ဖီလစ်ပိုင် ၁၊ မြန်မာ ၅


ကြည်လွင်
သန်းတိုးအောင်
ပြည်တွင်း အရံထိုင်ခုံပေါ်က ဖင်တကြွကြွ ယူ ၂၃
စိတ်ဓာတ်နဲ့ကန်တော့ စင်္ကာပူရောက်မြန်မာတွေ တအုန်းအုန်း
ပြန်ကြားရေးဝန်ကြီးသာ မနူးမနပ် စတေးတပ်မတင်ပါစေနဲ့။

တော်တော်နောက်တဲ့ ဝန်ကြီး


ဟာ..... ပြန်ကြားရေးဝန်ကြီးကတော့ နောက်ပြီ။ စင်္ကပူရီယန်းက မြန်မာစာ မဖတ်တတ်လောက်ဘူးရယ်လို့။
မြန်မာစာဖတ်နိုင်တဲ့ စလုံးတွေ အတော်များများရှိတယ်။
လီကွမ်းယုစာအုပ်တွေ ဘာသာပြန်ခွင့်ရဖို့ အစအဆုံးကူညီနေတဲ့ ဒေါက်တာ ဂျွန် လီ တို့တောင် တွေ့ရင် မင်္ဂလာပါ၊ နေကောင်းလားနဲ့ စတာ။
သူ တင်တဲ့ ပို့စ် အစစ်ဆိုရင်တော့ တော်တော်နောက်တဲ့ ဝန်ကြီးပါ။

မြန်မာတွေ ဂိုးနိုင်၊ စာရိတ္တနိုင်


နာမည်ကြီးစင်္ကာပူကတုံးပေါ် မြန်မာတွေ ထိပ်ကွက်ပြီ
ဒီတစ်ခါ ပိုပြီးကျယ်ကျယ်ရီပါ
မြန်မာတွေ ဂိုးနိုင်၊ စာရိတ္တနိုင်
ကောင်းတဲ့အလုပ်ဆိုတာ လူနည်းစုကနေ စရတယ်။



တကယ်နိုင်သွားတာပါဗျာ။


ဂိုးတော့ မရသေးဘူးပေါ့လေ။


စင်္ကာပူ ၀၊ မြန်မာ ၁။
Published by Zin Wai Thaw · June 4 at 8:55pm


ဟားဟားဟား
ပေါက်တတ်ကရ ပင်နယ်တီ ၁၊ ဂိုး အစစ်အမှန် ၂
Come on, get on, carry on BOYS!

Published by Zin Wai Thaw · June 4 at 9:50pm

တကယ်နိုင်သွားတာပါဗျာ။  


 Published by Zin Wai Thaw · June 4 at 10:26pm

သူဟာ လစ်ဗင်း လဲဂျင့်ပါ


ကလပ်အပေါ် သစ္စာစောင့်သိခြင်းလား၊ ခေတ်သစ်ဘောလုံးလောကကို နားမလည်ခြင်းလား။ ပြောချင်ရာ ပြောပေါ့။
ဖာဂူဆန်ခေါ်ချိန်က သွားခဲ့ရင် စတိဗ်ဂျီဟာ ပရီးမီးယားလိဂ်ချန်ပီယံဆု အနည်းဆုံး ငါးဆု (ဟောလီးဝုဒ်၊ ကမ္ဘာကျော်ဘောလုံးသမားတွေရဲ့ သင်္ချိုင်း) မသွားခင် ရနိုင်လိမ့်မယ်။
မော်ရင်ညိုကဆို သူ့နေညိုချိန်မှာတောင် တသသလွမ်းဆဲ...
ဘယ်လိုပဲဆိုဆို ပရော်ဖက်ရှင်နယ် အဆန်းဆုံး၊ လူသားအဆန်ဆုံးနဲ့ ကြားနေပရိသတ်တိုင်းရဲ့ လက်ခုပ်သံအရဆုံးတွေထဲမှာ စတိဗ်ဂျီရဲ့နာမည် ထာဝရရှိနေလိမ့်မယ်။ သူဟာ လစ်ဗင်း လဲဂျင့်ပါ။

ကျူပီအာ နဲ့ ကြာပီအူ


မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးကလည်း ကျူပီအာပွဲ ကြည့်ရသလိုပဲ။ အားပေးလို့မှမပြီးကြသေးဘူး အတန်းဆင်းလက်မှတ် တစ်ဂိုးပေးလိုက်ရပြီ။
သူတို့က "ကျူပီအာ" ဆို ကိုယ်တို့က "ကြာပီအူ" ပေါ့လေ။

ရှောင်ရင်းပြေးရင်းနဲ့ မေဝဲသား ကမ္ဘာ့ချန်ပီယံ ဖြစ်သွားပြီးနောက်


ချယ်လ်ဆီး အငြင်းပွားဖွယ်မရှိ ပရီမီယားလိဂ် ချန်ပီယံဖြစ်သွားပါပြီ။ ကွန်ဂရက်ကျူလေးရှင်းပါ။
ရှောင်ရင်းပြေးရင်းနဲ့ မေဝဲသား ကမ္ဘာ့ချန်ပီယံ ဖြစ်သွားပြီးနောက်....
ဒီနေ့ ချယ်လ်ဆီး ပရီမီယားလိဂ် ချန်ပီယံဖြစ်သွားပြီဆိုတဲ့နောက်......
အိုးလ် လေဒီ ဂျူပင်တပ်စ်က ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ မက်ဒရစ်တို့ကို အနိုင်ယူပြီး (ခံစစ်အားကိုးလေးနဲ့) ချန်ပီယံလိဂ်သရဖူဆောင်းဖို့ပဲ ကမ္ဘာက စောင့်မျှော်နေကြောင်း။

သိပ်တောင့်တင်း သိပ်ကောင်းတဲ့အသင်း ဘာညာပေါ့


ရီရတယ်။ မန်ယူက နည်းပြရော ကစားသမားတွေပါ အမြှောက်ကြိုက်တွေ။ အူတူတူတွေ။
အယ်ဗာတန်နည်းပြရော ၀က်စ်ဘရောင်းနည်းပြရောကပြောတယ် မန်ယူက နောက်နှစ်ဆို ပရီမီးယားရော ချန်ပီယံလိဒ်ပါချိန်နိုင်တဲ့အသင်း၊ သိပ်တောင့်တင်း သိပ်ကောင်းတဲ့အသင်း ဘာညာပေါ့။ ပြီးတော့ နှိပ်ကွပ်သွားတယ်။ ဘောပိုင်ဆိုင်မှု ၇၅၊၊ နိုး ဂိုး။ ပေးဂိုး ၄။ ဟဲဟဲ ချိန်ပေါ့ ချန်ပီယံလိဒ်။

မေဝဲသားနောက်


ဒီနေ့
မေဝဲသားနောက်
ချယ်လ်ဆီး ချန်ပီယံ ဖြစ်မယ့်နေ့ထင်တယ်။

အယ်ဗာတန် ၃၊ မန်ယူ ဝ


မန်ယူလုပ်ပုံက အယ်ဗာတန်တောင် ဘိုင်ယန်မြူးနစ်လိုလိုဖြစ်ရော။
ပထမပိုင်း နှစ်ဂိုးက ကံဆိုးလို့မှတ်နေတာ၊ ဒုတိယပိုင်းက ကြည့်ရတာကို ရီစရာကြီး၊ ပေါတောတောနဲ့။
နောက်တန်းမှားလို့တဲ့။ မဟုတ်ပါဘူး။ နောက်တန်းမှားရင် ၃ ဂိုး ၂ ဂိုး ရှုံးရမှာ။

ဒကာကြီး ဦးသိန်းစိန်ကိုတောင် အားပေးနေရသေးတာ၊ မန်ယူအားပေးရတာက တန်ပါတယ


ဒီနေ့တော့ ဘာမှကိုပြောမနေတော့ဘူး။ ကမ်းလက်ထဲမှာ ချယ်ဆီးတွေက အများကြီး။ အုပ်စုတောင့် နှုတ်သီးကောင်း (တချို့ကောင်မလေးတွေ ပြောပါတယ်၊ ကောင်လေးတွေလည်း အတူတူပဲ)
ဒကာကြီး ဦးသိန်းစိန်ကိုတောင် အားပေးနေရသေးတာ၊ မန်ယူအားပေးရတာက တန်ပါတယ်။

မန်ယူ ၄ မန်စီးတီး ၂


When noisy neighbors keep quiet, it means the Champions are sinking deeper and deeper.
မန်ယူ ၄ မန်စီးတီး ၂။

မန်ယူနဲ့ သမတကြီးတော့ အားပေးရမှာပဲ။


ဦးရဲထွဋ်ကလည်း ကွင်းလယ်မှာ အမွေအနှောက် ကောင်းရှာပါတယ်။ သူက အရှုပ်ကြိုက်။ လမ်းဘေးဆိုင်အစားများလို့ ရော်နာဒိုလို အိုဗာ အက်ရှင်တွေ ဖြစ်မှာစိုးရ။

ဦးလှဆွေဆို ဗေလုဝကို အရင်ပွဲမှာ အပီထိန်းကစားသွားတာ။ မိုက်တယ်။ ဘယ်သူခံရလဲတော့ မသိဘူး။
ဗိုလ်ချုပ်ကို ရိုသေတာနဲ့တော့ ပဲနံပြား မစားနိုင်ဘူးဆိုတဲ့ ကန်ချက်လည်းလှတယ်။ ခက်တာက အာ့မျိုးကစ်တွေ သိပ်မထွက်ဘူး ဖြစ်နေတာ။

လီဗာပူလ် ၀၊ မန်ယူ ၂


ဒုတိယပိုင်း ၄၅ စက္ကန့်နဲ့ စတိဗ် ဂျီ အနီကတ်ထိ။ မတန်ဘူး။
လီဗာပူးအတွက် မန်ယူက စပိန်သား မက်တာက ရီယယ်လီ မက်တာ ဖြစ်နေတယ်။
မရလောက်တော့ဘူး။ ၁၂ ယော်ချင်းကတည်းက ကွင်းလယ်မှာ မန်ယူက ချုပ်ထားတာ။
အိမ်ကွင်းမှာ လီဗာပူးလ် ဒုတိယမ္ပိ ရှုံးတော့မယ်။

မြေးလေးက ချယ်လ်ဆီး ပရိသတ်ဆိုတော့


မန်ယူပရိသတ်၊ ဦးသိန်းစိန်ပရိသတ်ပဲ ခေါင်းမဖော်ရဲတာမှတ်နေမိတာ။ ဘယ်ဟုတ်လို့လဲ။ ဟိုလူကြီး မြေးလေးက ချယ်လ်ဆီး ပရိသတ်ဆိုတော့ ကိုဝန်းသိုတို့အုပ်စုလည်း သဲတရှပ်ရှပ်တွေ ဖြစ်ကုန်ပြီ။ ဟဲဟဲ။

အဝေးကွင်းပေမဲ့


အာဆင်နယ်ကတော့ အဝေးကွင်းပေမဲ့ စပါးကို ၂-၁ နဲ့ရှူံးသွားလေရဲ့။
စပါးရဲ့ ဟာရီး ကိန်း ခြေက မက်ဒရစ်စော်နံတယ်။ တော်တော်ထိရောက်တာပဲ။
အခုလည်း ဂန်းနားတွေကို သူ့နှစ်ဂိုးနဲ့ ကျည်ဆွံ့သွားစေခဲ့တယ်။ ပွဲကောင်း တစ်ပွဲပါ။
ဦးအောင်မင်း၊ ကျောင်းသားပွဲထက် ခြေပိုညီတယ်လို့ ဆိုရမယ်။

ယနေ့ပွဲ စတုတ် ၁၊ မန်ယူ ၁


၂၀၁၄၊ ၂၀၁၅ ဟောစာတမ်း
ဇင်ဝေသော်, ဘောလုံး - on 8/16/2014

အေသွေး၊ ဘီသွေး၊ စီသွေး၊ ဒီသွေး၊ အီးသွေး ဇက်သွေး ဘယ်သွေးပိုင်ရှင်မဆို ဆိုင်၏
ဘာမှန်းမသိသောဂြိုဟ်ကြီးနှင့် အမည်မပေးရသေးသော ဂြိုဟ်ကြီးနှစ်ခု ပွတ်တိုက်နေသဖြင့်
မန်ယူပရိသတ်နှင့်ဦးသိန်းစိန်ပရိသတ်များ ဤရာသီအတွင်း မျက်နှာငယ်လတံ့။
ဟုတ်နိုးနိုးမျှော်လင့်ချက်များအတွက် စိတ်ပူရလတံ့။ နောက်ဆုံး စိတ်ပျက်စရာ ကြုံရလတံ့။
အောင်ပြီ အောင်ပြီ ဟု ဖင်တုန်အောင်အော်ပြီး ယတြာချေသော်လည်း မထူးခြားနိုင်၊
အကြောင်းကား ဘာမှန်းမသိသောဂြိုဟ်ကြီးနှင့် အမည်မပေးရသေးသော ဂြိုဟ်ကြီးနှစ်ခု ပွတ်တိုက်နေခြင်းကြောင့်ဖြစ်သည်။

ယတြာ။ အချိန်မနှောင်းမီ အသင်းပြောင်း အားပေးပါ။

ဗိုလ်ချုပ်အောင်ဆန်း ဘောလုံးပွဲကြိုက်သတဲ့


ထင်တော့ထင်သားပဲ၊ အထောက် အထားမရှိလို့ မပြောရတာ။ သူ့ကြည့်ရတာ ကောင်းကောင်း ကန်းကန်းတော့ မကန်တတ်လောက်ဘူး။ ဘောလုံးကန်လည်း ဒိုင်လူကြီးပြန်ပြောတာနဲ့ အဝါတွေ အနီတွေ အများကြီးနေမှာ။
ရှူံးရင် ပတ်အော်နေမယ့်သဘောလည်းရှိတယ်၊ မော်ရင်ညိုစကားပြောပုံကို သဘောမတွေ့လောက်လို့ ချယ်လ်ဆီးပိတ်သတ်တော့ မဟုတ်လောက်ဘူး (ဆောရီး ကိုဝန်းသို)
ဒါနဲ့ ချယ်လ်ဆီးက ဘောက်ဆင်ဒေးလက်ဆောင် ရသွားပြီ။
ချယ်လ်ဆီး ၂ ဝက်စ်ဟမ်း ဝ


 ဒါ့ပုံက Kyaw Swar Myint ဝေါပေါ်က။ ။

ပထမပိုင်း မန်ယူ ၂၊ လီဗာပူး ဝ


ကစားကွက်မကောင်း၊ လေးယောက် အဝါထိ၊ ဒုတိယ (မက်တာ) ဂိုးက လူကျွံဘော။
တောင်ပံနှစ်လုံးနဲ့ အလုပ်ဖြစ်နေဆဲ။

ဆောရီးပဲ ကိုဝန်းသို


ချယ်လ်ဆီးရှုံးသွားပြီ။ ၁၁ ယောက်စီမှာ ၂ ဂိုးပြတ်ပြီး နယူးကာဆယ် ရဲ့ တေလာ နှစ်ဝါနဲ့နီသွားပေမဲ့ တစ်ဂိုးသာပြန်ရပြီး သရေမရလိုက်ဘူး။
နယူးကာဆယ် ၂ ချယ်လ်ဆီး ၁။