စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ ပတ်သက်လို့ ကောက်ချက်တွေ အကြိမ်ကြိမ် လွဲခဲ့တဲ့ ဆရာကြီးလီဟာ အခုလည်း.........


မြန်မာ
ဗိုလ်ချုပ်ကြီးများ လမ်းကြောင်းပြောင်းခြင်း

"နိုင်ငံရဲ့ စီးပွားရေးတံခါးဖွင့်မှုကို အဓိကအားရှိစေမယ့် နောက်အချက် တစ်ချက် ကတော့ နိုင်ငံခြားမှာ ရောက်ရှိနေထိုင်နေကြတဲ့ မြန်မာလူမျိုးတွေပါပဲ။ မြန်မာပြည်ထဲကနေ ထွက်ပြေးသွားကြတဲ့ အဲဒီအုပ်စုဟာ အတော်ဆုံးမြန်မာလူမျိုးတွေ ပါ။ သူတို့က မွေးလာတဲ့ကလေးတွေက နိုင်ငံတော်အပေါ်ထားရှိရမယ့် တာဝန် နဲ့ဝတ္တရားတွေကို မသိတော့ဘူး ဆိုရင်တောင်မှ မြန်မာပြည်ကနေ ငယ်စဉ်မှာ ထွက်ခွာခဲ့သူတွေ၊ အရွယ်ရောက်မှ ထွက်ခွာခဲ့သူတွေကတော့ လူမျိုးရေးအသိ နဲ့ လူမျိုးရေးခံယူချက် မြဲမြဲ မြန်မြန်ရှိနေကြပါတယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲ မှုတွေနဲ့အတူ အဲဒီ နိုင်ငံခြားရောက်မြန်မာတွေကိုပါ ပြန်လာအောင် စည်းရုံးပြီး စီးပွားရေး စတင်လုပ်ကိုင်နိုင်မယ်ဆိုရင် နိုင်ငံအတွက် တကယ့်အခွင့် အရေးကြီး တစ်ခုဆိုတာ မြေကြီးလက်ခတ် မလွဲပါပဲ။"

မြန်မာပြည်မှာ ဒီလောက်ချွေးထွက်စရာတောင် မလို


ဗီယက်နမ်မှာ ဥမင်လိုင်ခေါင်း အရှည်ကြီးဖောက်နိုင်တဲ့ ဗိုလ်ချုပ် ဝန်ကြီးဖြစ်တာပဲ တဲ့။ လီကွမ်းယု ပြောတာပဲ။
မြန်မာပြည်မှာ ဒီလောက်ချွေးထွက်စရာတောင် မလိုဘူး။
အဘနဲ့တည့်၊ ပေါက်တတ်ကရ ဖေ့ဘုတ်စတေးတပ် တင်နိုင်ရင်ကိုပဲ ရနေပြီ။

အဘတို့ကို ပြောတာ မဟုတ်၊ ဗီယက်နမ်ကို ပြောနေတာပါ


ဗီယက်နမ်
ဆိုရှယ်လစ်စနစ်ကျန်စိတ်ဓာတ်နဲ့ သော့ခတ်ခံနေရတဲ့နိုင်ငံ

"ပါတီရဲ့ အဓိကကျတဲ့နေရာတိုင်းကို စစ်အတွင်း အသက်မသေဘဲ ကျန်ရှိနေခဲ့တဲ့ စစ်အရာရှိကြီးတွေက ယူထားပါတယ်။ ကံမကောင်း အကြောင်းမလှစွာပဲ၊ သူတို့ရယူထားတဲ့ အစိုးရပါတီတွင်းအဆင့်တွေက စီးပွားရေးစီမံခန့်ခွဲမှုမှာ တော်လို့၊ စီမံအုပ်ချုပ်မှုမှာ တော်လို့မဟုတ်ဘဲ စစ်အတွင်း နှစ်ပေါင်း (၃၀) ကာလ တောင်နဲ့မြောက်ဗီယက်နမ်ကြား ဥမင်လှိုဏ်ခေါင်းကြီးတွေ ဖောက်ရာမှာ ဘယ်သူက ပိုပြီးရှည်ရှည်ဖောက်နိုင်သလဲဆိုတာအပေါ် မူတည်ပြီး ရာထူးအကြီး၊ အသေးတွေ ခွဲဝေရယူထားတာ ဖြစ်နေပါတယ်။ သူတို့နဲ့ တရုတ်အရာရှိတွေ တူညီတာဆိုလို့ အကျင့်ပျက် လာဘ်စားမှုပဲ ရှိပါတယ်။ ဒီစနစ်ကို သူတို့ကောင်းကောင်း ကိုင်တွယ်ထားနိုင်မယ်လို့ ယုံကြည်ထားကြတဲ့ အစိုးရပါတီထိပ်သီး အရာရှိကြီးတွေဟာ နိုင်ငံရေးမလုပ်တဲ့သူတွေက ရုတ်တရက်ကြီးပွားချမ်းသာ သွားကြတာကိုတွေ့ပြီး ယောင်ဝါးဝါးဖြစ်သွားကြရင်း အကျင့်ပျက်လာဘ်စားမှုလည်း စတင်လာခဲ့တော့တယ်။ ဥပမာ အကောက်ခွန်အရာရှိကြီးက ကားကိုမှောင်ခိုသွင်းမယ်၊ ပြီးရင် ရတဲ့အမြတ်ကို ဝေစားမယ်။ ဒါမျိုးတွေပါ .... ။"

ထိုင်းလူမျိုးတွေရဲ့ သမိုင်းသိထားမှ


မေး။ ။ ၁၉၉၇ ခု၊ အာရှမှာ စီးပွားရေး အကျပ်ရိုက်တော့ အပြောင်းအလဲ တစ်ခု ဖြစ်သွားခဲ့တယ်။ တော်တော်များများက အမေရိကန်တွေကလာပြီး ထိုင်းကို အကူအညီပေး (ကယ်တင်) လိမ့်မယ်လို့ ထင်ထားခဲ့တာ။ တကယ်တော့ အမေရိကန်က ရောက်မလာခဲ့ဘူး။ အဲဒီနောက် ထိုင်းက တရုတ်ကို ပိုပြီး အားကိုးရမယ့် အနေအထားမျိုး ရှိလာလိမ့်မယ်လို့ သုံးသပ်ခဲ့ကြတယ်။

ဖြေ။ ။ ဒါက ဒီလိုလေ၊ ဗီယက်နမ် စစ်ပွဲပြီးသွားတော့ အမေရိကန်တွေ အတွက် ထိုင်းရဲ့တန်ဖိုး (အသုံးဝင်မှု) ကလည်း လျော့ကျသွားပြီ။

မေး။ ။ ဒီ ဒေသတွင်းမှာ သြဇာလွှမ်းမိုးမှု ကြီးကြီးလာတဲ့ တရုတ်ကို ထိုင်းက ဘယ်လို တုန့်ပြန်မယ်လို့ ထင်မိပါသလဲ။

ဖြေ။ ။ ဒါက ထိုင်းလူမျိုးတွေရဲ့ သမိုင်းကို သိထားမှရမယ်။ ဂျပန်တွေအားကောင်းစဉ် အရှေ့တောင်အာရှကို ၀င်တိုက်မယ် လုပ်တော့ ဂျပန်စစ်သားတွေကို သူတို့နိုင်ငံထဲ ၀င်ခွင့်ပြုခဲ့တယ်။ ဒါ့ကြောင့် ဂျပန်စစ်သားတွေအတွက် မလေးရှားနဲ့ စင်္ကာပူထဲဝင်ဖို့ ပိုလွယ်ကူသွားတယ်။ ဒီတော့ ဘယ်သူနိုင်င်ခြေရှိသလဲ၊ ဘယ်သူက ပိုပြီး အားကောင်းသလဲ၊ ထိုင်းကတော့ အဲဒီလူနဲ့ ပေါင်းမှာပဲ။

ဘဝ ကွာတားဖိုင်နယ်


ဘယ်အသင်း၏ အရှုံးအနိုင်အဖြေကိုမှ စောင့်စရာမလိုဘဲ ကွားတားဖိုင်နယ် ကို စောင့်နေရသောဘဝသည် အေးချမ်းသည်။ ဘယ်သူရှုံးပါစေ၊ ဘယ်သူနိုင် ပါစေ ဟု ဆုတောင်းနေစရာ (သို့) ကျိန်စာတိုက်နေစရာ မလို။ မိမိကံကြမ္မာကို မိမိထိန်းချုပ်ထားနိုင်သည်။

ထို့အတူ ကျေးဇူးခံ၊ ကျေးဇူစားမရှိသော လူ့ဘဝသည် အနည်းဆုံး ကွားတား ဖိုင်နယ်နဲ့တော့ တူပါသည်။
လူတစ်ယောက်က ကျေးဇူးမကန်းသင့်သလိုအခြားတစ်ယောက်ကလည်း ကျေးဇူးကို လက်ညှိုးထိုးပြီး မထိန်းချုပ်သင့်ပါ။ သို့သော် ဤ ကိစ္စက ရှုပ်ထွေးလှ၏။

မည်သို့ဆိုစေ ကိုယ့်ထူးကိုယ်ချွန်သမားများသည် ဘဝ ကွာတားဖိုင်နယ် က စောင့်နေသူတွေဖြစ်သည်ဟု ကျွန်တော်ယုံကြည်မိပါသည်၊ သူတို့ကို အထင်လည်း ကြီးပါသည်။
ကမ္ဘာ့သမိုင်းက ပြောပြနေသည်ကလည်း ဤနည်းအတိုင်းသာဖြစ်ပါသည်။
ယူ ၂၃ သည် ဆုတောင်းစရာ (သို့) ကျိန်စာတိုက်နေစရာ မလို၊ ကမ္ဘောဒီးယား ကို အနိုင် (သို့) သက်လုံချွေလိုလျှင် သရေ ကန်ဖို့သာလိုပါသည်။
လိပ်ပြာသန့်၏။

ဖီလစ်ပိုင် ၁၊ မြန်မာ ၅


ကြည်လွင်
သန်းတိုးအောင်
ပြည်တွင်း အရံထိုင်ခုံပေါ်က ဖင်တကြွကြွ ယူ ၂၃
စိတ်ဓာတ်နဲ့ကန်တော့ စင်္ကာပူရောက်မြန်မာတွေ တအုန်းအုန်း
ပြန်ကြားရေးဝန်ကြီးသာ မနူးမနပ် စတေးတပ်မတင်ပါစေနဲ့။

လက်တွေ့ကျတယ်


မေး ။ ။ စီးပွားရေးနဲ့ ပတ်သက်လို့ အတွေးအမြင်တွေ ပိုကြွယ်ဝ လာကြပြီဆိုတော့ အမှန်တကယ် ဆန်းသစ်တီထွင် မှုတွေဖြစ်တဲ့ တွစ်တာလို ဖေ့(စ်)ဘုတ်လို ပွဲစဉ်တစ်ခုလုံး ပြောင်းလဲနိုင်မယ့် တီထွင် မှုမျိုး တွေ စင်္ကာပူက လုပ်လာနိုင်မလား။

ဖြေ ။ ။ မဖြစ်နိုင်ဘူး။ ကမ္ဘာမှာ ဘီးလ်ဂိတ် ဘယ်နှယောက်များ ရှိနေလို့လဲ။ စင်္ကပူမှာ လူဦးရေသုံးသန်းပဲရှိတယ်။ တရုတ်ပြည်က ၁ .၄ ဘီလီယံရှိတယ်။ ဒါတောင် အမေရိကန် တွေလောက် မတီထွင်နိုင်ဘူး။ ဘာကြောင့် အမေရိကန်တွေ စွမ်းတာလို့ထင်သလဲ။ အမေရိကဆိုတာ ပထမဆုံး အခြေချ နေထိုင်ခဲ့ကြသူတွေကစလို့ ဒီနေ့အထိ ထိပ်ဆုံးကလူတွေ သွားရောက် နေထိုင်တဲ့နေရာ ဖြစ်နေလို့ပဲ။

စီမံခန့်ခွဲမှုက မတိမ်းမယိမ်းဆိုတော့ မီတော့မှာပါ (စင်္ကာပူကို)


(ကမ္ဘာ့ စီးပွားရေး။ လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်၊ လီကွမ်းယု)

မေး ။ ။ အိမ်ဈေးက လစာတိုးမြင့် ပေးမှုထက် အများကြီး ပိုမြင့်မနေသင့်ဘူး၊ အများကြီး မြင့်နေရင် သာမန်အလုပ် သမားတစ်ယောက်အနေနဲ့ အိမ်ဝယ်နိုင် မှာ မဟုတ်တော့ဘူးဆိုတဲ့ အမြင်လည်းရှိကြတယ်။ ပြည်တွင်း ၀ယ်ယူမှု ဈေးကွက် အရဆိုရင် ဒီအဆိုဟာ လုံးဝမှန်ပါတယ်။ အိမ်ဈေးကွက်ကို နိုင်ငံခြားသားတွေ ၀ယ်ယူနိုင်ဖို့ပါ တံခါး ဖွင့်ပေးလိုက်တော့ အိမ်ဈေးနဲ့ လူထုဝင်ငွေက အလှမ်းဝေးသွားတယ်။ နောက်ပိုင်းမှာဆိုရင် ဒီထက် အလှမ်းပို ဝေး သွားစရာရှိတယ်။ ဒီလိုဖြစ်လာမယ့် အန္တရာယ်တွေ ရှိမလာနိုင်ဘူးလား။

ဖြေ ။ ။ ရှိတယ်။ ဒါပေမယ့် စင်္ကာပူရီးယန်း တွေလဲ သူတို့အိမ်တွေကနေ အမြတ်အစွန်းတွေ အများကြီး ရကြတယ်။ သူတို့တတွေက အိမ်ဈေးက ကြီးလွန်းတယ်၊ အိမ်ဈေးက တဖြည်းဖြည်းနဲ့ကျသွားမှာဘဲလို့ ထင်ရင် အိမ်ကနေ ငွေဖြစ်အောင်လုပ်ဖို့ အခွင့်လမ်းလည်း သူတို့မှာ ရှိနေမှာပဲ။ အိမ်ကို ချက်ချင်း ရောင်းလို့ရတယ်။ ဒီကြားထဲမှာ အိမ်ကို ငှားထားလို့ရတယ်၊ အိမ်ဈေးက တရိပ်ရိပ် တက်လာမှာဘဲလို့ ထင်ရင် အိမ်ကို မရောင်းနဲ့ ပေါ့။ ဒါက နိုင်ငံတစ်နိုင်ငံရဲ့ အုပ်ချုပ်မှု ယန္တယားအပေါ် ဘယ်လောက် ယုံကြည်မှုရှိသလဲ ဆိုတဲ့ အချက်အပေါ် မူတည်တယ်။



မေး ။ ။ ကိုယ့်မှာ အိမ်ရှိနေပြီးသားဖြစ်မှသာ အိမ်ကိုရောင်းလို့ရမှာပေါ့။ အိမ် မရှိ သေးဘဲ အခုမှ ၀ယ်ယူဖို့ ကြိုးစားနေရတဲ့ စင်္ကာပူရီးယန်း တွေမှာ ဒီလို အခွင့်အရေး မျိုး မရှိကြဘူး။

ဖြေ ။ ။ အိမ်မရှိသေးတဲ့ စင်္ကာပူရီးယန်းတွေ အနေနဲ့ ဘုတ်အဖွဲ့ရဲ့ စံချိန် စံညွန်းနဲ့ ကိုက်ညီရင် အစိုးရချေးငွေယူပြီး (HDB) အိမ်ခန်းတွေ ၀ယ်လို့ရနေတာပဲ။

တစ်ရွာလုံး ဇွန်လ ၂၁ ရက်နေ့မှာချည်းပဲ မွေးထားတယ် (ဆိုလား)


မှတ်ပုံတင် အတု လုပ်ပုံကလည်း တစ်ရွာလုံး ဇွန်လ ၂၁ ရက်နေ့မှာချည်းပဲ မွေးထားတယ် (ဆိုလား)။
(ဆိုလား) ဆိုတော့ သတင်း အတိအကျတော့ မဟုတ်ဘူးပေါ့။
သတင်း အတိအကျ မဟုတ်ပေမဲ့ မှန်ပုံတော့ရတယ်နော့်။
အလိမ်ကများတော့ အလိမ်အိတ်စပတ်တွေပေမဲ့ အစထွက်ထွက်လာတတ်တာပေါ့။

အိမ်ပြောင်းတယ်ဆိုတာ ဒါမှအစစ်


အိမ်ကို အလုံးလိုက်မပြီး ဒီလို့ရွှေ့လို့ရသတဲ့
အိမ်ပြောင်းတယ်ဆိုတာ ဒါမှအစစ် :D စည်းလုံးညီညာ အောင်ကြောင်းဖြာပေါ့။ကရင်ပြည်နယ်ဖက်လို့ထင်တာပဲ။ စကားသံနဲ့ လုံချည်အဆင်ကိုကြည့်ပြီးပြောတာပါ။ သေတော့မသေချာဘူး။ ဒါမျိုး တခြားနယ်ဖက်တွေမှာ တွေ့ဖူးကြားဖူးရင် ပြောပြသွားပါဦး။Villagers moving a house in Myanmar.Credit: Wi Zin Nyo Zinnyo
Posted by Myanmar Pictures on Friday, April 18, 2014