူး ဆိုလိုတာလား။
ဖြေ ။ ။ မဟုတ်ဘူး။ သူတို့အသက် ဆယ့်ခြောက်၊ ဆယ့်ခုနှစ်နှစ်အထိ အခြေခံ သဘောတရားတွေကို သင်ကြားပေးလို့ ရတယ်။ တစ်ခါတလေ ဒီထက် လည်း စောမယ်၊ အဲဒီနောက် သူတို့စိတ်ကို သူတို့ ပိုင်သွားပြီ၊ သူတို့မြင်တွေ့ သမျှတွေ၊ သူတို့နဲ့ ခေတ်ပြိုင်တွေရဲ့ ဩဇာလွှမ်းမိုးမှုပဲ သူတို့အပေါ်မှာ ရှိတော့ တယ်။

မေး ။ ။ နောက်ဘဝမှာ မစ္စတာလီရဲ့ ဇနီးကို တွေ့ရမှာ မဟုတ်ဘူး၊ တွေ့ရမယ် ဆိုတာ မယုံကြည်ဘူး လို့ ဆိုခဲ့တယ်နော်။ တစ်ယောက်တည်း တိတ်တိတ် ဆိတ်ဆိတ် အချိန်မှာတောင် ဒီယုံကြည်မှုက ရှိနေဆဲပဲလား၊ လူသားတစ်ယောက်အနေနဲ့ မမျှော်လင့်ကောင်းဘူးလား။
ဖြေ ။ ။ ဒီယုံကြည်မှုက ယုတ္တိမရှိဘူး။ နောက်ဘဝ ရှိတယ်ဆိုပါတော့၊ ဒါဆို ဘယ်နေရမှာ နောက်ဘဝက ရှိနေမှာလဲ။

မေး ။ ။ နာမ်ဘဝမျိုးနဲ့ပေါ့။
ဖြေ ။ ။ ဒါဆို တစ္ဆေသရဲတွေလိုပဲလား။ ငါတော့ မထင်ပါဘူး။

မေး ။ ။ မစ္စက်လီအကြောင်း မကြာမကြာ စဉ်းစားမိသလား။
ဖြေ ။ ။ သူ့အရိုးပြာအိုး ငါ့ဆီမှာ ရှိတယ်။ ငါသေပြီးရင် ငါ့အရိုးပြာအိုးကို သူ့အိုးနဲ့ အတူတူ ယှည်ထားဖို့ ငါ့ကလေးတွေကို မှာထားတယ်။ ဒါက ခံစားမှုသဘော သက်သက်ပါ။

မေး ။ ။ မျှော်လင့်ချက်ရော မရှိဘူးလား။
ဖြေ ။ ။ မရှိပါဘူး။ သူလည်း မရှိတော့ဘူး။ သေသွားတဲ့နောက် ကျန်ရစ်ခဲ့တာ က အရိုးပြာအိုး တစ်လုံးပဲ။ ငါလည်းပဲ အရိုးပြာအိုးတစ်လုံး ချန်ထားခဲ့ပြီး သွားရမှာပဲ။ ခံစားချက်အနေနဲ့တော့ ငါတို့ အရိုးပြာအိုး နှစ်လုံး ယှဉ်တွဲထား တာပေါ့။ ဒါပေမဲ့ နောက်ဘဝမှာ အတူပြန်ဆုံဖို့ဆိုတာကတော့ တကယ်ဖြစ် လာဖို့ ခက်ခဲလွန်းလှပါတယ်။ ဒါပေမဲ့ ဟိန္ဒူတွေကတော့ ဒါကို ယုံတယ် မဟုတ်လား။

မေး ။ ။ ဟုတ်ပါတယ်။ ဒါက ဟိန္ဒူယုံကြည်မှုပါ။
ဖြေ ။ ။ ဒီဘဝမှာ ကောင်းကောင်းနေရင် နောက်ဘဝဟာ ပိုကောင်းတယ်၊ ကောင်းကောင်းမနေရင် ခွေးစသည် ဖြစ်တတ်တယ်ဆိုတာမျိုးလေ။

မေး ။ ။ ဗုဒ္ဓဘာသာတွေလည်း ဒါကို ယုံကြည်ကြပါတယ်။

ဖြေ ။ ။ ဒါပေမဲ့ ဟိန္ဒူတွေလောက် အယူပြင်းပြင်းထန်ထန် မရှိလှပါဘူး။

မေး ။ ။ ကက်ဘိနက်ထဲမှာ ရှိနေတုံးကနဲ့ နှိုင်းစာရင် ဒီနေ့ နေ့စဉ် လုပ်ငန်းတွေ က တော်တော် ကွာခြားသွားသလား။
ဖြေ ။ ။ ကွာတာပေါ့။ အခု ဖိအား မရှိတော့ဘူး။

မေး ။ ။ ဒါပေမဲ့ မစ္စတာလီက အမြဲတမ်းလိုလို ဖိအားတွေကြုံရတိုင်း ကောင်းေ ကာင်းမွန်မွန် ဖြေရှင်းနိုင်ခဲ့တယ် မဟုတ်လား။
ဖြေ ။ ။ အလုပ်ဖိအားဆိုတာ ဆုံးဖြတ်ချက် ချရတာမျိုးကို ခေါ်တာလေ။ တစ်ချိန် တည်းမှာ ဆုံးဖြတ်ချက် ချစရာတွေ ပြိုင်ပြီး ရောက်လာရင် မွေးခွန်းတွေ ကို သေသေချာချာ စီစစ်ပြီး ဆုံးဖြတ်လိုရတာပါ။ ဆုံးဖြတ်ပြီးပြီဆိုတဲ့နောက် နောက်ပြန်ဆုတ်လို့က မရတော့ဘူး။ ဖိအားချင်း မတူကြဘူး။

မေး ။ ။ အဲသလို ဖိအားတွေကို သတိမရဘူးလား။
ဖြေ ။ ။ မရပါဘူး။ ဘာ့ကြောင့် သတိရနေရမှာလဲ၊ ငါလုပ်ရမယ့်တာဝန်ကို လုပ်ခဲ့ပြီးပြီပဲ။

မေး ။ ။ ကက်ဘိနက် အစည်းအဝေးတွေ၊ လူငယ်ဝန်ကြီးတွေနဲ့ အပြန်အလှန် ဆက်ဆံရတာမျိုးတွေကို သတိမရဘူးလားလို့ ဆိုလိုတာပါ။
ဖြေ ။ ။ သတိမရပါဘူး။ နေရာဖယ်ပေးရတော့မယ့် အချိန်ရောက်ပြီလို့ ထင်တယ်။ ငါ့အသက်က အခု (၈၉) နှစ်။ ငါတို့ ကျင်လည်ခဲ့ရတဲ့ ကမ္ဘာနဲ့ အချက်အလက်တွေကို ကြည့်ရင် ပြောပြနေပုံအရ ငါ့ခေါင်းထဲမှာ စင်္ကာပူရဲ့ ပုံစံ၊ စင်္ကာပူရဲ့ တွေးခေါ် သုံးသပ်ပုံတွေက ပုံသေကြီး ဖြစ်နေပြီ။ စင်္ကာပူက ငါတို့ခေတ်နဲ့ မတူ ပြောင်းလဲနေတယ်။ လူနေရပ်ကွက်တွေထဲ ငါကိုယ်တိုင် သွားခဲ့တယ်။ ရပ်ကွက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့တယ်။ သူတို့နဲ့ အပြန် အလှန် ဆက်ဆံခဲ့တယ်။ လက်တွေ့ကျကျ ကွင်းဆင်းကြည့်ရတာကို ကျေ လည်း ကျေနပ်တယ်။ အခု ဒါမျိုးတွေ မရှိတော့ဘူး။ သူတို့သတင်းပို့သလောက်နဲ့ ပြီးနေရတယ်။ ဒီနှစ်ခုက လုံးဝ မတူဘူး။ ဒီတော့ ဒီတာဝန်ကို လက်တွေ့ကွင်းဆင်းနိုင်တဲ့ လူတွေရဲ့ လက်ထဲပဲ အပ်ခဲ့ရတော့ တယ်။

မေး ။ ။ ၂၀၁၁ - ခု ရွေးကောက်ပွဲကြီးအပြီး မကြာမီမှာပဲ အစိုးရအဖွဲ့ထဲ ကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်ချက် ချလိုက်ခြင်းအတွက် နောင်တရော မရမိ ဘူးလား။
ဖြေ ။ ။ မရပါဘူး။ အောက်ခြေလူတန်းစားတွေနဲ့ ထိတွေ့ ဆက်ဆံနိုင်တဲ့ စွမ်းရည် (ကျန်းမာရေး သန်စွမ်းမှု) မရှိဘဲ ဘယ်လိုလုပ် ဆုံးဖြတ်ချက်တွေ ချနိုင်တော့မှာလဲ။ စိတ်ကျန်းမာရေးက ပြဿနာ မရှိဘူး။ ငါ့မှာ လေဖြတ်တာ၊ အတိတ်မေ့တာတွေ မရှိဘူး။ ဒါပေမဲ့ စိတ်သွားတိုင်း ကိုယ်က မပါတော့ဘူး။ အခု အင်တာဗျူး မလုပ်ခင်မှာပဲ နေ့လည်စာ အနည်းငယ်စား၊ စက်ပေါ်မှာ လမ်းလျှောက် ကျန်းမာရေးလုပ်၊ (၁၅) မိနစ် အနားယူခဲ့ရတယ်။ အရင်က ဒါမျိုးတွေ မလုပ်အပ်ခဲ့ဘူး။

မေး ။ ။ ဒီတော့ လုပ်ချင်လျက် မလုပ်ခဲ့ရတဲ့ကိစ္စမျိုးတွေ မရှိဘူးပေါ့။
ဖြေ ။ ။ မရှိဘူး။ စိတ်ကူးထဲ ရှိတာတွေ လုပ်ခဲ့ပြီးပြီ။ ဝန်ကြီးချုပ် ရာထူးကို ဂိုချောက်တောင် လက်ထဲ လွှဲအပ်ခဲ့တယ်။ သူ့ကို အကူအညီတော့ ဆက်ပေးခဲ့တယ်။ သူကလည်း ဒီရာထူးကို လီရှန်လွန်းလက်ထဲ လွှဲအပ်ခဲ့ပြန်တယ်။ အခု မျိုးဆက်က ငါ့မျိုးဆက်နဲ့ မတူတော့ဘူး။ ငါ့အကူအညီတွေကလည်း အရင်လောက် အဓိပ္ပါယ် မရှိတော့ဘူး။ သူတို့ တရုတ်တိုင်းရင်းသား ဘာသာစကားနဲ့ တီဗွီအစီအစဉ်တွေ ပြန်လွှင့်ဖို့ စိတ်ကူးတာမျိုးက လွဲရင်ပေါ့။

ဆက်ရန်

ဇင်ဝေသော်

လူတစ်ယောက်ရဲ့အမှာ (လီကွမ်ယု)


(ကော်ပီရိုက် သဘောတူညီမှုအတွက် ညှိနှိုင်းနေပါပြီ။ ပြီးတာနဲ့ "လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်" ထွက်ဖို့ပါပဲ။ ဘာသာပြန်ဆိုလို့ ပြီးသွားပါပြီ။)

နှစ်ပေါင်း တစ်ရာအတွင်းမှာ ကမ္ဘာဟာ မယုံကြည်နိုင်လောက်အောင် ပြောင်း လဲခဲ့တယ်။ ကျွန်တော် ကလေးဘ၀ ၁၉၂၀ ၀န်းကျင်တုံးက ဘဒုတ်(Bedok) ကနေ (Chai Chee) ချိုင်ချီးမှာ ရှိတဲ့ အဖိုးရဲ့ နှစ်မိုင်အကွာ ရာဘာခြံကိုရောက် ဖို့ နွားလှည်းနဲ့ နှစ်နာရီကြာအောင်သွားခဲ့ရတယ်။ ပိုပြီး အံ့သြစရာ ကောင်း တာက ဒီနေ့ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်နိုင်ခြင်းပါ။ ၁၉၃၀ ခုနှစ်တွေတုံးက စာဖတ်ချင်တဲ့ ကျေုာင်းသားလေးတစ်ယောက်အနေနဲ့ အင်္ဂလန်ကနေ ငါးရက်၊ ခြောက်ရက်၊ တစ်ပတ် ကြာအောင် မောင်းနှင်ရတဲ့ သင်္ဘောဆိုက်ရောက်ချိန်ကို မျှော်နေခဲ့ရတယ်။ သင်္ဘောက ကြာသပတေး (သို့) သောကြာနေ့တွေမှာဆိုက်ရောက်တတ်ပြီး သူနဲ့အတူ လူငယ်ဂျာနယ် ( boys –journals )တွေ ပါလာတတ်ပါတယ်။

ဒီနေ့ စာတစ်စောင်က ဂျက်လေယဉ်တွေနဲ့ သယ်ဆောင်တာမှို့ ဒီကိုရောက်ဖို့ နာရီပိုင်းပဲ ကြာပါတော့တယ်။ ဒါတောင် စာကိုစိတ်ဝင်စားသူ သိပ်မရှိလှတော့ ပါဘူး။ မိုဘိုင်းဖုန်းတွေ၊ အင်တာနက်တွေကနေ ဓာတ်ပုံ၊ သတင်းစကား၊ အီးမေးတွေကို လက်ဖြစ်တစ်တွက်အတွက်း ပို့နိုင်၊ သတင်းပြန်နိုင်နေကြပါပြီ။ ဒီလိုအပြောင်းအလဲတွေ ဖြစ်လာ လိမ့်မယ်လို့ ကျွန်တော် ကြိုတင်မမြင်နိုင်ခဲ့ပါ ဘူး။ စင်္ကာပူရဲ့ အပြောင်းအလဲကို ကြိုတင်သိမြင်ဖို့ဆိုတာ ပိုလို့တောင် အလှမ်းဝေးနေပါသေးတယ်။
ဒါဆိုရင် လာမယ့်အနာဂတ် နှစ်ငါးဆယ်မှာ ကမ္ဘာက ဘယ်ပုံစံ ဖြစ်နေ မလဲ။ လာမယ့်အနှစ်ငါးဆယ်မှာ အပြောင်းအလဲတွေ ဒီထက် ပိုမြန်ဆန်လိမ့်မယ် ဆိုတာကလွဲပြီး ဘယ်သူမှ တိတိကျကျ အဖြေမထုတ်နိုင်ပါဘူး ။ ဒီတော့ လာမယ့် ၁၅ နှစ်နဲ့ အနှစ် ၂၀ အတွင်း ဘာတွေဖြစ်နိုင်တယ် ဆိုတာကို တစ်ချို့ အဖြစ်ပျက်တွေကို အချေခံပြီး ခန့်မှန်းခြင်းက ပိုလက်တွေ့ကျပါတယ် ။ ဒါတောင် မရေရာမှုတွေ အများကြီးပါ ။

ဒီစာအုပ်ဟာ ကျွန်တော့်ရဲ့ ကမ္ဘာပေါ် အမြင်ဖြစ်ပြီး မဝေးလှတဲ့ အနာဂတ်မှာ ယှဉ်ပြိုင် လာနိုင်တဲ့ အင်အားစုတွေ အကြောင်းပဲဖြစ်ပါတယ်။ လတ်တလောမှာ ဘာတွေဖြစ်နေတယ်၊ ဒါတွေရဲ့ အကြောင်းရင်းတွေက ဘာတွေဆိုတာကို ကျကျနန နားလည်သဘောပေါက်ထားခြင်းဟာ အနာဂတ်မှာ ဘာတွေဖြစ် လာနိုင်တယ်ဆိုတာကို အဖြေထုတ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အချက်တွေ ဖြစ် ပါတယ်။ ကျွန်တော့်ရဲ့ နားလည်သဘောပေါက်မှုဟာ နှစ်ငါးဆယ်အတွင်း ကျွန်တော် တွေ့ဆုံဆက်ဆံခဲ့ရတဲ့ လူတွေဆီက အတွေ့အကြုံနဲ့သင်္ခန်းစာ၊ ကျွန်တော်ကိုယ်တိုင် လေ့လာသုံးသပ်ခြင်းအပေါ်မှာ အခြေခံ ပါတယ်။ ဒီနှစ်တွေတွင်း စင်္ကာပူရဲ့ နိုင်ငံခြားရေးရာ ပေါ်လစီနဲ့ ဆက်စပ်ပြီး ဒီနေ့ ကမ္ဘာ ရဲ့ ပြသနာကို ကိုယ်တိုင်ကြုံတွေ့ ရင်ဆိုင် ဖြေရှင်းနေကြရတဲ့ အဓိက ခေါင်းဆောင်ကြီးတွေနဲ့ တွေ့ဆုံခွင့်၊ သူတို့ဆီက လေ့လာခွင့်တွေ ကျွန်တော် ရရှိခဲ့ပါတယ်။

သူတို့ရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်မှုတွေကြောင့် ကမ္ဘာအပေါ် အကျိုးသက်ရောက်မှု အများဆုံး ရောက်ရှိသွားနိုင်တဲ့ နိုင်ငံ နှစ်နိုင်ငံကတော့ အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်တို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ စင်္ကာပူအနေနဲ့ ဥရောပ၊ ဂျပန်၊ ကိုးရီးယား ၊ အရှေ့တောင်အာရှနိုင်ငံတွေ။ အိန္ဒိယ အရှေ့ အလယ်ပိုင်း နိုင်ငံတွေနဲ့ ချိတ်ဆက်ထားနိုင်ဖို့ကိုလဲ တတ်နိုင်သလောက် ကြိုး စားယူရမှာ ဖြစ်ပါ တယ်။ ဒီနိုင်ငံတွေကြားမှာ ပဋိပက္ခအသွင်ဆောင်နိုင်တဲ့ ကိစ္စရပ်တွေနဲ့ ဒါတွေကြောင့် အနာဂတ် အကျိုးဆက် ဘယ်လိုရှိနိုင်တယ် ဆိုတာကို (ဒီစာအုပ်မှာ )ရေးထားတာဖြစ်ပါတယ်။

စင်္ကပူကတော့ ကမ္ဘာကိုအရှိတိုင်းပဲ လက်ခံထားရမှာ ဖြစ်ပါတယ်။ ကမ္ဘာကို ပြောင်းလဲ ပေးဖို့ စင်္ကပူက အလွန်သေးငယ်လွန်းလှပါတယ်။ ဒါပေ မဲ့ ဒေသတွင်းက နိုင်ငံကြီးတွေရဲ့အကြားမှာ ကျွန်တော်တို့ ရှင်သန် ရပ်တည် ခွင့် နယ်ပယ် အကျယ်ပြန့်ဆုံးရရှိအောင်တော့ ကြိုးစားယူနိုင်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ဦးတည်ချက်ဖြစ်ပြီး ဒီဦးတည်ချက်အတိုင်းခရီးဆက်ဖို့လည်း ကြိုးစားအားထုတ် သွားရမှာဖြစ်တယ်။ နိုင်ငံတွင်းမှာတော့ စင်္ကာပူအောင်မြင်မှု ကို အရည်အသွေးသုံးရပ်နဲ့ ဖော်ဆောင် သွားနိုင်ပါတယ်။

၁ ။ နေထိုင်ဖို့နဲ့အလုပ်လုပ်ဖို့အတွက် လုံခြုံအေးချမ်းတဲ့နိုင်ငံဖြစ်နေအောင် ကြိုးစားအားထုတ်မှု
၂ ။ နိုင်ငံသားအားလုံးကို တန်းတူညီမျှဆက်ဆံမှု
၃ ။ မျိုးဆက်တိုင်းမှာ ဒီအောင်မြင်မှု ဆက်လက်ရှင်သန်နေအောင် စနစ်တကျ စီမံအကောင်အထည် ဖော်ပေးမှုတွေပဲ ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ တည်ဆောက်ယူခဲ့ရတဲ့ အခြေခံ အချက်သုံးချက် မရှိဘူးဆို ရင် လက်ရှိ ခံစားနေရတဲ့ အသီးအပွင့် တွေလည်းမရှိနိုင်တော့ပါဘူး။ စင်္ကပူနိုင်ငံထဲကို လာရောက်ရင်းနှီးမြှပ်နှံတဲ့ ပြည်တွင်း၊ ပြည်ပစိးပွားရေ သမားတွေအနေနဲ့ စင်္ကပူကိုယုံကြည်စိတ်ချနေကြရပါမယ်။ အထက်ပါ အချက် သုံးချက်ရှိနေမှ သူတို့ကယုံကြည်ပြီး ကျွန်တော်တို့အနာဂတ် ခရီးကို အရှိန် မပျက် ခရီးဆက်သွား နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ကသာ ဒီလမ်းစဉ်အတိုင်း ကမ္ဘာနဲ့ ချိတ်ဆက်မထားနိုင်ဘူးဆိုရင် ကျွန်တော်တို့လည်း ကမ္ဘာအပြင် ရောက်သွားမှာ ဖြစ်ပါတယ်။

စင်္ကာပူအောင်မြင်မှုကို အရည်အသွေးသုံးရပ်နဲ့ ဖော်ဆောင် သွား


နိုင်ငံတွင်းမှာတော့ စင်္ကာပူအောင်မြင်မှုကို အရည်အသွေးသုံးရပ်နဲ့ ဖော်ဆောင် သွားနိုင်ပါတယ်။
၁ ။ နေထိုင်ဖို့နဲ့အလုပ်လုပ်ဖို့အတွက် လုံခြုံအေးချမ်းတဲ့နိုင်ငံဖြစ်နေအောင် ကြိုးစားအားထုတ်မှု
၂ ။ နိုင်ငံသားအားလုံးကို တန်းတူညီမျှဆက်ဆံမှု
၃ ။ မျိုးဆက်တိုင်းမှာ ဒီအောင်မြင်မှု ဆက်လက်ရှင်သန်နေအောင် စနစ်တကျ စီမံအကောင်အထည်ဖော်ပေးမှု တွေပဲ ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ တည်ဆောက်ယူခဲ့ရတဲ့ အခြေခံအချက်သုံးချက် မရှိဘူးဆိုရင် လက်ရှိခံစားနေရတဲ့ အသီးအပွင့် တွေလည်းမရှိနိုင်တော့ပါဘူး။ စင်္ကပူနိုင်ငံထဲကို လာရောက်ရင်းနှီးမြှပ်နှံတဲ့ ပြည်တွင်း၊ ပြည်ပစီးပွားရေားသမားတွေအနေနဲ့ စင်္ကာပူကိုယုံကြည်စိတ်ချနေကြရပါမယ်။ အထက်ပါ အချက်သုံးချက်ရှိနေမှ သူတို့က ယုံကြည်ပြီး ကျွန်တော်တို့အနာဂတ် ခရီးကိုအရှိန်မပျက် ခရီးဆက်သွားနိုင်မှာဖြစ် ပါတယ်။ ကျွန်တော်တို့ကသာ ဒီလမ်းစဉ်အတိုင်း ကမ္ဘာနဲ့ ချိတ်ဆက် မထားနိုင်ဘူးဆိုရင် ကျွန်တော်တို့လည်း ကမ္ဘာအပြင် ရောက်သွားမှာ ဖြစ်ပါတယ်။
(လီကွမ်းယု အမှာစာမှ)

လူတယောက်ရဲ့ ကမ္ဘာ့အမြင် (ဥရောပ)


(စိတ်ဝင်စားပြီး အချိန်လည်း ပေးနိုင်တဲ့ စာဖတ်ပရိသတ်အတွက်ပါ)

မေး ။ ။ ဥရောပနိုင်ငံတွေ တစ်နိုင်ငံခြင်း တိုးတက်လာနေပုံတွေကို ဘယ်လိုမြင် မိပါသလဲ ဥပမာ ဂျာမဏီဆိုရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ အတော်ကြီးကောင်းမွန်နေတာကို တွေ့ရတယ်။

ဖြေ ။ ။ဟုတ်တယ်။ ဒါက သူတို့က ၀င်ငွေထက် ပိုမသုံးတာရယ်၊ အလုပ် သမားတွေရဲ့ အရည်အချင်း ပိုမြင့်မားတာရယ်ကြောင့်။ သူတို့က ကမ္ဘာမှာ အကောင်းဆုံး စက်ပစ္စည်းတွေ၊ မာစီးဒီး၊ ဗောက်ဝက်ဂွန်း၊ BMW ပိုရှေးတို့လို ကားတွေ ထုတ်လုပ်နိုင်ကြတယ်။။ သူတို့လု့အဖွဲ့အစည်းရဲ့ပင်ကိုယ်စရိုက်ကြောင့် ဂျာမဏီက ရှေ့ဆက်ပြီးတော့လည်း အောင်မြင်နေလိမ့်မယ်။ ဥရောပတတိုက်လုံးတောင် သိမ်းပိုက်နိုင်လုနီးပါး ဖြစ်ခဲ့တာပဲ၊ ၀င်စတန်ချာချီမရှိ၊ ဆိုဗီယက်ပြည်ထောင်စုကိုလည်း မိုက်တိမိုက်ကန်း ၀င်မတိုက်၊ အမေရိကန် လည်း မရှိဘူးဆိုရင် ဟစ်တလာက ဥရောပ တစ်တိုက်လုံးကို သိမ်းပိုက်လိုက် နိုင်ပြီ၊ အခုဆို ဥရောပက ဂျာမန်စကားပြောတောင် ဖြစ်နေလောက်ပြီ။

မေး ။ ။ လာမယ့်အနှစ်နှစ်ဆယ်အတွင်းမှာ ဗြတိန်ကရော အားကောင်းလာမ လား၊ အားလျော့သွားမလား။
ဖြေ ။ ။ပုံမှန်အတိုင်းလေး ရှိနေလိမ့်မယ၊် ဗြိတိန်ဆိုတာ အင်ပါယာကြီးတစ်ခု တည်ထောင်နိုင်ပြီး အမေရိကန်တွေရဲ့ ဖိအားကြောင့်သာ ဒုတိယကမ္ဘာစစ် အပြီးမှာ အင်ပါယာပြိုကွဲခဲ့ရတဲ့ နိုင်ငံဖြစ်တယ်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဘင်္ဂ လား ဒေ့(ရှ်) ကို လက်လွတ်လိုက်ရတဲ့နောက် ကျန်တာတွေ အရေးမပါတော့ ဘူး၊ တစ်ချိန်က ဓနသဟာယရဲ့အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ သြစတေးလျ ၊ နယူး ဇီလန်နဲ့ ကနေဒါတို့ကိုကြည့်ရင် ဓနသဟာယ အဖွဲ့ဆိုတာ သူတို့ အတွက် ဘာအဓိပ္ပါယ်မှ မရှိတော့ဘူး ဆိုတာတွေ့ရလိမ့်မယ်။ အခုသူတို့ အမြင်မှာ အရေးပါတဲ့သူတွေက အမေရိကန်နဲ့ နေတိုးတို့ပဲ ဖြစ်နေတော့တယ်။ သူတို့နဲ့ ယဉ်ကျေးမှု၊ ပထ၀ီ နိုင်ငံရေးအရ တူညီတဲ့ နောက်ထပ် အင်အားကြီးနဲ့ပူးပေါင်းဖို့ပဲ သူတို့ စိတ်ထဲမှာရှိတယ်။

မေး ။ ။ ဥရောပက တစ်စုတစ်စည်းတည်း ရှိမနေဘူး၊ တရုတ်ကလည်း ဆက် လက် ဖွံ့ဖြိုးတိုးတက်လာနေပြီး အာရှကို လွှမ်းမိုးထားမယ်ဆိုရင် စင်္ကာပူ အပါအ၀င် အရှေ့တောင်အာရှနိုင်ငံတွေနဲ့ သူတို့ဆက်ဆံရေးက ပိုပိုပြီး အလှမ်းဝေးသွားနိုင်မလား။
ဖြေ .။ အေးလေ၊ ဥရောပကို ပြတိုက်အဟောင်းအနေနဲ့ပဲ ရှုမြင်နေခဲ့ကြတာ ကာလ အတန်ကြာပါပြီ၊ ဒါပေမဲ့ ဥရောပဟာ ယဉ်ကျေးရည်မွန်တဲ့ နေရာလို့ ငါ ထင်တယ်။ တပတ်ကြာ အပန်းဖြေခရီးအနေနဲ့ ဘယ်ကိုသွားချင်သလဲလို့ မေး ရင် ပြင်သစ်လို့ဖြေမှာပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ဘ၀တွေကနှစ်သက်စရာ ချစ်စရာကောင်းတယ်။ ဂျာမန်တွေလို အဆင့်မြင့်မြင့်ဘ၀ကို ပြင်သစ်တွေ က ပေးနိုင်ကြ မှာ မဟုတ်ပေမဲ့ သူတို့ဘ၀တွေက ကြည်နူးကျေနပ်စရာကောင်း ပါတယ်။ ဥရေပရောက်တိုင်းပြင်သစ်ကိုရောက်အောင် ငါ သွားချင်တယ်။ တပတ်လောက် ပြင်သစ်ရဲ့သဘာဝ အလှကို ခံစားရင်းပေါ့။ ပြင်သစ် မြို့ကြီးတွေ က အကောင်ဆိုတဲ့လူတိုင်းမှာ စပြစ်ခြံတွေရှိ တယ်။ ခြံထဲမှာ ခြံသမားတွေ ခြံစောင့်တွေရှိပြီး သူက သု့ခြံကိုသွားသွား နေတတ်တယ်။ ဒါဟာ ဥရောပ တစ်တိုက်လုံးရဲ့စိုက်ပျိုးရေး ပေါ်လစီပဲ။ ဘ၀ကကျေနပ်စရာကောင်းတယ်၊ အစားအသောက်ကောင်း၊ ပတ်ဝန်းကျင်ကောင်း၊ နေ့လည်စာစားပြီး တစ်ရေး တစ်မောအိပ်။ ဒီနေ့ ပြင်သစ်တွေက ကြီးကျယ်ခန်းနားမှုနောက်ကို လိုက်မနေ ကြတော့ဘူး။ ဂျာမန်တွေမှာ ဒါမျိုးတွေ မရှိဘူးလို့ ငါထင်တယ်။ ဒါပေမဲ့ နိုင်ငံတိုင်းဟာ အတိတ်ရာစုနှစ်တွေအတွင်းတစ်မျိုးစီ နဲ့ဖွံ့ဖြိုးတိုးတက် လာခဲ့ကြတာပဲ။

မေး ။ဒီလိုကြည်နူးကျေနပ်စရာ ဘ၀တွေရရှိပိုင်ဆိုင်လာအောင် ဥရောပတိုက် သားတွေအနေနဲ့ဘယ်လိုကြိုးစားယူခဲ့ကြတာလဲ။
ဖြေ ။ ။ သူတို့က အခြားနိုင်ငံတွေနဲ့တရုတ်ရှေ့စောပြီး စက်မှုစီးပွား ထွန်းကားအောင် လုပ်ခဲ့ကြတယ်။ တစ်ကမ္ဘာလုံးကို သူတို့ သိမ်းပိုက်နိုင် မလောက် ဖြစ်ခဲ့တာဘဲ။ ဗြိတိသျှက ဗြိတိသျှအင်ပါယာ၊ ပြင်သစ်က ပြင်သစ် အင်ပါယာ။ ဘယ်ဂျီယန်တွေကလဲ ကွန်ဂိုကို ရလိုက်တယ်။လုဦးရေက ငါးသန်း မပြည့်၊ အာဖရိကန်တွေ အများစု၊ ဘယ်(လ်)ဂျီယန်တွေ ရှာဖွေတူးဖော်ဖို့ သယံ ဇာတတွေက အများအပြား။ ဒီနောက် ကိုလိုနီနယ်တွေ ဆုံးပါးသွားတော့ သူတို့ ပိုင်ဆိုင်မှု ပမာဏလျှော့ကျသွားတာပေါ့။ ကမ္ဘာကို ဥရောပလွှမ်းမိုးထားတဲ့ အင်ပါယာခေတ်ကိုတော့ပြန်ရောက်မှာမဟုတ်တော့ဘူး။ ဒါပေမဲ့ ဒီပုံစံနဲ့ မဟုတ် ရင်တောင် အခြားပုံစံနဲ့ ဖြစ်နိုင်တာဘဲ။ ဥပမာ စီးပွားရေးအရလိုမျိုးပေါ့၊ ကမ္ဘာ့ အချို့နေရာတွေမှာ တရုတ်လွမ်းမိုးမှု ရှိနိင်ပေမဲ့၊ ဒါက တကယ့် ကိုလိုနီပုံစံ မဖြစ်နိုင်ဘူး။

မေး ။ ။ ကွဲသွားတဲ့ ဥရောပထဲမှာ ရှရှားကရော ပိုအရေးပါတဲ့ နိုင်ငံအနေနဲ့ ပါဝင် လာနိုင်စရာရှိလား။
ဖြေ ။ ။ ငါတော့မထင်ဘူး၊ ကိုးဆပိုကျယ်တဲ့ ပထ၀ီ အနေအထား၊ များပြားတဲ့ သယံဇာတတွေကြောင့် သူတို့ကိုသူတို့ အဓိက အင်အားကြီးလို့ ခံယူထားကြ တယ်။ အတိတ်က ဆိုဗီယက်ပြည်ထောင်စုကတော့ လုံခြုံရေး ခြိမ်းခြောက်မှု တစ်ခုပေါ့၊ ဒါပေမဲ့ လက်ရှိ ရုရှားကတော့ အင်အားကြီး နိုင်ငံ တစ်နိုင်ငံ အနေနဲ့ ရှိနေဖို့အတွက်တင်ပဲ အခက်အခဲတွေ ရင်ဆိုင်နေရတယ်။ လူဦးရေလျော့ကျ လာနေတယ်။ စီးပွားရေးက ရေနံနဲ့ ဓာတ်ငွေ့ရောင်းချမှုအပေါ် မှီခိုနေရဲပြီး အစစ်အမှန် လူမှုစီးပွားရေးမရှိဘူး။ အရက်သေစာ သောက်စားမှုနှုံး များပြားခြင်း၊ အမျိုးသမီးတွေ ကလေးယူလိုမှု သိပ်မရှိခြင်းတွေကြောင့် အကောင်းမြင်စရာ သိပ် မရှိလှဘူး။

မေး ။ ၊။ ငွေကြေး အကြပ်ရိုက်မှု ပြသနာအပြီးမှာ ဥရောပရဲ့ ပြသနာအဖြေက ချိုးခြံချွေတာသုံးစွဲခြင်းလို့ ဥရောပ ခေါင်းဆောင်တွေက ထင်မြင်ယူဆကြတယ်။ ဒါပေမဲ့ ခြိုးခြံချွေတာ မှုအကြေင်းပြောတဲ့ နိုင်ငံအချို့ရဲ့ခေါင်းဆောင်တွေ ရွေးေ ကာက်ပွဲမှာ မနိုင်ကြဘူး။ ဥပမာ ပြင်သစ်ပေါ့၊ တစ်ကျော့ပြန် အရွေးခံတဲ့ ၂၀၁၂ ရွေးကောင်ပွဲမှာ နီကိုလပ် ဆာဘိုဇီ ရှုံးသွားတယ်။
ဖြေ။ ။ လူထုကြိုက် ဒီမိုကရေစီ စနစ်မှာ ခြိုးခြံ ချွေတာမှုကို ဆန့်ကျင်တတ်တာ ဟာ သဘာဝပါ(မထူးဆန်းပါဘူး) ။ ရွေးကောက်ပွဲမှာ တစ်ယောက်ယောက်က ထပြီး (ခြိုးခြံနေစရာ မလိုဘူး)ဆိုပြီး ၀င်အရွေးခံရင် သူကို အခွင့်ရေးပေးတဲ့ အနေနဲ့ လူထုက မဲပေးလိုက်ကြမှာပဲ။ သူတို့ပြောတဲ့အတိုင်း တကယ်ဖြစ်မဖြစ်တော့ စောင့်ကြည့်ပေါ့။ ဖြစ်သွားတော့ လူထုရဲ့ ရွေးချယ်မှု မှန်သွားတယ်၊ အားလုံးအဆင်ပြေသွားတယ်။
ဆာ ကိုဇီက သတ္တိကြောင်တာ၊ ရွေးကောက်ပွဲအပြီး ပြောတဲ့ အတိုင်းမဖြစ်ဘူး ဆိုရင်တောင် အရင်ပုံစံပြန်ရောက်။ ပြသနာကို ရင်ဆိုင်၊ ဒါပဲပေါ့။

မေး ။ ၊။ သုတို့အနေနဲ့ ခြိုးခြံ ချွေတာဖို့ လိုအပ်တယ်လို့ရော ထင်ပါသလား။
ဖြေ ။ ။သဘာဝကျကျ စဉ်းစားတတ်တဲ့ ဂျာမန် ပြင်သစ် ခေါင်းဆောင်တွေ ကိုယ် တိုင်က အသည်းအသန်လိုအပ်နေတာ တကယ်မဟုတ်ဘူးထင်ရင် လူထု မကြိုက်တဲ့ စနစ်ကို ကြွေးကြော်ပြီး ရွေးကောက်ပွဲ ၀င်ပြိုင်ကြမယ်လို့ ငါတော့ မထင်ဘူး။ ပြင်သစ်က ပြောင်းလဲမှုလုပ်တယ်၊ ဂျာမဏီက မလုပ်ဘူး။ ဂျာမန်လူထု က အိန်ဂျလာ မာ့ခယ်ရဲ့ နောက်မှာ တညီတညွတ်တည်း ရှိတယ်၊ ပြင်သစ် သမ္မတ ဖရန်စစ်ဟော်လန်ဒေကြောင့် မာ့ခယ်ရဲ့ အမြင်ကိုပြောင်းလဲသွားမယ် လို့တော့ မထင်ပါဘုး၊ ပြင်သစ်က အလွယ်လမ်းကိုလိုက်ခဲ့တာပါ၊

မေး ။ ။ တစ်ချို့ပညာရှင်တွေ၊ အထူးသဖြင့် တော့ အမေရိကန်တွေက စီးပွားရေး အကျပ်ရိုက်နေစဉ် ကာလထဲမှာ အသုံးစရိတ်လျှော့ချမှုဟာ အညံ့ဆုံး ဖြေရှင်း ချက်ဖြစ်တယ်လို့ဆိုကြတယ်၊ ရေရှည်မှာတော့ အသုံးစရိတ် လျှော့ချဖို့ လိုကောင်း လိုအပ်ပါလိမ့်မယ်။ စီးပွားရေး အမြန်နလန်ထူဖို့ ပိုပြီးတော့တောင် သုံးစွဲရမယ်လို့ ဆိုကြပါတယ်၊ မစ္စတာလီက ဘယ်လိုယူဆပါသလဲ။
ဖြေ ။ ။သူတို့ရင်ဆိုင်နေရတဲ့ ပြသနာကို ပိုပြီး သေသေချာချာသိတဲ့ ဥရောပ တိုက်သားတွေဘက်က နေမှာပေါ့ ။ အမေရိကန်တွေက အကောင်းမြင် သမားတွေ၊ သူတို့အတွက် မနက်ဖြန်ဆိုတာအမြဲတမ်း နေသာနေမယ့်နေ့ပဲ။

မေး ။ ။ ဂျာမန်တွေရဲ့ ဆွဲဆောင်မှုကြောင့် သဘောတူခဲ့ရတဲ့ လက်ရှိ သဘော တူညီမှုအတိုင်းဆက်လက်ခရီးသွားသင့်တယ်လို့ ထင်ပါသလား။ ဒါဟာ ဥရောပ နိုင်ငံအားလုံးအတွက် ထွက်ပေါက်လို့ ယူဆပါသလား။
ဖြေ ။ ။ဒါ အကောင်းဆုံး ထွက်ပေါက်ပဲ၊ မာ့ခယ်နဲ့ ဂျာမန်တွေက အူတူတူတွေ မဟုတ်ကြဘူး။ အတ္တသမ္မာ ပဏီဓိစက် ကြောင့် ( self discipline ) သူတို့ဟာ ဥရောပမှာ အောင်မြင်မှုအရှိဆုံးနိုင်ငံ။

မေး ။ ။ ဒါဆို ဂျာမဏီက ဂျာမဏီရဲ့ အကျိုးစီးပွားသက်သက်အတွက် ဆုံးဖြတ်ခဲ့ တာ မဟုတ်ဘူးပေါ့။
ဖြေ ။ ။ မဟုတ်ဘူး။ ယူရိုငွေကြေး ရပ်တည်နိုင်ရေးအတွက် ပြင်သစ်နဲ့ အခြား ဥရောပနိုင်ငံတွေအတွက် သူတို့ ဆုံးဖြတ်ခဲ့ကြတာ။

မေး ။ ။လူမှုရေး ကိစ္စဘက် လှည့်ကြရအောင်၊ ကလေးမွေးဖွားနှုံး မြင့်တက် လာဖို့ စင်္ကာပူအနေနဲ့ ဥရောပတိုက်ဆီက လေ့လာယူစရာ သင်္ခန်းစာများ ရှိနေ နိုင်မလား။
ဖြေ ။ ။ လူထုရဲ့ လိုက်(ဖ်)စတိုင်ကို ချက်ချင်းကြီး ဘယ်လိုလုပ် ပြောင်းလဲယူလို့ ရနိုင်မှာလဲ။ ဆွီဒင်အနေနဲ့ မိသားစုတစ်စု၊ ကလေးနှစ်ယောက် စံညွန်းကို ထိန်း ထားနိုင်တယ်ဆိုတာက သူတို့က လူမျိုးစု တစ်စုတည်းဖြစ်နေတယ်၊ ကလေး လူမမယ်စောင့်ရှောက်မှု၊ မူကြို စောင့်ရှောက်မှုကနေ လူကြီးဖြစ်သည်အထိ ကုညီထောက်ပံ့မှုစတဲ့ အကျိုးခံစားခွင့်တွေ အများအပြားရရှိကြတယ်။ သူတို့ဒီလို ကျင့်သုံးနိုင်တယ် ဆိုတာက သူတို့အားလုံးဟာ လူမျိုးတစ်မျိုးတည်း ဖြစ်တယ် ဆိုတဲ့အသိနဲ့ တစ်ယောက်ကိုတစ်ယောက် ကူညီပံ့ပိုးပေးနိုင်ကြလို့ဖြစ်တယ်။ ဒါကို ဘယ်လိုလုပ်ပုံတူကူးချလို့ဖြစ်မှာလဲ၊ ပြင်သစ်ကလည်း အထိုက်လျှောက်တော့ လုပ်နိုင်ခဲ့တယ်။

မေး ။ ။ စကင်ဒီနေးဗီးယန်း နိုင်ငံတွေဟာ လူမျိုးစု တစ်စုတည်းဖြစ်လို့ စည်းလုံး တယ်၊ အစိုးရရဲ့စောင့်ရှောက်မှုနိုင်ငံတော် စနစ်ကို ထောက်ခံတယ်လို့ ဆိုခဲ့ တယ်နော်။ ဒီအထဲကို ဂျပန်တွေနဲ့ တရုတ်တွေကိုရော ထည့်သွင်း မစဉ်းစားမိဘူး လား။ သူတို့လဲ လူမျိုးစုတစ်စုတည်း နိုင်ငံတွေဘဲ။
ဖြေ ။ ။ ဂျပန်ကဟုတ်တယ်၊ ဒါကြောင့် သူတို့က နိုင်ငံခြားက ၀င်ရောက်နေထိုင် သူတွေကို လက်မခံတာ။ တရုတ်က လူမျိုးတစ်စုတည်း မဟုတ်ဘူး အများကြီး။ သူတို့က ဘာသာစကားတစ်မျိုးတည်းပြောတယ်၊ ရေးသားမှု အက္ခရာလဲ တူတယ်။ ဒါပေမဲ့ ဒီစကားကိုပဲ လေသံအမျိုးမျိုးနဲ့ပြောနေကြတာ။
အစိုးရအနေနဲ့ တစ်နိင်ငံလုံးအတွက် ပေါ်လစီတစ်မျိုးတည်းစနစ်ကို ကျင့်သုံးဖို့ ဖိအားပေးနေ တာတောင် မရနိုင်သေးဘူး။ ဒါကြောင့် သူတို့ပြည်နယ်တွေ၊ ခရိုင်ေ တွက တောင်မြင့်ရင် အင်ပါယာလဲ မရှိဘူး(အဝေးမှာ)လို့ ပြောတတ်ကြ တယ်။ ပြည်နယ်တိုင်းက (ဒီပြည်နယ်မှာ ငါဘုရင် ငါ အင်ပါယာ)လို့ဆို ကြတယ်။ တရုတ်ပြည်ဆိုတာ ပြည်နယ်အသီးသီးမှာ မတူညီတဲ့ အယူဆတွေနဲ့ စုပေါင်း ထားတဲ့ ဧရာမနိုင်ငံကြီးပဲ။

မေး ။ ။ မစ္စတာလီ နေထိုင်ခဲ့တဲ့ ၁၉၄၀ -ခုနှစ်တွေကနဲ့ ဒီကနေ့ ကို နှိုင်းယှဉ် ကြည့်ရင် ဥရောပရဲ့ လူမျိုးစု အချင်းချင်း ကြားက တင်းမာမှု တွေဟာ ဘယ်လိုနေမလဲ။
ဖြေ ။ ။ အဲဒီမှာ ငါမနေတော့ဘူးဆိုတော့ ပြောရတာ အခက်သားပဲ။ ဂိုချောက်ထောင်ရဲ့ သမီးကတော့ အင်္ဂလိပ်တစ်ယောက်နဲ့ အိမ်ထောင်ကျပြီး ဘရက်(ဖို့ )(Bradford) နားမှာနေတယ်။ သူမြေးတွေဆီ သူအလည် အပတ် သွားတယ်။ ကလေးတွေက တရုတ်ထက် အဖြူနဲ့ ပိုတူတယ်တဲ့။ သူပြောစကား အရ သူတို့ ပတ်ဝန်းကျင်နဲ့ အဆင်ပြေတယ်လို့ သိရတယ်။ ဒါပေမဲ့ သူတို့က လူလတ်တန်းစားတွေ။

မေး ။ ။တရုတ်ခေါင်းထောင်လာတဲ့နောက် လူမှုရေး အခြေအနေတွေ ပြောင်းလဲ လာနိုင်မလား။
ဖြေ ။ ။ မပြောင်းလဲနိုင်ဘူးလို့ထင်တယ်။ တရုတ်အင်အားကောင်းလာတာနဲ့ ဘာမှ မပတ်သက်ဘူး။ ကမ္ဘာစစ်မတိုင်မီက ဂျပန်လည်းအင်အားကြီးခဲ့တာပဲ၊ ဒါကြောင့် သူတို့ရဲ့ အမြင်တွေပြောင်းလဲမသွားခဲ့ပါဘူး။ ၊ဥရောပသားတွေက အခြားလူမျိုးတွေထက် သူတို့က သာတယ်လို့ ခံယူထားကြတယ်။ တရုတ်ကလဲ ဒီအတိုင်းဘဲ။ ဒီတော့ ဘဲစားဘဲကြေပဲ။

မေး ။ ။ပြည်ပက ၀င်ရောက်နေထိုင်သူတွေနဲ့ ပတ်သက်တဲ့ ပြသနာတစ်ချို့က တစ်ချို့ နိုင်ငံခြားသားတွေက ဥရောပလူ့အဖွဲ့အစည်းနဲ့ တစ်သားတည်းဖြစ် မ သွားဘဲ ပြည်တွင်းထဲမှာဘဲ အကြမ်းဖက် သမားတွေ မွေးထုတ်ပေးလိုက်သ လိုဖြစ်နေတယ်။ ဒါမျိုးတွေတော်တော်မြင်တွေ့နေရတယ်။
ဖြေ ။ ။ ဒါက တစ်သားတည်းဖြစ်ခြင်း မဖြစ်ခြင်းနဲ့ မဆိုင်ဘူး၊ သူတိုက အကြမ်း ဖက်သမားသက်သက်ပဲ ဥရေပတိုက်သားတွေနဲ့ အတူသွား အတူစား ဆိုရင်တောင် အကြမ်းဖက်သမားဘဲ ဖြစ်နေလိမ့်မယ်။
သူတို့က သူတို့ဖာသာသူတို့ အင်တာနက်တွေကြည့်ရင်း အစွန်းရောက် တွေ ဖြစ်နေကြတယ်။

မေး ။ ။ ဥရောပရဲ့ လက်ယာပိုယွန်းတဲ့ ပါတီတွေ အနိုင်ရပြီး ၀င်ရောက်နေ ထိုင်လာသူတွေဆီက သက်ရောက်လာမဲ့ ဆိုးကြိုးတွေကို မစိုးရိမ်မိဘူးလား။ ဒါဟာစိတ်မချမ်းမြေ့စရာဖြစ်ပြီး ၊ ဥရောပတိုက်ကို အက်ကြောင်းထင်သွားစေနိုင် တယ် ။
ဖြေ ။ ။အက်ကြောင်းက ရှိနေနှင့်ပြီးပါပြီ ၊အခု ပိုကြီးလာတာဘဲရှိတယ်။ ၀င်ရောက်နေထိုင်သူတွေက စုစုပေါင်းလူဦးရေရဲ့ ငါး- ခြောက် ရာနှုံးပဲရှိတယ် ဆိုရင်တောင် အက်ကြောင်းကတော့ ရှိနေပြီပဲ။ ကမ္ဘာ့လူထုကို အဖြူ - အ၀ါ အမည်း အညိုလို့ဘဲ ခွဲထားလို့ရတယ်။ ဥပမာ တရုတ်တစ်ယောက်နဲ့ ဂျပန် (သို့) ဗီယက်နန်နဲ့ လက်ထပ်တယ်ဆိုပါတော့ ၊သုတို့ရလာတဲ့ ကလေးက တရုတ်(သို့)ဂျပန် (သို့) ဗီယက်နန်ဖြစ်နေနိုင်တယ်။

မေး ။ ။နှစ်ငါးဆယ်အတွင်း မစ္စတာလီ ဆက်ဆံခဲ့ရတဲ့ ဥရောပ ခေါင်းဆောင်ေ တွထဲမှာ ဘယ်သူ့ကို အထင်ကြီးစရာ အကောင်းဆုံးအနေနဲ့ အမှတ်ပေးမိပါသလဲ။
ဖြေ ။ ။ ဒါတော့ မပြောတတ်ဘူး ။သမိုင်းအရဆိုရင်တော့ ၀န်စတန်ချာချီက အများ နဲ့မတူ ထူးထူးခြားခြားရှိနေတယ်။ ဖြစ်နိုင်ခြေ မရှိသလောက်အခြေအနေ နီးပါး အနေအထားမှာ ဂျာမန်တွေကိုသူတွန်းလှန်ခဲ့တယ်။ သူသာ ဒီလောက်မစွမ်းခဲ့ရင် ကမ္ဘာဟာ တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်တယ်။ သူ့ခံယူချက်က လုံးဝအညံ့မခံရေးပဲ။ ကမ်းချေတွေမှာတိုက်မယ်၊ လေယဉ်ကွင်းတွေမှာတိုက်မယ်၊ ကွင်းပြင်မှာ တိုက် မယ်၊ လမ်းမမှာတိုက်မယ်၊ တောင်ကုန်းတွေပေါ်မှာတိုက်မယ်။ ကျွန်တော်တို့ ဘယ်တော့မှ လက်နက်မချဘူးလို့ ၊ကြွေးကြော်ခဲ့တာ။ (ခံစားချက်ကြောင့်) သူစကားသံတွေတောင် မပီဘူး၊ ဒါပေမဲ့ ဗြိတိသျှလူထု တစ်ရပ်လုံး သူ့ခံယူချက်နဲ့ အတူရှိနေဖို့ စည်းရုံး ဆွဲဆောင်နိုင်ခဲ့တယ်၊ ပြင်သစ်က သူလိုခေါင်းဆောင် မရှိတော့ လက်မြှောက်လိုက်ရတယ်။ ဗိုလ်ချုပ်ပေတိန်(Petain)ကိုတိုင် အနားပေး ခံလိုက်ရပြီး ဗစ်ချီဖရမ်း(စ်) ပြည်နယ်မှာ ရုပ်သေးရုပ်အစိုးရအနေနဲ့ ကျေနပ်လိုက် ရတယ်။
(Vichy -France)နာဇီ ဂျာမနီရဲ့ လက်အောက်ခံ နိုင်ငံငယ်၊ နာဇီရဲ့ ရုပ်သေးရုပ်) ၀င်စတန်ချာချီက သမိုင်းတစ်လျှောက်လုံးမှာ လူစွမ်းကောင်းပဲ။ သူနဲ့တော်ဝင်လေ တပ်မတော်သာ မရှိဘူးဆိုရင် ဗြိတိသျှတစ်နိုင်ငံလုံး ဂျာမန်လေတပ်ရဲ့အောက်မှာ မှုန့်မှုန့်ညက်ညက်ကြေနေလိမ့်မယ်။ လေကြောင်းတိုက်ခိုက်ရေးမှုးတွေဆီ အညံ့ မခံစိတ်ဓာတ်တွေ စီးဝင်သွားအောင်သူစွမ်းဆောင်နိုင်ခဲ့လို့၊ ဒီလိုမဟုတ်ရင် ဗြိတိန်လည်း ဂျာမန်တွေလက်အောက် ရောက်သွားလိမ့်မယ်။
အဲဒီနောက်မှာ ဂျပန်တွေက အမေရိကန် ပလဲဆိပ်ကမ်းကို ၀င်တိုက်တော့ အမေရိကန်တွေ စစ်ပွဲထဲ ၀င်လာခဲ့တယ်၊ ဒါက သူ့အတွက် ကံကောင်းစေတဲ့ အချက်ပဲ၊ ဘာပဲဆိုဆိုသူကိုယ်တိုင် တောင့်ခံခဲ့တာတစ်နှစ်ကြာတယ်။
( ဥရောပ - ပြီး)

သူများနိုင်ငံတွေရဲ့ အားနည်းချက်ကိုထောက်ပြတိုင်း အဘတို့အုပ်စုကို ရွဲ့ပြောနေသလိုပါပဲ။


ဖတ်ကြည့်ကြပါအုံး။

နောက်ဆုံးအနေနဲ့ သူတို့ရင်ဆိုင်ဖြေရှင်းရမှာက လာဘ်ပေးလာဘ်ယူမှု ပါပဲ။ ပြည်နယ်အရာရှိတွေကလည်း သူတို့ဝေစုကို ရဖို့ကြိုးစားနေကြတာဆိုတော့ ခရိုင်အုပ်ချုပ်ရေးစနစ်ကလည်း လာဘ်ပေးလာဘ်ယူမှုကင်းပျောက်အောင် လုပ် မပေးနိုင်ပါဘူး။ ကိုယ်ကျင့်တရားပျက်မှုက အဆင့်ဆင့်မှာကို အမြစ်တွယ်နေတာ ပါ။ ပရောဂျက်တစ်ခုအတွက် တစ်ဒေါ်လာသုံးမယ်ဆိုရင် ဆယ်ဆင့်က ဟိုနေရာရောက်သွား၊ ဆင့်နှစ်ဆယ်က ဒီနေရာရောက်သွား စတာတွေနဲ့ပဲ အမှန် တကယ်ရောက်ရမယ့် နေရာရောက်တော့ သိပ်မကျန်တော့ပါဘူး။ အကျင့်ပျက်မှု သန္ဓေတည်သွားပြီဆိုရင် ဒါကိုတော်လှန်ဖို့ တော်တော်ခက်တယ်ဆိုတာ သမ္မတ ယူဒိုယူနိုက သဘောပေါက်တယ်။ ဒါကို တွန်းလှန်ဖို့ ခိုင်ခိုင်မာမာနဲ့ ပြတ်ပြတ် သားသား ကိုင်တွယ်မှရမယ်။ ဒါကလည်း ဗဟိုကနေ စမှရမယ်။ တကယ်လို့ လာဘ်ပေးလာဘ်ယူပြဿနာကို ကျော်လွှားနိုင်တယ်ဆိုရင်တော့ သူတို့အနာဂတ်တောက်ပပြီး အင်ဒိုနီးရှားအသစ် ဖြစ်လာနိုင်ပါတယ်။
(လီကွမ်းယု၊ လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်)

အင်ဒိုနီးရှား အရာရှိကြီးတွေ


လက်ရှိအစိုးရဟာ လမ်းပန်းဆက် သွယ်ရေးနဲ့ပတ်သက်တဲ့ အစည်းအဝေး ကြီးတွေ ခေါ်နေတာကြာပါပြီ။ ဘာမှတော့ဖြစ် မလာသေးပါဘူး။ ဒါတွေ အကောင်အထည်မပေါ်ရတဲ့အထဲ အင်ဒိုနီးရှား အရာရှိကြီးတွေက စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ စင်ကာပူကိုလာပြီး ဇိမ်ခံနေကြတာဟာ ပြည်သူတွေ အတွက် စိတ်ပျက်စရာဖြစ်နေခဲ့ပြန်ပါတယ်။ ဒီကိုလာပြီး ပြန်ပြန်သွားကြတိုင်းလည်း သူတို့ကားလမ်းတွေ၊ လေယာဉ်ကွင်းတွေ ကို ပိုကောင်းအောင်လုပ်ရမယ်ဆိုတဲ့ စိတ်ကူးပါသွားကြတာချည်းပါပဲ။

ဆူဟာတို


ဆူဟာတို အနေနဲ့ သူ့နိုင်ငံအပေါ် ဘယ်လောက်အကျိုးပြုခဲ့သလဲဆိုတာ တိတိ ကျကျသိရဖို့ မြန်မာပြည်နဲ့ နှိုင်းယှဉ်ကြည့်ရမှာဖြစ်ပါတယ်။ ဒီနှစ်နိုင်ငံလုံးဟာ တိုးတက်မှုအတူတူလောက်နဲ့ တာထွက်ခဲ့ကြတာပါ။ နှစ်နိုင်ငံလုံးမှာ သဘာဝ အရင်းအမြစ်တွေရှိတယ်။ စစ်တပ်အကြီးအကဲက ခေါင်းဆောင်နေရာမှာ ရှိခဲ့ တယ်။ ဒါပေမယ့် မြန်မာ့ခေါင်းဆောင် နေဝင်းဟာ (အဲဒီအချိန်တုန်းက ဘားမား) ဆိုရှယ်လစ်လမ်းစဉ်ကို လိုက်သွားခဲ့ပါတယ်။ တကယ်လို့ ဆူဟာတိုသာ ခေါင်း မာမာနဲ့ ဖွံ့ဖြိုးရေးကို မလုပ်နိုင်ခဲ့ဖူးဆိုရင် အင်ဒိုနီးရှားလည်းပဲ မြန်မာလိုဖြစ်နေ မှာပါ။ ဆူဟာတိုဟာ လာဘ်စားမှု၊ သူ့မိသားစုအသိုင်းအဝိုင်းကို ဦးစားပေး မှုကြောင့် နာမည်ဆိုး ထွက်ကောင်း ထွက်ပါလိမ့်မယ်။ ဒါပေမယ့် သမိုင်းဟာ သူ့လုပ်ရပ်တွေနဲ့ အောင်မြင်မှုတွေကိုပါကြည့်ပြီး တိုင်းထွာဆုံးဖြတ်တာဖြစ်ပါ တယ်။ သူ့လူထုကို သူပညာသင်ပေးခဲ့တယ်။ စီးပွါးရေး တိုးတက်လာအောင် လုပ်ဆောင်ပေးနိုင်ခဲ့တယ်။ လမ်းတွေ၊ အဆောက်အဦးတွေ ဆောက်ပေးခဲ့တယ်။

တိုးတက်ပွင့်လင်းတဲ့ မွတ်စလင် နိုင်ငံဆိုတာ


မေး။ ။ နောက်ပြီးလတ်တလော လူမျိုးရေး ရောနှောမှုနဲ့ပတ်သတ်တာက မလေးရှားဟာ အစ္စလာမ်ဘာသာရေးဖက်ကို ပိုပိုပြီးယိုင်လာနေတဲ့အချက်ပါ။
ဖြေ။ ။ အဲဒါ အရှေ့အလယ်ပိုင်းရဲ့လွှမ်းမိုးမှု။

မေး။ ။ဒါဆိုရင် တိုးတက်ပွင့်လင်းတဲ့မွတ်စလင် နိုင်ငံဖြစ်လာနိုင်ဦးမလား။
ဖြေ။ ။ဒါကိုမင်းတို့က ယုံကြည်သလား။ ဒါနဲ့တိုးတက်ပွင့်လင်းတဲ့ မွတ်စလင် နိုင်ငံဆိုတာ ဘာကိုပြောတာလဲ။

မေး။ ။ ကမ္ဘာကြီးနဲ့ ဆက်သွယ်တာ၊ အိုင်ဒီယာအသစ်တွေကိုလမ်းဖွင့်ပေးတာ။
ဖြေ။ ။ မင်းဆိုလိုတာက သူတို့ခေါင်းစွပ်တွေကို ချွတ်လာကြမယ်၊ အမျိုးသားနဲ့ အမျိုးသမီး လက်ဆွဲနှုတ်ဆက်၊ စားသောက်ဆိုင်မှာ အတူထိုင်၊ မွတ်စလင် မဟုတ် သူက ဘီယာသောက်၊ မွတ်စလင်က သူနဲ့အတူတူထိုင်ပြီး ကော်ဖီသောက်၊ ဒီလိုလား။

မေး။ ။ ဒီလိုမဟုတ်ပေမဲ့ ဆော်ဒီအာရေးဗျထက် တူရကီနဲ့တော့ ပိုတူလာနိုင် တယ် မဟုတ်လား။ အထိုက်အလျောက် ပွင့်လင်းလွတ်လပ်၊ နိုင်ငံတကာ တန်း ဖိုးတွေကို အသိအမှတ်ပြု၊
ဖြေ။ ။ မဖြစ်နိုင်ပါဘူး။ မလေးရှားဟာ မလေးမွတ်စလင်နိုင်ငံပဲဖြစ်မယ်။ အရင်တုန်းက ဒီလောက်တင်းတင်းကျပ်ကျပ်ကြီး မဟုတ်ဘူး။ အခု အရှေ့ အလယ်ပိုင်းနိုင်ငံတွေရဲ့လွှမ်းမိုးမှုကြောင့်ပိုပြီးတင်းကျပ်လာနေတယ်။ အရင်က ညစာစားပွဲတွေမှာ အသောက်အစားတွေ ဘာတွေနဲ့ဧည့်ခံတယ်။ ငါ မလေးရှား ကို ရောက်တယ်ဆိုရင် တန်ကုက သူ့မိတ်ဆွေတွေကိုပါ ဖိတ်ပြီး ၀ီစကီတို့ ဘရန် ဒီတို့နဲ့ဧည့်ခံတယ်။ အခုဆိုရင် အချိုရည်ထည့်ပြီး ဖန်ခွက်ချင်း တိုက်နေကြတယ်။

တော်ဝင်မိသားစုနဲ့ ဘာသာရေး ခေါင်းဆောင်


"တော်ဝင်မိသားစုက နိုင်ငံရဲ့သယံဇာတတွေကို စိတ်ကြိုက်စီရင်ပိုင်ခွင့်ရပြီး ဘာသာရေး ခေါင်းဆောင်တွေက ဘာသာရေးကိစ္စမှာ စိတ်ကြိုက်လုပ်ကိုင်ခွင့် ရထားကြတယ်"

ရှေးရိုးစွဲ ပဒေသရာဇ်စနစ်ကြီးတစ်ခုလုံးကို လူငယ်လူရွယ် ဘွဲ့ရပညာတတ် အနည်းငယ်လောက်က ပြောင်းလဲမပစ်နိုင်ပါဘူး။ နောက်ပြီး သူတို့ ဆက်ဆံနေရ တာက မူဆလင်ဘာသာရေးခေါင်းဆောင် ၀ါဟာဘီတွေ။ သူတို့က အာရပ်ကမ္ဘာ မှာ အာဏာအရှိဆုံး၊ ကွန်ဆာဗေးတစ်အဖြစ်ဆုံး ဘာသာရေးခေါင်းဆောင် တွေ ပါ။
သူတို့ရရှိနေတဲ့အာဏာကလည်း တော်ဝင်မိသားစုနဲ့အပြန်အလှန် အသိအမှတ်ပြု ထားတဲ့ အာဏာပါ။ တော်ဝင်မိသားစုက နိုင်ငံရဲ့သယံဇာတတွေကို စိတ်ကြိုက် စီရင်ပိုင်ခွင့်ရပြီး ဘာသာရေး ခေါင်းဆောင်တွေက ဘာသာရေးကိစ္စမှာ စိတ်ကြိုက် လုပ်ကိုင်ခွင့်ရထားကြတယ်။
ဒါပေမယ့် အဗ္ဗဒူလာဘုရင်နဲ့တွေ့ပြီး စကားပြောကြည့်တော့ သူတို့နိုင်ငံလည်း ဒီပုံစံနဲ့အကြာကြီး ခရီးဆက် မနေနိုင်ဘူးဆိုတာ သူတို့ယုံကြည်ကြောင်းပြောပြလို့ ကျွန်တော်သိခွင့်ရခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးဟာ ရှောင်လွှဲလို့မရဘူး။ တစ် ဆင့်ချင်းပြောင်းလဲမှုကို သူတို့လုပ်ယူကြလိမ့်မယ်။ ဒါပေမဲ့ ဘယ်လောက်အမြန် နှုန်းနဲ့ ပြောင်းလဲကြမှာလဲ။ ဒါတော့ကျွန်တော်လည်း မသိပါဘူး။ ဖြစ်နိုင်တာကတော့ (The King Abdulla University of Science and Technology=KAUST) တက္ကသိုလ်ရဲ့ လူမှုရေးပုံစံတွေ အစတော့ ပတ်ဝန်း ကျင်ကိုပြန့်၊ တဖြည်းဖြည်းနဲ့တစ်နိုင်ငံလုံးပြန့်နှံ့တဲ့အထိ စောင့်ရ မယ့်ပုံပါပဲ။

(လီကွမ်းယု၊ လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်)

သာတူညီမျှနိုင်ငံသားစိတ်


ပထမဆုံးအနေနဲ့ ပြောရရင် သာတူညီမျှနိုင်ငံသားစိတ်ပါ။ ခင်ဗျားနဲ့ကျွန်တော် နှစ်ယောက်ကြားမှာ ကြွယ်ဝမှု၊ ဂုဏ်သိက္ခာ၊ အောင်မြင်မှု၊ ရုပ်ပိုင်း စိတ်ပိုင်း ဆိုင် ရာ ခြားနားမှုတွေ ရှိနေကြပေမယ့် နိုင်ငံသားဆိုတဲ့ အသိစိတ်တူညီမှု နှစ်ယောက်စလုံးမှာ ရှိနေရပါမယ်။

ကျွန်တော်တို့ နှစ်ယောက်စလုံးမှာ
(က) တူညီတဲ့ အခွင့်အရေး
(ခ) နိုင်ငံအပေါ်ထားရှိရမယ့် တူညီတဲ့ တာဝန်နဲ့ ၀တ္တရားရှိနေရမယ်။

ကျွန်တော်တို့ နှစ်ယောက်စလုံးဟာ
(က) ဥပဒေအရဖြစ်စေ
(ခ) ကိုယ်ကျင့်တရားတန်ဖိုးအရ ဖြစ်စေတူညီနေကြတယ်။ ဒီမိုကရေစီစနစ်နဲ့ တရားဥပဒေစိုးမိုးဖို့ ဆိုရင် ဒီအချက်က မဖြစ်မနေရှိနေမှရပါတယ်။

ဒီအချက်ကိုလည်း ပညာတတ်အသိုင်းအ၀ိုင်း၊ လူကုံတန်အသိုင်းအ၀ိုင်းကတင် လက်ခံထားလို့ မရပါဘူး။ လူ့ အဖွဲ့ အစည်းတစ်ခုလုံးက လက်ခံထားမှရပါတယ်။

(လီကွမ်းယု၊ လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်)

"တရုတ်က မြန်မာနဲ့ပါကစ္စတန်မှာ ဆိပ်ကမ်းကြီးတွေ တည်ဆောက်လာလိမ့်မယ်"


(လီကွမ်းယု၊ လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်)

မေး။ ။အိန္ဒိယ လူဦးရေရဲ့ အသက်ပျမ်းမျှကွာဟမှု အကြောင်းကရော ဘယ်လို လဲ၊ သူတို့မှာ အသက်(၁၅)နှစ်နဲ့ (၃၅)နှစ်အကြား လူငယ်တွေ အများကြီးရှိနေ တယ်။ ဒါက စီးပွားရေးအတွက် အားသာချက် မဟုတ်ဘူးလား။
ဖြေ။ ။ လူငယ်ထုရဲ့ မောင်းနှင်အားတော့ ရှိမှာပေါ့။ သူတို့ ကလေးမွေးဖွားနှုန်း က ၂.၅ ရှိတယ်။ တရုတ်ထက် ပိုများတာပေါ့။ တရုတ်လည်း ကလေးတစ်ယောက်ပေါ်လစီနဲ့ပတ်သတ်လို့ တချိန်ချိန် မှာ နောင်တရစရာတော့ ရှိတယ်။ ဒါပေမဲ့ အိန္ဒိယရဲ့ ပြဿနာက အိမ်၊ ပညာရေး၊ စာသင်ကျောင်းနဲ့ လူနေမှု အဆင့်အတန်းပဲ။ တချို့နေရာတွေမှာဆိုရင် ကျောင်းမရှိလို့ ဆရာတွေက သစ်ပင်အောက်မှာ စာသင်ပေးကြရတယ်။ ဒီတော့ လူဦးရေများနေရင်လည်း ပညာမတတ်တဲ့လူတွေတိုးတာတာပဲ အဖတ်တင်မှာပေါ့။
..................................................................
..................................................................
......................................................................
မေး။ ။ ပစိဖိတ်သမုဒ္ဒရာထဲမှာရော သူတို့ပါဝါ ဝင်ရောက်လာနိုင်မလား။
ဖြေ။ ။ အိန္ဒိယရေတပ်က ပစိဖိတ်ထဲဝင်လာမယ်လို့ ငါတော့မထင်မိပါဘူး။ ငါထင်တာကတော့ တရုတ်ပဲ။ တရုတ်က မြန်မာနဲ့ပါကစ္စတန်မှာ ဆိပ်ကမ်း ကြီးတွေ တည်ဆောက်လာလိမ့်မယ်။ တကယ်တော့ ဒီဆိပ်ကမ်းတွေက အာဖရိကကနေ ကုန်တင်ဝင်လာမယ့် သူတို့သင်္ဘောတွေ လုံခြုံရေးအတွက်ပဲ။ ဒါပေမဲ့ အိန္ဒိယသမုဒ္ဒရာထဲသွားပြီး တရုတ်က ဗိုလ်ကျချင်လို့တော့ မရဘူး။

ဆရာကြီးလီရဲ့အမြင်ကို သုံးသပ်ကြပါအုံး


မေး ။ ။ မြောက်ကိုရီးယားခေါင်းဆောင်တွေအနေနဲ့ လစ်ဗျားဆီကနေ သင်္ခန်းစာ ယူနိုင်သလို မြန်မာဆီကလည်း သင်္ခန်းစာယူနိုင်မယ်မဟုတ်ဘူးလား။ သူတို့ စစ် အာဏာရှင်တွေလည်း နောက်ဆုံး စိတ် ပြောင်းခဲ့ကြတာပဲ။

ဖြေ ။ ။ ဗမာစစ်ခေါင်းဆောင်တွေက ဒီပုံအတိုင်းဆိုရင် ဘယ်မှရောက်မှာ မဟုတ်တော့ဘူးဆိုတာ သဘောပေါက်လို့ပြောင်းသွားကြတာ။ ထိုင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်နေတာကို သူတို့ တွေ့ရတယ်။ ဒီပုံစံနဲ့ ဆက်ပြီးခရီးဆက်လို့ မရနိုင်တော့ဘူး၊ နောက်ဆုံး ပြိုလဲကျသွားမှာဆိုတာကို သူတို့ သိသွားကြတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားတွေက ယဉ်ကျေးမှုအရရော ပုံသဏ္ဍာန်အရပါ မတူ ကွဲပြားနေကြတယ်။ မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေ လုံခြည်နဲ့ခေါင်းပေါင်းဝတ်ထား တာကို ကြည့်၊ မြောက်ကိုရီးယားတွေလောက် ရက်စက် ခေါင်းမာပုံ မပေါက်ဘူး။ လူတွေချင်း မတူကြဘူး။
( on 12/18/2014 at 10:10 pm )


မဖတ်မိမှာစိုးလို့၊ ကွန်မင့် နှစ်ခုစလုံး သူ့ဟာနဲ့သူ သဘာဝကျတယ်။
"ဆရာကြီးလီရဲ့အမြင်ကို သုံးသပ်ကြပါအုံး" မှ................

(မြောက်ကိုရီးယားက ဒေသတွင်း ရည်ရွယ်ချက်၊ မြန်မာက ပြည်တွင်းနှိပ်စက်ရေး သက်သက်။)
Ashin Kavissara။ ။ မြောက်ကိုရီယားက တရုတ်နှင့်ရုရှားဆီက စစ်လက် နက် နျူးကလီယား အကူအညီရယူပြီး အိမ်နီချင်း ဂျပန်နှင့်တောင်ကိုရီယားကို အသေခံပြီး စိန်ခေါ်နိုင်တဲ့အနေထားရှိနေပြီ။ တရုတ်နှင့်မြောက်ကိုရီယားက ခံထားခဲ့ရတော့ ဂျပန်ကိုအခဲမကြေးဘူး၊ မမေ့ဘူး။ တောင်ကိုရီယားကိုတော့ ဂျပန်နှင့်အမေရိကန်ကိုပေါင်းလို့။ ဂျပန်ကလဲ စစ်ကိုတော်တော်ကြောက်သွား တယ်။ သူတို့က သုံပွင့်ဆိုင်ဇာတ်လမ်းနှင့်အမေရိကန်၊ ရုရှား။
မြန်မာစစ်ခေါင်းဆောင်တွေက မူလရည်ရွယ်ချက်ကိုက တရုတ်နှင့်ရုရှားဆီက လက်နက်ဝယ်ယူပြီး တိုင်ရင်းသားနှင့်ပြည်သူကိုအနိုင်ယူကာ အာဏာကို အမြဲ တမ်းဆုပ်ကိုင်ထားပြီး အိမ်ကျယ်လုပ်ဖို့ဖြစ်တယ်။
မြောက်ကိုရီယားစစ်ခေါင်းဆောင်တွေ စိန်ခေါ်တာက ဂျပန်၊တောင်ကိုရီယား၊ အမေရိကန်။
မြန်မာစစ်ခေါင်းဆောင်တွေ အမြဲတမ်း ဗိုလ်ကျအနိုင်ယူချင်တာက တိုင်းရင်း သားနှင့်ပြည်သူ။
ဘယ်သူကပိုမိုက်သလဲ?


(မြန်မာနဲ့ မြောက်ကိုးရီးယား သမိုင်းနောက်ခံ မတူ)
Phoe Wunna။ ။ မြန်မာပြည်မှာက တိုင်းပြည်တည်ထောင်ကတည်းက ဒီမို ကရေစီစနစ်နဲ့ တည်ထောင်လာတာ။ ဗိုလ်ချုပ်အောင်ဆန်း ရှိခဲ့ဖူးတယ်။ ဒေါ်စု ရှိနေတယ်။ ၈၈ အရေးတော်ပုံ၊ ရွှေဝါရောင်တော်လှန်ရေး၊ ၉၀ ရွေးကောက်ပွဲ ရလာဒ်။ အမြဲလှုပ်ရှားနေတဲ့ ပြည်တွင်း ပြည်ပ ပြည်သူတွေ ရှိနေတယ်။ မြောက် ကိုးရီးယားမှာ ဒါတွေ တခုမှ မရှိဘူး။
 
 (on 12/19/2014 at 10:20 am )

ယေဘုယျသဘော


"ယေဘုယျသဘောနဲ့ပြောရရင် ကိုယ့်အိမ်နီးချင်းတွေ အကြပ်ရိုက်နေကြရလေလေ တရုတ်အတွက် ပိုပြီးအခွင့်ကောင်းရလေလေမဟုတ်လား"

တရုတ်ကတော့ စစ်ရေးနဲ့ပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးနဲ့ပဲဖြစ်ဖြစ် ကိုရီးယားနှစ်နိုင် ငံ ပေါင်းစည်းသွားမှာကို မလိုလားပါဘူး။ သူတို့က အခု မြောက်ကိုရီးယားကို ရုပ်သေးရုပ်လို ဆက်ဆံနေတာပါ။ ပေါင်းစည်း သွားပြီဆိုရင် တောင်ကိုရီးယားက ဦးစီးမိသွားမယ်၊ ဒါဆိုရင် အမေရိကန် ရေတပ်က တရုတ်ကိုရီးယား နယ်စပ် ယာလုမြစ် (Yalu River) အထိ ရောက်လာကြလိမ့်မယ်။ အမေရိကန် ရေတပ်သင်္ဘောတွေ သူတို့နိုင်ငံ ခြေရင်းအထိရောက်လာမှာမျိုးကို တရုတ်ကမလိုချင်ပါဘူး။ ပြီးတော့ ဒီအကြောင်းဟာ ကိုရီးယားစစ်ပွဲ ဖြစ်ခဲ့ရခြင်းရဲ့ အဓိကအကြောင်းရင်းတွေထဲမှာ ပါဝင်နေတယ်။ သူတို့နှစ်နိုင်ငံ ပေါင်းစည်းမိ သွားရင် အမေရိကန်တပ်တွေဆုတ်ပေးမယ်လို့ အမေရိကန်တွေက သဘောတူ ခဲ့မယ်ဆိုရင်တောင် ဒီ ပေါင်းစည်းမှုသတင်းက တရုတ်ပြည်အတွက် သတင်းကောင်းမဖြစ်နိုင်ပါဘူး။ (အမေရိကန်တပ်တွေ ဆုတ်ခွာဖို့က ရာခိုင်နှုန်းအတော်နည်းပါတယ်။)
သူတို့နယ်စပ်မှာ အားကောင်းလာတဲ့ကိုရီးယားကို တရုတ်က ဘယ်မြင်ချင်မှာ လဲ။ ယေဘုယျသဘောနဲ့ပြောရရင် ကိုယ့်အိမ်နီးချင်းတွေ အကြပ်ရိုက်နေကြရလေ တရုတ်အတွက် ပိုပြီးအခွင့်ကောင်းရလေမဟုတ်လား။
(လီကွမ်းယု၊ လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်)