ဒေါ်စုတို့ကတော့ မနိုင်လို့ကို နှစ်ခေါက်သယ်ယူရတယ်။
ကမ်းလက် shared Sai Mykhong's video.
 ဒေါ်စုတို့ကတော့ မနိုင်လို့ကို နှစ်ခေါက်သယ်ယူရတယ်။
"ဘုံရှိုး"
"ကွန်မင့် ဆာဗာ"
"ဆာဘာ ဗြန်း"
"မက်စိ"
"အော်ဘဘွာ"
အမေစု ပြင်သစ်လိုပြောသွားတာလေး .. :-*
Posted by Sai Mykhong on Friday, November 20, 2015
ပြောစရာရှိတာ ဆက်ပြောပါ၊ ကျမကို ကြည့်မနေပါနဲ့။
*****
ကျောင်းထိုင်ချုပ်မှူးကြီး ရှယ်ပြီ။
ကမ်းလက် shared Aung Myo Thu's post.
Aung Myo Thu
ဒိထက်ရှင်းတာတောင် ဒီလောက်ရှင်းမှာမဟုတ်ဘူး
ဘောမလေးတွေဆွေ့ ဆွေ့ ခုံလိုက်ကျစမ်း
ဖိုးစိန်ဆင့်သား အငယ်ကောင် ကြွေတဲ့ ည
ဓမ္မဘေရီ ဆရာတော်ကြီးကလည်း ဒီကိုကြွလို့
ဖန်သားပေါ်မှာလည်း မန်ယူက ဆရာကျလို့
အဘိုး ဆရာတော်ကြီး နှုတ်တော်ကလည်း ဝါကျအသစ်တွေ ဖြာကျလို့
ဝါကျအသစ်တစ်ခု ပွင့်လာတိုင်း
(ဟိုက်ဖိုက် လုပ်မရတော့)
ဂင်္ဂါနဲ့ ကိုယ်က ခြေသလုံးကို တစ်ခါ နှိပ်ပေးကြလို့
(ခဏဆို တကယ် ခဏလေး)
နောက်မှ သွားတိုက်တော့မယ်ဆိုပြီး
ဓမ္မဂင်္ဂါက ကွမ်းတွေ ဝါးလို့။
ထွေးရတာခက်လို့ မစားတာပါ ဆိုပြီး
စည်တော်ကြီးကလည်း ကွမ်းရွက်ကို ထုံးသုတ်လို့
ဓမ္မဂင်္ဂါကလည်း သူ့အဘိုးအတွက် ကွမ်းသီးလေးတွေ
အစိတ်စိတ် ညှပ်ပေးလို့
မနက်မှ ပြန်တော့မယ်ကွာဆိုလို့
အောက်ထပ်အခန်းကို လိုက်ပို့ကြလို့။ ။
ဇင်ဝေသော်
လူနဲ့ လူ
အလုံးအဖန်နဲ့ ကြွက်သားချင်းတူတဲ့ ယောက်ျားတိုင်း
သူသန်သလောက်တော့ ငါလည်း သန်တယ်တယ်လို့ထင်ကြတယ်
ဒီိလိုနဲ့ ကမ္ဘာမှာ လက်နက်မဲ့ နပမ်းပွဲကြီးတွေ ပေါ်ပေါက်လာတယ်။
ခြေနှစ်ဖက်ချင်း အတူတူ
သူပြေးသလောက်တော့ ငါလည်း ပြေးနိုင်တယ်တယ်လို့ ထင်တတ်ကြတယ်
ဒီိလိုနဲ့ ကမ္ဘာမှာ အိုလံပစ်လို ပြိုင်ပွဲကြီးတွေ ပေါ်ပေါက်လာတယ်။
ဆရာချင်း အတူတူ
သူတတ်သလောက်တော့ ငါလည်း တတ်တယ်တယ်လို့ ထင်တတ်ကြတယ်
ဒီိလိုနဲ့ ကမ္ဘာမှာ စာမေးပွဲစနစ် ပေါ်ပေါက်လာတယ်။
အလုပ်လုပ်နေကြတာချင်း အတူတူ
သူ့ကို ချစ်သလောက်တော့ ငါကိုလည်း ချစ်ကြပါတယ်တယ်လို့ ထင်တတ်ကြတယ်
ဒီိလိုနဲ့ ကမ္ဘာမှာ လူထုဆန္ဒကောက်ယူပွဲတွေ ပေါ်ပေါက်လာတယ်။
ဇင်ဝေသော်    
ကုန်လွန်တာတွေတော့ ကုန်လွန်ပါစေပေါ့
အားတင်းထားစမ်းပါ အချစ်..က...လေး...ရယ်....
ကုန်လွန်တာတွေတော့ ကုန်လွန်ပါစေပေါ့
လာမှာတွေကလည်း ရှိသေးတယ်.........
ဘာထူးလို့လဲ
"မလုံ့တလုံအဝတ်အစားတွေနဲ့ ပုံတွေလည်း ဖဘမှာ တက်လာတတ်တယ်၊ ရဟန်းတွေနဲ့ ဖဘ မသင့်တော်ပါဘူးဘုရား" ဆိုတွေကလည်း သူတို့ စားရတဲ့ ညစာထမင်းဝိုင်း ကြီးတွေကို တင်တတ်ကြပြန်ရော။
ဘာထူးလို့လဲ။
ပြသနာ မရှိပါဘူး၊ ရေပေါ်မှာ ကိုယ်ဖော့နေတတ်ရင် ရေဘယ်လောက်နက်တယ် ဆိုတာက အရေးမကြီးတော့ပါဘူး။
အရယ်အပြုံး
အရယ်အပြုံးက ပဉ္စမဈာန်ရောက်မှ ကင်းသွားတာပါ။
ပဉ္စမဈာန်မရသေးဘဲ အမြဲ ခပ်တည်တည်လုပ်နေရင် ဟန်ဆောင်တာ (သို့) ရယ်လို့ လူအထင်သေးသွားမှာ စိုးရိမ်နေတာ။
"တစ်ယောက်ထဲ ရှိနေတဲ့အချိန်မှာ ပြုံးလိုက်မိရင် အဲဒါ တကယ် ပြုံးချင်လို့" (မစ္စတာ ဟယ်ရီ ကူးပါး)
မှတ်ချက်။ ရှန်ဂရီလာ ဟော်တယ်မှာ ရယ်နေတဲ့ ဒေါ်ထွေးထွေးကို ပြောမိတဲ့စကား။ ငိငိ။
အနောက်ကမ္ဘာက ပေးလာတဲ့ အပျော့လှိုင်း ဖိအားတွေ
အနောက်ကမ္ဘာက ပေးလာတဲ့ အပျော့လှိုင်း ဖိအားတွေ။
အခု ဘရက်ပစ်၊ ဂျိုးလီနဲ့ ကလေးတွေ။
ဘိုနိုတို့ ယူတူး အဖွဲ့
ဒမ်မီယံရိုက်စ်တို့အဖွဲ့
Wanted တို့အဖွဲ့တွေ ဘယ်တော့ရောက်လာမလဲ မသိဘူး။
ကမ်းလွန်ပင်လယ်များ (၂)
(တစ်)
ဖြောင့်မတ်ခြင်းအကြောင်းကို ဂုဏ်ပြုပြောဆိုကြတိုင်း တံစဉ်တစ်ချောင်း၏ အသုံးကျမှုကို မော်မကြည့်ရဲလောက်အောင် အားနာလှပါသည်။
အမှန်တရားကို အ်ေကြီးဟစ်ကျယ် ရှာနေသူတွေနဲ့ တွေ့ရတိုင်း ဓမ္မစက္က ပဝတ္တနသုတ် (ဓမ္မကြာ) ကို အကြိမ်ကြိမ် တောင်းပန်စကား ဆိုမိပါသည်။
(နှစ်)
တချို့အခြေအနေများမှာ လူတိုင်း ကင်မရာဖက်မျက်နှာပေးပြီး ပြုံးပြခွင့် မရကြပါ။
(ဥပမာ စားပွဲမှာဝိုင်းပြီး ဘုန်းကြီးဆွမ်းကပ်ကြရသောအခါ)
တချို့က ကျော၊ တချိ့က လက်မောင်းသာ ဓာတ်ပုံထဲမှာ တွေ့ရပါသည်။
ထိုသူတို့၏ ကျော၊ လက်မောင်းများလည်း ပြုံးနေကြသည်ဟု ထင်ပါသည်။
(သုံး)
နှစ်ရှည်လများ နေထိုင်ခဲ့သော ရွာကလေးမှ ကျနော် နှုတ်ဆက်ထွက်ခွာခဲ့ သည်။
ရင်မှာ အမှတ်တရတို့များစွာရှိသည်၊ သို့သော် သူများကို ပြစရာတော့ မရှိပါ။
ထို့ကြောင့် ကမ်းမှ မခွာမီ လှေပေါ်မှနေပြီး ရွာကလေးကို အမှတ်တရ ဓာတ်ပုံ လှမ်းရိုက်လိုက်သည်။
တကယ်တော့ ကျနော်ဓာတ်ပုံ ရိုက်ချိန်မှာ နေဝင်စပြုနေပြီ ဖြစ်သလို ရွာ ကလေးသည်လည်း တောင်တန်းကြ်ီးနောက်ကွယ်မှာ ရောက်နေပြီဖြစ်ပါ
သည်။
(လေး)
မိတ်ဆွေများက ကျနော်နေခဲ့သော ရွာကလေးကို ပြပါဆိုတိုင်း ထို ဓာတ် ပုံလေးကို ထုတ်ပြမိပါသည်၊ (ပြစရာဆိုလို့လည်း ဒါပဲ ရှိပါသည်)
"ဟင် မင်း ရွာက ဘယ်မှာလဲ၊ ဒါက တောင်တန်းကြ်ီးပဲ ဥစ္စာ" ဟု ပြောကြပါသည်။
"ငါ နေထိုင်ခဲ့တဲ့ ရွာကလေးက အဲဒီတောင်ကြီးရဲ့ ဟို ဖက်မှာ"
"ဟာကွာ မင်းဟာကလဲ" လို့ ပြောတတ်ကြပါသည်။
ကျနော့်အတွက်တော့ တောင်တန်းကြ်ီးနောက်ကွယ်မှာ ကျနော် တကယ်နေထိုင်ခဲ့သည့် ထို ရွာကလေးရှိနေကြောင်း သေချာလှပါသည်။
သို့သော် ဓာတ်ပုံထဲမှာတော့ တောင်တန်းကြ်ီးပဲရှိနေကြောင်း ဝန်ခံပါသည်၊
ထို့အတူ ထိုဓာတ်ပုံလေးသည် ရွာကလေးကို ပြပါဟု ပြောလာလျင် ပြဖို့ အတွက် ရိုက်ယူခဲ့သော ဓာတ်ပုံဖြစ်ကြောင်းလည်း ကျမ်းသစ္စာဆိုရဲပါသည်။
အမှာ။ ။ ကမ်းလွန်ပင်လယ်များ (၂) ဆိုသဖြင့် ကမ်းလွန်ပင်လယ်များ (၁) ရှိသည်ဟု မထင်မှတ်စေလိုပါ။
(08/01/2014)