ပိုလွမ်းမိတယ်


ဟန်တင်တန် သေဆုံးချိန်မှာ လူရာဝင်ချိန်နောက်ကျတဲ့ ကျနော်က ဟန်တင်တန်ကို လွမ်းရကောင်းမှန်း မသိခဲ့ဘူး။ သာမန်လူတစ်ယောက် လောကကြီးထဲက ထွက်သွားသလောက်ပဲ ခံယူမိခဲ့တယ်။

လီကွမ်ယု ထွက်ခွာချိန်ကတော့ ကျနော့် အသိ အပျံသင်စနဲ့ တိုက်ဆိုင်နေတော့ ပိုလွမ်းမိတယ်။
ဒါပေမဲ့ ကြာလေလေ ဟန်တင်တန်ကို လေးစားလေလေ။
သူတို့နှစ်ယောက်က အသိခေါက်ခက် ဂလိုဘယ်ပေါ်လစ်တစ်ကို ခပ်ထူထူ ကျနော်လိုကောင်ကိုတောင် ဝိုးတဝါးတော့ မြင်အောင် ပြောပြနိုင်တယ်။

သိက္ခာရှိရှိ


သိက္ခာရှိတဲ့ ခေါင်းတွေက
သိက္ခာရှိရှိ နေတယ်
သိက္ခာရှိရှိ နာတယ်
သိက္ခာရှိရှိ ဆေးရုံတက်တယ်
သိက္ခာရှိရှိ သေတယ်
သိက္ခာရှိရှိ သတင်းထုတ်ပြန်တယ်။


  Image Source: The Straits Time

လီကွမ်းယုက ဘာမှ ပြန်ပြောလို့မရအောင် ခေါင်းမာတဲ့လူမျိုး မဟုတ်ပါဘူး


SINGAPORE: Mr Lee Kuan Yew, who was Singapore’s first Prime Minister when the country gained Independence in 1965, has died on Monday (Mar 23) at the age of 91.
(CNA)

Hard Truths ကို နားဝင်မချိုတဲ့အမှန်တရားများ (May not be music to your ears) လို့ ဘာသာပြန်ထားကြောင်းပြောတော့ မစ္စတာလီရဲ့ စကားတွေကို တိုက်ရိုက်ပဲ ဘာသာပြန်စေချင်ကြောင်း၊ အနုအရွတွေနဲ့မဖွဲ့နွဲ့စေလိုကြောင်း လီကွမ်းယုရုံးက အကြောင်းပြန်ခဲ့ပါတယ်။ ဒါ့ကြောင့် Hard Truths နဲ့ Tough Love စကားလုံးနှစ်လုံးကို တိုက်ရိုက် မြန်မာပြန်ဆိုလို့ လုံးဝ မရနိုင်ကြောင်း သူတို့ကို ပြန်ရှင်းပြခဲ့ရဖူးပါတယ်။ ဒီတော့လည်း We understand ဆိုပြီး လီကွမ်ယုရုံးက လက်ခံသွားပါတယ်။
လီကွမ်းယုက ဘာမှ ပြန်ပြောလို့မရအောင် ခေါင်းမာတဲ့လူမျိုး မဟုတ်ပါဘူး။




ထရန်စဖောင်းမားရဲ့ နေညိုချိန် အစစ်ပါ


ထရန်စဖောင်းမားရဲ့ နေညိုချိန် အစစ်ပါ
အမှားတချို့တ၀က် ရှိနေခဲ့နိုင်ပေမဲ့
အရေးကြီးတာတွေ မှန်ခဲ့တဲ့ လူတစ်ယောက်
လေချို မသွေးတတ်သူ
သွေးမအေးတတ်သူ
လက်မနှေးတတ်သူ
သူနဲ့သူ့အကြောင်းကို ကောက်သင်းကောက်နေမိခဲ့တယ်။



အာရှသားအနေနဲ့ ကြည့်တော့
အင်္ဂလိပ်စကား ပြောတတ်ရုံနဲ့
ဝင်နေလို့ရတဲ့ အိမ်နီးချင်းနိုင်ငံ မရှိသေးဘူး
သူပေါ့။

သေချာတယ် ၇၅ ရာခိုင်နှုန်းကျော် ၀မ်းနည်းနေကြလိမ့်မယ်။
ကုန်မိန်ဆန် ပုထိုးပေါ်က
တိုးလျိုးသွားတဲ့ နေတစ်စင်း
မမြဲခြင်း ခြေနင်းတွေ ၀တ်ဆင်လို့
သူ့သားရဲ့ နိမိတ်ပုံကို ဖတ်တော့လည်း
Let me go ဆိုသူကို
Let him go နဲ့ ကြိုးလျှော့ထားဟန်ပါပဲ။

အင်း ၉၂ ဆိုတော့လည်း
နေ့လား ညလား
ခန့်မှန်းရ ခက်တဲ့လူဆိုတော့
သူတို့ပြောတဲ့ နှစ် ၅၀ ဆီကိုပဲလား
ကျေးဇူးတရားနဲ့ အနိစ္စ
ဖွဖွရွတ်ရင်း ပွားတာပေါ့လေ။ ။


ဇင်ဝေသော်

နားဝင်မချိုတဲ့ အမှန်တရားကို .... နားဝင်မချိုတဲ့ လက်ခုပ်သံနှင့် ခံစားကြည့်ခြင်း (Kyaw Nyein Thant)


ကမ်းလက် shared Kyaw Nyein Thant's post.
 Kyaw Nyein Thant

,,,နားဝင်မချိုတဲ့ အမှန်တရားကို ....
နားဝင်မချိုတဲ့ လက်ခုပ်သံနှင့် ခံစားကြည့်ခြင်း,,,,,,,

မလိုက်နာနိုင်ဘူး
ဓာတ်ငွေ့ယိုစိမ့်မှုနဲ့ အိုဇုန်းလွာပေါက်ပြဲမှု့ဆိုတာ
ငါတို့သုံးတဲ့ ပစ္စည်းတွေကထွက်တာမဟုတ်ဘူး
ကမ္ဘာသုံးပစ္စည်း အပြည်ပြည်ဆိုင်ရာသုံးပစ္စည်းတွေထုတ်လုပ်လို့ဖြစ်တာကွ
လူခြောက်သန်း တာဝန်ကို မင်းတို့ထည့်မတွက်တာ
ငါ့ကို သတ်တာနဲ့ အတူတူပဲ(လီကွမ်ယု)

ဒီမှာတော့ လူသန်းခြောက်ဆယ်အတွက် လူတစ်ရာလောက်က
ငါနဲ့မတူ ငါ့ရန်သူ လုပ်နေတုန်း
ဘာလင်တံတိုင်းနဲ့ စစ်အေးတိုက်ပွဲတောင်ပြိုကျပြီးလို့
အိုင်တီ,ဆိုတဲ့ ကလေးတစ်ယောက်တောင် လူလားမြောက်နေပြီ
ငါနဲ့မတူ ငါ့ရန်သူ တိုက်ပွဲကတော့
ဒီမှာ နှစ် ၆၀ ယမ်းငွေ့တွေနဲ့ လူးလွင့်လို့
သမိုင်းကို တရားခံကြည့်,ကြည့်တော့ ရန်သူတွေကို မိတ်ဆွေမဖွဲ့နိုင်ခဲ့ ....
မိတ်ဆွေတွေသာ ရန်သူတွေဖြစ်ခဲ့ပေါ့ .....
သမိုင်းကို တရားခံကြည့်, ကြည်ြ့ပီး
လမ်းပေါ်ပြေးပြေးတက်လာတော့လဲ
အမှားထဲက အမှားဟောင်းတွေပဲ ထပ်မှား
လူသန်းခြောက်ဆယ်အတွက် လူတစ်ရာလောက်က မကြည့်ရက်လို့ဆိုတာ
ကျွန်တော် နားလည်ပါတယ် ..
လူတစ်ရာကြောင့် လူသန်းခြောက်ဆယ်ရဲ့ အနာဂတ်တွေ
နောက်ပြန်လှည့်ခံရမှာကိုတော့ ..ကျွန်တော်နားလည်တာ
ခင်ဗျားတို့မတရားဘူး ........(Kyaw Nyein Thant )

ဘာသာပြန် စာအုပ် အတွက် ဘကြီးဘုန်းဘုန်းကျေးဇူး အများကြီးတင်ပါသည်။
(လွတ်လပ်စွာ,ကွဲလွဲခံစားနိုင့်ဖို့ ,,သင်္ဂဇာဆရာတော်ကြီး မိန့်ကြားတဲ့
ငရဲ မကြီးအောင် အဆဲပြီးဆေး ဆောင်ထား ,,ပါသည်။)
 

ဘကြီးဘုန်းကြီး တပြုံးပြုံး


သစ္စာနီအပါအဝင် စာရေးဆရာများက သူ့ကိုစာအုပ်လက်ဆောင်ပေးရာ "ဆရာ ဓမ္မဂင်္ဂါ" သို့ ဟု ရေးထိုးပေးကြလေသည်။ (အဲသလို မဟုတ်ရင် ဆရာတော် လို့ ရေးတတ်ကြသည်)
ထိုစာကြောင်းလေးကိုကြည့်ရင်း ဓမ္မဂင်္ဂါ ဆိုသည့် ထို ဘကြီးဘုန်းကြီးက
"ကိုယ်တို့ကို စာရေးဆရာအဖြစ် သူတို့ လုံးဝအသိအမှတ်ပြုလိုက်ရပြီ" ဟု ပြုံးပြုံးကြီးဆိုလေ၏။

ခမ်းနားတဲ့အတိတ်တွေမို့ မမေ့လျော့စေချင် (၂)


"ဆရာတော့် ဒါယိကာ၊ဒါယိကာမ စင်ကာပူလူမျိုးတွေပါ ပါလာခဲ့ကြောင်း သိ လိုက်ရသည်။ သူတို့က သူတို့အစီအစဉ်ဖြင့် သူတို့ လာခဲ့ကြပြီး Tourism ကား ကြီးတစ်စီးနှင့် အပြည့်ပါလာခဲ့ရာ ထိုနေ့အဖို့ အတော်ပင်စည်ကားနေ ခဲ့သည်"

ဒီနှစ် ၂၀၁၅ ဇန်နဝါရီလထဲမှာပဲ ဆရာတော်စင်ကာပူမှ ပြန်ရောက်လာပြန် သည်။ မန္တလေးသံဃာ့တက္ကသိုလ်မှာ ဆွမ်းကပ်သည်။ သံဃာအပါးလေးရာေ ကျာ်ကို သင်္ကန်းတစ်စုံစီနှင့် သူ့ ”လီကွမ်ယု” နှင့် “လူ့ယဉ်ကျေးမှု” စာအုပ်တွေ လှူသည်။ သည်တစ်ခါလှူခြင်းကတော့ စင်ကာပူမှာတုန်းက ပြည်ပရောက် ကလေးတွေကို ခမ်းနားခဲ့သည့်မိမိနိုင်ငံ၏ အတိတ်ကို ဆုံးရှုံးမှာစိုး၍ လှူခြင်း မျိုးမဟုတ်ပါ။ ဘဝတူ သာသနာ့အာဇာနည် ညီအကိုများအတွက် အနာဂတ်ကို မျက်ခြည်မပြတ်ဖို့ လှူခြင်းသာ ဖြစ်မည်ထင်ပါသည်။

ဆရာတော်က မန္တလေးကို အရင်ရောက်နှင့်နေပြီး မိမိတို့က စင်ကာပူ ဆရာတော့်ကျောင်းမှ ကြွလာသော ဦးစက္ကနှင့် မန္တလေးကို တက်ရသည်။ ပထမဆရာသစ္စာနီ၊ ဆရာမောင်စိမ်းနီတို့ လိုက်ဖို့ရှိသော်လည်း မအားသဖြင့် မလိုက်နိုင်ကြပါ။ မိမိနှင့်ကိုစံစံ(ဟင်္သာတ) နှစ်ယောက်သာ ပါသွားခဲ့သည်။ သာကေတ ထန်းတပင်ကျောင်း (ထန်းတော ပရိယတ္တိစာသင်တိုက်) မှ ဦးတိလက္ခဏ၊ စင်ကာပူမှ ဦးစက္က၊ ၄င်း တို့ရွာသား ကားဆရာကိုမင်းသန့်နှင့်အတူ မန္တလေးသို့ လိုက်ကြရသည်။
ဆရာတော်ဇင်ဝေသော်က သံဃာ့တက္ကသိုလ်မှာတည်းနေပြီး မိမိတို့က နန်းတော်ရှေ့၊ မင်္ဂလာရွာမ ရွှေဘိုတိုက်၊ ထေရဝါဒ ကျောင်းဆရာတော်၊ မဟာစည်နယ်လှည့်ဓမ္မကထိက အရှင်နန္ဒသီရိကျောင်းမှာ တည်းကြပါသည်။

နောက်နေ့နံနက် မှာပဲ ဆွမ်းကပ်မည့် နေရာ သံဃာ့တက္ကသိုလ်ဆီသို့ ရောက် သွားခဲ့သည်။ ထိုအချိန်ကျမှ ဆရာတော့် ဆွမ်းကပ်ပွဲကို လာခဲ့ကြသော စင်ကာ ပူမှ ဆရာတော့် ဒါယိကာ၊ဒါယိကာမ စင်ကာပူလူမျိုးတွေပါ ပါလာခဲ့ကြောင်း သိ လိုက်ရသည်။ သူတို့က သူတို့အစီအစဉ်ဖြင့် သူတို့ လာခဲ့ကြပြီး Tourism ကား ကြီးတစ်စီးနှင့် အပြည့်ပါလာခဲ့ရာ ထိုနေ့အဖို့ အတော်ပင်စည်ကားနေခဲ့သည်။ ခရစ်ယာန်နှင့် မွတ်စလင်များသော စင်ကာပူမှာ ဗုဒ္ဓဘာသာဝင်သံဃာ အနည်း အကျဉ်းသာ တွေ့ဖူးသော ၄င်းတို့အဖို့ သာသနာ့စာပေကို အပတ်တကုတ် ကြိုးစားသင်ယူနေသော သံဃာတော် ၄၀၀ ကျော်ကို အုပ်စုလိုက် ဖူးမြင်ရသဖြင့် အံ့ဩဝမ်းမြောက်နေမည်မှာလည်း အမှန်ဖြစ်သည်။

ဆရာတော့်ရွာမှ ဆရာတော့်အမကြီးများ၊ ဆွေမျိုးများလည်း ထိုနေ့မှာပဲ အစော ကြီးကတည်းကရောက်နေကြ၏။ ရန်ကုန်မှ စာရေးဆရာ ဓမ္မဂင်္ဂါလည်းေ ရာက်နေခဲ့၏။ ဧည့်သည်တွေကို သီလပေးအပြီးမှာပဲ သံဃာအပါး ၄၀၀ ကျော်ကို ဆွမ်းကပ်ကြသည်။ ဆွမ်းမစားမီမှာ ဤဆွမ်းအား ရုပ်ရည်လှ ပခြင်းအတွက် ဘုန်းမပေး၊သာသနာ၏ အဓိကတာဝန်ဖြစ်သော ပရိပတ္တိ၊ ပရိယတ္တိအကျင့် နှစ်ခုအတွက်သာ ဘုန်းပေးပါသည်။ ဝေဒနာအဟောင်း အသစ် မဖြစ်လေအောင်၊ အပြစ်မဖြစ်အောင် သုံးဆောင်ပါသည် အစရှိသည့် အဓိပ္ပာယ်ရသော အလင်္ကာကို ရွတ်ဆိုကြသည်။ ဆွမ်းစားအပြီးမှာတော့ စာအုပ်နှင့် သင်္ကန်းတွေကို ကပ်လှူကြ၏။ စင်ကာပူဓမ္မ မိတ်ဆွေတွေက သာသနာ့တက္ကသိုလ်အတွက် ဝတ္ထုငွေတွေ ထပ်လှူပြီး ဆရာတော် ဇင်ဝေသော်က သူ့ဒကာ ဒကာမတွေကို ရေစက်ချပေးသည်။

မိမိကတော့ စင်ကာပူမှာနေခဲ့စဉ် မင်္ဂလာဝိဟာရကျောင်းကြီး၏ ဘုရားခန်း အတွင်း ၁၉၇၂ ခုလောက်က သီရိလင်္ကာ ပန်းချီဆရာကြီး ဆွဲသွားသော နံရံဆေးရေးပန်းချီကား တချို့ ပျက်စီးနေသည်ကို ပြန်ရေးပေးခိုက် ကော်ဖီ အအေးလာ၍ စီစဉ်ပေးသော စင်ကာပူသူ မစ္စဂျွန်နီနှင့် (Genny Tan) ပြန်တွေ့ရသည့် အတွက် ရှေးဟောင်းနှောင်းဖြစ်များ ပြောကြရင်း ဝမ်းသာနေမိ၏။

ဆရာတော်ဇင်ဝေသော်၏ ယနေ့အလှူကပင် ရှင်အရဟံနှင့် အနော်ရထာမင်း ကြီးတို့၏ သာသနာရေးကြိုးပမ်းခဲ့ပုံ၊ အတိတ်၏ခမ်းနားခဲ့မှုတွေအပေါ် မမေ့ မလျှော့သည့် ကျေးဇူးတရားအား အော့မေ့ဖွယ် အလှူလည်း ဖြစ်နိုင်မည် ဆိုသည်ကို တွေးမိသည့် အခိုက်မှာတော့…။

နေသစ်နီ

ခမ်းနားတဲ့အတိတ်တွေမို့ မမေ့လျော့စေချင်


(Home and Services ဂျာနယ်မှာ ဆရာ နေသစ်နီ(ဆရာတစ်ယောက်ရဲ့ ကလောင်ခွဲဖြစ်ဟန်တူ) ရေးထားတဲ့ ဆောင်းပါးကို ဖေ့စ်ဘုတ်မူနဲ့ညီအောင် အကျဉ်းချုံးပြီး တင်ပြပေးလိုက်ပါတယ်။ ကိုယ်တိုင် ဖွင့်ပြောမှုနည်းတဲ့ ဇင်ဝေသော်ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ ချုံ့ထားသည်ဆိုစေ အတန်ငယ် ရှည်လျားဆဲပါ၊ ဒါ့ကြောင့် နှစ်ပိုင်း ခွဲတင်ပေးလိုက်ပါတယ်။)

ရန်ကုန်မှာရှိစဉ် ဘာသာသွေးမဂ္ဂဇင်းမှာ ဆရာတော်ရော မိမိပါ ရေးဖူးပေမယ့် မသိခဲ့ကြပါ။ ထိုကတည်းက ဆရာတော့် အတွေးတွေက ထူးခြားနေရာ ဆ ရာတော့်ကို လေးစားသွားခဲ့မိသည်။ နောက်တော့ ဆရာတော် သီတင်းသုံး ရာ စင်္ကာပူနိုင်ငံ၊ Eunos ဘူတာအနီး၊ မင်္ဂလာဝိဟာရကျောင်းမှာ ဘာသာရေးနှင့် ယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်ခဲ့ရာ ထိုသင်တန်းမှာ ယဉ်ကျေးမှုဘာသာရပ်ကို သင်ပေးဖို့ တာဝန်ယူဖြစ်ခဲ့သည်။ ဆရာတော့်သင်တန်းကပင် ”အနာဂတ်ကို သဲကြီးမဲကြီးလိုက်ရင်း ပစ္စုပ္ပန်ကို လျှောက်လှမ်းနေရာမှ ကြီးကျယ် ခမ်းနားခဲ့ သည့် အတိတ်က အဖြစ်တွေကို လက်လွှတ်ဆုံးရှုံးလိုက်ရမှာ စိုးလို့ ဒီသင်တန်းကို ဖွင့်ခဲ့ပါတယ်“
(မူရင်းဆောင်ပုဒ်က "ပစ္စုန်ကို မကျေနပ်လို့ အနာဂတ်နောက်ကိုလိုက်ရင်း ခမ်းနားတဲ့ အတိတ်က အမွေအနှစ်တွေ မေ့ ကျန်ခဲ့မှာစိုးလို့ ဒီ သင်တန်းကို စခဲ့ပါတယ်" ဖြစ်ပါတယ်)
ဟု ကြွေးးကြော်ခဲ့ရာအတိတ်က ကြီးကျယ်ခမ်းနားခဲ့သည့် ကျွန်တော်တို့ နိုင်ငံ ၏ သမိုင်းတွေကို တူးဆွဖော်ထုတ်ရတာ့မည်ဖြစ်ကြောင်း သဘောပေါက် လိုက်မိပါသည်။

စင်ကာပူရောက်ကလေးတွေ၊ တစ်နည်းအားဖြင့် ပြည်ပနိုင်ငံမှာ အခြေချနေ သည့် ကလေးတွေဟာ အမိနိုင်ငံ၏ အတိတ်က ကြီးကျယ်ခမ်းခဲ့ပုံတွေကို မသိနိုင်သူများ ဖြစ်နေကြသည်။ ထိုသို့မသိခဲ့သည့်အတွက် အမိနိုင်ငံနှင့် ပတ်သက်ပြီး အထင်ကြီးစိတ်တွေလည်း ဝေးလွင့်နည်းပါးခဲ့ရသည်။ ဒါဟာ ယေဘုယျသဘောသာ ဖြစ်ပြီး တစ်ချို့ကလေးမိဘတွေကိုယ်၌က ကိုယ့်နိုင်ငံအပေါ် အထင်ကြီးမှုတွေ ပျောက်ကွယ်ခဲ့ကို တွေ့နေရပါသည်။ တချို့ကလည်း သည်နိုင်ငံကဘွဲ့နှင့် အလုပ်လုပ်စားလို့ မရဘူးဟု ကျေးဇူး ကန်းပေမယ့် တကယ်တမ်းမှာ ထိုဘွဲ့လက်မှတ်နှင့်ပင် စင်ကာပူမှာ အလုပ် လုပ်နေရခြင်း ဖြစ်သည်။ အလုပ်၏ သဘောသဘာဝကို နားလည်သွားလျှင် အလုပ်ဖြစ်သွားပြီး အင်္ဂလိပ်စာတော့ ပိုကောင်းဖို့လိုပါသည်။ ဟိုမှာသန်တန်းေ တွ ထပ်တက်နိုင်ပြီး အင်္ဂလိပ်စကားပြောလေး အဆင်ပြေလျှင် စင်ကာပူ လိုနေရာမှာ အလုပ်လုပ်လို့ ပိုပြီးနေရာရသည်။ အမေရိကန်လိုနေရာမှာတော့ မပြောတတ်ပါ။

ဘာပဲဖြစ်ဖြစ်ဆရာတော့်သင်တန်းမှာ ကလေးတွေကို ကျွန်တော်တို့ ဘာသာရေးနှင့် ယဉ်ကျေးမှုသင်တန်းပေးခဲ့ကြသည်။ သင်တန်းက တနင်္ဂနွေ တစ်ရက်သာရှိပြီး ညနေငါးနာရီမှ ခုနစ်နာရီအထိဖြစ်သဖြင့် အချိန်ကတော့ နည်းလွန်းလှ၏။ သံဃာတွေက ဘာသာရေးသင်ပြီး ကျွန်တော်တို့က ယဉ်ကျေးမှုကိုသင်ရသည်။



ဆရာဖြစ်သူ ဒေါက်တာခင်မောင်လတ်၊ ကိုအောင်ခိုင်ဆွေ၊ ဖြူဖြူလှိုင်၊ ယဉ် မင်းသူ၊ မနီနီတင်ကနှင့် မိမိတိုက မြန်မာ့သမိုင်း၊ မြန်မာ့ဂီတ၊ မြန်မာ့ရာသီ ဥတု၊ မြန်မာ့ကျောက်မျက်၊ မြန်မာ့ပွဲတော်၊ ၁၂ လ ရာသီ ပန်းဖွဲ့၊ ပန်းဆယ်မျိုး စသည်တို့ကို မိတ်ဆက်သင်ကြားပေးခဲ့ကြသည်။
နောက်ပိုင်း ဆရာမ ဒေါ်အေးအေးခိုင် ရောက်လာပြီး အငယ်တန်းတွေ အတွက် မြန်မာစာကိုမောင်းရတော့သည်။ တစ်လမှ လေးရက်သာရပြီး အချိန်ကလည်းတိုလွန်းဖြစ်ရာ မိဘတွေကိုပါ အိမ်မှာ ဝိုင်းကူခိုင်းရတော့ သည်။ နောက်ပိုင်း စင်ကာပူက ပြန်လာသည့်အခါ ဘာသာရေးနှင့်ယဉ်ကျေးမှု သင်တန်းလည်း ကျန်ဆရာတွေနှင့် ဆက်လက် မောင်းနှင်ခဲ့ကြသည်။


ဤသည်မှာ မိမိနှင့်ဆရာတော်ဦးစိတ္တရတို့ ရေစက်ဆုံခဲ့ပုံဖြစ်၏။ ထိုရေစက်မှာ ထိုမျှနှင့်မပြီးပါ။ မြန်မာပြည် ပြန်ရောက်အပြီး ဆရာတော်ရေးသည့် လီကွမ်ယု၏ “နားဝင်မချိုသော အမှန်တရား” စာအုပ်တွေ၊ ဟန်တင်တန် ၏”လူ့ယဉ်ကျေးမှုပဋိပက္ခနှင့် ကမ္ဘာသစ်တစ်ခုကို ပုံဖော်ခြင်း” စာအုပ်မိတ် ဆက်ပွဲအပြီးမှာပဲ ဆရာတော်စင်ကာပူကို ပြန်ကြွသွားခဲ့သည်။

သူ၏လီကွမ်ယုစာအုပ်သည် ပြုပြင်ပြောင်လဲနေသည့် မြန်မာပြည်အတွက် အလွန်လိုအပ်သော စာအုပ်ဖြစ်ပြီး မကြာမကြာ ထပ်ရိုက်ရသော စာအုပ်လည်းဖြစ်လာခဲ့သည် (၇ ကြိမ်မြောက်ပါပြီ)။ “လူ့ယဉ်ကျေးမှုပဋိပက္ခ” စာအုပ်ကပို၍ လေးနက်သော်လည်း ဒုတိယပိုင်းမထွက်သေးသည့်အတွက် ဝယ်လိုအားနည်းနေခဲ့သေးသည်။

(ဆက်ရန်)

ဓမ္မဂင်္ဂါနဲ့ ဇင်ဝေသော်


ဗိုလ်ချုပ်နှစ် ၁၀၀၊ ရှေ့ဆုံးအတန်းက အဟမ်း အဟမ်း ဓမ္မဂင်္ဂါနဲ့ ဇင်ဝေသော်
(ပေးပို့သူ Hnin Net)



အမှတ်ပေးနေတဲ့ သစ္စာနီက ဒီမှာ။ ဆောရီးပဲ။ အခုမှ ဖုန်းထဲကတွေ့ရ။
 

မူအားဖြင့် နားလည်လိုက်ပါပြီ


ထက် ထက်
Today at 8:33pm
ဒီနေ့ ဗိုလ်ချုပ်ရာပြည့်ပွဲမှာ ဘုန်းဘုန်း စီစဉ်ရေးသားတဲ့ 'မူအားဖြင့် နားလည်လိုက်ပါပြီ' တခန်းရပ်ပြဇာတ် ကောင်းတယ်ဘုရာ့


ကော်ပီရိုက်ကိစ္စ၊ အနုပညာနဲ့ ဖန်တီးမှုကိစ္စတွေကို လေးစားသလို လိုက်လည်းလိုက်နာသူတွေအတွက် ဘာမှမဖြစ်လောက်ပေမဲ့ အသိအမှတ်ပြုမှုကို ကျေနပ်၊ တန်ဖိုးထားမှုကို ရိုကျိုးစွာ တောင့်တမိပါတယ်။ ဒီပြဇာတ်လေးကို ဓမ္မဂင်္ဂါနဲ့ကျနော် ရေးခဲ့တာပါ။ မူရင်းက "ကလေး နိုင်ငံရေး" ဆိုတဲ့ ကမ်းလက်ရဲ့ ပို့စ်ပါ။ Ref; The World Joke Book ပေးခဲ့ပါတယ်။

ဆရာသစ္စာနီက ဘာတွေပြောလိုက်လို့ ဒီလောက်ရယ်မောလိုက်မိသည် မသိပါ


ဆရာသစ္စာနီက ဘာတွေပြောလိုက်လို့ ဒီလောက်ရယ်မောလိုက်မိသည် မသိပါ။
သို့သော် အမိအရဖမ်းယူလိုက်နိုင်သော ဤဓာတ်ပုံကြောင့် (ဤမျှ) ဟက်ဟက် ပက်ပက် ရယ်မောလိုက်မိကြောင်း မဖြစ်မနေ ဝန်ခံရပါတော့မည်။
၂၀၁၅ သည် ကံကောင်းသော၊ ရယ်မောဖွယ်များသော နှစ်ဖြစ်ကြောင်း သိရပါ သည်။
၆ ရက်ခန့်ကရောက်သော ဓမ္မဂင်္ဂါသည်လည်းကောင်း
ယနေ့ရောက်သော သစ္စာနီသည်လည်းကောင်း
ကျွန်ုပ်သည်လည်းကောင်း


Unsound hero


ဆောင်းပါးတစ်ပုဒ် ဖတ်ရဖူးပါတယ်။ အောင်ဆန်းဆိုတဲ့အမည်ဟာ နိုင်ငံခြား သားတွေအတွက် မှတ်ရ၊ အသံထွက်ရတာ အတော်ခက်ပါသတဲ့။ ဒါ့ကြောင့် ဆောင်းပါးရှင်က အင်္ဂလိပ်လို "Unsound hero" လို့ မှတ်လိုက်ပါ တယ် တဲ့။
"အန်ဆောင်း" ကို ပြောင်းပြန်လှန်တော့ "အောင်ဆန်း" ဖြစ်သွားရော တဲ့။

သူတို့မသိတဲ့ ပြည်ထောင်စုနေ့


ပြောရရင် ဘသားမိုးကြိုးပဲ။ စထရိတ်တိုင်းမ်က ဗိုလ်ချုပ်နှစ်တစ်ရာပွဲကို တခမ်း တနား ဓာတ်ပုံတွေနဲ့ ဖော်ပြထားတယ်။
ပြီးတော့ ဦးသိန်းစိန်ရဲ့ ဖွဲ့ခြေဥပြင်ဖို့ အိုကေ ဆိုတဲ့အကြောင်း (ဒါကတော့ နိုင် ငံရေးမို့ ပါလာတတ်ပါတယ်)။
ဒီမှာ ဝှိုက်ကတ်ကိစ္စကို နည်းနည်း တို့ထိထားတယ်။
စင်္ကာပူကိုယ်တိုင်ကလည်း မလေး၊ စင်္ကာပူ ရထားလမ်းတစ်လျှောက်က (တရားမဝင်နေထိုင်တယ်လို့ စင်္ကာပူက ယူဆ၊ မလေးတွေကလည်း စင်္ကာပူ ဆိုတာ မလေးရှားရဲ့ အစိတ်အပိုင်းပဲလို့ ယုံကြည်ခဲ့ကြစဉ်ကပါ) မလေးတွေကို ရက်ရက်စက်စက် မောင်းထုတ်ခဲ့တာပါ။


ဆရာ သစ်စာနီဆီက ထွက်လာတဲ့ စကား


ဘုန်းကြီးဆိုရင် နိုင်ငံရေးစကား ကြည့်ပြော။
လူဆိုရင် ဘာသာရေးစကားကြည့်ပြော။ မှားသွားရင် မချောင်ဘူး။
မနေ့က ဆရာ သစ်စာနီဆီက ထွက်လာတဲ့ စကား။

မှားတော့လည်း မီဒီယာကနေ ပြင်ဆင်လို့ ရနေတာပဲ။
အနောက်က လူနောက်တွေကတော့
လူကမှား၊ သတင်းစာက တောင်းပန် တဲ့။ ။

ကမ်းလက်မှ နကမ္မ၀တ္ထု ကျပ်ငါးသိန်းလှူဒါန်းသွား


-----------xxxxxx--------------
သူငယ်ချင်းများဖြစ်ကြသော ကမ်းလက် (ဦးစိတ္တရ၊ စင်္ကာပူ) နှင့်
ဓမ္မဂင်္ဂါ (ဦးဝိစိတ္တ၊ ဓမ္မဂင်္ဂါ ပါဠိကောလိပ်ဖောင်းဒါ) တို့
Dhamma Garden Centre သို့ အလည်အပတ်လာ၊
နေ့ဆွမ်းဘုဉ်းပေးသွား။


Dhamma Garden Centre  Posted on 01/15/2015

စာမူအဟောင်းတချို့


စာမူအဟောင်းတချို့ကို Home & Services က ပြန်လည်ဖော်ပြပေးခဲ့ပါတယ်။
အဲဒီစာမူခတွေကို(မများပါဘူး) ကဗျားရာသမဂ္ဂ ကို လှူဒါန်းခဲ့ပါတယ်။




ဘန့်တင်ရွာ ဘုရားပွဲမှာ


ပါချုပ်(ဟောင်း) ဆရာတော်ကိုလည်း ဖူးခဲ့ရ
ဂန်းနန်းစတိုင်လည်း မော့ကြည့်ခဲ့ရ
စာရေးတံ မဲလည်းနှိုက်ခဲ့ရ
ဘန့်တင်ရွာ ဘုရားပွဲမှာ။





တောင်ပြော မြောက်ပြော


တောင်ပြော မြောက်ပြော။ စားပွဲထိုး ရေနွေးဖြည့်ဖို့ စိတ်ကုန်သည်အထိ။
ZWT
(January 14 at 1:12pm)



 ဇင်ဝေသော်၊ဓမ္မဂင်္ဂါ၊သစ္စ္စာနီ၊ကောင်းဆက်နိုင်၊မောင်ကျော်သာ-ပဲခူး၊ ဇန်ဇန်၊ကဲဆုသာ 
 ဓမ္မ ဂင်္ဂါ (January 14 at 11:01am)