တချို့အတွေ့အကြုံတွေက ကြုံတွေ့ရခိုက်လေးမှာ အူတက်မတတ် ရယ်ရပေ မယ့် ပြန်ပြောရင် မရယ်ရတော့ဘူး။ ဘာဖြစ်ဖြစ် ပြောကြည့်အုံးမယ်။
မိတ်ဆွေရဟန်းတစ်ပါးနဲ့ ကိုရီးယားသွားတုန်းကပါ။ ဂိတ်တွေအားလုံးဖြတ်ပြီး လေယာဉ်ပေါ်တက်ဖို့စောင့်နေချိန် နှစ်ပါးစလုံးနဲ့သိတဲ့ နိုင်ငံခြားသားဘုန်းကြီးလည်း ရောက်လာတယ်။ ဒီအဖြစ်အပျက်မှာ သူက အဓိကဆိုတော့ သူနဲ့ဆက်ဆံရေးကို နည်းနည်းတော့ပြောမှရလိမ့်မယ်။ ဆိုလို တာက သူ့ကိုတွေ့လိုက်ရလို့ ဝမ်းသာသွားတာမျိုးမဟုတ်ဘူး၊ နည်းနည်းတောင် မသက်မသာခံစားလိုက်ရတဲ့ ဆက်ဆံရေးမျိုးပေါ့။ ဒါက နှစ်ပါးစလုံးမှာ ရှိနေတဲ့ ခံစားမှု။ တွေ့တာနဲ့ အလ္လာပသလ္လာပလေးပြောပြီး လေယာဉ်ပေါ်တက်ကြရော။
လေယာဉ်ထွက်ပြီးခဏနေတော့ ကိုယ်ကပဲ အိမ်သာအရင်သွားတယ်။ ဘာမှရည်ရွယ်ချက်မရှိဘဲ အိမ်မ်သာကအထွက် မျက်စေ့ဝေ့ဝိုက်ကြည့်လိုက်ေ တာ့ ခုနက နိုင်ငံခြားသားဘုန်းကြီးကို မတွေ့မိဘူး။ ဒါနဲ့ ဘေးကမိတ်ဆွေရဟန်းကို
"ဟေ့ကောင်၊ ဟိုကိုယ်တော်ကြီးကို ရိုရိုးတန်းမှာ မတွေ့ဘူးဗျ" ပြောမိတယ်။ သူကလည်း
"ဟာ ဟုတ်လို့လား၊ ရှိမှာပါဟာ၊ သေချာပြန်ကြည့်စမ်းပါအုံး"
ချက်ချင်းပဲ အဲဒီကိုယ်တော်ကလည်း အိမ်သာသွားမလို့ထင်ပါရဲ့ ထလိုက်တော့ သူကတွေ့သွားပြီး
"ပြောသားပဲ၊ ဟိုမှာ မတွေ့ဘူးလား" ဆိုပြီး သက်တောင့်သက်သာဖြစ်သွား ဟန်နဲ့ ပြောတယ်။
picture source |
ဒါပါပဲ။ ဒါနဲ့ပတ်သက်ပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ရယ် လိုက်ရတာ အူတွေကိုနာနေတာပဲ။ ဘာကိုရယ်တာလည်းဆိုရင် ရှင်းပြလို့ မရဘူး။ ရှက်ရယ်လို့တော့ထင်တာပဲ။ သူ ဘစ်စနစ်ကလပ်က စီးလာမှာကို မဆီမဆိုင် ညှိနှိုင်းမထားဘဲ နှစ်ယောက်ပြိုင်တူ အတွင်းပူပူနေကြတယ်။ အဲဒီ ဣသာ၊ မစ္ဆရိယ အနုသယကိလေသာကို နှစ်ယောက်လုံး ရုတ်တရက် မဖုံးလိုက်နိုင်ဖြစ်သွားတာကိုတွေးပြီး ရယ်ဖြစ်ကြတာထင်တာပဲ။ ရယ်ရတာတော့ တစ်လမ်းလုံးလိုလို၊ စဉ်းစားမိလိုက် ရယ်လိုက်ပဲ။
သီဟနာဒ