တစ်ကိုယ်ရေဘ၀ (ထွက်သွားဖို့ အသင့် ဖြစ်နေပြီ) - ၅


နောက်ဆုံးမှာတော့  ဘ၀အတွက် ကျေနပ်စရာအကောင်းဆုံးအရာတွေဟာ နှစ်ပေါင်းများစွာ လူတွေရဲ့ ထောက်ခံမှုရအောင် စည်းရုံးရတာ၊ ဒီနိုင်ငံကို အရည်အချင်းပဓာန န်ုင်ငံ၊ ကိုယ်ကျင့်တရား ပျက်မှု မရှိတဲ့နိုင်ငံ၊ လူမျိုးအားလုံးတန်းတူ ရည်တူရှိတဲ့နိုင်ငံ ဖြစ်လာအောင်  ကြိုးပမ်းခဲ့ရမှုတွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေဟာ ကျွန်တော့် သက်တမ်းထက် ပိုရှည်ကြာရစ်ခဲ့ ပါလိမ့်မယ်။
(လီကွမ်းယု)


တစ်ရက်ပြီးတစ်ရက် ကျွန်တော့်ရဲ့ ရုပ်ပိုင်းခွန်အားတွေဟာ လျော့ပါးလာနေပါတယ်။ လူတွေ နဲ့တွေဆုံ လက်ဆွဲနှုတ်ဆက်၊ ကလေးတွေကိုပွေ့ဖက်ဖို့ နေ့လည်ခင်း နှစ်နာရီမှာ အပြင် ထွက်ပါဆိုရင် ကျွန်တော့်အနေနဲ့ လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။ လွန်ခဲ့တဲ့ အနှစ် ၂၀ -၃၀ တုန်းကဆိုရင် ဒါမျိုးတွေ လုပ်နိုင်မှာဖြစ်ပေမဲ့ ဒီနေ့ မလုပ်နိုင်တော့ပါဘူး၊ ဒီနှစ်တွေအတွင် ရုပ်ပိုင်းစွမ်းအင်တွေ ကျဆင်း လာနေတော့ ဘ၀ကို အရှိတိုင်း လက်ခံထားလိုက်ယုံပါဘဲ။ တစ်ခါတစ်ခါ ကျွန်တော့်အတွင်းရေးမှူးက အခန်းထဲမှာ ကျွန်တော်အနားယူနေတာကို မြင်ပြီး စည်းဝေးပွဲကိုပယ်ဖျက်လိုက်ရမလားလို့ မေးတတ် ပါတယ်။ ဒါဆိုရင် ကျွန်တော်က  "မဖျက်နဲ့၊ သွားရအောင်"လို့ ပြန်ပြောတတ်ပါတယ်။ ကိစ္စရပ် တစ်ခုခု အပေါ် အာရုံစိုက်နိုင်ဖို့ ၁၅ မိနစ်လောက် မျက်စိမှိုတ်ပြီး အနားယူဖို့လိုအပ်ပါတယ်။ ဒီလိုမှ မရဘူးဆိုရင်တော့ "အစည်းအဝေးကို ဖျက်လိုက်တော့၊ တစ်ရေးတစ်မော အနားယူမယ်" လို့ ပြောလိုက်ရပါတယ်။ ဒီရုပ်ခန္ဒာကြီး ဘယ်လိုရှိနေမလဲ ဆိုတာကို ကြိုတင်ခန့်မှန်းထားလို့ မရပါဘူး။ ဘယ်လောက်ပဲကြိုးစားပြီး စနစ်တကျ နေနေ အကျရွယ်ဟာ အကျရွယ်ပါပဲ။

        နောက်ဆုံးမှာတော့  ဘ၀အတွက် ကျေနပ်စရာအကောင်းဆုံးအရာတွေဟာ နှစ်ပေါင်းများစွာ လူတွေရဲ့ ထောက်ခံမှုရအောင် စည်းရုံးရတာ၊ ဒီနိုင်ငံကို အရည်အချင်းပဓာန န်ုင်ငံ၊ ကိုယ်ကျင့်တရား ပျက်မှု မရှိတဲ့နိုင်ငံ၊ လူမျိုးအားလုံးတန်းတူ ရည်တူရှိတဲ့နိုင်ငံ ဖြစ်လာအောင်  ကြိုးပမ်းခဲ့ရမှုတွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေဟာ ကျွန်တော့် သက်တမ်းထက် ပိုရှည်ကြာရစ်ခဲ့ ပါလိမ့်မယ်။ ကျွန်တော် အာဏာရယူစဉ်က ဒီလိုမျိုးမဟုတ်ခဲ့ပါဘူး။ လင်ယုဟောက်(Lim yew Hock)အစိုးရဟာ အကျင့်ပျက် ချစားနေပါတယ်။ သူ့အစိုးရရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ မက်ပက်ရှီး(Mak Pak Shee)
ဆိုတဲ့ နာမည်ကို လူငယ်တွေရင်းနှီးကျွမ်းဝင်မှု ရှိကြမှာမဟုတ်ပါဘူး။သူကမုတ်ဆိတ်မွေးနဲ့ အိန္ဒီးယန်း ကင်တိုနီး အစပ်(ကပြား) ဖြစ်ပြီး အခကြေးငွေနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ ကြားပွဲစားလုပ်စားနေသူပါ။  

          လက်ရှိစင်္ကာပူဟာ အကျင့်ပျက်မှုတွေ ပျံ့နှံ့နေတဲ့ဒေသတွင်းမှာ အကျင့်ပျက်မှုမရှိတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ဒီလမ်းစဉ်အတိုင်း သွားနိုင်ဖို့လည်း စည်းကမ်းဥပဒေတွေကို သတ်မှတ်ခဲ့ရတယ်။ အကျင့်ပျက်မှုတိုက်ဖျက်ရေး အဖွဲ့နဲ့ အတူ ထိထိရောက်ရောက် ကိုင်တွယ်ရပါတယ်။ ၀န်ထမ်းတွေဟာ လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်မှုနဲ့မဆိုင်ဘဲ သူတို့ လုပ်ရည်ကိုင်ရည်နဲ့ရာထူးတွေ တက်လာကြ တယ်။ ဒီစည်းကမ်းဥပဒေတွေကို ဆက်လက်ကျင့်သုံးသွားကြမယ်ဆိုရင် ကျွန်တော်တို့လည်း တိုးတက်မြဲတိုးတက် နေမှာပါပဲ။ ဒါကသည်ပင်ကျွန်တော့်ရဲ့ အကြီးမားဆုံး မျှော်လင့်ချက် ဖြစ်ပါတယ် ။ 

  ပြီး
၂၆၊၁၂၊၁၄
ဇင်ဝေသော်
 

တစ်ကိုယ်ရေဘ၀ (ထွက်သွားဖို့ အသင့် ဖြစ်နေပြီ) - ၎


ကျွန်တော့်ဇနီးကလည်း ဒုတိယ ဘ၀ရှိတယ်ဆိုတာကိုမယုံကြည်ပါဘူး။ (ဒုတိယဘ၀)မရှိဘူးဆိုစေဦးတော့ ရှိတယ်လို့ ယုံကြည်ခြင်းက စိတ်သက်သာရာ ရစေတယ်ဆိုတာကိုတော့ သူမက၀န်ခံပါတယ်။
(လီကွမ်းယု)

လူ့အဖွဲ့အစည်းတိုင်းမှာ ဘ၀သံသရာနဲ့ပတ်သက်တဲ့  ဖွင့်ဆိုရှင်းပြမှုတွေ ရှိနေပါတယ်။ အမေရိကကိုသွားမယ်ဆိုရင်  ခရစ္စယန်ဘာသာရေးကို အလွန်ကိုင်းရှိုင်းသူတွေကို တွေ့ရမယ်။ အထူး သဖြင့်တော့ တောင်ပိုင်းတစ်ပိုင်းလုံးကလူတွေဟာ သမ္မာကျမ်းစာကို အသေအလဲ ယုံကြည်ကြ ပါတယ်။ တရုတ်ပြည်မှာလဲ ဆယ်စုနှစ်များစွာ မော်စီတုန်းဝါဒ၊ မာ့က်(စ်)၀ါဒက အညွန့်ချိုးခဲ့တဲ့ ကြားက နေပဲ ဘိုးစဉ်ဘောင်ဆက်ကိုးကွယ်မှုတွေ၊ ဗုဒ္ဓဘာသာနဲ့တာအိုဘာသာရဲ့ ဘာသာရေး အလေ့အထ တွေ ရှိနေလျက်ပါ။ အိန္ဒိယမှာဆိုရင် လူဝင်စားယုံကြည်မှုက ပြန့်နှံ့လို့နေပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော် ဘာသာမဲ့ (ဖန်ဆင်းရှင် မယုံကြည်)လို့ မသတ်မှတ်ပါဘူး။ ထာဝရဘုရားရှင်နဲ့ ပတ်သက်လို့ လက်ခံတာမဟုတ် ငြင်းဆန်တာမဟုတ်ပါ။ လူပြောသူပြောအရ ကမ္ဘာဆိုတာ မဟာပေါက်ကွဲမှုကြီး ကနေ စတင်ဖြစ်ပေါ်လာတယ်။ ဒါပေမဲ့ လူသားဟာ နှစ်ပေါင်းနှစ်သောင်းကျော် အတွင်းမှာ တွေးခေါ် စဉ်းစားတတ်တဲ့ သတ္တ၀ါ၊ မိမိကိုယ်ကို သုံးသပ်ဆင်ခြင်နိုင်တဲ့ သတ္တ၀ါ အနေနဲ့ ဖွံ့ဖြိုးတိုးတက်လာ ခဲ့ပါတယ်။ ဒါဟာအဆင့်ဆင့်ပြောင်းလဲမှု ဒါဝင်ဝါဒရဲ့  အကျိုးဆက်ပဲလား၊ ဒါမှမဟုတ် ဒါဟာ ထာဝရ ဘုရားရှင်ရဲ့ ဖန်ဆင်းမှုလားဆိုတာ ကျွန်တော် မသိပါဘူး။ ဒီတော့ ထာဝရဘုရားရှင် ယုံကြည်သူတွေကို တွေ့လာရင်လည်း ပြက်ရယ်လည်းမပြုပါဘူး။ ထာဝရဘုရားရှင် ရှိတယ်ဆိုတာကို ယုံကြည်ဖို့မလိုအပ်သလို မရှိပါဘူးလို့ငြင်းဆန်နေစရာလဲ မလိုအပ်ပါဘူး။ ကျွန်တော့်မှာ အလွန်ရင်းနှီး တဲ့  ဟွန်စွီဆင် (Hon Sui Sen) ဆိုတဲ့မိတ်ဆွေရှိပါတယ်။ သူက ရိုမန်ကက်သိုလစ် ဘာသာဝင်ပါ၊ သူသေခါနီးကာလမှာ ခရစ်ယန်ဘုန်းတော်ကြီးက သူ့ဘေးမှာရှိနေပါတယ်။ အသက် (၆၈ )နှစ်မှို့ ငယ်ရွယ်သေးတယ်ဆိုပေမဲ့ သေရမှာကို သူလုံးဝကြောက်ရွံ့မနေခဲ့ပါဘူး။ ရိုမန်ကက်သိုလစ် ဘာသာ ကို ယုံကြည်သူတစ်ယောက်အနေနဲ့ နောက်ဘ၀မှာ သူ့ဇနီးနဲ့ ပြန်ဆုံရမယ်လို့ သူယုံကြည်နေပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့ကိုယ်ကျွန်တော် အဲသလိုဖြစ်လာမယ်လို့ မထင်မိပါဘူး။ ကျွန်တော့်ဇနီး သေဆုံးသွားသလို ကျွန်တော်လည်း သေဆုံးရတယ်၊ ဒါပါပဲ။ အဲသလိုမဟုတ်ရင် အခြား ကမ္ဘာတစ်ခုမှာလဲသတ္တ၀ါတွေနဲ့ ပြည့်သိပ်နေပါလိမ့်မယ်။ နှစ်ပေါင်း ထောင်ပေါင်းများစွာကစလို့  သေဆုံးခဲ့တဲ့ လူတွေအားလုံး နေထိုင်လောက်အောင် ကျယ်ပြန့်တဲ့ ဧရာမ ကောင်းကင်ဘုံ ဆိုတာကြီးရော ရှိသလား။ ဒီကိစ္စအတွက် မေးခွန်းအကြီးစားကြီး ကျွန်တော့်မှာ ရှိနေပါတယ်။ ဒါပေမဲ့ ဆွီစင်ကတော့ ဒါကိုယုံကြည်နေတဲ့အတွက် သူ့ရဲ့နောက်ဆုံးအချိန်တွေကို ဖြတ်သန်းရစဉ် ခရစ္စယန်ဘုန်းကြီးဘေးမှာ တည်တည် ငြိမ်ငြိမ်ရှိနေခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် နိုင်ဝင်ဘာလထဲမှာ ဆုံးသွားတဲ့ သူ့ဇနီးနဲ့ ပြန်လည်ဆုံတွေ့ရမယ်လို့ သူယုံကြည်နေပါတယ်။

         သူတို့ဘာသာထဲဝင်ဖို့ စည်းရုံးနေကြတဲ့ ကျွန်တော့်ဘေးကလူတွေလည်း မျှော်လင့်ချက် မရှိဘူး ဆိုပြီး ကျွန်တော့်ကို စည်းရုံးဖို့ လက်လျှော့သွားကြပါပြီ။ ကလေးဘ၀ကတည်းက ရင်းနှီးလာခဲ့တဲ့  အမျိုးသမီး မိတ်ဆွေတစ်ယောက် ကျွန်တော့်ဇနီးမှာလည်းရှိပါတယ်။ သူကလည်း ကျွန်တော်ဇနီးကို သူတို့ဘာသာထဲဝင်ဖို့ အမြဲနားချနေတတ်တယ်။ နောက်ဆုံးတော့ ကျွန်တော့်ဇနီးက အဲဒီ အမျိုးသမီးကို အတွေ့မခံတော့ပါဘူး။ "အတော်စိတ်ပျက်စရာကောင်းတာပဲ၊ တွေ့လိုက်တိုင်း ခရစ်ယန် ဘာသာထဲ ၀င်ဖို့ပဲပြောနေတယ်" လို့ ကျွန်တော့််ဇနီးက ပြောပါတယ်။ ကျွန်တော့်ဇနီးကလည်း ဒုတိယ ဘ၀ရှိတယ်ဆိုတာကိုမယုံကြည်ပါဘူး။ (ဒုတိယဘ၀)မရှိဘူးဆိုစေဦးတော့ ရှိတယ်လို့ ယုံကြည်ခြင်းက စိတ်သက်သာရာ ရစေတယ်ဆိုတာကိုတော့ သူမက၀န်ခံပါတယ်။

ဆက်ရန်

မန်းလေးက ပွင့်လင်းမြင်သာမှု မရှိဘူး


ဆောင်းတွင်းမို့ ထင်ရဲ့
မန်းလေးက ပွင့်လင်းမြင်သာမှု မရှိဘူး
ရောင်စုံပန်းကားတွေ
မေမြို့ဖက်ဆီက လိမ့်ဆင်းလာတယ်
မျက်မှန်ပါဝါ တိုးဖို့လိုနေပြီလား
ဦးဝင်းတင်ပြောတဲ့ပန်းတွေ
မတွေ့မိဘူး။

(May be but there is no flower yet)
We are heading home, my village.

image source

မန်း နပသထဲက လီကွမ်းယုနဲ့ဟန်တင်တန်


မန်းလေးလမ်းမကိုကြည့်ရင်း ကားဆရာက တက်ခေါက်တယ်။ စည်းကမ်းကိုမရှိဘူး။ ဝင်ချင်တဲ့နေရာကနေဝင် ထွက်ချင်တဲ့နေရာကနေထွက်လို့လည်း စကားဆက်တယ်။
လမ်းစည်းကမ်း မလိုက်နာလို့ ဖမ်းရရင်လည်း အချုပ်ခန်း ထောင်ခန်းတွေ ဆန့်မှာမဟုတ်ဘူးလို့ သူ့ကိုထောက်ပေးလိုက်တော့
တရားမျှတအောင်သာလုပ်ပါ။ နိုင်ငံရေး အကျဉ်းသားလောက် များများဖမ်းစရာ မလိုပါဘူး လို့ သူကပြန်ပြောတယ်။
ရိုးရိုးလေးပြောသွားတာပဲ။ ပြုံးလိုက်မိတယ်။
သူပြောတာ ဟုတ်လောက်မယ်။
01/09/2015
4:23 pm

မန်း နပသထဲက လီကွမ်းယုနဲ့ဟန်တင်တန်ကို ဘယ်လိုလက်ခံမလဲ။ သူ တို့ထိုးဖောက်အား ဘယ်လောက်ရှိမလဲတော့ မသိပါ။ လီကွမ်းယုကို ကျကျနနဖတ်ပြီး ဟန်တင်တန်ဆီကို ဖြည်းဖြည်းကူးကြည့်မယ်ဆိုရင်တော့ မဆိုးလောက်ဘူးလို့ မျှော်လင့်ရပါတယ်။

မနေ့က အသက် ၂၄ နှစ်နဲ့ကိုယ်ပိုင်စီးပွားရေးလောကထဲရောက်နေတဲ့ ညီမငယ်ညီငယ်တွေနဲ့စကားပြောမိတော့ စိတ်ထဲမှာကျေနပ်မိတယ်။ သူတို့အရွယ်တွေနဲ့ နိုင်ငံရေး အရွေ့ စီးပွားရေးအရွေ့ကို ကောက်ချက်ချက်ချနေပုံက ရဲတင်းတယ် အားပါတယ်။
တကယ်တော့ ကိုယ်က ပြောသူထက် နားထောင်သူပဲ ဖြစ်ချင်တာပါ။

ဒီကနေဆက်ပြီးတွေးမိတာက ရဟန်းနဲ့ English စာပါပဲ။ လာအိုမှာတွေ့ခဲ့ရတဲ့ နိုင်ငံခြား ခရီးလမ်းညွှန်အားလုံးလိုလိုဟာ ဆရာဘုန်းကြီးဆီက English စာ သင်ယူခဲ့ရပါတယ်လို့ ပြောကြတယ်။ ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်တယ်ဆိုရာမှာ အဲသလို သူတို့လိုအပ်ချက် အသက်မွေးဝမ်းကြောင်းမှုတွေနဲ့ ချိတ်ဆက်ပေးထားနိုင်ရင် ပိုခိုင်မာသလို ပိုပြီးလည်း လက်တွေ့ကျမယ်။

ဘောလုံးစကားနဲ့ပြောရင် ခံစစ်ဆိုတာ စနစ်တကျတိုက်စစ်ဆင်နေမှုပါပဲ။
ဘာမှမဟုတ်ပါဘူး။ မလွန်ခင် ရပ်လိုက်တော့မယ်။
01/09/2015
8:21 pm

အမြတ်ရသွားသည့် ဆရာမော်ဒန်


အရွယ်ကြောင့်ဖြစ်မည်ထင်ပါသည်။ (အခြားအကြောင်းလည်း ဖြစ်နေနိုင်ပါသည်) ယခု ကျနော်တို့ ပြန်တွေ့စဉ် ကိုယ်စီ သောက်စရာဆေးထုတ်များ ယူလာကြရသည်။ သူက သွေးတိုးပြီး. ကိုယ်က အစာအိမ် ကွန်ပလိန်းဖြစ်သည်။
အသက်လေးဆယ်ကျော်လာပြီး ကိုယ်လုပ်ချင်တာတွေလည်း လုပ်နေရပြီမို့ (သူလုပ်ချင်တာတွေက ဘာတွေလဲဆိုတာတော့ မသိပါ။ အခုအထိတော့ ပြောက်ဆုံးနေသည့် တ ဝဂ်ကို သူရှာရသေးဟန် မတူပါ)သေလိုက သေစေဟု သူကဆိုလာသည်။ ထို့ကြောင့် တစ်ရက်ပိုနေရရင် တစ်ရက် ဘောနပ်ပေါ့လို့ သူ့ကို ထောက်ပေးလိုက်သေးသည်။

ည. အိပ်စဉ် ဒုန်း ဆိုသည့် အသံကြီး ကြားလိုက်ရသည်။ သူကုဋင်ပေါ်က ခေါင်းအုံး ပြုတ်ကျတာတွေ့ရသည်။
မဖြစ်နိုင်။ ခေါင်းအုံးကျသံက ဒုန်း မမည်သင့်။
အသေအချာကြည့်တော့ သူ့ဖွားဖက်တော် အိုင်ပက် အဲ ဖြစ်နေသည်။
ကောက်တင်ပေးမည်ဟု စဉ်းစားမိသော်လည်း ပြန်တင်ခြင်းသည် ပြန်ကျခြင်းအကြောင်းတရားအစစ်မို့ မတင်ဖြစ်။ ဒီစက်ကို ရပ်မှရမည်။

မနက်ရောက်မှ သူ့ကိုပြောပြီး သူ့အပ်ပဲ ကွဲသွားသလား အစစ်ခိုင်းလိုက်တော့သည်။ ကွဲတော့ အရင်း. မကွဲတော့ ဘောနပ်ပေါ့။ မကွဲရှာ။
ထိုမနက်က သူ ပန်းသီးဘောနပ် ရသွားသည်။
.....။
မနေ့ကအထိ ပို့စ်တွေ တက်နေဆဲမို့ သေသေးဟန်လည်း မတူပါ။ နောက်တစ်ရက် ဘောနပ်။

ကျေးဇူး အထူးတင်ရှိပါသည်


သူ့ကား သူ့ဆီ
သူ့ဒရိုင်ဘာ သူ့အချိန်
သူ့အားစိုက်မှု သူ့မိတ်ဆွေစိတ်နဲ့
ဆရာမော်ဒန်ခေါ် Dhammaganga
................
ကိုကျော်နိုင်တို့ အားလည်းကောင်း

သူ့အချိန် သူ့အားပေးမှု
ကိုယ့်အနား ရောက်လာခဲ့ကြသော
ရန်ကုန်က စာပေနယ်
ရွာနယ် မိတ်ဆွေ နောင်ညီတို့အားလည်းကောင်း

အနှစ် နှစ်ဆယ်လောက်
ဟိုင်း ဟလို မပြောဖြစ်ခဲ့သည့်
မန်း နပသ
ရဟန်းအမ ဆွမ်းအမ
ဘိုင်အော်လော်ဂျီကယ် အမ
နည်းနည်းပိုဝလာတာကလွဲရင်
များများပိုလှလာကြသော
မိတ်ဆွေရဟန်းတို့အားလည်းကောင်း

လေရူးသုန်သုန်
သြဝါဒ အစုံအစုံ
ကြာဖြူပန်း အငုံ
မိုးရွာလိုက် နေပူလိုက်
ထိုနေ့က ညနေခင်းအစိတ်အပိုင်းအားလည်းကောင်း

ထောပတ်သီးဖျော်ရည်
နှစ်ဆယ့်တစ်မိုင်
ကိုစိုင်း
ကိ ကီ ကီး
ရည့် ရည် ရည်း
ရွှိ ရွှီ ရွှီး(ဒါက ကိုယ်ပါ)
ညနေချမ်းအားလည်းကောင်း

ကျေးဇူး အထူးတင်ရှိပါသည်။ ။
Photos credit : ဓမ္မ ဂင်္ဂါ (ဘကြီးဘုန်းကြီး)










သတိရတယ် ကောင်မလေးရယ်


မနောက်ပါနဲ့
နက်ကက်အီကော်နောမစ်ဆိုတာ
ဝစ်လစ်စလစ်စီးပွားရေး မဟုတ်ဘူး
မိုးပေါ်ထောင်ဖောက်တာတွေကို ကြောက်တတ်ခဲ့တော့
နားပိတ်ရတာနဲ့ လက်က မအားတော့ဘူး။
မလိမ်တတ်မှတော့
ရိုးရိုးလေးပြောတာက ကုသိုလ်ရမယ်ထင်တယ်။

ဒီနေ့ ဘယ်လောက် အသည်းကွဲရကြောင်း
နောက်နေ့ ချစ်သူနဲ့ ဘယ်လိုကြည်နူးရကြောင်း
ဒီနေ့ ခွဲမသွားနဲ့ ချစ်သူဆိုတဲ့အကြောင်း
နောက်နေ့. ရပါတယ်. ငါ့ကိုထားခဲ့ပါအကြောင်း
ဘာညာ ဘာညာ
ဒီလိုနဲ့ မိုးလေဝသ ဖော့ကပ်စ်တွေ
ပင်လယ်ရေပြင်လို မြင့်တက်လာကြောင်း။

ရွာ့အပြင်က သရက်ပင်အောက်မှာ ဖြစ်ခဲ့တာပါ
အမှုကြီးအောင် တောကြီးမျက်မည်း မလုပ်ပါနဲ့
ကံကောင်းချင်ရင်
စပါတာကပစ်လုပ်တန်း ကစားပေါ့
၂၀၁၅ ယတြာ။

ငါ့ဓာတ်ပုံ
တံဆိပ်ခေါင်း ဖြစ်သွားရင်
ငါ သေးသွားတာလား
ငါ ကြီးသွားတာလား
လူဖတ်လို့ကောင်းအောင် အဆုံးသတ်ရရင်
သတိရတယ် ကောင်မလေးရယ် ပေါ့။ ။

ဇင်ဝေသော်

(January 8 at 12:36am)

တစ်ကိုယ်ရေဘ၀ (ထွက်သွားဖို့ အသင့် ဖြစ်နေပြီ) - ၃


အသက်ရှင်နေရတာက သေရတာထက်ကောင်းပါတယ်။ နောက်ပြီး အရွယ်ကောင်းစဉ် လူတွေအနေနဲ့ သေခြင်းတရားအကြောင်းကို မစဉ်းစားလိုကြဘူး။ ဒါပေမဲ့ ၈၉ နှစ်ရှိပြီဖြစ်တဲ့ ကျွန်တော် အတွက်  ဒီပြဿနာကို ရှောင်နေလို့ အဓိပ္ပါယ်မရှိပါဘူး။ ကျွန်တော် စိတ်ထဲမှာ တကယ်ရှိနေတာက  ငါ ဘယ်လို သေရမလဲ။ နှလုံးသွေးကြောလေဖြတ်ပြီး သေခြင်းတရားက မြန်မြန်ဆန်ဆန်ပဲ ရောက်လာ မလား။ ဒါမှမဟုတ် အာရုံကြောတွေကိုထိခိုက်ပြီး လပေါင်းများစွာ ငှက်ပျောတုံးတစ်တုံးလို အိပ်ရာ ထဲမှာ နေနေရမလား။ ဒီသေခြင်းနှစ်မျိုးထဲမှာ မြန်မြန်ဆန်ဆန်သေလိုက်ရတာကို ကျွန်တော် သဘော ကျပါတယ်။ လွန်ခဲ့တဲ့ အချိန်ပိုင်းကတည်းက ဆေးပညာအရကြိုတင်လမ်းညွှန်မှု(Advanced  Medical Directive A.M.D)ပြုလုပ်ခဲ့ပြီးပါပြီ။    ဆိုလိုတာက ပိုက်ထဲကနေတစ်ဆင့် အစာသွင်းယူနေရမယ်၊ အသက်ပြန်ရှင်လာဖို့ လမ်းစလည်း မရှိတော့ဘူးဆိုရင် ကျွန်တော့ ဆရာဝန်တွေအနေနဲ့ ပိုက်တွေ ကိုဖြုတ် ကျွန်တော့်ကိုထွက်သွားခွင့် ပြုလိုက်ကြဖို့ပါ။ ဒီမှာတမ်းကို သူငယ်ချင်း ရှေ့နေနဲ့ ဒေါက်တာ ရှေ့မှာ လက်မှတ်ထိုးခဲ့ပြီး ဖြစ်ပါတယ် ။

            ကျွန်တော်သာ ဒီလိုကြိုတင် မလုပ်ခဲ့ဘူးဆိုရင် ရှောင်လွဲလို့မရတဲ့ သဘာဝတရားကို ဟန့်တားဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြပါလိမ့်မယ်။ ဒီလိုအဖြစ်အပျက်တွေ အများကြီးကြုံတွေ့ခဲ့ရဖူး ပါပြီ၊ ကျွန်တော် ဇနီးဘက်ကယောက်ဖဖြစ်သူ ယောင်ညွတ်လင်း(Yong Nyuk Linn)                     ဆိုရင်လည်း ပိုက်တန်းလန်းနဲ့ ဘာဆိုဘာကိုမှ သတိမရတာပါ။ အခုတော့ သူမရှိရှာတော့ပါဘူး။ ဒါပေ မဲ့ ဒီပုံစံကြီးနဲ့  နှစ်ပေါင်းအတော်ကြာ အချိန်ဆွဲထားခဲ့ကြတယ်။ (ကျန်းမာရေး သိပ်မကောင်းလှတဲ့ သူ့ဇနီးဘေးမှာ) လဲလျောင်းနေပါတယ်။ ဒီလိုလုပ်လို့ ဘာ အကျိုးရှိမှာလဲ။ ဆရာဝန်တွေ၊ လူနာရဲ့ဆွေမျိုးအသိုင်းအ၀ိုင်းတွေက  ဒီလိုသက်ဆိုးဆွဲဆန့်မှုတွေ မကြာမကြာလုပ်တတ်ကြတယ်။ အရာ တိုင်းမှာ အဆုံးသတ်ဆိုတာရှိပါတယ်။ ကျွန်တော့်ဘ၀ရဲ့ အဆုံးသတ်လည်း  နာကျင်မှုနည်းနည်းနဲ့ အမြန် ရောက်လာစေချင်ပါတယ်။ သတိမရတစ်ချက်ရတစ်ချက်နဲ့ အိပ်ရာထဲမှာ ပိုက်ကနေ အစာသွင်းယူနေ ရတဲ့ အဖြစ်ကိုမလိုချင်ပါဘူး။ အဲဒီလို အနေအထားမှာ လူတစ်ယောက်ဟာ ငှက်ပျောတုံး တစ်တုံးနဲ့ ဘာမှ မခြားနားပါဘူး။ ဘ၀တစ်လျှောက်လုံး ကိုယ်လုပ်ခဲ့သမျှတွေကို တိုင်းတာသတ်မှတ်ပြ တာကလွဲလို့ ဘ၀နဲ့ပတ်သက်တဲ့ ခံစားချက်တွေ၊ နားထောင်လို့ကောင်းတဲ့ အိပ်ယာဝင်ပုံပြင်တွေ ကိုလည်း ပြောပြမနေချင်ပါဘူး။ ကျွန်တော့အတွက် ကျွန်တော် လုပ်ရမယ်ထင်တဲ့ အရာတွေကို တတ်နိုင်သရွေ့ အကောင်းဆုံးလုပ်ခဲ့ ပြီးပါပြီ။ ကျွန်တော့် အခန်းကဏ္ဍလည်း မရှိတော့ပါဘူး။ 

သစ္စာနှစ်ရောင်နှင်းဆီ (သို့ ) ခရီးကြမ်း တစ် (အဆက်)

ကြည့်စမ်းပါဦးကွယ်
ညဥ့်ဦးက အပျိုမတွေ
စုန်းတစ္ဆေတွေလို ခြောက်လှန့်ကြပေါ့၊
မိတ်ကပ်တွေက ရွှံ့နှစ်ရောင်
ဟန်ဆောင်တာတွေ ကွာကျတော့
မာရ ရဲ့ စည်းချက်တွေအတိုင်း
ခပ် ရိုင်းရိုင်း ဘီလူးက 'က' လို့။

သဲ ကျောက်စရစ်က ပျို့အန်တော့ စမ်းရေ
လူတွေ ပျို့အန်တော့ သွားရေနဲ့ ချွေးပုပ်
မဟုတ်ဘူး
မဟုတ်တော့ဘူး
ကပိလရော လောကကြီးပါ
လှလှပပကို မှားနေပြီ။


ယသောဓရာ ..
ကြာပွတ်ကိုစားပွဲပေါ်တင်
မှားရင်ရိုက်မယ် ဆိုတဲ့ အချိုးနဲ့
လောက ကအငြိုးကြီးပေမယ့်
တဏှာက သွေးထိုးပေးလိုက်တော့
ကြာပွတ်ပြီးဆေး ထိုးပေးလိုက်သလိုပ။

ကြည့်စမ်း..
တိမ်မျှင် တွေကပြေးလွှား
လွတ်လပ်ခြင်း တရားပြသလိုလိုနဲ့

ပြိုကွဲနေလိုက်ြကတာ ကစဉ့်ကလျားပဲ၊
ကြယ်စဉ်တွေကို ကြည့်ဦး
တစ်မိုးလုံး ပြည့်သိပ်
အနိစ္စမရှိယောင် ဟန်ဆောင်ပြ
ကြေမွသွားတဲ့ ကြယ်တွေ နည်းမှ မနည်းပဲ။
အဲ......
လျော့သွားတယ်လည်း မထင်ရပြန်ဘူး

ဒါဟာ လောကရဲ့ မှော်အတတ်ပေါ့။

ယသောဓရာ ..
ထပ်ပြောပါရစေ
အနိစ္စတရားက ခြေသံလုံတယ်
ဒုက္ခတရားက ရုပ်ပြောင်းရုပ်လွှဲတတ်တယ်
အနတ္တတရားက ကိုယ်ဖျောက် ဝိဇ္ဇာ။

ကောင်းကင်ရဲ့ အရောင်ဆိုတာ
တိမ် အထူအပါးပေါ်မှာ မှီတယ်
တိမ်ရဲ့ အရောင်က
နေကို မှီခိုကပ်စားနေရတာ
နေမင်းရဲ့ သက်ပြင်းချသံ နားထောင်တော့
သူလည်း ချုပ်ပြောက်ရတာပဲ တဲ့လေ။

ယသောဓရာ ..
သွားပါရစေတော့ကွယ်

ပြိုကျနေတဲ့ ဘဝ ရဲတိုက်အိုထဲ
တစ်ယောက်လက် တစ်ယောက်တွဲပြီး
ရဲရဲကြီး သေပွဲဝင်လိုက်ရမှာလား
မင်းကို သနားလိုက်တာ
ငါ့ကို သနားလိုက်တာ
ကဲ ပါကွယ်
ငါမရှိပေမယ့်
သစ္စာနှစ်ရောင် နှင်းဆီတစ်ပွင့်တော့
ငါ့ ကိုယ်စား ထားခဲ့မှာပါ။ ။



04/07/2013 

တစ်ကိုယ်ရေဘ၀ (ထွက်သွားဖို့ အသင့် ဖြစ်နေပြီ) - ၂


နိုင်ငံတိုင်းမှာ လူတိုင်းနားလည်တဲ့ ဘာသာစကားတစ်ခု လိုအပ်ပါတယ်။
(LKY)

-----------------------------------------------------------

တစ်ခါတစ်ခါ ကျွန်တော့်အနေနဲ့ လုံးဝ လက်ခံလို့ မရတာမျိုးဆိုရင်တော့ ၀န်ကြီးချုပ်ကို ကျွန်တော့် အမြင်ကို ပြောပြလိုက်တာပါပဲ။ ဥပမာ အလကားထုတ်လွှင့်ပေးတဲ့ တီဗွီလိုင်းတွေမှာ တရုတ်တိုင်းရင်း သား ဘာသာစကားနဲ့ အစီအစဉ်တွေ အစိုးရက ထုတ်လွှင့်ဖို့ ကြိုးစားနေစဉ်က ဖြစ်ပါတယ်။ အကြံပြု ချက်တစ်ခုက လူထုကြားမှာ မန်ဒရင်းက အခုအခြေတည်သွားပြီ (အရှိန်ရနေပြီဆိုတော့) သက်ကြီးရွယ်အို ပိုင်းတွေအတွက်တိုင်းရင်းသားဘာသာစကားတွေဘက်ကို ခြေဦးလှည့်ရအောင်လို့ ဆိုပါတယ်။ ၀န်ကြီးချုပ်တစ်ယောက်အနေနဲ့ အဲဒီတိုင်းရင်းသား ဘာသာစကားတွေကို ဖိနှိပ်ဖို့၊ မန်ဒရင်း စကားပြောကြဖို့ အရင်းအနှီးတွေ အများကြီးပေးဆပ်ပြီး ကြိုးစားယူခဲ့ရတယ်ဆိုတာကို ထောက်ပြပြီး ကျွန်တော်ငြင်းဆန်ခဲ့ပါတယ်။ ဘာဖြစ်လို့ နောက်ကြောင်းပြန်လှည့်နေကြမှာလဲ၊ သူတို့တိုင်းရင်းသား ဘာသာစကားနဲ့ အစီအစဉ်တွေကို ဖြတ်တောက်လိုက်ခဲ့လို့ တရုတ်အားသန်တဲ့ မျိုးဆက် တစ်ဆက်လုံးက ကျွန်တော့်ကို အမြင်မကြည်လင်ကြပါဘူး။ အဲဒီအချိန်တုန်းက ဖျော်ဖြေရေး အစီအစဉ်မှာ ပုံပြောသိပ်ကောင်းတဲ့ လီတိုင်စော်ဆိုသူ ရှိခဲ့ပါတယ်။ သူ့အစီအစဉိကိုလည်း ကျွန်တော် တို့ ဖြတ်ပစ်လိုက်တယ်။ လူငယ်တွေအပေါ် ကင်တိုနီ(သို့)ဟုတ်ကင်း စကားတွေရောက်သွားအောင် ဒီအစီ အစဉ်ကို ဘာလို့ခွင့်ပြုနေရမလဲ။ ဒါကိုသာ ခွင့်ပြုလိုက်ရင် လူကြီးပိုင်းတွေက သူတို့သားသမီး တွေမြေးတွေကို သူတို့ဘာသာစကားနဲ့ ပြန်ပြီးပြောဆိုကြလိမ့်မယ်။ ဒါဆိုရင် ဒီဘာသာစကားတွေ ပြန်ပြီး နေရာရလာဦးမှာ အသေအချာပါပဲ။

နိုင်ငံတိုင်းမှာ လူတိုင်းနားလည်တဲ့ ဘာသာစကားတစ်ခု လိုအပ်ပါတယ်။ ဗြိတိသျှတွေ ချန် ထားခဲ့တဲ့ ဘာသာစကားလေးမျိုးနဲ့တင် ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ ပြဿနာက မသေးလှတော့ပါ ဘူး။ တရုတ်ကျောင်သားအများစုတက်တဲ့ တရုတ်ကျောင်းတွေက ၁၉၄၅ ခုကစပြီး တရုတ်ကွန်မြူနစ် အားကောင်းလာတော့ သူတို့ဘာသာစကားအတွက် ဂုဏ်ယူမဆုံးဖြစ်နကြတယ်။ အဲဒီအချိန် ကျောင်းတိုင်းကျောင်းတိုင်းမှာ အင်္ဂလိပ်စကားနံပါတ်တစ်၊ မိခင်ရင်းဘာသာစကားက ဒုတိယမြောက် ဘာသာစကားဖြစ်ဖို့ အတိုက်ခံ မနည်းလုပ်ခဲ့ရတာပါ။ တရုတ်မှတရုတ်အုပ်စုတွေက ဒီပေါ်လစီကို အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။ တရုတ်သတင်းစာသမားတွေနဲ့ တရုတ်စာသင်ကျောင်းတွေက တရုတ်ကျောင်းသားနဲ့ တရုတ်စာဖတ်ပရိတ်သတ်ဦးရေတိုးပွားလာဖို့ ကြိုးစားလိုခဲ့ကြပါတယ်။ တရုတ် စာနဲ့ပတ်သက်လို့ ကျွန်တော်ထုတ်ထားတဲ့ အမိန့်ကြောင့် ကျောင်းသားဦးရေနဲ့ စာဖတ်သူဦးရေ အလုံအလောက် သူတို့ မရရှိခဲ့ကြပါဘူး။ အဲဒီအချိန်က တရုတ်ဘာသာစကားနဲ့ ထုတ်ဝေတဲ့ သတင်း စာနဲ့ စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှုးဖြစ်သူ လီဗေချင် (Li vei Chen ) ကလည်း တရုတ် သတင်းစာ မှာရှိတဲ့ ဝန်ထမ်းတွေ၊ တရုတ်အလယ်တန်းကျောင်း၊ နန်ယန်းတက္ကသိုလ်နဲ့ တက္ကသိုလ် ၀န်ထမ်းတွေ၊ သူတို့ကိုထောက်ခံသူအာလုံးကို အနီးကပ်စောင့်ကြပ်ပြီး လမ်းပေါ်တက်ဆန္ဒ ပြမှုတွေ နည်းပါး အောင် (သို့) လုံးဝမဖြစ်ပွားအောင် လုပ်ဆောင်ပေးခဲ့ရပါတယ်။ တဖြည်းဖြည်းနဲ့ ဈေးကွက် စီးပွားရေးမှာ အင်္ဂလိပ်စာရဲ့ အသုံးဝင်လာမှုကြောင့် ဒီပြဿနာက အေးငြိမ်းသွားခဲ့ပါတယ်။ အင်္ဂလိပ်စာနဲ့ ကမ္ဘာကို ဆက်သွယ်ပြီး နိုင်ငံတကာကော်ပိုးရေးရှင်ကြီးတွေကို ဆွဲဆောင်နိုင်လို့ လက်ရှိအနေအထားကို ရောက်ခဲ့တာပဲဖြစ်ပါတယ်။ နောက်ပြီး မိခင်ရင်းဘာသာစကားကို ဒုတိယ ဘာသာစကားအနေနဲ့ ထားခဲလို့တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား နိုင်ငံတွေနဲ့လည်း ချိတ်ဆက်ထားနိုင်ခဲ့ပါတယ်။ ဒါဟာ စင်္ကာပူသမိုင်းရဲ့ အရေးအကြီးဆုံးအလှည့်အပြောင်းတစ်ခုဖြစ်ပါတယ်။ တကယ်လို့ ဒီလမ်းစဉ်ကိုသာ မရွေးခဲ့ဘူးဆိုရင် စင်္ကပူလည်း ကမ္ဘာနဲ့ အဆက်ပြတ်နေမှာပဲဖြစ်ပါတယ်။

ကုန်သွယ်ရေးနဲ့စီးပွားရေးအရ တရုတ်စကားကို ဒုတိယဘာသာစကား အနေနဲ့ လိုအပ်ပါ တယ်။ ဒါပေမဲ့ တရုတ်တိုင်းရင်းသား ဘာသာစကားတွေကတော့ လုံးဝ မလိုအပ်ပါဘူး။ မီဒီယာ လောကကနေ ဒီဘာသာစကားတွေ ကွယ်ပျောက်သွားဖို့ ပေးခဲ့ရတဲ့အချိန်၊ စိုက်ထုတ်ခဲ့ရတဲ့ အား၊ ဒါတွေကြောင့် ရရှိခဲ့တဲ့ နိုင်ငံရေး၊ စီးပွားရေး အောင်မြင်မှုတွေကို အလေးမမူဘဲ နောက်ကြောင်း ပြန်လှည့်ဖို့ ကြိုးစားခြင်းဟာ ဦးနှောက်မဲ့ လွန်းရာ ရောက်နေပါတယ်။

ဆက်ရန်

သစ္စာနယ်အဝင် ခရီးကြမ်း

ဒီလထွက် ပိတောက်ပွင့်သစ် မဂ္ဂဇင်းမှာပါတဲ့ "သစ္စာနယ်အဝင် ခရီးကြမ်း" ကဗျာရှည်ကို ကဗျာဖတ် ပရိသတ်အတွက် စပြီးတင်ပေးလိုက်ပါတယ်။ ဒီ ကဗျာရှည်က တကယ်တော့ ရွှေမြန်မာ မဂ္ဂဇင်းမှာပါပြီးသားပါ။
ပြီးတော့ ဒီကဗျာရှည်အပါအဝင် ဆရာမောင်စိမ်းနီ၊ ဆရာသစ္စာနီတို့ရဲ့ ကဗျာ ရှည်နှစ်ပုဒ်နဲ့အတူ ကဗျာရှည်သုံးပုဒ် စုပြီး မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ စာ အုပ်ထုတ်နိုင်ဖို့ ဆရာမောင်စိမ်းနီ စီစဉ်လျှက်ရှိကြောင်း သတင်း ပါးအပ်ပါ တယ်။
ဒီ ကဗျာရှည်ကို ဖော်ပြပေးခဲ့ကြတဲ့ ရွှေမြန်မာက အယ်ဒီတာချုပ် ဒေါက်တာ ခင်မောင်လတ်ရယ် ပိတောက်ပွင့်သစ် အယ်ဒီတာချုပ် ဆရာမောင်စိမ်းနီ ရယ်ကို ဒီကနေ ကျေးဇူးစကား ဆိုလိုက်ပါတယ်။
(ဇင်ဝေသော်)

"သစ္စာနယ်အဝင် ခရီးကြမ်း"

ကဏ္ဍကရဲ့ အသက်
ဆန္ဒရဲ့မျက်ရည်
ပဉ္စဝဂ္ဂီ ရဲ့ ပီတိ
မိဘရဲ့ ငိုကြွေးငြီးတွားသံ
ပြန်လာနိုး သားနဲ့ ကြင်ယာ
ဒါတွေကို မဖယ်ခွာရင်
ဘယ်မှာ ငါ သစ္စာသိတော့မလဲ လို့
အနော်မာရဲ့ ရင်ခွင်ဦးမှာ
တို့အရှင် ဥဒါန်းကျူးတာ့
အိပ်နေတဲ့ အနော်မာတောင် ကုန်းထလာတယ်။


ကမ္ဘာမြေရဲ့ ရင်ခုန်သံ ကြည့်ဦး
တစ်သက်လုံး ထမ်းထားရသမျှ
သိဒ္ဓတ္ထနဲ့မှ အမောပြေ တော့မယ်ဆိုပြီး
သူ့ရင်ဘတ်ကြီး တုန်ခါနေပုံများ
ရည်းစားနဲ့ တွေ့ရမဲ့ ဆယ်ကျော်သက်လေးလို
ရင်ခုန် ဖိုလှပ်
ကျေနပ် ဝမ်းသာ
တကယ် တကယ်
ဟန်ဆောင်ထားလည်း မလုံဘူး
အုန်းအုန်းကို ညံလို့။


သမုဒ္ဒရာကို ကြည့်ကြ
ပါးစပ်ပါမှ တေးဆိုလို့ ရသလား
ငါ့ ရင်ဘတ်ကြားက လှိုင်းကြက်ခွပ်ခြင်း ပွတ်တိုက်
စည်းဝါး ကိုက်ကိုက်ကြီး ဆိုပြမယ်
ဟေ့ ဗေလုဝ
မင်းစောင်းတီးတာ ခဏရပ်
မရပ်ချင်ရင်ဆက်တီး
သမုဒ္ဒရာရဲ့ စည်းဝါးနဲ့ ညီရင်ပေါ့လေ။


ပါးစပ်ပါမှ တေးဆိုလို့ ရသလား
ငါ့ ရင်ခေါင်းသံ အောအောကြီးနဲ့
ဂေါတမ ညွန့်ဖူးကို
တေးကျူးရင်း ခရီးကြိုမှာ ဆိုပြီး
ဟိမဝန္တာ ခေါင်းဆောင်တဲ့
ကျောက်တောင်ကြီးတွေကလည်း
ဘင်ခရာတီးပြီး စစ်ချီလာလိုက်ကြတာ။


အဲဒီအခါမှာပေါ့
လေပြေတိုင်း ပုလွေတစ်ချောင်းစီပါတယ်
သစ်ရွက်တိုင်း အကမှော်ဝင်နေတယ်
တိမ်လွှာတိုင်း အလှဆုံး အဝတ်တွေဝတ်ထားတယ်
ပန်းပွင့်တိုင်း ဇရာ ဗျာဓိကင်းတယ်


နေမင်းကြီးက မျက်နှာညိုမဲ
"မနက်ဖြန်လည်း တွေ့ရမှာပဲကွယ်" လို့
ကြင်ယာတော် 'လ' ချော့လို့တာပေါ့
နို့မို့တော့လား
နာရီ မိနစ်တွေ ကမောက်ကမဖြစ်
အလင်း အမှောင်တွေ ကမောက်ကမဖြစ်
အိပ်ချိန် နိုးချိန်တွေ ကမောက်ကမဖြစ်
ဖြစ်ချင်ရာ ဖြစ်ရစ်ကြ
မောဟနဲ့ခြုံထားတဲ့လောက
ငါ လမ်းပြတော့ရော ဘာထူးမှာလဲ
အဝိဇ္ဇာရောဂါနဲ့ မျက်စိ
ငါ့ အလင်းရှိတော့ရော ဘာတွေ့မှာလဲ

သိဒ္ဓတ္ထအနားမှာပဲ ဦးညွှတ်နေတော့မယ်ဆိုပြီး
ရှေ့ခရီးမဆက်
နောက်ကြောင်း ပြန်လှည့်တွက်ဖို့ တကဲကဲ
ကလေးဆိုးကြီးလို ကဲ နေပုံက
သူပြောတာက
သူလည်း သိဒ္ဓတ္ထလောက် မလင်းနိုင်ဘူး တဲ့။


အဲသလိုပါဘဲ
တို့အရှင် ဝိဇ္ဇာဖဲကြိုးဖြတ်ပွဲမှာ
အဝိဇ္ဇာ ကျွဲပခုံးနဲ့လူတွေ မသိလိုက်ပေမဲ့
ဩကာသလောကရဲ့ဧည့်သည်တော်ကြီးတွေကတော့
ခွင့်ယူသူမရှိ
ပျက်ကွက်သူမရှိ
နာဖျားသူမရှိ
ပျင်းရိသူမရှိ
အစုံ အစေ့ကို တက်ရောက်ခဲ့ကြတယ်။


အဲဒါ......
အနော်မာ ရင်ခွင်ဦးက
တို့ အရှင် ဥဒါန်းကျူးခဲ့တဲ့ နေရာပဲ။
ဒီတော့...
အနော်မာဆိုတာ
သစ္စာရဲ့ ဖွားဖက်တော်လို့ မှတ်ထား စို့။ ။


15/06/2013

The second best is never good enough,


Silk-air says sorry for being late, 2 Minutes.
India didn't say sorry for being late, 6 Hours.
Myanmar government don't say sorry for being late, 60 years.
That is what I mean I am safe and sound in MDY.
(January 6 at 11:22pm)

The second best is never good enough, we were told.
But no one tells us "The second best of what?"
In a football match, the second best means the worst.
I mean I am staying in Triumph Hotel in Mandalay with Dhammaganga while the group will be staying overnight in Pyinoolwin.
I think internet connection (wi-fi) is sooooo sloooooow.
But Dhammmaganga thought differently. Wifi in the hotel is very fast and smooth, he said.
So can you explain me what the second best really mean?
(January 7 at 8:39pm )

Time and tide wait for no man, they say.
But Myanmar Internet connection does. Haha.
(January 7 at 9:09pm)

တစ်ကိုယ်ရေဘ၀ (ထွက်သွားဖို့ အသင့် ဖြစ်နေပြီ) - ၁


ကိုယ့်ရဲ့အမြင်ကို ကျယ်ပြန့်စေချင်တယ်ဆိုရင် လူတွေနဲ့ အဆက်အသွယ် ပြတ်လို့လည်းမရပါဘူး။
(LKY)

---------------------------------------------------------
ကျွန်တော့် နေ့စဉ်လုပ်ငန်းတွေက ပုံမှန်အတိုင်းရှိပါတယ်။ အိပ်ရာထပြီးရင် အီးမေးတွေ စစ်တယ်၊ သတင်း စာဖတ်တယ်၊ လေ့ကျင့်ခန်းလုပ်တယ်၊ နေ့လည်စာစားတယ်။ ပြီးရင် အစ္စတန်နာက ကျွန်တော့်ရုံးခန်းကို သွားတယ်။ ရောက်လာတဲ့စာတွေကိုဖတ်တယ်။ ဆောင်းပါး(သို့)ပြောစရာရှိ တာတွေရေးမှတ်တယ်။ နေ့ခင်းနဲ့ ညနေခင်းတွေမှာ(တစ်ခါတစ်ခါ) ဂျာနယ်လစ် တွေနဲ့အင်တာဗျူးရှိ တယ်။ အဲဒီနောက် တရုတ်ဆရာနဲ့ တစ်နာရီနှစ်နာရီလောက် တရုတ်စာသင်တယ်။
နေ့တိုင်းလေ့ကျင့်ခန်းလုပ်တဲ့ အကျင့်လုပ်ထားပါတယ်။ ဒါ့ကြောင့် အသက် ၈၉ နှစ်မှာ အကူ မပါဘဲ အထိုင်အထလုပ်နိုင်ပါတယ်။ အသက် ၃၀ ကျော်ကျော်တုန်းကတော့ ဆေးလိပ်နဲ့ဘီယာ သောက်ခဲ့ပါတယ်၊ မဲဆွယ်စည်းရုံးရေးပွဲတွေမှာစကားပြောရင် အသံဝင်ဝင်သွားတတ်လို့ ဆေးလိပ်ကို တော့ ဖြတ်လိုက်ပါတယ်။ ဆေးလိပ်သောက်တယ်ဆိုတာက ဆေးလိပ်ဟာ၊ အဆုပ်ရောဂါ၊ လည် ချောင်းကင်ဆာနဲ့၊ အခြားရောဂါတွေကို ဖြစ်ပွားစေတယ်လို့ ဆေးပညာအရ မသိရခင်တုန်း သောက်ခဲ့ တာပါ။ ဒါဟာ အမှန်ပါပဲ၊ နောက်ပိုင်းမှာ ဆေးလိပ်သောက်ခြင်းကြောင့် ဟိုက်ပါအလာဂျစ် ခံစားခဲ့ ရပါတယ်။ ဘီယာသောက်တော့ ဘီယာဗိုက်ဖြစ်လာတယ်၊ သတင်းစာတွေထဲက ဓာတ်ပုံတွေထဲမှာ ကိုယ့်ဘီယာဗိုက်ကို ပြန်မြင်ရတယ်။ ဒီတော့ ဂေါ့(ဖ်) ပိုရိုက်ပေးရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အချိန်တိုတိုနဲ့ လိုအပ်တဲ့လေ့ကျင့်ခန်းပြီးအောင် ပြေးခြင်းနဲ့ရေကူးခြင်းကို ပြောင်းလုပ်ခဲ့ပါတယ်။ အခုတော့ တစ်နေ့သုံးကြိမ် လမ်းလျှောက်တဲ့ စက်ပေါမှာ လျှောက်ပါတယ်၊ မနက်ပိုင်းမှာ (၁၂ )မိနစ် နေ့လည်စာစားပြီး (၁၅) မိနစ်၊ ညစာစားပြီး ( ၁၅) မိနစ်ပါ။ ညစာမစားခင် ( ၂၀-၂၅ )မိနစ်ကြာအောင် ရေကူးတတ်ပါတယ်။ ဒီလိုလေ့ကျင့်ခန်းတွေမလုပ်ပဲ ကျွန်တော့်ရဲ့ ခန္ဒာကိုယ်ဟာ၊ ဒီအနေအထား အတိုင်း ရှိနေမှာ မဟုတ်ပါဘူး။ ဒါက ကျွန်တော့ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းပါ။





လူတွေနဲ့တော့ အတွေ့အဆုံ မပြတ်ပါဘူး။ ကိုယ့်ရဲ့အမြင်ကို ကျယ်ပြန့်စေချင်တယ်ဆိုရင် လူတွေနဲ့ အဆက်အသွယ် ပြတ်လို့လည်းမရပါဘူး။ စင်္ကာပူမှာရှိနေတဲ့ လူတွေအပြင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ တစ်ခါတစ်ခါ တရုတ်ပြည်၊ ဥရောပနဲ့ အမေရိကားက လူတွေနဲ့လည်း တွေ့ဆုံပါတယ်။ မိတ်ဆွေဟောင်းတွေနဲ့သာမက ပညာရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်က လူတွေ၊ ဂျာနယ်လစ်တွေ၊ သာမာန်လူတွေနဲ့လည်း တွေ့ဆုံနိုင်ဖို့ကြိုးစားပါတယ်။ လေယဉ်အကြာကြီးစီးရင် ခြေထောက်ယောင် တတ်လို့ နိုင်ငံခြားခရီးစဉ်တွေကိုတော့ လျော့ချလိုက်ပါတယ်။ အထူးသဖြင့် အမေရိကန် ခရီးစဉ်မျိုး ပေါ့။ ၂၀၁၂ ခုနှစ်အထိ အာရှရဲ့ အနာဂတ် ကွန်ဖရင့် (The Future Of Asia Comference )မှာ တက်ရောက်စကားပြောဖို့ တစ်နှစ်တစ်ကြိမ် ဂျပန်ကိုပုံမှန် သွားခဲ့ပါတယ်။ ဒီကွန်ဖရင့်ကို ဂျပန်မီဒီယာ တစ်ခုဖြစ်တဲ့ Nikkei (Nihon Keizai Shimbun )က ဦးဆောင် ကျင်းပတာဖြစ်ပြီး အခုဆိုရင် ၁၉ ကြိမ် မြောက်ရှိပါပြီ၊ တရုတ်ပြည်ကိုလည်း တစ်နှစ်တစ်ကြိမ်တော့ ပုံမှန်သွားဖြစ်ပါတယ်။ ဘေကျင်းကိုတော့ လေထုညစ်ညမ်းမှုကြောင့် သိပ်မသွားချင်ပါဘူး၊ ဒါပေမဲ့ နိုင်ငံခေါင်းဆောင်တွေက ဘေကျင်းမှာ ဆိုတော့ သူတို့နဲ့တွေ့ဖို့ဆိုရင် သွားကိုသွားရတယ်။ ဂျေပီမော်ဂန် အပြည်ပြည်ဆိုင်ရာ ကောင်စီ ကတော့ ကျွန်တော့်ကိုဂုဏ်ပြုတဲ့ အနေနဲ့ ၂၀၁၂ ခုနှစ်နှစ်ပတ်လည် အစီးအဝေးကို စင်္ကာပူမှာ ကျင်းပ ပေးခဲ့ပါတယ်။ တိုတယ်(လ်)အကြံပေးအဖွဲ့ အစီးအဝေးကလည်းအလားတုပါဘဲ။ ပြင်သစ်ကို သွားရတာမျိုးကတော့ ပြသနာမရှိပါဘူး၊ ၁၂ နာရီကြာ ဒါရိုက်လေယဉ်အဲယားဘတ်(စ်)၃၈၀ နဲ့ဆိုတော့ အဆင်ပြေပါတယ်။ အသွားအပြန် အတူတူပါပဲ။ ဒါပေမဲ့နယူးယောက်ကို သွားဖို့ကတော့ အတော်ကြီး ပင်ပန်းလွန်းပါတယ်။ အဓိကကတော့ အချိန်ကွဲပြားနေမှုကြောင့်ပါ။ နိုင်ငံခြားခရီးတွေထွက်ခြင်းကြောင့် ကျွန်တော့်အမြင်တွေလဲ ပိုကျယ်လာပါတယ်။ အခြားနိုင်ငံတွေ ဘယ်လိုဖွံ့ဖြိုးတိုးတက်လာတယ်ဆိုတာ တွေ့မြင်ရတယ်။ ဘယ်နိုင်ငံမှ တစ်သမှတ်တည်းရှိမနေပါဘူး။ လန်ဒန်နဲ့ပဲရစ်(စ်) မြို့တော်တွေမှာ လည်း အပြောင်းလဲတွေ အမြဲတစေတွေမြင်ရပါတယ်။ အစိုးရအဖွဲ့ထဲမှာ မပါဝင်တော့ဘူးဆိုတော့ သတင်းမေးခံရမှုတွေ နည်းပါးသွားသလို အပြောင်းအလဲလုပ်ဖို့ ဖိအားတွေလည်း လျော့ပါးသွား ပါတယ်။ ဒါကြောင့် ၀န်ကြီးအများစုက သဘောတူရင် ကျွန်တော့်အနေနဲ့လည်း သဘောတူပေးလိုက် တာများပါတယ်။ သူတို့နဲ့ဆန့်ကျင်တဲ့ အယူအဆကို အခု ပြောခဲပါတယ်။ အနည်းဆုံးတော့ ကျွန်တော် ကိုယ်တိုင် အစိုးရအဖွဲ့ထဲပါဝင်ပြီး စီးဝေးပွဲတွေ တက်စဉ်တုန်းကထက် အများကြီး လျော့နည်းသွားတာ အမှန်ပါ။ အဲဒီ အချိန်တွေ တုန်းကတော့ ငြင်းခုံဆွေးနွေးမှုတွေထဲမှာ အင်ပြည့်အားပြည့် ပါဝင်ခဲ့ ပါတယ်။

ဆက်ရန်

ဂုရုကြီးခေါ်တာ


ငါ့ကို ဂုရုကြီးခေါ်တာ ဓမ္မဂင်္ဂါတင် မကတော့ဘူး
(ဓမ္မဂင်္ဂါက စိတ်ကူးပေါက်မှ ခေါ်တာ)
ကိ၊ ကီ၊ ကီး ကပါ ဂုရုကြီးလုပ်နေလို့
(သူက ငယ်ငယ်လေးနဲ့ ဂုရုကြီးအဓိပ္ပါယ်ကိုတောင် သိနေတယ်)
ဒီနေ့ကစပြီး
ရွှိ၊ ရွှီ၊ ရွှီး လုပ်နိုင်အောင် ဒါကြီး ဆက်ထမ်းမယ်။
(ကျေးဇူးပဲ ကိုအံ့ထူးနိုင်)


လီကွမ်းယုရဲ့ "တစ်ကိုယ်ရေ ဘဝ" (သေတမ်းစာဆန်ဆန်)


မနက်ဖြန်ကစပြီး ပို့ အဟောင်းတွေထဲက အက်ဒမင်နှစ်သက်တာ အချို့နဲ့ လီကွမ်းယုရဲ့ "တစ်ကိုယ်ရေ ဘဝ" (သေတမ်းစာဆန်ဆန်) အစအဆုံးကို အက်ဒမင်က ဆက်လက် တင်ပေးပါလိမ့်မယ်။ အားလုံး အဆင်ပြေကြပါစေ။ ။

မန်း နပသ အလှူ


မန်း နပသ အလှူ၊ ရွာအလှူနဲ့ ဟိုအလှူ ဒီအလှူအတွက် မိမိရဲ့ စာမူခအပြင်
မင်္ဂလဝိဟာရ မိသားစု၊ မောရင်း အောင်းနဲ့(စလုံး) မောင်စိုင်းလင်းသူတို့က အဓိက ပါဝင်လှူဒါန်းခဲ့ကြပါတယ်။
စာအုပ်အလှူရှင်များကိုတော့ အပြန်မှပဲ ဓာတ်ပုံနဲ့တကွ ဖော်ပြပါတော့မယ်။

၂၀၀၇ က တီရှပ်လေး


ပြန်မွှေမှ တစ်ထည်ထဲတွေ့။ ဒါလေးနဲ့ပတ်သက်လို့ ဒုက္ခအတော်ရောက်ဖူးသည်။ ရှင်သစ္စာပေးဖို့ ယူခဲ့မည်။
၂၀၁၅ ယတြာ။


ကမ်းလက် ပရိုဖိုင်


ရဟန်းဘွဲ့။ ။ ဦးစိတ္တရ
နေရပ်။ ။ လက်ပန်ရွာ၊ မြင်းမူမြို့နယ်၊ စစ်ကိုင်းတိုင်း၊
လက်ရှိ သီတင်းသုံးရာ။ Mangala Vihara BuddhistTemple, 30 Jalan, Eunos, Singapore, 419495
ရာထူး။ ။ ကျောင်းထိုင်။ ဆန်းဒေးဓမ္မကလပ်စ် ဩဝါဒါစရိယ။ Buddhist and Pali Collage( Singapore) အုပ်ချုပ်စီမံ၊ နည်းပြ။
ကျောင်ပြင် လုပ်ဆောင်မှု။ ။ National University of Singapore ဗုဒ္ဓဘာသာအဖွဲ့ ဩဝါဒါစရိယ (Spiritual adviser)။
ကလောင်အမည်များ။ ။ ဇင်ဝေသော်၊ စောနေလတ်၊ သီဟနာဒ၊ (တစ်ခါတစ်ရံ ဦးကိုမောင်၊ ဆုထားမျက်ချယ်)



တကယ်လို့သာ.............


"မိဘပြည်သူများခင်ဗျား........အစစအရာရာ ယိုးယွင်း၊ ပျက်စီး၊ နိမ့်ပါးနေတဲ့ နိုင် ငံတော်ရဲ့ အနေအထားကိုထောက်ဆရင် သန်းပေါင်းများစွာ အကုန်အကျခံပြီး လွတ်လပ်ရေးနေ့ကျင်းပခြင်းဟာ မှန်ကန်တယ်လို့ ကျွန်တော်ကိုယ်တိုင် မယုံကြည်သလို တမလွန်ကကျွန်တော်တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီးနဲ့ အခြား အာဇာနည်ကြီးများလည်း ဒီအတိုင်းပဲ ရှိကြလိမ့်မယ်ဆိုတာ သေချာလှပါတယ်။ ကျွန်တော်သမ္မတတာဝန်ယူစဉ်အတွင်း ပြုပြင်ပြောင်းလဲမှုတွေထဲမှာ လွတ်လပ်ရေးနေ့ ကျင်းပပုံလည်း ပါဝင်သွားစေချင်ပါတယ်။ ဒါ့ကြောင့် ဗိုလ်ရှုခံ သဘင်အတွက် သုံးစွဲမယ့်နိုင်ငံတော်ဘဏ္ဍာတွေကို အမှန်တကယ်လိုအပ်တဲ့ ကျန်းမာရေး၊ ပညာရေးကိစ္စတွေမှာ သုံးစွဲဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်။

ရိုးရိုးလေးကျင်းပလိုက်လို့ လွတ်လပ်ရေးဖခင်ကြီးနဲ့ အခြား အာဇာနည်ကြီးတွေ ရဲ့ ကျေးဇူးတရားတွေ လျော့ပါးမသွားနိုင်ပါဘူး။ နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး ဦးမော့လာပြီဆိုတာနဲ့ ကြီးကျယ်ခမ်းနားတဲ့ လွတ်လပ်ရေးနေ့တွေ ပြန်လည် ကျင်း ပပေးဖို့ ကျွန်တော် အလေးအနက် ကတိပြုပါတယ်။
(ခိုင်မာတဲ့ ရပ်တည်ချက်)

မိဘပြည်သူများခင်ဗျား......... ကျွန်တော်သမ္မတတာဝန်ယူခဲ့တဲ့ မနှစ်က အနေ အထားကို ပြန်ကြည့်ရင် အကောင်းတွေရှိသလို အဆိုးတွေလည်း ရှိခဲ့ပါတယ်။ ဒါတွေကတော့ ..................
(ပြန်လှန်သုံးသပ်)

မိဘပြည်သူများခင်ဗျား လာမယ့်နှစ်မှာ နိုင်ငံတော်အစိုးရအနေနဲ့ အထူးအလေး ထားဆောင်ရွက်သွားမှာတွေကတော့ ................
(အနာဂတ် စီမံကိန်း၊ ဝန်ခံကတိပြုမှု)

မိဘပြည်သူများခင်ဗျား...ဒါတွေကို အကောင်အထည်ဖော်ဖို့ (ဘက်စုံ ဝိုင်းဝန်းဖို့ လိုကြောင်း ဘာညာ ဘာညာ............) " ဆိုရင်

တီဗွီ မဖွင့်မိသူတွေတောင် နောင်တရသွားဦးမယ်။ ( ပေရှည်နေစရာကို မလိုဘူး)

ကြွက်လင်မယား အင်တာဗျူး


(ဇင်ဝေသော်, ခေတ်သစ်ပုံပြင် - 5/10/2013။ အမေနေ့အတွက် ပို့စ်အဟောင်းလေးပါ)
ညီမလေး…. ရေ
သတင်းမီဒီယာတွေက ကြွက်လင်မယားကို အင်တာဗျူးနေကြသတဲ့။ အထူးသဖြင့်တော့ ကြွက်မလေးကိုပေါ့ကွယ်။ ဒီဇာတ်လမ်းလေးကိုတော့ မကြာမကြာပြောနေလို့ ညီမလေး ကြားဖူးရောပေါ့။ အစာစိတ်၊ လိင်စိတ်နဲ့ သားသမီးချစ်စိတ် စမ်းသပ်တယ်ဆိုတာလေ။ သားသမီးချစ်စိတ်က အပြင်းပြဆုံးတဲ့ကွဲ့။ လျပ်စီးကြောင်းတွေကိုဖြတ်ပြီး နို့တိုက်ဖို့ ရောက်အောင်သွားနိုင်တဲ့ ကြွက်မလေး တစ်ကောင်ရဲ့ ကမ္ဘာကျော်တဲ့ သိပ္ပံ စပ်းသပ်မှုပေါ့ကွာ။



ကြွက်ဖိုလေးနဲ့ ကြွက်မလေးက လက်ခြင်းတွဲလို့တဲ့။

သူတို့လည်းထွက်လာရော ဓာတ်ပုံ၊ ဗီဒီယို၊ ကင်မရာ မီးတွေများလင်းသွားလိုက်တာ ကိန်းဓာတ်ရှင်ပွဲတော်က အော်စကာဆုချီးမြင့်မဲ့ ကော်ဇော်နီဧည့်ခံပွဲကြီး လို့တောင်ထင်မှတ်မှားရသတဲ့။

အဲဒီပွဲတော်ကို သန္တုဿိတ နတ်သားတို့၊ မာသာထရေဇာတို့လို ထိပ်ထိပ်ကြဲ ပုဂ္ဂိုလ်တွေတောင် တက်ရောက်ကြသတဲ့။ ကြွက်မလေးကတော့ ရှက်လွန်းလို့ ခေါင်းတောင် မဖော်ရဲဘူးတဲ့ကွယ်။ ဒါနဲ့ သတင်းထောက်တစ်ယောက်က

" ဒီလျပ်စီးကြောင်းတွေကို အကြိမ်ကြိမ်ဖြတ်ပြီး နို့ဆာနေတဲ့ ကြွက်ကကလေးတွေဆီ နို့တိုက်ဖို့ သွားနိုင်တာဟာ ဘယ်လို စိတ်ဓာတ်တွေနဲ့များ တွန်းကန်လိုက်လို့လည်း" လို့မေးသတဲ့။

ကြွက်မလေးက ရှက်လို့ မဖြေရဲဘူး။ ဒါနဲ့ ကြွက်ဖိုလေးက
" သူ့ဝမ်းနဲ့လွယ်ပြီး မွေးခဲ့ရတဲ့ ကလေးတွမို့ပါဗျာ " လို့ဖြေသတဲ့။

ဒီတော့မှ ကြွက်မလေးက အရှက်ပြေသွားပြီး
" ဟင့်အင်း၊ ဟင့်အင်း။ ဟုတ်ဘူး၊ ဟုတ်ဘူး သသာဝတရားကြီးက ကိုကို ဝမ်းနဲ့လွယ်ဖို့ မှာထားမယ်ဆိုရင် ကိုကိုလည်းဝမ်းနဲ့လွယ်ဖို့ ငြင်းခဲ့မှာမဟုတ်ပါဘူး။ ဒီလိုမပြောပါနဲ့" လို့ အကြောက်အကန် ငြင်းသတဲ့ကွယ်။

ဒီတော့ ကြွက်ဖိုလေးက ဝမ်းသာလွန်းလို့ မျက်ရည်တွေတောင်ကျလာပြီး သူ့ဇနီးကြွက်မလေးကို မွှေးမွှေးပေးလိုက်သတဲ့။ ကြွက်မလေးပါးမှာလည်း မျက်ရည်အနည်းငယ်တော့ စိုသွားတာပေါ့ကွယ်။ ဒါပေမယ့် လှနေဆဲပါဘဲ။

ဒီတော့မှ ဂေါတမဗုဒ္ဓတို့ ဂျီးဇက်ခရိုက်တို့ မဟတ္တမဂန္ဓီတို့က
သာဓုသာဓုလို့ခေါ်ကြသတဲ့။

အဲ.. ဂျီးဇက်ခရိုက်ကတော့ Well-done, well-done ပေါ့ကွယ်။

ဒါပါဘဲ ညီမလေးရယ်


မိဘဆိုတာ လိင်ကွဲလို ဝတ္တရားတွေမတူကြပေမယ့် သားသမီးကို ချစ်တဲ့နေရာမှာတော့ သူသာကိုယ်သာ မရှိကြပါဘူး။ အတူတူပါဘဲ

ချစ်လို့ ပြောတာမှတ်ထားနော်ညီမလေး။ ဟုတ်ဟုတ် မဟုတ်ဟုတ်။  

ဇင်ဝေသော်










Copyright © 2011 ကမ်းလက်. All rights reserved.

နိဗ္မာန်က လူအတွေ မရောက်ဘူး


(အသည်းနုသူ မဖတ်ရ)

"အကြွေးမပေးနိုင်လို့ ကျောင်းသိမ်းတာ မဟုတ်ပါဘူး။ နိုင်ငံတော်တောင် သိမ်း ထားတဲ့အဖွဲ့က ဘုန်ကြီးကျောင်းလောက်တော့ သေးသေးလေး။ သိမ်းချင်လို့ သိမ်းတာ။ ဘာကြောင့်မှ မဟုတ်ဘူး။"

"နိဗ္မာန်လား၊ ဆုတော့တောင်းကြပေါ့။ ဒါပေမဲ့ လွတ်လပ်ရေးရအောင် အရင် လုပ်ကြပါအုံး။ နိဗ္မာန်က လူအတွေ မရောက်ဘူး"
ပီနန်ဆရာတော်

ရှင်သစ္စာနဲ့ လွတ်လပ်ရေးနေ့ ဒိုင်ယာလော့ဂ်


Shin Thitsar
အောင်ဆန်း - အတ်တလီ - 1947
နု - အတ်တလီ - 1948
ပြောင် - နေပြည်တော် - 2015

Zin Wai Thaw
အဲလိုရေးလို့ ဘယ်ရမလဲ။ သဘောမတူလို့ ပြင်လိုက်တယ်။ ဟဲဟဲ။
အောင်ဆန်း - အတ်တလီ - 1947
နု - အတ်တလီ - 1948
ပြောင် - နေပလီ - 2015

သတင်းကဗျာ


"ဒီစကားအတွက် "ခွင့်လွှတ်ပါ ငါ့ရှင်" မဆိုချင်ဘူး
တတ်နိုင်သလောက်တော့
ဗိုလ်ရှုသဘင်ကို အိုးမည်းသုတ်လိုက်တယ်"

ဒီလိုခမ်းနားမှုမျိုးလောက်တော့ ကျနော်တို့ ဦးခေါင်းတွေက
ဆံတစ်ချည်တောင် ညွတ်ကျလာမယ်မဟုတ်လေဘူး
ဒီလို ဇာတ်လမ်းတွဲတွေ လက်စမသိမ်းသရွေ့
လူကြီးမင်းတို့ ဗိုလ်ရှုခံသဘင်ကလည်း
ယဉ်ယဉ်လေး ရူးနေသူတွေရဲ့ လုပ်ဇာတ်တစ်ခုပါ။

ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ဟာ အိမ်ဖော်တွေ မွေးပေးဖို့ မဟုတ်ဘူး။
နည်းပညာတက္ကသိုလ်ဆိုတာ
အပြန်လမ်းမရှိတဲ့ ကမ်းကြည့်ငှက်တွေရဲ့
အတောင်သွေးရာ သစ်ကိုင်းခြောက် မဟုတ်ဘူး။

ဒါပေမဲ့ ကျေးဇူးပါ။
ယဉ်ယဉ်လေး ရူးနေသူတွေကို အတွေ့များတော့
ရူးရူးလေး ယဉ်နေသူတွေကို ချစ်တတ်လာတယ်။

ရန်ကုန်နဲ့မဲဆောက်
ဒီ ကောင်မလေးတွေ ရှော့ပင်းထွက်လာတာ မဟုတ်လောက်ဘူး။
(ဘမ်ဘူး(ဝါး)တောတွေ ဖြတ်ခဲ့ရတာ၊ လူကုန်ကူးခံခဲ့ရတာဆိုတော့လေ)





မြန်မြန်ပြောင်းပါ
အောက်ဆုံးက ဒီနိုင်ငံမှာ
သူ့အောက် အပါယ်လေးဘုံပဲ ရှိတော့တယ်။
လွတ်လပ်ရေး တဲ့လား
ဗြိတိသျှအင်ပါယာ ကျရှုံးသွားတာတောင်
ကျနော်တို့ အနိုင်မရလိုက်ဘူး
ကိုယ်ဂိုးပေါက်ထဲ ပြန်ရှူးပြနေတဲ့ ခြေရူးတွေ။

စိတ်မကောင်းဘူး
ဒီစကားအတွက် "ခွင့်လွှတ်ပါ ငါ့ရှင်" မဆိုချင်ဘူး
တတ်နိုင်သလောက်တော့
ဗိုလ်ရှုသဘင်ကို အိုးမည်းသုတ်လိုက်တယ်။

ငါ့ကို လူအထိုက်အလျောက် သိသားပဲ (သစ္စာနီလေသံနဲ့)


သော်ရောဇင်ရောဆိုတော့ ဒီကောင်လေး ခေသူ မဟုတ်လောက်ဘူး။

Thaw Zin "ဒီနေ့အရမ်းပျော်ခဲ့ပါသည် လေးစားရတဲ့ ကမ်းလက် ရဲ့ ပဲ့ကိုင်ရှင် Zin Wai Thaw
https://www.facebook.com/sharinghand/photos_stream
https://www.facebook.com/zwt.zinwaithaw?fref=ts
လီကွမ်းယု - နားဝင်မချိုတဲ့ အမှန်တရားများ၊
လူ့ယဉ်ကျေးမှုပဋိပက္ခနှင့် ကမ္ဘာသစ်တစ်ခုကိုပုံဖော်ခြင်း၊
ကကြိုးလေးတွေနှင့် အောင်ဆန်းစုကြည်
သုံးပုဒ်ကဗျာစသည်စသည် စာအုပ်များကို ဘာသာပြန်ရေးသားသူ စာရေးဆရာ(တော်)မှ friend အဖြစ်လက်ခံပေးခြင်း နှင့် ကျနော်လေးစားအားပေးသောပြည်သူ့အချစ်တော်မင်းသမီးမှ tagged လုပ်ပြီးပို့စ်တင်ပေးခဲ့မှုတို့ကြောင့်ဖြစ်ပါပေသည်။https://www.facebook.com/permalink.php… ပျော်ထာ ဟေဟေ ဟားးးးး"

Myanmar got talents


1) Myanmar got talents =>
ဦးသန့်လိုလူ ကမ္ဘာအတွက် မြန်မာက မွေးထုတ်ပေးတယ်။
ပြည်တွင်းမှာတော့ ဦးနေဝင်းက ဦးသန့်ထက် ပိုတော်တယ် လို့ သူ့ကိုယ်သူ ထင်တယ်။

2) Myanmar got talents =>
အောင်ဆန်းလိုလူကို ကမ္ဘာအတွက် မြန်မာက မွေးထုတ်ပေးတယ်။
သူ့ကို အမှိုက်ထင်ပြီး သေနတ်နဲ့ ပစ်သတ်လိုက်တယ်။

3) Myanmar got talents =>
ဂက်စ်တွေ၊ ရေနံတွေ အလျှံပယ်ရှိတယ်။
ဒါပေမယ့် လူထုကို အမှောင်ထဲမှာ နေနိုင်အောင် စွမ်းဆောင်ပေးနိုင်တယ်။

4) Myanmar got talents =>
ရေကောင်းရေသန့် မြစ်ကြီးလေးသွယ် ရှိတယ်။
ဒါပေမယ့် လူထုကို ရေရှားပါးအောင် စွမ်းဆောင်ပေးနိုင်တယ်။

5) Myanmar got talents =>
ရွေးကောက်ပွဲ ကျင်းပပေးတယ်။
ရွေးကောက်ပွဲအပြီး အနိုင်ရသူကို ထောင်ထဲမှာ သော့ခတ်ထည့်ထားလိုက်တယ်။

6) Myanmar got talents => မက်စီလို ဘောလုံးသမား မွေးထုတ်ပေးတယ်(ဦးကဝိစကားနဲ့)။
မက်စီလေးကမ္ဘာ့ဖလားကန်ခွင့်မရအောင် အချင်းချင်း ဝိုင်းချိုးကြတယ်။

Myanmar got talents => .........
Myanmar got talents => .........

ဦးသန်းရွှေ မှတ်စုစာအုပ်(တဲ့)


(နေ့ဇွဲ နဒေါ်လဆန်း ၆ ရက်၊ ည ၉ နာရီ၊ ၂၀၁၄)
အသက်ကျီးဘီ။ ဘုရားစာလေး ဘာလေး ဖတ်အုံးမှဆိုပြီး ဖတ်မိသီ။
မဂဒေဝမင်းဂျီးက ဆံပင်တချောင်းဖြူတာနဲ့ တောထွက်သွားဒယ်လို့ဆိုထားသီ။
အတော်ညံ့တဲ့ မင်းပေပဲ။ နှုတ်ပစ် ရဒါဂျီးကို။
ငါဒို့ကတော့ မသေမချင်း တောလည်းမထွက်၊ တောအရက်လည်း မသောက်ဘူး။

(နေ့ဇွဲ ဒီဇင်ဘာ ၂၁၊ ၁၃၇၆)
နောက်ထပ်တစ်အုပ်ဖတ်တော့ တေမိမင်းသားအကြောင်း တွေ့ရသီ။
လာပြန်ဘီ နောက်တျောက်၊ သူကလဲ ဘုရင်လုပ်ရမှာစိုးလို့ စကားတောင်မပြောဘူးလို့ ရေးထားသီ။
ဘယ်လိုလူတွေနဲ့ လာတွေ့နေရသလဲ မသိ။ ကျွန်ုပ်စိတ်နဲ့ လုံးဝမဖြစ်။
ထို့နောက် ဘုရားစာဖတ်ရန် ကျွန်ုပ်စိတ်ကုန်သွားတော့သည်။
ဘုရားစာဖတ်မဲ့အစား မြေးလေးနဲ့ ဂိမ်းဆော့နေတာကမှ အဓိပယ်ရှိသေးသည်။

ခေါင်းစဉ်မလိုတဲ့ လူတစ်ယောက်အကြောင်း


( ၁ )

မွေးဖွားစဉ်က ကျွန်တော် မထူးဆန်းလှသော်လည်း ထိုင်နိုင်ထနိုင်သော ကလေး ဘဝမှစ၍ ကျွန်တော်သည် ထူးခြားခဲ့သည်။ ဂွကျခဲ့သူ ဖြစ်ခဲ့ရလေသည်။ ကျွန်တော် ငယ်ငယ်တုန်းက တော်တော်နဲ့ စကားမပြောတတ်ရကား လူကြီးမိဘ များမှာ ဆွံ့အ၍ပင်နေသလားဟု စိုးရိမ်ကြောင့်ကြခဲ့ရသည်ဟု သိ ရလေသည်။ အနာအဖျား ထူသည်။ အစားကြူးသည်။ အမဲ သား ငါးကို အလွန်ကြိုက်သည်။ ကျွန်တော်၏ မိခင် ဈေးဝယ်သွားရာ ရံဖန်ရံခါ ကျွန်တော့် ကို ချီ၍သွားလေသည်။ တစ်ခါသော် အသားစိမ်းကို အတင်းလု၍စားမည်ပြု သည်ဟု ကျွန်တော့်မိခင် က ပြန်၍ ပြောပြသဖြင့်သိရသည်။

( ၂ )

ကျွန်တော်က................ အမူအယာလည်းကြမ်း၏။ အလိုက်လည်းမသိ၊ ညစ် လည်း ညစ်ပတ်သည်။ ကိုယ့်စည်းကမ်းဟူ၍လည်း တစ်ခုမှ မရှိ။ အသက် လေး ငါး ခြောက်နှစ်တိုင်အောင် ည အိပ်ရာတွင် သေးပါသေး၏။
မကွေးမြို့တွင် အပျိုပေါက်စ ခပ်ချောချောမိန်းကလေးရှိသော အကိုဖြစ်သူ အိမ် တွင် တည်းခိုကြသည်။ လူပျိုပေါက်စ ကျွန်တော်မှာ တစိမ်းတရံဆန် အိမ်တွင် မနေတတ်၊ အထူးရှက်တတ်သည်။ မိန်းကလေးများနှင့်ဆိုလျှင် သာ၍ပင် ရှက်မိ သည်။ ထို့ကြောင့် ည အိပ်ခါနီး ရှက်လွန်း၍ သေးမပေါက်မိ ရာ ည အိပ်သည့်အခါ မအောင့်နိုင်တော့ဘဲ သေးပါကျလေသည်။ ကျွန်တော် လည်း ပါပြီးမှ သိလေ သည်။

( ၃ )

ကျွန်တော်ကား.........
သူများအကြောခံရ၏၊ မြှောက်လို့ မြှောက်မှန်းမသိ၊ ချောက်လို့ချောက်မှန်းမသိ ထုံပေပေ အလွန်နိုင်၏။ တစ်ခါသော် ဆယ်မိုင်ခန့်အကွာ ရွာတစ်ရွာသို့ ကျွန်တော့် မိဘများနှင့်အတူ လိုက်သွား၍ သူကြီးအိမ်တွင် တည်းခိုစဉ် ထိုရွာ မှ ရွယ်တူလောက် ကလေးတစ်ယောက်က ကျွန်တော့်အားမြှောက်၍ " ဗိုလ်ကြီး ဗိုလ်ကြီး " ဟုခေါ်ရာ ကျွန်တော်မှာ များစွာသဘောကျကာ ထန်းလျက်အဖြူဆုပ် ကို ခေါ်တိုင်း ခေါ်တိုင်း ပေးခဲ့လေသည်။

ကစားခုန်းစားဆိုလျင် များစွာ မလေ့ကျင့်။ သို့သော် ကစားသည့်အခါ ကြမ်းတမ်း ၏။ ကြမ်းတမ်းသော ကစားမျိုးကိုမှ နှစ်သက်သည်။ တွတ်ထိုးခြင်း၊ ကြည်းသား ရိုက်ခြင်းစသည်တို့ကို ဝါသနာပါသည်။ ခြင်းလုံးခတ်ခြင်းကိုကား မကြိုက်။
ရွရွလေး လုပ်ရသော အလုပ်ဆိုလျှင် ကျွန်တော်နှင့် မဖြစ်။ အချုပ်ဆိုရလျှင် ကျွန်တော် ၏ ကလေးဘဝမှာ ချီးမွမ်းစရာ အလွန်နည်း၏။ အသက် နှစ်ဆယ်ခန့်အထိ အနာရောဂါ ကင်းသည်ဟူ၍ မရှိ၊ သေလုမတတ် အကြိမ်ကြိမ်ဖြစ်ဖူး၏။ ဝဲ အနာအကြီး အကျယ်စိုခဲ့ဖူး၏။ ထိုအခါ ကျွန်တော် သည် ဘယ်တော့များမှ ငါ ကျန်းကျန်းမာမာ အမြဲနေပါမည်နည်းဟု တမ်းတ မိသည်။

......ကျွန်တော်သည် ထိုကလေးဘဝတွင်ပင် သူပုန်စိတ်ထားရှိလေသည်။ အကြံကြီးသူ ဖြစ်လေ၏။



( ဗိုလ်ချုပ်၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ၊" စာရေးဆရာ ကိုအောင်ဆန်း " မှ ၊ မောင်စိမ်းနီ စုစည်းသည်။ )

" စာရေးဆရာ ကိုအောင်ဆန်း " အပါအဝင် စာအုပ်ပေါင်း များစွာ လက်ဆောင်ပေး လိုက်သည့် ( ဆရာကြီး ) ပိတောက်ပွင့်သစ် မဂ္ဂဇင်း အယ်ဒီ တာချုပ် ကဗျာဆရာ မောင်စိမ်းနီအား ကျေးဇူးစကားဆိုရင်း ဒီ ပို့စ်လေးကို ပြန်ခေါ်လိုက်မိပါတယ်။

တိန် တိန် တိန်


"လူမှုရေးအကြံပေး" ပို့စ်မှာ ရေးသွားတာ။
Thidar Lwin "ရယ်လိုက်ရတာဟယ်။ ကလေးတွေများရေးတတ်လိုက်ကြတာ။ တော်ထှာဟယ်။shareပြီ။" တဲ့။
Unlike · Reply · 1 · 9 minutes ago

ကျွန်တော်လူဆိုးလား?


ကျော်သူကလည်း စေတနာကောင်းသလောက် ညံ့လိုက်တာ။
"အုပ်ချုပ်သူကြီးရေ. . .လူဆိုးဆိုရင်ထောင်ထဲထည့်ထားမှာပေါ့ဗျာ" တဲ့။
လူဆိုးက ထောင်ထဲနေတဲ့ခေတ်မှ မဟုတ်တာကြီး။
ဒီခေတ်မှာ လူဆိုးအများစုက အုပ်ချုပ်ရေးထဲမှာ
သူပုန်တွေက R.I.T/Y.I.T ထဲမှာ။ ဒါလေးတောင် မသိဘူး။ နည်းပညာတက္ကသိုလ် တစ်ခုလုံး သူပုန်တွေချည်းပဲ၊ အကြီးအသေးပဲ ကွာတယ်။

Kyaw Thu

"ကျွန်တော်လူဆိုးလား?


မော်လမြိုင်ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူးကပြောတယ်ဗျ။
ကျော်သူ(ဒီလူ) က လူဆိုးလား လူကောင်းလားသူမသိဘူးတဲ့။
လူဆိုးလူကောင်းဆိုတာကလည်း ဂျိုမပါလို့ မသိနိုင်ပါဘူးတဲ့။
ဒါကြောင့် ဒီလူကိုဟောပြောခွင့်မပေးနိုင်ပါဘူးတဲ့။ ကျန်တဲ့
လူမသိ သူမသိ နံမယ်မရှိတဲ့သူတွေ စာပေဟောပြော
မယ်ဆိုရင်ချက်ခြင်းခွင့်ပြုမယ်တဲ့ဗျာ။
ကောင်းလေစွ. . ကောင်းလေစွ။
အုပ်ချုပ်သူကြီးရေ. . .လူဆိုးဆိုရင်ထောင်ထဲထည့်ထားမှာပေါ့ဗျာ။"

ပဋ္ဌာန်းအရကောက် စာအုပ်ကြီးလို တဲ့


ဆန်ဘာဝမ်းဆရာတော် ဦးဣန္ဒာစရိယက "ကိုယ့်လူရဲ့ ဟန်တင်တန် စာအုပ်ကြီး က လူငယ်တွေအတွက် ပဋ္ဌာန်း အရကောက် စာအုပ်ကြီးလိုဖြစ်နေတာဗျ။ အားလုံးကလည်း မြန်မာလိုရေးထား တာ၊ ရေးဟန်ကလည်း ချောလို့၊ ဒါပေမဲ့ သူတို့ တစ်လုံးမှ နားမလည်ဘူးဖြစ်နေတယ်" လို့ ဖုန်းနဲ့အားပေးပါတယ်။

ဒါနဲ့ "စာဖတ်သူ ၉၀ ရာခိုင်နှုန်း နားမလည်လည်း ဒါမျိုးက ရေးပေးရတယ် ကိုယ်တော်ရ၊ ဒါမှ လူရှိန်တာ" လို့ ပြန်လျှောက်လိုက်ပါတယ်။

 ပြန်ဖော်ပြတဲ့ ကွန်မင့်
Ashin Kavissara "ဆရာတော် ဦးဣန္ဒာစရိယပြောသလို ဟန်တင်တန်က ကမ္ဘာ့ နိုင်ငံရေး၊ ဘာသာရေး၊ စီးပွားရေး အခင်းအကျင်းစသည်ကို ပဌာန်းအရကောက် လို အတိက်၊ ပစ္စုပ္ပန်၊ အနာဂါတ်မှာ ဒါတွေ ဖြစ်ခဲ့တယ်၊ ဖြစ်နေတယ် ဖြစ်လိမ်အုံး မယ်လို့ ဆက်စပ်ပြီးပြောသွားခဲ့တယ်။
ဒါနဲ့ဆက်စပ်ပြီး မြန်မာနိုင်ငံကိုစဉ်းစားကြည့်တော့ ဘောလုံးစကားနဲ့ပြောရရင်
ဂျော့ဝီယာကို ပိုင်ခဲ့ဖူးတဲ့ လိုက်ဗေးရီးယာလိုဖြစ်နေတယ်။
မက်စီကိုပိုင်တဲ့ အာဂျင်တီးနားလိုဖြစ်ပါစေလို့ ဆုတောင်းပေးယုံပဲကျန်တော့ တယ်။"


ဘောလုံးနဲ့ဝေးတဲ့ပရိသတ်အတွက်ပါ။
လိုက်ဗေးရီးယားက ကမ္ဘာ့အကောင်းဆုံးဘော လုံးသမား မွေးထုတ်နိုင်ပေမဲ့ အသင်းကချာတူးလန်မို့ ဂျော့ဝီယာခမျာ ကမ္ဘာ့ဖလားဇာတ်ခုံပေါ် ခြေစွမ်းပြခွင့် မရခဲ့ရှာ။ ထိုအတူ လိုက်ဗေးရီးယာသည်လည်း....................။
(January 3 at 3:00pm)

လူမှုအေးအကြံပေး


ကျမလေ မနှစ်ကပဲ Boyfriend 0.5 ပရိုဂရမ်ကို အပ်ပ်ဒိတ်လုပ်တဲ့ အနေနဲ့ Husband 1.0 ကို ပြောင်းလိုက်ပါတယ်။
အပ်ပ်ဒိတ်လုပ်လိုက်တဲ့ အချိန်က စပြီး ပြဿနာ စ တက်တော့တာပါပဲ။ အထူးသဖြင့် Romance 9.5 ဆိုရင် အလုပ် မလုပ်တော့သလောက်ပဲ။
Personal Attention 6.5 ဆိုရင် အခြား ပရိုဂရမ်တွေ နဲ့ ရောထွေးနေပြီး ဘာမှ ချောချောမွေ့မွေ့ မရှိတော့ပါဘူး။
သူ့အစား ဝင်လာတဲ့ ပရိုဂရမ်တွေကက NFL. EPL. CL စတာတွေ ဖြစ်နေ ပါတယ်။ နောက်ပြီး Boyfriend 0.5 တုန်းက မရှိခဲ့တဲ့ ပြဿနာတွေ အခု စိတ်ပျက်လောက်အောင် ကြုံတွေ့နေရပါတယ်။
Flowers နဲ့ Jewellery ပရိုဂရမ်တွေ အလိုလို ပျောက်သွားပါတယ်။ အရင်က ကောင်းခဲ့တဲ့ Conservation 8.0 ဆိုလည်း မရန်း တော့ဘူး။
ကျမ အင်စတောလုပ်ထားပေမဲ့ Housecleaning 2.6 က အက်တီဗိတ် မဖြစ်ဘူး။
အကူအညီဖြစ်မလားဆိုပြီး Nagging 5.3 ကို ထပ်တလဲလဲ အင်စတောပေမဲ့ အလုပ်မဖြစ်ပါဘူးရှင်။
ကျမ ဘာဆက်လုပ်ရမလဲဆိုတာ ကျေးဇူးပြု လမ်းညွှန်ပေးပါလား ရှင့်။

သောကသည် ဇနီး




သောကသည် ဇနီး ခင်ဗျား

ဒါတွေက ဖြစ်တတ်တဲ့ နည်းပညာရပ်ဆိုင်ရာပြဿနာတွေဆိုတာ
တော့ အမှတ်ရပေးပါ။ Boyfriend 0.5 က အင်တာတိန်းနင်း ပရိုဂရမ်ဖြစ်ပြီး Husband 1.0 က အော်ပရိတ်တင်း စစ်စတန်ပါ။ ကွန်ဂရက်ကျူလေးရှင်းလို့ ပြောပါရစေ။

တကယ်တော့ Husband 1.0 က အကောင်းစား ပရိုဂရမ်တစ်ခုပါ။ အရင်ဆုံး ကွန်မင့် C:/ ကို ရိုက်ပြီး ITHOUGHTYOULOVEME လို့ ရိုက်ထည့်လိုက်ပါ။ ဒါပြီးရင် Tears 6 နဲ့ Guilt 3.0 ပရိုဂရမ်နှစ်ခု အော် တိုမက်တစ် အင်စတော လုပ်လာပါလိမ့်မယ်။ ဒီနှစ်ခု အင်စတောပြီးရင် အမကြုံတွေ့နေရတဲ့ Jewellery 2.0 နဲ့ Flowers 3.5 ပရိုဂရမ်နှစ်ခုလည်း အဆင်ပြေသွားပါပြီ။
ဒါနဲ့ပတ်သက်လို့ သတိပေးချင်တာကတော့ Jewellery 2.0 ကို အိုဗာဖြစ်အောင် မရန်း မိပါစေနဲ့။ ဒါက Husband 1.0 ကို အကြီးအကျယ်ပင်ပမ်းစေပြီး Grumpy Silence 6.1 ဖြစ်သွားနိုင်ပါတယ်။ ဒါဆို ဆီးရီးယပ်စ် ဖြစ်သွားပါပြီ။

ဒီ Husband 1.0 အတွက် အထောက်အကူဖြစ်စေတာတွေကတော့ Happy Hour 7.0 ပရိုဂရမ်နဲ့ Beer 6.1 ပရိုဂရမ် တို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ Beer 6.1 ရန်းတာ များပြန်ရင် Snoring Loudly 10.8 ဖြစ်ပြီး မလိုလားအပ်တဲ့ အသံတွေ ထွက်လာနိုင်ပြန်ပါတယ်။
Ho Lu Gyi 0.11 ရယ် Eing Ga Lugyi 2.2. ရယ် Thay Nar Gyi 3.1 ရယ် စတဲ့ အလကားရတဲ့ ပရိုဂရမ်တွေ သူ့ဘာသာဝင်လာရင် ချက်ချင်း Uninstall လုပ်ပစ်ပါ။
အရေးတကြီးသတိပေးချင်တာကတော့ Husband 1.0 ကောင်းကောင်း မရန်းလို့ဆိုပြီး Mother-in-law 1.0 ကို အင်စတောတာ မလုပ်လိုက်မိ ပါစေနဲ့။
ဒီထက်ပိုဆိုးတာက New Boyfriend Program 0.6 ပါ။ လုံးဝရှောင်ပါ။
တစ်ခုသတိထားရမှာက Boyfriend 0.5 ပရိုဂရမ်ကနေ Husband 1.0 ကို ပြောင်းလိုက်ရင် မှတ်နိုင်တဲ့ မီမိုရီအား အလိုအလို အများကြီး ကျသွားတတ်ပါတယ်။
အမအနေနဲ့ Sweet and Short Conversation 8.5 ရယ် Make-Up 8.6 ရယ် Self-cooked Food 8.7 ရယ်ကို ထပ်ပြီး အင်စတောထားနိုင်မယ်ဆိုရင် Husband 1.0 ရဲ့ ရန်းအား အများကြီး တိုးတက်လာပါလိမ့်မယ်။
အားလုံး အဆင်ပြေ ချောမွေ့ပါစေ

(မစ္စတာဂျင်းတစ်ဝက်၊ ကျနော်တစ်ဝက်ပါ)

ယနေ့ပွဲ စတုတ် ၁၊ မန်ယူ ၁


၂၀၁၄၊ ၂၀၁၅ ဟောစာတမ်း
ဇင်ဝေသော်, ဘောလုံး - on 8/16/2014

အေသွေး၊ ဘီသွေး၊ စီသွေး၊ ဒီသွေး၊ အီးသွေး ဇက်သွေး ဘယ်သွေးပိုင်ရှင်မဆို ဆိုင်၏
ဘာမှန်းမသိသောဂြိုဟ်ကြီးနှင့် အမည်မပေးရသေးသော ဂြိုဟ်ကြီးနှစ်ခု ပွတ်တိုက်နေသဖြင့်
မန်ယူပရိသတ်နှင့်ဦးသိန်းစိန်ပရိသတ်များ ဤရာသီအတွင်း မျက်နှာငယ်လတံ့။
ဟုတ်နိုးနိုးမျှော်လင့်ချက်များအတွက် စိတ်ပူရလတံ့။ နောက်ဆုံး စိတ်ပျက်စရာ ကြုံရလတံ့။
အောင်ပြီ အောင်ပြီ ဟု ဖင်တုန်အောင်အော်ပြီး ယတြာချေသော်လည်း မထူးခြားနိုင်၊
အကြောင်းကား ဘာမှန်းမသိသောဂြိုဟ်ကြီးနှင့် အမည်မပေးရသေးသော ဂြိုဟ်ကြီးနှစ်ခု ပွတ်တိုက်နေခြင်းကြောင့်ဖြစ်သည်။

ယတြာ။ အချိန်မနှောင်းမီ အသင်းပြောင်း အားပေးပါ။

ဖရင့် ၈၀ ကျော်လာတော့


ဖရင့် ၈၀ ကျော်လာတော့ ကိုယ်လုံးဝမသိတဲ့ အကြောင်းအရာတွေ ပါလာတယ်။
ဖြူဖြူကျော်သိန်း တဲ့၊ ကစ်ကစ် တဲ့။
ကိုယ်သိတာက ရွာက မကောင်းပင့်ကျော်သိန်းနဲ့ ဖရီးကစ်။
တကယ်မသိတာလားက လုပ်သေး။

ပြန်ရမယ့်ကွန်မင့်


Shwe Taw :သရော်စာ ဟူသော အရေးအသားကျမ်းဂန် နှင့် ယှဉ်ပြတော်မူပါ့ ဘုရား။

"ပေါက်တတ်ကရ အင်တာဗျူး" အောက်မှာ မေးရက်ပါ့ ရွှေတောရယ်။ ဒါမျိုးက ပေါက်တတ်ကရ ဖြေလို့ကို မရနိုင်ပါဘူး။

ရှေုးဦးဗုဒ္ဓဘာသာစာပေမှာ "သရော်စာ" ဆိုတာ မတွေ့ရပါဘူး၊ နှောင်းပိုင်း ဗုဒ္ဓ ဘာသာစာပေမှာတော့ "ဟသရသ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အနည်းငယ် တွေ့လာရပါတယ်။ ဥပမာ။ ဒေဝဒတ္တော ဒိဝါ နဘုတ္တော၊ ထူလော တဲ့။
ဆိုပါစို့။ သူ့အကျင့် ဘယ်လောက်ကောင်းသလဲဆိုတာ ဖော်ပြဖို့ ဒေဝဒတ်က သူဟာ (ဘုရားရှင်က ညမှာ မဘုန်းပေးဘူးဆိုလို့လေ) နေ့ခင်းမှာတောင် အစား အစာ မစားဘူး (ဒေဝဒတ္တော ဒိဝါ နဘုတ္တော) လို့ ပြောတယ်ပေါ့။
ဒါကို သရော်ချင်သူက ဒါပေမဲ့ ဝလိုက်တာကြီး (ထူလော) လို့ ဖြည့်လိုက်တော့ ရှေ့စကား ပျက်သွားပြီး ရယ်စရာဖြစ်သွားပါတယ်။ (နေ့မစား၊ ညစား ပေါ့)
သရော်စာကို "ဟသရသ" ရေးဟန်လို့ ဆိုနိုင်ပါတယ်။
ပညာရှင်တွေကလည်း ဘုရားရှင်ဟာ ပြုံးစရာစကား တစ်ခွန်းမှ မမိန့်ခဲဘူးဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။

သူတို့အဆိုကို မူရင်းပါဠိတော်တွေနဲ့ အဘိဓမ္မာက ထောက်ခံပါတယ်။
ဥပမာ မူရင်းပါဠိတော်မှာ "မိဟိတ ပုဗ္ဗင်္ဂမာ=ပြုံးရွှင်ခြင်းလျှင် ရှေ့သွားရှိသော" ဆိုတဲ့ ဘုရားဂုဏ်ရည်ရှိပါတယ်။
အဘိဓမ္မာသဘောအရ ဘုရားရှင်ဟာ သောမနသ၊ ဉာဏသမ္ပယုတ်၊ အသင်္ခါရိက ပဋိသန္ဓေရှိတော်မူတယ်လို့ ဆိုပြန်ပါတယ်။
ဒါ့ကြောင့် အပြစ်ကင်းတဲ့ ပြုံရွှင်ဖွယ်စားတွေ မိန်ခဲ့နိုင်တယ်လို့ ဆိုကြခြင်းပါ။

ရှေးရှေးဆရာတော်တွေအဆိုအရ ပိဋကတ်တော်မှာ ရယ်ရွှင်စရာပါလာရင် လေး နက်မှု ပေါ့သွားနိုင်လို့ တည်းဖြတ်ပြီး သင်္ဂါယနာတင်ခဲ့တာဖြစ်မယ်လို့ မှတ်ချက်ပေးတော်မူကြပါတယ် ကိုရွှေတော ရေ။

သံဃိကဒါန နေ့


၁+၂။ ဗုဒ္ဓပူဇာ
၃။ ဓမ္မ ဆားဗစ်
၎။ သံဃာ့ဘလက်ဇင်း
Picture - 1

Picture -2

Picture -3

Picture -4

"လိုက်ခ်ဒါန"


ဒီနေ့ ကျောင်းရဲ့ သံဃိကဒါန နေ့ပါ။
သံဃိကဒါန မစမီ၊ ဧည့်သည်များ မရောက်မီ ဟုမ်းပေ့ဂ်ျပေါ်က ဖရင့်တွေရဲ့ ပို့စ်အားလုံးကို "လိုက်ခ်ဒါန" လုပ်ပေးလိုက်ပါသည်။
ကျန်ရှိနေခဲ့ပါက အကြောင်းကြားပေးစေလိုပါသည်။
ယနေ့ ပြုခဲ့သမျှ အားလုံး အမျှ အမျှ။


ရဟန်းသုံးပါးနဲ့ဖေ့စ်ဘုတ်ဈာန် ငါးပါး (Reflection)


၁။ ဓမ္မဂင်္ဂါနဲ့အောက်ဈာန်နှစ်ပါး

၂၀၁၄ ခု စာတွေအရ ဓမ္မဂင်္ဂါနဲ့ဆရာတော်သည် ဖေ့စ်ဘုတ်အောက်ဈာန်နှစ် ပါးဖြစ်သည့် ပထမဈာန် (သို့) ဒုတိယဈာန် ရရှိပြီးပြီဟု ယူဆမိပါသည်။ သူခမျာ ဝိတက်နဲ့ဝိစာရ (စဉ်းစားခြင်း၊ ပြန်လှန်သုံးသပ်ခြင်း) ကို မပယ်နိုင်သေးသဖြင့် ဘီစီ မိုင်းနပ်စ် B.C-)၊ အေဒီ ပလပ်စ်တွေနဲ့ (A.D+) ရှုပ်ထွေးနေလေသည်။ သို့သော် သူစာတွေထဲမှာ ပီတိ၊ သုခ၊ ဧကဂ္ဂတာ သဘောတွေလည်း တွေ့ရပါ သည်။
ဖေ့စ်ဘုတ် တတိယဈာန်ကို သူ ရသေးဟန်မတူပါ။ အကြောင်းက လျပ်စစ်မီး၊ အင်တာနက်နဲ့ပတ်သက်သည့် ဒုက္ခ၊ ဒေါမနသကို မခွာနိုင်သေးသောကြောင့် ဖြစ်ပေသည်။

၂။ ရှင်သစ္စာနဲ့တတိယဈာန်

၂၀၁၄ ခု သူ့ပို့စ်တွေအရ ဒီအရှင်ကတော့ အနည်းဆုံး ဖေ့စ်ဘုတ် တတိယဈာန် ကို ရောက်ရှိနေပြီဟု ယူဆနိုင်ပါသည်။ ဖေ့စ်ဘုတ်တတိယဈာန်အင်္ဂါများဖြစ် သည့် ပီတိ၊ သုခ၊ ခင်ဝင့်ဝါ (အဲ မှားလို့၊ ဧကဂ္ဂတာ)တို့ကို သူ့ပို့စ်တွေမှာ တွေ့ရ ပါသည်။ လျပ်စစ်မီး၊ အင်တာနက်နဲ့ပတ်သက်သည့် ဒုက္ခ၊ ဒေါမနသကို လွန် သွားပြီဖြစ်သဖြင့် ၆+ပလပ်စ်ဖြင့်ပင် ပီတိသုခကို ခံစားနေလေတော့သည်။

၃။ ဓမ္မဂါးဒင်းနဲ့ ပဉ္စမဈာန်

ဒီအရှင်ကတော့ အနည်းဆုံး ပဉ္စမဈာန်ကိုရောက်နေပါပြီ(အများဆုံးလည်း မရှိတော့ပါ)။ သူ့စာတွေမှာ ရယ်တာ၊ ပြုံးတာ လုံးဝမတွေ့ရတော့ပါ။ အမြဲ ခပ်တည် တည်ကြီး ဖြစ်နေတတ်ပါသည်။

(အမှာ။ ။ ကမ်းလက်သည် ဈာနလာဘီ(ဈာန်ရပုဂ္ဂိုလ် မဟုတ်ပါ။ မြန်မာပြည် မှာ ကျောင်းမရှိသော သီဟနာဒအတွက် သူ့ကျောင်းကြီးထဲမှာ အခန်းတစ်ခန်း ဖွဲ့ပေးထားပါမည်ဟုဆိုသဖြင့် (ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ) ကျန်နှစ်ပါးထက် ၂၀၁၅ မေတ္တာ သူ့အပေါ် ပိုလို့ ပို့မိပါတော့သည်။)