Description: အမုန်းအာဃာတနဲ့ လက်စားချေလိုမှုတွေကိုတိုက်ဖျက်ရန်ရေးသားထားပီး မဖြစ်မနေ ဖတ်သင့်တဲ့ ဇာတ်လမ်းလေး တစ်ပုဒ်နော်...မွတ်စလင်တွေထဲမှာတင်ဒေါက်တာအီဇယ်ဒင်တွေ ရှားပါးတာ မဟုတ်ပါဘူး။ ဘယ်ဘာသာထဲမှာမှ ဒေါက်တာအီဇယ်ဒင်တွေ များများစားစား မရှိနိုင်ပါဘူး။ ကံမကောင်း အကြောင်းမလှစွာ ဒီနေ့ကမ္ဘာဟာ ဒေါက်တာအီဇယ်ဒင် အများအပြား လိုအပ်နေပါတယ်။....ကဲ စာဖတ်သူပရိတ်သတ်ကြီးတို့ရေ ဒေါက်တာ အီဇယ်ဒင်ဟာ ဘယ်သူလဲ ဘယ်လို အခက်အခဲ တွေကို ကျော်ဖြတ်ခဲ့လဲ ...ဘယ်လိုတာဝန်တွေကို ထမ်းဆောင်ခဲ့တာလဲ ဆိုတာတော့ ဒီဘာသာပြန်စာအုပ်လေး ဖတ်ပြီး ခံစားကြစို့နော်......
Home » All posts
ကျွန်တော် မမုန်းဘူး - ဇင်ဝေသော် (မြန်မာပြန်)
in
ကမ်းလက်စာပေ,
ဇင်ဝေသော်,
ဘာသာပြန်
- on 5/02/2017
- No comments
Description: အမုန်းအာဃာတနဲ့ လက်စားချေလိုမှုတွေကိုတိုက်ဖျက်ရန်ရေးသားထားပီး မဖြစ်မနေ ဖတ်သင့်တဲ့ ဇာတ်လမ်းလေး တစ်ပုဒ်နော်...မွတ်စလင်တွေထဲမှာတင်ဒေါက်တာအီဇယ်ဒင်တွေ ရှားပါးတာ မဟုတ်ပါဘူး။ ဘယ်ဘာသာထဲမှာမှ ဒေါက်တာအီဇယ်ဒင်တွေ များများစားစား မရှိနိုင်ပါဘူး။ ကံမကောင်း အကြောင်းမလှစွာ ဒီနေ့ကမ္ဘာဟာ ဒေါက်တာအီဇယ်ဒင် အများအပြား လိုအပ်နေပါတယ်။....ကဲ စာဖတ်သူပရိတ်သတ်ကြီးတို့ရေ ဒေါက်တာ အီဇယ်ဒင်ဟာ ဘယ်သူလဲ ဘယ်လို အခက်အခဲ တွေကို ကျော်ဖြတ်ခဲ့လဲ ...ဘယ်လိုတာဝန်တွေကို ထမ်းဆောင်ခဲ့တာလဲ ဆိုတာတော့ ဒီဘာသာပြန်စာအုပ်လေး ဖတ်ပြီး ခံစားကြစို့နော်......
ဖွင့်မပြောကြတဲ့ အချက်
in
Politics,
Singapore,
ဇင်ဝေသော်,
အမျိုးသားရေး
- on 8/30/2016
- No comments
မလေးရှားနဲ့ စင်္ကာပူ။
စင်္ကာပူရဲ့ အောင်မြင်မှုကို ပြောရာမှာ အခြားအချက်တွေကိုပဲ ထပ်တလဲလဲ ပြောနေကြပေမဲ့ မှန်ပြီး ပြောရခက်တာရှိတယ်။ ဒါက မလေးရှားမှာ မလေးလူမျိုးအများစု၊ စင်္ကာပူမှာ တရုတ်လူမျိုးအများစု ရှိနေတယ် ဆိုတဲ့အချက်ပဲ။ ဒါကို တရုတ်တွေက ဖွင့်ပြောရင် လူမျိုးချင်း ရန်သတ်ဖို့ပဲ ရှိတော့တယ်။
မလေးရှားမှာ ကန့်သတ်၊ ဟန့်တားမှုမရှိဘဲ အများစု မလေးတွေက လူနည်းစု တရုတ်၊ ကုလားတွေထက်သာအောင် မလုပ်နိုင်ဘူး။ လူမျိုးကြီးရဲ့ ဦးဆောင်မှုစွမ်းရည် နိမ့်ပါးတယ်။ ကျေးလက်တွေမှာ ဆာရုန်းလို့ခေါ်တဲ့ ပုဆိုးကြီးတွေနဲ့ မနက်စာရှိရင် အေးအေးဆေးဆေး အိပ်ယာဝင်သူတွေအများကြီး။ ရောင့်ရဲတာလား၊ စိတ်ကူးစိတ်သမ်း မရှိတာလားပဲ။ မချမ်းသာချင်တာတော့ မဟုတ်ဘူး။
စင်္ကာပူမှာရှိတဲ့ တရုတ်လူမျိုးတွေက နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးနဲ့ လူမှုရေးတွေမှာ ကန့်သတ်ဟန့်တားမှုမရှိဘဲ လူနည်းစုတွေကို ဦးဆောင်မှု ပေးနိုင်တယ်။
မလေးရှားမှာဆို လီကွမ်းယုလည်း ဒီလို ဇာတ်လမ်းမျိုး မရေးနိုင်ဘူး။ ဒါက သေချာတယ်။
တရုတ်တွေကြားမှာလည်း သဘောတူ၊ မတူကိစ္စတွေရှိတယ်။ လေ့လာ မိသလောက်ကတော့ တရုတ်အများစုက ဘယ်တော့မှ အလုပ်ပျက်ခံပြီး ငြင်းခုံမနေကြဘူး။
နိုင်ငံတစ်နိုင်ငံမှာ အများစုရှိတဲ့လူမျိုးက ဦးဆောင်နေရာကို ရယူနိုင်ရင်၊ ဦးဆောင်စွမ်းရည်ရှိရင် တိုးတက်ဖို့ မြန်တာပါပဲ။
သူက အဓိက မောင်းနှင်အား၊ နေးရှင်းတစ်ခုရဲ့ ပင်မ ကာရိုက်တာ။
ဥပမာ။ အမေရိက၊ ဂျပန်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ စင်္ကာပူ၊ ကိုရီးယား။
မလေးရှားကတော့ "ဘူမိပုတြ" ဝါဒနဲ့ မအောင်မြင်လှဘူး။
ဇင်ဝေသော်
(Aug 30, 2016)
NUS Buddhist Society
in
NUS,
Ven Cittara
- on 8/30/2016
- No comments
August 26 at 12:09pm
သမ္မတဟောင်း မစ္စတာ နသန်ရဲ့ဈာပနကြောင့် ကားလမ်းတွေပိတ်နေလို့ မနည်းချုပ်ပြောခဲ့ရတယ်။
(NUSBS Tea Talk)
August 26 at 9:09pm
NUS Buddhist Society ရဲ့ အကြံပေးတွေက ၂၀၀၈/၂၀၀၉ တုံးကဆိုရင် သူတို့တက္ကသိုလ်က ဘွဲ့ရတွေချည်းပဲ။ အား ရှားပါး။
ကိုယ်တို့က ရွာကပါလာတဲ့ ပညာလေးနဲ့ မနည်းတိုးယူခဲ့ရတာ။ အခုတော့ မကြောက်တော့ပါဘူး။ ကိုယ်လည်း ဆရာကြီးတန်းထဲ ဝင်နေပြီပဲဥစ္စာ။ အဟက်။
August 26 at 9:27pm ·
ဒီနေ့ အရှင်စက္ကပါလတို့ NUS (National University of Singapore) ကွင်းထဲ ပထမဆုံးအကြိမ် ခြေစစ်ပွဲ ဝင်ပါပြီ။
မလွယ်ပေမဲ့ နိုင်ငံခြားသားထဲ တည့်တည့်တိုးတာကို ပို စိတ်ဝင်စား၊ ပို အားပေးမိတယ်။
"Go on, move on. You can do it." ပေါ့လေ။
August 29, 2016
The link,
Mangala Vihara, Burmese tradition and NUS Buddhist Society.
Aug 29, 2016
ကျောင်းသားလေးတွေပေမဲ့ လေ့လာမှုအား မနည်းဘူး။ 'ကပ္ပိယ' ဆိုတဲ့ဝေါဟာရကို အမိအရ သုံးစွဲပြနိုင်တယ်။ စကားပြောရင် လဲတွေ လားတွေ လော်တွေနဲ့ပေမဲ့ စလုံးကလေးတွေကို လျှော့တွက်လို့ လုံးဝမရဘူး။
Aug 30, 2016
မကြာမီ လာမည်ပေါ့
in
Mr. China,
Tim Clissold,
စာအုပ်အညွှန်း,
ဇင်ဝေသော်,
မစ္စတာချိုင်းနား
- on 8/30/2016
- No comments
ပထမဆုံး ဘာသာပြန်ဝတ္ထု၊
စာရေးဟန်နဲ့ တစ်အုပ်လုံး ပထမဆုံးရေးတဲ့ ဘာသာပြန်ပါ။
(Aug 30, 2016)
ပါးပါနပ်နပ် ကိုင်တွယ်နိုင်ရင် တရုတ်က အဆိုးကြီး မဟုတ်ပါဘူး
in
Politics,
ဇင်ဝေသော်,
မစ္စတာချိုင်းနား
- on 8/30/2016
- No comments
နောက်ပြီး သူက အာရှတန်ဖိုးကို ကြွေးကြော်မယ့် စူပါပါဝါလည်း ဖြစ်လာနေတယ်။ ဂျပန်ရှိပေမဲ့ ဂျပန်က တရုတ်နဲ့စာရင် ဝိတ်သေးတယ်။ ဖြစ်ချင်သလိုဖြစ် စာချုပ်မချုပ်မိဖို့ပဲ။ ဒေါ်စုကိုယ်တိုင် စာချုပ်ချုပ်တယ်ဆိုတော့ (သူ့ထက်ယုံရမယ့်လူလည်း မြန်မာပြည်မှာမရှိဘူး) လက်ခုပ်တီးပါတယ်။
(August 19, 2016)
ဂျင်ဝေတော်
in
Mr. China,
Tim Clissold,
ဇင်ဝေသော်,
မစ္စတာချိုင်းနား
- on 8/30/2016
- No comments
ဂျင်ဝေတော်
(April 11, 2016)
ဒီနေ့ မစ္စတာချိုင်းနား ဘာသာပြန်ကို အောင်မြင်စွာ အဆုံးသတ်လိုက်နိုင်ပါပြီ
in
Mr. China,
Tim Clissold,
ဇင်ဝေသော်,
မစ္စတာချိုင်းနား
- on 8/30/2016
- No comments
ဒီနေ့ မစ္စတာချိုင်းနား ဘာသာပြန်ကို အောင်မြင်စွာ အဆုံးသတ်လိုက်နိုင်ပါပြီ။ ကမ္ဘာ့နိယာမပြီးရင် ထွက်လာဖို့ပါပဲ။
မူရင်းစာရေသူ တင် ကလစ်ဆိုးလ်ကတော့ ဒီစာအုပ်ကို ဖတ်ရှုပြီး တရုတ်လူမျိုးတွေဟာ ထင်သလောက် နားလည်ရ မခက်၊ ထင်သလောက် ကြောက်စရာ မကောင်း။ ကျွန်တော်တို့အားလုံးနည်းတူ ချစ်စရာတွေပါပဲဆိုတာကို စာဖတ်သူတွေ သဘောပေါက်မိကြမယ်ဆိုရင် ဒီစာအုပ် ရေးရကျိုး နပ်တယ်လို့ ဆိုထားပါတယ်။
စာအုပ်တင်မကပါဘူး။ စားရေးသူ တင် ကိုယ်တိုင်ကလည်း အတော် စိတ်ဝင်စားစရာကောင်းပါတယ်။ တရုတ်စာ ရေးနိုင် ဖတ်နိုင် ပြောနိုင်။ ဘေဂျင်းတက္ကသိုလ်ထွက် အင်္ဂလိပ်လူမျိုး။ ဘာသာရေးစကားနဲ့ဆို့ရင် တရုတ်သေလို့ ဝင်စားတဲ့ လူမျိုးပါ။
ဇင်ဝေသော်
(Apr 25, 2016)
အရင်က ဝတ္ထုဘာသာပြန်ကို ခပ်လွယ်လွယ်ပါလို့ ထင်တားတဲ့ကောင်လေ
in
Mr. China,
ဇင်ဝေသော်,
မစ္စတာချိုင်းနား
- on 8/30/2016
- No comments
စာရေးရာမှာ ပင်ကိုယ်ရေးနဲ့ဘာသာပြန် မတူဘူး။ ကိုယ်တိုင်သိပြီးပြီ။
ဘာသာပြန်ရာမှာလည်း စာလေး၊ ကျမ်းကြီးတွေပြန်ရတာနဲ့ ခပ်ပေါ့ပေါ့ ဝတ္ထု ကို ပြန်ရတာ မတူဘူး။
ကျမ်းကြီးမှာ ဘာသာရပ်နဲ့အဓိပ္ပါယ် တတ်နိုင်သမျှ နီးစပ်အောင် အားစိုက်ရပြီး ဝတ္ထုက ရသမပျက်အောင် ခံစားမှုပိုအားစိုက်ရတယ်။
ဘယ်ဟာမှ မလွယ်ဘူး။ အရင်က ဝတ္ထုဘာသာပြန်ကို ခပ်လွယ်လွယ်ပါလို့ ထင်တားတဲ့ကောင်လေ.....
ဆရာကြီးမြသန်းတင့်က မျက်မှန်များ ကျော်ကြည့်နေလေမလား။
(May 21, 2015)
မစ္စတာချိုင်းနား - ဘာသာပြန်သူ၏ အမှာ
in
Mr. China,
Tim Clissold,
ဇင်ဝေသော်,
မစ္စတာချိုင်းနား
- on 8/30/2016
- No comments
ကျွန်တော်နှင့် မစ္စတာချိုင်းနား
၁။ မစ္စတာချိုင်းနားကို ၂၀၀၆ ခုလောက်က Gina က 'ဖတ်ကြည့်ပါလား၊ စိတ်ဝင်စားစရာကောင်တယ်' ဟု ညွှန်းသဖြင့် ဖတ်မိခဲ့ခြင်းဖြစ်ပါသည်။ ထိုစဉ်ကတော့ မိမိတို့နိုင်ငံ၏ အနာဂတ်ကလည်း ဘာမှန်းမသိ၊ မိမိဆီမှာ ကိန်းနေပြီဖြစ်သည့် ဘာသာပြန်ပိုးကလည်း အခုလောက် မထသေးသဖြင့် ဘာသာပြန်ဖို့အထိ စိတ်ကူးမရှိခဲ့ပါ။ သို့သော် စီးပွားရေးတံခါးဖွင့်စ တရုတ်ပြည်၏ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေး နောက်ခံပန်ချီးကားချပ်များကတော့ ထိုအချိန်ကတည်းက ကျွန်တော့်ကို ဆွဲဆောင်နိုင်ခဲ့ပါသည်။
၂။ လီကွမ်းယု၏ လူတစ်ယောက်ရဲ့ကမ္ဘာ့အမြင် အဆုံးသတ်နေချိန် မစ္စတာချိုင်းနားအကြောင်း ကိုအံ့ထူးနိုင်နှင့် စကားစမိပြီး သူကပဲ ပေါ့ပေါ့ပါးပါး ဒီလိုမျိုးစာအုပ်မျိုးကိုလည်း ဘာသာပြန်သင့်တယ်ဟု အကြံပြုလာသည်။ သူပြောပြီးနောက် စဉ်းစားကြည့်မိတော့ 'အင်း သူပြောတာလည်း မဆိုးဘူး။ လေးလေးလံလံကြီးမဟုတ်ပေမဲ့ တစ်စုံတစ်ရာတော့ စာဖတ်သူတွေ ရနိုင်ပါရဲ့' တွေးမိပြီး ဘာသာပြန်ခဲ့မိခြင်း ဖြစ်ပါသည်။
၃။ မူရင်းစာရေးသူ Tim Clissold ကိုယ်တိုင် ဗုဒ္ဓဘာသာယုံကြည်မှုနှင့်ပြောရလျှင် တရုတ်သေလို့ ဝင်စားလေသလား ပြောရအောင်အောင် တရုတ်ပြည်မကြီးအပေါ် အနုသယ သံယောဇဉ်များ ရှိနေခဲ့သည်။ လူဖြူကျောင်းသား တစ်ယောက်မှမရှိသည့် ထိုခေတ်က ဘေဂျင်းတက္ကသိုလ်လိုနေရာကို သွားရောက်ပြီး တရုတ်စာသင်ယူခဲ့သည့် သူ၏နောက်ခံအကြောင်းတရားကလည်း ကျွန်တော့်အတွက် စိတ်ဝင်းစားမှု ပိုစေခဲ့ပါသည်။
၎။ အမှန်တကယ် ဘာသာပြန်ဖို့အထိ စိတ်ကူးပြီးနောက် ဒုတိယအကြိမ် ဖတ်မိစဉ်မှာတော့ တရုတ်ပြည်၏ စီးပွားရေးပွင့်လင်းစ ကမောက်ကမောက်ဖြစ်ရပ်များက တရုတ်တွေကြားမှာသာမက မြန်မာတွေကြားမှလည်း ရှိနေကြောင်း (သို့) ရှိနေနိုင်ကြောင်း သဘောပေါက်မိလာရသည်။ သို့ဖြင့်ပင် ဘာသာပြန်မိခဲ့ခြင်းဟု ဆိုရပါတော့မည်။ အဓိကအားဖြင့်
(က) တရုတ်စီးပွားရေးအကြောင်း အထိုက်အလျှောက် သိထားရန်
(ခ) သူတို့နှင့် ပုံစံတူ အမှားတချို့ ရှောင်လိုက ရှောင်နိုင်ရန် ဟု ဆိုနိုင်ပါသည်။
မည်သို့ဆိုစေ မတူညီသော စီးပွားရေးလည်ပတ်ပုံကြားမှာ ဒေါ်လာ ၄၁ ကုဋေကျော်ကတော့ တစ်စချင်း......တစ်စချင်း..........
မစ္စတာချိုင်းနားနှင့် ပတ်သက်ပြီး အောက်ဖော်ပြပါ ပုဂ္ဂိုလ်များကို ကျေးဇူးအထူးတင်ရှိပါသည်။
(ဆက်ရန်)
ဇင်ဝေသော်
(Aug 2, 2016)
မစ္စတာချိုင်းနား - မိတ်ဆက်
in
Mr. China,
Tim Clissold,
ဇင်ဝေသော်,
မစ္စတာချိုင်းနား
- on 8/30/2016
- No comments
ဦးရဲထွဋ် ညွှန်းမယ်ဆို ညွှန်းလောက်ပါတယ်။ တေလာက ဦးနေဝင်းအပေါ် အကောင်းမြင်တာတွေရှိတယ်။ စာအုပ်လက်ဆောင်ပေးသွားတဲ့ ပါမောက္ခ ကတော့ "တေလာက အကောင်းမြင်တာများလွန်းတယ်၊ ဖတ်ပြီးရင် အမြင်ပြောပြပါအုံး၊ ဆွေးနွေးကြည့်ရအောင်" မှာထားခဲ့တယ်။
မစ္စတာချိုင်းနား မပြတ်သေးလို့ သေသေချာချာ မကိုင်နိုင်သေးပါဘူး။ ထူထဲ လွန်းတာကြောင့် ဘာသာပြန်ဖို့ထက် ထုတ်နှုတ် ဝေဖန်ဖို့ကောင်းမယ့် စာအုပ်မျိုးဖြစ်နိုင်ပါတယ်။ သေချာတာကတော့ ဦးနေဝင်း ငယ်ဘဝအကြောင်းနဲ့ပတ်သက်လို့ ရေရာတဲ့ အထောက်အထား ဘာမှ မရှိခြင်းပဲ။ တစ်မျိုးစီ ဆော်နေကြတယ်။
(June 27, 2015)
သူမက ကျွန်တော့် ဖြေရှင်းချက်ကို လက်မခံ။ ယခု ပြဿနာ ပြေလည်သွားလိုလျှင် စက်ရုံနံပါတ်သုံး မြေနေရာအစား အလုပ်သမားဆောင် အဟောင်းများကို ယူရမည်ဟု ဆိုလာသည်။ သူမ ကမ်းလှမ်းချက်က ဘယ်လိုမှ မဖြစ်နိုင်။
''အလုပ်သမားဆောင် အဟောင်းအဆွေးကြီးကို ယူပြီး ကျွန်တော်တို့က ဘာလုပ်ရမှာလဲ။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စတွေ အားလုံး ကျွန်တော်တို့နဲ့ မစ္စတာဇူအကြားမှာ ပြောခဲ့၊ သဘောတူခဲ့ပြီးပါပြီ''
''ကောင်းပြီ၊ ဒါဆို ကလေးမူကြိုကျောင်းကိုရော ဘယ်လိုလုပ်မလဲ၊ စက်ရုံနံပါတ်နှစ်ရဲ့ နောက်ကျောဘက်မှာ မူကြိုကျောင်း ရှိတယ်''
''ကလေးမူကြိုကျောင်း ဟုတ်လား။ ကျွန်တော်တို့က ဘီယာချက် မှာလေ။ အဲဒီ ကလေး မူကြိုကျောင်းနဲ့ ဘာသွားလုပ်ရမှာလဲ''
ကလေးမူကြိုကျောင်းကို လက်မခံပြန်တော့ ရေသန့်စင် စက်ရုံဆီ သူမက ဦးတည် သွားပြန်သည်။
''ရေသန့်စင်စက်ဆိုရင်ကော ဘယ်လိုလဲ၊ ဒါကတော့ ရှင်တို့အတွက် အသုံးကျနိုင်ပါတယ်''
ထို့နောက် စကားအခြေအတင် ပြောကြရင်းအချိန်တွေသာကုန်သွားသည် ဆွေးနွေးပွဲက ဘယ်ဆီကိုမှ မရောက်။ ထိုနောက် သူမက အဆီအငေါ်မတည့်လှသော ယုတ္တိတစ်ခု ချပြ လာပြန်သည်။
''ရေနွေးကြမ်း ပန်းကန်လုံးတွေကို ဝယ်ပြီးဆိုရင် ပန်းကန်တွေမှာ အကွဲအအက်တွေ ပါ၊ မပါ စစ်ဆေးရမှာက ရှင်တို့ ဝယ်သူရဲ့ တာဝန်ပဲလေ''
''ဒါက မှန်ပါတယ်၊ အခုဟာက ဝယ်ထားတဲ့ ပန်းကန်တွေ ရောက်မလာတာလေ၊ ပန်းကန်လုံးတွေ ရောက်မလာရင်တော့ ရောင်းသူက အလျော်ပေးရမှာပေါ့''
''ဒါက လုံးဝ မဖြစ်နိုင်ဘူး။ ကျွန်မက ဆန်ဝယ်ဖို့ထားတဲ့ ငွေနဲ့ ဆီမဝယ်နိုင်ဘူး။ ဒီကိစ္စအတွက် ကျွန်မဆီမှာ ငွေတစ်ပြားမှ မရှိဘူး''
ကျွန်တော်တို့ အခြေအတင် စကားတွေက မုန့်လုံးစက္ကူကပ်၊ ဘာ အဖြေမှလည်း ထွက်မလာ၊ စားပွဲတစ်ဖက်ခြမ်းစီမှာ ထိုင်ရင်း တစ်ယောက် ကို တစ်ယောက်ပဲ ရှုတည်တည်ပဲ ကြည့်နေကြသည်။ (July 27, 2016)
မြို့တော်ဝန်နှင့် တွေ့ဆုံ၊ နောက်ဆုံး ရုပ်မြင်သံကြားသတင်း အရိုက်ခံရသည်အထိ စောင့်လိုက်ရသည့်အချိန်က ဆယ်ရက်သာ ကြာခဲ့သည်။ သာမန် အားဖြင့်ဆိုလျှင် မြို့တော်ဝန်အဆင့်ကို အသာထား လက်ထောက်ဒါရိုက်တာ တစ်ယောက်နှင့် တွေ့ခွင့်ရဖို့ပင် လပေါင်းများစွာ ကြာမြင့်နေတတ်သည်။ မြို့တော်ဝန်ကတော့ အပြင်လူတစ်ယောက်အနေဖြင့် တွေ့ခွင့်ပင် မရှိ။ နိုင်ငံတော်ကောင်စီက အမေရိကန် ရင်းနှီးမြှုပ်နှံသူများနှင့် ပတ်သက်သည့် သတင်းကိုသာ ကြားနေရပြီး တိုးတက်မှု တစ်စုံတစ်ရာ မတွေ့မြင်ရဟု ဖိအားပေးလာသဖြင့် ဒုတိယမြို့တော်ဝန်က ကျွန်တော်တို့နှင့် အမြန်တွေ့ဆုံပြီး ရုပ်မြင်သံကြားသတင်း ရိုက်ကူးလိုက်ခြင်းသာ ဖြစ်ကြောင်း နောက်မှ ကျွန်တော်တို့သိလိုက်ရသည်။ အစိုးရအရာရှိများ နိုင်ငံရေးသဘော အရ ရုတ်တရက် လာရောက်တွေ့ဆုံပြီး မကြာမီ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခြင်းမျိုးက တရုတ်ပြည်မှာ အထူးအဆန်းတော့ မဟုတ်။ သို့သော် ကျွန်တော်တို့အတွက် အမြတ်ရလိုက်ပါသည်။ ထိုအရာက Five star ဘီယာချက် စက်ရုံကို သွားရောက်ကြည့်ရှုခွင့် ရလိုက်ခြင်းပင်။
(July 26, 2016)