ပစ္စက္ခ လူသုံးမျိုး


ကမ်းလက် shared Dhammabheri Ashin Viriya's post.
 Dhammabheri Ashin Viriya added 3 new photos.
16 hrs · Edited ·
ပစ္စက္ခ လူသုံးမျိုး
#¥၀#¥၀#¥၀#¥
ရှိနေပါလျက် ဘယ်သူကမှ မကြည့်ချင်သူက သူယုတ်။
မရှိတော့သော်လဲ လူတိုင်း တ,နေရသူက သူမြတ်။
ဒီနှစ်မျိုးလုံးမှာ မပါဝင်သူက လူညံ့။
၎.၁၀.၁၅၊အယ်လ်အေ။
(တပည့်တယောက်ကမေးလို့)
#~¥#~¥#~¥#~¥#~¥#~¥



Buddhist and Pali Collage ဒစ်ပလိုမာ သင်တန်းခွဲအသစ် ပိုမိန်စီ မဟာယာနကျောင်းမှာ


ကမ်းလက်မှာ ဘာသာရေးသတင်း မရေးချင်လို့ မရေးဖြစ်ပါဘူး၊ ဒါပေမဲ့ ဒီနေ့တော့ သမိုင်းဝင်နေလို့ နည်းနည်းရေးရမယ်။ ဒီနေ့ Buddhist and Pali Collage ဒစ်ပလိုမာ သင်တန်းခွဲအသစ် ပိုမိန်စီ မဟာယာနကျောင်းမှာ ထပ်ဖွင့်နိုင်ခဲ့ကြတယ်။ စင်္ကာပူ အနောက်ပိုင်းမှာနေကြတဲ့ ကျောင်းသားတွေ မင်္ဂလဝိဟာရအထိ အဝေးကြီး မလာရအောင် စီမံလိုက်ခြင်းမျိုးပါ။ ထေရဝါဒ၊ မဟာယာန ဘောင်မကန့်ဘဲ အမြင်ကျယ်ကျယ်နဲ့ သူတို့ စာသင်ခန်းကို အသုံးပြုခွင့်ပေးတဲ့ အဲဒီကျောင်းရဲ့ လိုက်လျောမှုကို အလွန်ကျေးဇူးတင်မိပါတယ်။ ၁၉ ရာစု နဲ့ ၂၁ ရာစု မတူတော့ဘူးလေ။ ကွဲတာတွေ လိုက်ကြည့်ရင် ရန်ဖြစ်ရ၊ တူတာတွေ ပေါင်းကြည့်တော့ ညီညွတ်ကြ၊ ချစ်ကြ၊ အပြန်အလှန် ပံ့ပိုးကြ။

ဘုရား ဘုရား


ဦးလှဆွေကြီးပေါ်လာတော့ ဦးရဲထွဋ်က အလိုလို လူကြီးလူကောင်း ဖြစ်သွားရော။
အခု ဦးဌေးဦး မိုက်ကရိုဖုန်းကိုင်လိုက်တာနဲ့ ဦးလှဆွေကြီးက လူကြီးလူကောင်း ဖြစ်သွားပြန်ရော။
ကောင်းပါတယ်လေ၊ အဲ ဒါပေမဲ့
ဘုရား ဘုရား။
ဦးဌေးဦးများ လူကြီးလူကောင်း ဖြစ်နေလေဦးမလား။ ။

မဲစာရင်းမှန်အောင်လုပ်ပေးမယ်လို့တော့

ဒိုင်မညစ်လို့ကတော့


ဒိုင်မညစ်လို့ကတော့ နယူးယောက်သား အမေရိကန်ကြီး ပြောသလိုပါ။
"ငွေကုန်၊ အချိန်ကုန်ခံ၊ အလုပ်ရှုပ်ခံပြီး မာရသွန်ပြိုင်ပွဲကြီးတွေ လုပ်မနေကြပါနဲ့။ ကင်ညာက လူတစ်ယောက်ကိုခေါ်ပြီး လည်ပင်းမှာ ဆုတံဆိပ်ဆွဲပေးလိုက် ပြီးတာပဲ"
အခုလည်း ငွေကုန်၊ အချိန်ကုန်ခံမနေဘဲ အဖွဲ့ချုပ်ကို အနိုင်ပေးလိုက် ပြီးတာပဲ။ ဒီလောက် သိသာနေတာကြီးကို၊ ဟဲဟဲ။။



မူကြိုအဆင့်ပဲ ရှိတယ်


ကျောင်းဆရာ၊ ဆရာမတွေကလွဲရင် အဖြူ၊ အစိမ်းဝတ်စုံညီတွေရဲ့ ပညာရေးက အထက်တန်းအဆင့်ပဲ ရှိတာပါ။ ဒါက မြန်မာပြည်ကို ပြောတာနော်။
စင်္ကာပူမှာဆို မူကြိုအဆင့်ပဲ ရှိတယ်။

ဇင်ဝေသော်ရယ်၊ မ,အ ဘူးများ ထင်နေသလား


အစိုးရတစ်ဖွဲ့ရဲ့ သက်တန်းကုန်ခါနီး ၆ လအတွင်း အတည်ပြုတဲ့ ဥပဒေတွေဟာ ရွေးကောက်ပွဲ အောင်နိုင်ရေးကို ရှေးရှုတယ်။
အစိုးရသစ် တစ်ဖွဲ့ရဲ့သက်တန်းအစ ၆ လအတွင်း အတည်ပြုတဲ့ ဥပဒေတွေဟာ နိုင်ငံနဲ့ လူထုရဲ့အနာဂတ်ကို ရှေးရှုတယ်။
ဇင်ဝေသော်ရယ်၊ မ,အ ဘူးများ ထင်နေသလား။

ကချင်ပြည်နယ်က အမေခေါ်သံကြီး


တစ်လိမ့်ချင်း လှိမ့်တက်လာတဲ့
ကချင်ပြည်နယ်က အနီရောင် လှိုင်းကြီးတွေလေ
လွှတ်တော်ထဲက အစိတ်သားကို
တဝုန်းဝုန်း ရိုက်နေကြပေါ့
မဲစာရင်းသာစစ်ကြ။

အမေခေါ်သံကြီးက ညံလွန်းတော့
စထရိတ်တိုင်းမ်က သတင်းထောက်တောင်
ကြောချမ်းနေသလိုလိုပဲ
မဲစာရင်းသာစစ်ကြ။

"အမေစုရဲ့ ပူတူတူးလေးတွေ
မင်းတို့အမေစု အုပ်ချုပ်တော့ရော နိုင်ငံက
ရုတ်တရက်ကြီး ချမ်းသာလာမှာတဲ့လား
"
ဟဲ ဟဲ ဟဲ
အဲသလိုတော့ မနောက်ကြေးလေဗျာ
နိုင်ငံရဲ့ စီးပွားရေးမှာ နတ်ရေကန်မှ မရှိတာပဲ
မဲစာရင်းသာစစ်ကြ။ ။


ဇင်ဝေသော်





ဝန်ခံတာ၊ မခံတာကလွဲရင်


မဘသကို ရာနှုန်းပြည့်လည်း မထောက်ခံခဲ့ဘူး၊ ရာနှုန်းပြည့်လည်း မကန့်ကွက်ခဲ့ဘူး။ သမိုင်းကို သမိုင်းအနေနဲ့ပဲ ကြည့်တယ်။
တရုတ်ပြည်၊ မော်စီတုံးနဲ့ တိန်ရှောက်ဖိန်ကြားက သမိုင်းအကူးအပြောင်းကို မဘသထဲက ညီတော်တွေ (နောင်တော်တွေ မပါ) ဖတ်စေချင်တယ် (အကြံပြုတာပါ)။
မြန်မာ့နိုင်ငံရေး ကူးပြောင်းနေပုံဟာ ဒီမိုကရေစီ ဝန်ခံတာ၊ မခံတာကလွဲရင် တရုတ်နဲ့ ၈၀ ရာခိုင်နှုန်းကျော်တူတယ်။

မချစ်လို့ကတော့ မန်ယူရှုံးလည်း မောင်ရဲထွဋ်ကြောင့်ပဲ။ ဟဲဟဲ။


စောစောက မသိခဲ့ဘူး၊ ချယ်လ်ဆီးတွေက နောက်နေကြတယ်ပဲ ထင်နေတာ။ တကယ် ဦးရဲထွဋ်ကလည်း မန်ယူတဲ့ဗျာ။ သိတဲ့နေ့ အာဆင်နယ်ကို ရုပ်ပျက်ဆင်းပျက် ရှုံးတော့တာပဲ။ ကံမကောင်းလိုက်ပုံတော့။
လူချစ်အောင်နေဖို့ အရေးကြီးတယ်။ မချစ်လို့ကတော့ မန်ယူရှုံးလည်း မောင်ရဲထွဋ်ကြောင့်ပဲ။ ဟဲဟဲ။ လာမတားကြနဲ့။

ဘဝချင်းတူလို့ ပိုယုံတယ် (၂)


(ယဉ်ကျေးစွာ ကွဲလွဲနိုင်ကြပါတယ်)

သီရိလင်္ကာကျောင်းမှာ မြန်မာရဟန်း ကျောင်းထိုင်ဖြစ်လာတော့......
သီဟိုဠ်ဖက်ကလည်း ဒီကျောင်းမှာ သီရိလင်္ကာရဟန်း ရှိမှာမဟုတ်တော့ဘူး။
စလုံးဒကာ၊ ဒကာမတွေကလည်း မြန်မာနိုက်ဇ် (မြန်မာ့ယဉ်ကျေးမှုအသွင် လုံးလုံးလျားလျား) ဖြစ်သွားပြီး မြန်မာတွေနဲ့ ပြည့်သွားလေမလား။
မြန်မာတွေဖက်ကလည်း မြန်မာအက်တီဗီတီတွေ ပိုပြီး လွတ်လွတ်လပ်လပ် လုပ်လို့ရတော့မယ်၊ (မြန်မာကိုယ်တော်တွေ ခေါ်ထားကွာ) စတဲ့ သံသယ ဆန်တဲ့ အတွေးတွေ၊ စကားတွေ ရှိနေခဲ့တယ်။

ဒေါ်စု အာဏာရသွားရင် သူမလက်ခံ ယုံကြည်တဲ့ လစ်ဘရယ်ဒီမိုကရေစီ စတာတွေကြောင့် မြန်မာရဲ့ ရှိရင်းစွဲ လက်ခံယဉ်ကျေးမှု စတာတွေ ပေးဆပ် ရလိမ့်မယ်၊ နိုင်ငံ ကမောက်ကမဖြစ်သွားလိမ့်မယ်ဆိုတဲ့ သံသယတွေနဲ့ ဆင်တူမနေဘူးလာ။
******************************************************************
ဒါနဲ့ သီဟိုဠ်ရဟန်းတစ်ပါး ဒီကျောင်းမှာ ရှိကို ရှိနေရမယ်၊ ဒါပေမဲ့ အဲဒီ ရဟန်းဟာ မိမိထက် ဝါ ငယ်နေရမယ် လို့ ကော်မတီကိုပြောပြီး သီဟိုဠ် ရဟန်းငယ်ရှာကြတော့ လက်ရှိ ဘန္တေ သီလာနန္ဒကို ရခဲ့ကြပါတယ်။ ကံကောင်းတော့ သီလာနန္ဒက ရာမညဂိုင်းကဖြစ်နေပြီး သူ့ဆရာဆိုရင် မြန် မာပြည်မှာ အကြာကြီးနေပြီး ပဌာန်း သင်ယူခဲ့သူမို့ မြန်မာစကားတောင်ေ တ်ာတော်ပြောနိုင်ပါတယ်။ သီဟိုဠ်သားပေမဲ့ သူက မြန်မာသွေးနဲ့ စပ်နေတော့ ပွဲဦးထွက် ကံကောင်းခဲ့ပါတယ်။ ဘာပဲဖြစ်စေ သီဟိုဠ်ဖက်က သံသယတွေကိုတော့ ချေဖျက်နိုင်ခဲ့တယ်။

သိပ်မကြာခင်မှာဘဲ မြန်မာပြည်မှာ ရဟန်းဖြစ်လာတဲ့ စင်္ကာပူရီးယန်းရဟန်း ဘန္တေရာဇ က သူ ဒီကျောင်းကို ပြန်လာချင်တယ်လို့ ဆိုလာပြန်ပါတယ်။ သီဟိုဠ်ဆရာတော်တွေလက်ထက်မှာ ပြန်လာဖို့ သူ့အတွက် အခက်အခဲ ရှိပေမဲ့ မိမိကတော့ သူ့ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ပါတယ်။ သူ့လုပ်ပိုင်ခွင့် နယ်ပယ်ကိုလည်း လွတ်လွတ်လပ်လပ် ဖွင့်ပေးလိုက်တယ်။ Express yourself ပါပဲ။ ဒီတော့ စလုံးတွေကလည်း ဒီမြန်မာရဟန်းက အမြင် မကျဉ်းဘူးဆိုတာကို လက်ခံလာကြတယ်။

"မင်းကျောင်းထိုင်ဖြစ်နေပြီပဲ မြန်မာကိုယ်တော်တွေ အများကြီး လက်ခံ ကွာ၊ မြန်မာပွဲတွေလုပ်ကွာ" စတဲ့ အားပေးစကားတွေကတော့ ကျေးဇူးတင်ဖို့ကလွဲပြီး လက်တွေ့ လုံးဝ အကောင်အထည်ဖော်လို့ မရတဲ့ စကားတွေပါပဲ။ ဒါကြောင့် ကျောင်းရဲ့ လက်ရှိတန်ဖိုးတွေနဲ့ သဟဇာတဖြစ်ပြီး လူဦးရေ ရာဂဏန်းသာရှိ၊ သာသနာ အတွက်လည်း ရေရှည် ပိုခိုင်စေတဲ့ အဘိဓမ္မာသင်တန်း၊ အဘိဓမ္မာစာမေးပွဲ၊ ကလေးယဉ်ကျေးမှု သင်တန်းတွေကိုသာ လက်ခံထားလိုက်ပြီး လူဦးရေ ထောင်ဂဏန်းအထိရှိတဲ့ နိုင်ငံကျော်၊ မကျော် ဓမ္မကထိကတွေရဲ့ တရားပွဲတွေကို (ပြောချင်ရာပြော ကြ၊ မျက်စေ့မှိတ်ပြီး) လုံးဝ ရပ်ဆိုင်း လိုက်ပါတယ်။ ယဉ်ကျေးမှု ဟန်ချက်၊ လူဦးရေဟန်ချက်ကို မျက်စေ့မှိတ်ပြီး ညှိယူလိုက်ပါတယ်။

ဒေါ်စုမှာကော နိုင်ငံတော်ရဲ့ မူလယဉ်ကျေးမှု အဓိက အမွေအနှစ်တွေကို မထိခိုက်စေဘဲပြောင်း လဲယူနိုင်တဲ့ မဟာဗျူဟာတွေ ရှိမနေနိုင်ဘူးတဲ့ လား။
ပြောင်းလဲမှုဆိုတာ့ ပညာပါတဲ့ အပေးအယူ၊ အလျော့အတင်း လုပ်ယူခြင်း ပါ။
အဓိက တန်ဖိုးကြီးတွေ ဖြစ်မနေရင် ပြီးတာပါပဲ၊ ပေးတော့ပေးရပါတယ်။

သံသယလောက်နဲ့လည်း ဒေါ်စုကို မစွပ်စွဲချင်ပါ။
တီးတေတူးလိုလည်း ခြေထောက်ထောင် မအိပ်ချင်ပါ။

ဆက်ရန်
ဇင်ဝေသော်

မဟာဂန္ဓာရုံဆရာတော်ကြီး၏ ကျေးဇူးဂုဏ်များကို ပို၍ပို၍ အောက်မေ့နေမိပါသည်


ယခုရက်တွေအတွင်း မဟာဂန္ဓာရုံဆရာတော်ကြီး၏ ကျေးဇူးဂုဏ်များကို ပို၍ပို၍ အောက်မေ့နေမိပါသည်။ အမှန်မူ မိမိသည် ဂန္ဓာရုံမှာ မနေဖူး၊ ကျမ်းစာအုပ်များဖြင့်သာ ဆရာတော်ကြီးကို သိခွင့်၊ ကြည်ညိုခွင့်ရခဲ့ပါသည်။ ဘုရားရှင်ကို လူကိုယ်တိုင် မဖူးမျှော်ရဘဲ ဆရာတစ်ဆူအဖြစ် တင်ထားရသလို ဆရာတော်ကြီးကိုလည်း ဆရာတင်ချင်ရင် ရတာပဲလေဆိုပြီး တစ်ဖက်သတ် ဆရာတင်ထားလိုက်မိခြင်းမျှသာ။ အကယ်၍ ဆရာတော်ကြီးသာ သက်တော် ထင်ရှား ရှိနေဦးမည်ဆိုလျင်................
တိကျ ပြတ်သားသော ဩဝါဒတစ်ခွန်း .............

ပစ္စည်းတူ၊ ဈေးတူ၊ရင် ပြန်လာအားပေးပါ


ဟိုတနေ့က ညီအကို နှစ်ယောက် ဆွမ်းစားလာပင့်တယ်။
"....ရက်၊ တနင်္ဂနွေနေ့၊ နေ့ဆွမ်းပင့်ချင်လို့ပါဘုရား"
"ဒီမှာ သင်တန်းတွေနဲ့ မအားလို့ တနင်္ဂနွေ နေ့ဆွမ်းတော့ ငါတို့ လိုက်လို့ မရဘူး၊ စနေနဲ့ တနင်္ဂနွေ အာရုံဆိုရင်တော့ ကြွတယ်"
ခဏ တိတ်ဆိတ်သွားတယ်။



"တပည့်တော်တို့ အဒေါ်က အဝေးကြီးက လာရမှာဆိုတော့ အာရုံဆွမ်းက သိပ်အဆင်မပြေဘူးဘုရား"
"အေးပေါ့၊ ဟုတ်နိုင်တာပေါ့"
"တပည့်တော်တို့ တိုပါးရိုးကျောင်းကြီးကို ဆက်သွယ်ကြည့်ပါအုံးမယ်ဘုရား"
"ဆက်သွယ်ကြည့်ပေါ့ကွ၊ သူတို့က သံဃာများတော့ ရနိုင်ပါတယ်"
"တင်ပါ့ဘရား၊ ဒါနဲ့ တခြားကျောင်းတွေက မရရင်တော့ ပြန်လာခွင့် ပြုပါ ဘုရား၊ ရက်ကလေး မှတ်ပေးထားပါအုံး"

နောက်ချင်တဲ့စိတ်က အလိုလိုပေါ်လာတာနဲ့
"ရပါတယ်၊ ဈေးတူ၊ ပစ္စည်းတူရင် ဒီကို ပြန်လာအားပေးနော့်"
ဝါး ဟား ဟားဟား ဟား။ (အတော်ကြာတယ်၊ အရှိန်သတ်လို့ မရကြဘူး။)

"ဒါနဲ့ အာရုံဆွမ်းက ဘယ်အချိန်လဲဘုရား"
"ငါတို့ အာရုံဆွမ်းက ၇ နာရီခွဲ အစောဆုံးပါ"
"ဟာ ဒါဆို အဆင်ပြေပါတယ် ဘုရာ့၊ တပည့်တော်တို့က ၅ နာရီ ၆ နာရီ ထင်နေလို့ပါ ဘုရာ့"
အတိုချုပ်တော့ ကုသိုလ် အရောင်းအဝယ် တည့်သွားကြတယ်ပေါ့လေ။

အမှာ တစ်။ ဓါတ်ပုံနဲ့ စတေးတပ် လုံးဝမဆိုင်ပါ။ ဖဘမှာ မဆိုင်လည်း တင်လို့ရပါတယ်။
အမှာ နှစ်။ စီးပွားရေးနဲ့ အားကစားသတင်းတွေပါတဲ့ စထရိတ်တိုင်းမ်၊ အပိုင်း စီ ကို လုံးဝကောက်မကိုင်ပါ။

သီဟနာဒ

ဦးတည်ရာ ညီညွတ်ရင် သာဓုလက်ခုပ်တီးရအောင်


လောကုတ္တရာ တရားပွဲမှာ
သာဓုခေါ်သံတွေ ရပ်ဝန်းတစ်ခုဆီ ညီတူ
ဦးတည် ပျံ့လွင့်သွားရဲ့။

လောကီ တရားပွဲမှာ
လက်ခုပ်သံတွေ ရပ်ဝန်းတစ်ကွဲစီဆီ ကွဲပြားစွာ
ဦးတည် ပျံ့လွင့်သွားရဲ့။

မှားသူမရှိ မှန်သူမရှိ
ဘယ်ဆီကိုပဲ ပြန့်ပြန့်
ဦးတည်ရာ ညီညွတ်ရင် သာဓုလက်ခုပ်တီးရအောင်
နေရာသာ မမှားကြေး။ ။

သီတဂူဆရာတော်


သီတဂူဆရာတော် သုတ္တန်၊ အဘိဓမ္မာတရားဟောရင် (ဘုရားဟောကို ရှင်းလင်းအောင် ဟောပြတတ်လို့) နာတတ်ပါတယ်၊ ဒါပေမဲ့ လူမှုရေး၊ နိုင်ငံရေးတရားတွေကိုတော့ ပုထုဇဉ်ဟာ (ဆရာတော်ဖြစ်ဖြစ်၊ ဟားဘတ် ပါမောက္ခဖြစ်ဖြစ်) နယ်ပယ်နှစ်ခုကို ပညာရှင်ဆန်စွာ မနိုင်နင်းဘူး ယုံကြည်လို့ တခုတ်တရ မနာဖြစ်ပါ။ တရားနာမယ့်အစား ဟန်တင်တန်၊ ကစ်ဆင်းဂျား၊ ဖူကူယားမားတို့ စာအုပ် တွေကိုပဲ ဖတ်ပါတယ်။ ကြည်ညိုပါတယ်။ မဆဲကြေး။

ခက်တော့လည်း အခက်သား


ခက်တော့လည်း အခက်သား။ ကိုယ်ကလည်း မန်ယူကို ချစ်၊ ဦးသိန်းစိန်ကို ချစ်၊ ဒေါ်စုကို ချစ် (ဒေါ်စုကိုတော့ လေးစား၊ မြတ်နိုး၊ နားလည်၊ အထင်ကြီး၊ အားကိုး စသည် စသည် ပေါ့လေ၊ စုံလို့) တာကလွဲရင် ဦးဘူးလက်ကြီးကို လည်း မမုန်း၊ ဦးရဲထွဋ်ကိုလည်း မမုန်း၊ (တကယ်လို့ စစ်တပ်ထဲ စောစော စီး စီးရောက်မသွားရင် ဦးလှဆွေနဲ့ ဦးရဲထွဋ်က သူတော်ကောင်းကြီးတွေေ တာင် ဖြစ်ခွင့်ရမှာလို့ စတေးတပ် ရေးဖူးတယ်။)
ဦးဌေးဦးကိုတော့ မမုန်းပေမဲ့ လက်ရှိနေရာနဲ့ မတန်လှဘူး၊ ဦးသိန်းစိန် လူရွေးမှားတာလို့ ထင်တယ်။ (သူ့ကိုဆော်ထားတဲ့ ဆောင်းပါးလည်း နှစ်ခါ ဆို ထောင်ဂဏန်း ရှယ်ထားကြ) ဖြစ်နေတာ။
ဦးအောင်မင်းဆို သူ စင်္ကာပူကို မလာခင်လေးတင် ကပ်ပြီး "နေကြော်တဲ့ ပဲကြီးလှော်" ဆောင်းပါး ချစ်စနိုးရေးတင်လိုက်လို့ (အဲ့ ဆောင်းပါး ကလည်း ပေါက်တယ်) "ဇင်ဝေသော် ရေးထားသလို ကျနော်က တရုတ်ကြောက်တဲ့လူ မဟုတ်ပါဘူးလို့တောင် (မလုံမလဲ တရုတ်ပြည်ဖက် မျက်နှာလှည့်ကြည့်ရင်း) ပြောခဲ့သေးတယ်။

ကဲ ဘယ်သူ့ကို ဘာအတွက် မုန်းနေရမှာတုန်း။
ဓမ္မဂင်္ဂါစကားနဲ့ပြောတော့ ဘဝက တိုတိုလေး၊ အလွမ်းက အရှည်ကြီး။

ဒါက တို့ အနာဂတ်လေ


မဘသကို ထောက်ခံပေမဲ့ စာလည်းဖတ်၊ အစွန်းလည်းမရောက်၊ သိမ်မွေ့စွာ ကွဲလွဲတတ်တဲ့ ညီငယ်ရဟန်းတွေနဲ့ ဖရင့်ဖြစ်ခွင့်ရတာ.....
ရိုးသား၊ ကြိုးစား၊ မသိတာရှိရင် ရဲရဲဝန့်ဝန့်မေး၊ အကြံတောင်း၊ သူတို့ သဘော မတူတဲ့ စတေးတပ်တင်ရင် ငြိမ်ငြိမ်လေး ရှောင်သွားတတ်တဲ့ စစ်ဖက်ဆိုင်ရာ အရာရှိတွေရဲ့ သားသမီးတွေနဲ့ ဖရင့်ဖြစ်ခွင့်ရတာ.....ကို ဝမ်းသာမိတယ်။
အထူးသဖြင့် နိုင်ငံတော်အတွက် ပိုဝမ်းသာတယ်။ ဒါက တို့ အနာဂတ်လေ။

လူငယ်တွေရဲ့ ရင်ဘတ်ထဲက



ကမ်းလက် shared Zarni Htike's video.
လူငယ်တွေရဲ့ ရင်ဘတ်ထဲက
လှိုက် လှိုက်တက်လာတဲ့
အမေစု အမေစု ဆိုတဲ့ အမေ ဝေါဟာရကြီးကို
အလွယ်တကူတော့ ဒလိတ် လုပ်လို့ရမယ် မဟုတ်ဘူး။


NLD အနိုင်ရပြီးလို့ အစိုးရဖွဲ့နိုင်ခဲ့ရင် အစိုးရအဖွဲ့ကို သူမကပဲ ဦးဆောင်မယ်လို့ အမေကြေငြာလိုက်ပါပြီ။သမ္မတမဖြစ်နိုင်ပေမယ့်လည်း လာမယ့်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရပြီး အစိုးရဖွဲ့ရင် အစိုးရအဖွဲ့ကို သူမကပဲ ဦးဆောင်ပဲ့ကိုင်မှာပါလို့ ဒေါ်အောင်ဆန်းစုကြည် ဒီနေ့မိုးကောင်းမြို့မှာ ထုတ်ဖော်ပြောလိုက်ပါတယ်။Video: Saw Phoe Kwar (SPK Channel)
Posted by Zarni Htike on Saturday, October 3, 2015

ဆန္ဒမဲ


ကမ်းလက် shared Grace Thaw's post.
ရိုးသားဖြောင့်မတ်သူတစ်ယောက်ရဲ့ ဆန္ဒမဲကိုဝယ်ယူနိုင်လောက်တဲ့အထိ
စကြာဝဠာကြီးက ချမ်းသာကြွယ်ဝမှာ မဟုတ်ပါဘူး
 
 

အင်္ဂါသားရယ်၊ ပြတ်ပြတ်ပဲ


ဒကာကြီး ဦးသိန်းစိန်ကို မျက်နှာအပူခံပြီးတောင် ဒေါ်စုဖက် ရပ်နေသေးတာ ဒကာ သက္ကမိုးညို မကြိုက်ရုံနဲ့တော့ နောက်ဆုတ်စရာ အကြောင်းမရှိဘူး။ အင်္ဂါသားရယ်၊ ပြတ်ပြတ်ပဲ။
အင်္ဂါတွေလာခဲ့။ ဒေါ်စု၊ ဇင်နီ၊ ဒုန်း ဒုန်း။
(ယခု "ဒုန်း ဒုန်း" က အခြားသူတွေရဲ့ "ဒုန်း ဒုန်း" ထက် အနည်းငယ် အသံပိုကျယ်သည်)

ဘယ်ရှုထောင့်ကကြည့်ကြည့် အငြင်းပွားစရာ မရှိတဲ့ ဆရာတော်ကြီး သုံးပါး


၁။ ရွှေတောင်ကုန်း ဆရာတော်ကြီး
၂။ ဖားအောက်တောရ ဆရာတော်ကြီး
၃။ သီတဂူ ဆရာတော်ကြီး

ဒါပေမဲ့ သာသနာပြုပုံကို (ပရော်ဖက်ရှင် လို့များ ခေါ်လေမလား၊ အိတ်စပါ တိုက်ဇ် လို့ပဲ ခေါ်လေမလား) အခြေခံပြီး မိန့်မှာတတ်တဲ့ ဩဝါဒတွေလည်း မတူတတ်ဘူး။
၁ နဲ့ ၂ ဆရာတော်ကြီးတွေက တရားပြတာ (တနည်း) အစိုးရနဲ့ ဆက်ဆံစရာ မလိုတော့ ဩဝါဒတွေကလည်း အပြတ်ပဲ။
သီတဂူဆရာတော်ကြီး မိန့်ဆိုတာမျိုးကျတော့ ဟိုဖက်ကလည်း ကိုးကားလို့ရ၊ ဒီဖက်ကလည်း ကိုးကားလို့ရ။
*******************************************************************
ဖားအောက်တောရ ဆရာတော်ကြီးရဲ့ တပည့်တွေနဲ့ အတူ မနေဖူး ဘူး၊ ရွှေတောင်ကုန်း ဆရာတော်ကြီးရဲ့ မြေးတပည့်နဲ့တော့ သန္တိသုခမှာ အတူနေခဲ့ရဖူးတယ်။ ဒီခေတ်ကြီးထဲမှာ နွားကျင်ငယ်ရေနဲ့ စိမ်တဲ့ ဖန်းခါးသီး ကို ဘုရားပေးတဲ့ဆေးအဖြစ် မှီဝဲတဲ့ရဟန်း တော်တော်နည်းနေပါပြီ။ သူက ဘုန်းပေးဆဲ၊ နံလိုက်တာလည်း ပြောမနေနဲ့။ အစာအိမ်အတွက် ကောင်း တယ်ဆိုပြီး လာလာတိုက်လို့
"မသောက်ပါရစေနဲ့၊ တပည့်တော်အစာအိမ် ကောင်းပါတယ်ဘုရာ့" လို့ အကြိမ်ကြိမ် လိမ်ခဲ့ရတယ်။ တကယ်တော့ ကိုယ့်အစာအိမ်က ဘယ်တုန်း ကမှ ဒေါင်ဒေါင်မြည်တာမဟုတ်ဘူး။

ဘုရားဆေးနဲ့ ဝေးတဲ့ ရဟန်းလေ။
ဒါပေမဲ့ အားပေးတဲ့ပါတီ တူတယ်။

သီဟနာဒ

ပါးစပ်ရာဇဝင်လေး ဖြစ်သွားခဲ့ပြီ (သုံး)


ဒီဗွီဒီ ရဲ့ ရွေးကော် ဒီဘိတ်ကို နားထောင်ပြီးတဲ့နောက် ပါးစပ်ရာဇဝင် "သုံး" က သူ့ကိုလည်း ဝေါပေါ်တင်ပေးဖို့ ခါးတထောက်ထောက်၊ နှုတ်ခမ်း တစူစူနဲ့ တောင်းဆိုနေပြန်ရော။
ဒါနဲ့ပဲ မဆလ ခေတ်က ဇာတ်လမ်းလေးကို ပြန်ခေါ်လိုက်ရပါတော့တယ်။ သူ စားထားတာတွေက များ၊ သူ့အပြစ်လည်း လွတ်အောင်ဆိုတော့ မိုးက ပါဝင်ပူးပေါင်းမှု မရှိလို့ပေါ့၊ ဟိဟိဟိ။
******************************************************

ဦးစီးမှုး၏ အစီရင်ခံစာ

၁။ ဘိလပ်မြေ တင်ဆောင်လာသော လှည်းခြောက်စီး လမ်းမှာ မိုးမိ၊ အားလုံးပျက်စီး။
ရပ်ရွာ၏ ဆုံးရှုံးငွေ သုံးထောင်ကျပ်။
၂။ ဈေးလည်းချို၊ ပစ္စည်းလည်းမှန်သော ဘိလပ်မြေ ရှာဖွေဝယ်ယူနေစဉ် မိုးမရွာခင် ပူသောနေက အလွန်ပြင်းသောကြောင့် ရေအလွန်ဆာသဖြင့် ဘီယာဝင်သောက်၊ ၅၀ ကျပ်။
ဆိုးရွားလှသော ရာသီဥတုကြောင့် ရပ်ရွာ ရံပုံငွေ ၃၀၅၀ ကျပ် ဆုံးရှုံးခဲ့ရ။

ဖေ့စ်ဘုတ်စတေးတပ်တွေသာ မှန်ရင်တော့


ဖေ့စ်ဘုတ်စတေးတပ်တွေသာ မှန်ရင်တော့ အဖွဲ့ချုပ်ကို မဲပေးပါပြောတဲ့ ဘုန်းကြီးတွေကို မကြိုက်၊ အခြားပါတီကြီးကို မဲပေးပါဆိုတဲ့ ဘုန်းကြီးတွေကို ပိုလို့ မကြိုက်ဆိုတဲ့ သက္ကမိုးညိုနဲ့ .....
အဖွဲ့ချုပ်ကို မဲပေးပေါ့ဆိုတဲ့ ဖားအောက်ဆရာတော်ကြီးနဲ့တော့ တွေ့ပြီ။ ဖေ့စ်ဘုတ်က ဒါတွေကြောင့် လူကြိုက်များတာ။

ပါးစပ်ရာဇဝင်လေး ဖြစ်သွားခဲ့ပြီ နှစ်


ရွှေဝါရောင် ဂယက်က မသေသေး၊ စင်္ကာပူနိုင်ငံရေး လှုပ်ရှားတဲ့ အဖွဲ့တွေ ကလည်း တက်ကြွဆဲ၊ စင်္ကာပူရဲကလည်း မြန်မာ ငါးယောက်ပြည့်ရင် စောင့် ကြည့်၊ အနီကတ် ထိသွားတဲ့ လူငယ်တွေလည်း ရှိ၊ တကယ်တော့ အဝါကတ် က ကိုယ်တို့ တစ်ဖွဲ့လုံး ထိထားတာ။

အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရ ဒကာကြီးက ထောင်ထဲမှာ လွန်နေတဲ့ ရောဂါတွေ နဲ့ ဒီကိုလာ ဆေးကု၊ မကြာမီမှာပဲ စင်္ကာပူတင် ဆုံးပါး။
ဦးတင်မောင်ဝင်းက ဖုန်းဆက်တယ် (သူလည်း အဝါကတ်နဲ့)
"အရှင်ဘုရား ကြွအုံးမှဖြစ်မယ်၊ နိုင်ငံရေးကြောင့် ဘုန်းကြီးပင့်ရ ခက်နေလို့"
"ပင့်ရင် လာရမှာပေါ့၊ ဗုဒ္ဓဘာသာတစ်ယောက်သေတာ သရဂုံတင်မယ့်
ဘုန်းကြီး မရှိလို့တော့ ဘယ်ရမလဲ"

ဒါနဲ့ အခု နယူးဇီလန်ရောက် ဦးသီရိဓမ္မကို ဖုန်းဆက်၊ မင်းသွားရင် လိုက်မှာပေါ့ ဆိုတာနဲ့ သွားကြ။
ဟိုမှာ အဂန္တုတစ်ပါးလည်း ထပ်တွေ့ရတယ်။
ရှင်းရှင်းပဲ။ ဈာပန တရားကို ဒီမိုကရေစီနဲ့ နွှယ်ပြီးဟောလိုက်တယ်။

အဖွဲ့ချုပ်ကဖြစ်နေလို့ လိုက်တာလား။ မဟုတ်ရပါဘူး။ မပြောကောင်း မဆိုကောင်း ဗိုလ်ချုပ်ကြီးတစ်ယောက်ဆုံးလို့ လာပင့်၊ အဖမ်းခံရမယ် ဆိုရင်တောင် အသုဘရှုတော့ လိုက်ရမှာပါပဲ (ဗိုလ်ချုပ်ကြီး မဟုတ်ပေမဲ့ ပင့်လို့ လိုက်ခဲ့တာတွေ ရှိခဲ့)။
ဒါက ဘာသာရေး ခေါင်းဆောင်နဲ့ ဘာသာဝင်တွေကြားက ဆက်ဆံရေး၊ တာဝန်၊ ဝတ္တရားပါ။ နိုင်ငံရေး အရောင် မကွဲစေရဘူး။

ပါးစပ်ရာဇဝင်ပေမဲ့ ဒါက တကယ်ဖြစ်ခဲ့တဲ့ ရာဇဝင်လေးပါ။



(ပုံကို U Kttitharra Tant Ze ရဲ့ ပို့စ်ကို ရှယ်ထားတဲ့ Santa GoneYee ရဲ့ ဝေါပေါ်က ယူထားတာပါ။ ဒါပေမဲ့ ပုံမပါရင်ရင်တောင် ပေးချင်တဲ့ မက်ဆေ့ဂ်ျက မပျက်ပါဘူး)

သီဟနာဒ

ဘဝချင်းတူလို့ ပိုယုံတယ် (၁)


(ယဉ်ကျေးစွာ ကွဲလွဲနိုင်ကြပါတယ်)

နိဒါန်း

ဒီဆောင်းပါးကို မဖတ်ခင် သီဟနာဒ၊ ဇင်ဝေသော်၊ စောနေလတ် ကလောင်တွေဟာ စိတ္တရဆိုတဲ့ ရဟန်းတစ်ပါးက ဖြာထွက်လာတယ်ဆိုတာ သိထားရင် ဖတ်ရတာ ပိုအဆင်ပြေပါလိမ့်မယ်။ နောက်ပြီး မသိသေးသူ၊ သံသယရှိသူတွေအနေနဲ့ www.mangalavihara.org.sg ဝက်ဘ်ဆိုက်ကို ဝင်ရောက် ကြည့်ရှုမယ်ဆိုရင် ပိုလို့တောင် အဆင်ပြေပါလိမ့်မယ်။
********************************************************************

၂၀၁၁ ကတည်းကစလို့ ဦးသိန်းစိန်ကို လက်ခုပ်တဖြောင်းဖြောင်း တီးနေ ခဲ့မိသလို ဒေါ်စုအပေါ် လေးစားချစ်ခင်မှုလည်း တစ်ပြားသားမှ လျော့ မသွားခဲ့ဖူးပါ။ ဒေါ်စုရဲ့ သတ္တိကို လေးစားသလို စစ်ဗိုလ်ချုပ်ကြီးတွေကြားမှာ ထင်ထင်ရှားရှား လာဘ်စားမှုမရှိ (သန့်မြင့်ဦးလည်း ဒီလိုပဲ ယုံကြည်ဟန် တူပါရဲ့) ဖြူစင်နေတဲ့ ဦးသိန်းစိန်ကိုလည်း လျှော့မတွက်ခဲ့ပါ။ ဒါနဲ့ ဘာဖြစ်လို့ ဇင်ဝေသော်က ဒေါ်စုဖက်ကို ကပ်ရပ်လိုက်ရတာလဲ။
ယုံကြည်လို့၊ ဘဝချင်း တူနေလို့ပါပဲ။

စင်္ကာပူသက်တန်း ၁၃ နှစ်တာ ဘဝတိုလေးကို ပြန်ကြည့်တော့ ၂၀၀၂ ခုမှာ အုပ်စုလိုက် မဟာသန္တိသုခကနေ နှင်ချခြင်းခံရ၊ စင်္ကာပူ ရောက်။ အဲဒီနှစ်ထဲ မှာပဲ သီဟိုဆရာတော်ကြီး တည်ထောင်ခဲ့တဲ့ မင်္ဂလဝိဟာရကိုရောက်။ တရားပြ၊ အခြားသင်တန်းတွေ ပို့ချ၊ ၂၀၀၅ ခုမှာ စင်္ကာပူ အမျိုးသား တက္ကသိုလ် (National University Of Singapore) ဗုဒ္ဓ ဘာသာအဖွဲ့ ကို စတင်တရားပြခွင့်ရ၊ ၂၀၀၇ မှာ အဲဒီအဖွဲ့ရဲ့ ဘာသာရေး အကြံပေးဖြစ်၊ ၂၀၀၈ မှာ မင်္ဂလဝိဟာရရဲ့ ကျောင်းထိုင်ဖြစ်လာ။ နောက်ပိုင်း စင်္ကာပူ အဘိဓမ္မာစာဖြေဌာန ရဖို့ ဦးဆောင်။

ဒါဖြင့် ဘဝချင်းက ဘယ်လို တူနေရတာလဲ?
၁။ အရင် ကွန်စတီကျူးရှင်းအတိုင်းဆို သီဟိုဠ်ဆရာတော်မှလွဲပြီး ကျောင်း ထိုင်ဖြစ်ခွင့် မရှိ

၂။ စိတ္တရဆိုတဲ့ မြန်မာရဟန်းငယ်ဟာ ဒီလိုကျောင်းကြီးကို ဦးဆောင်နိုင်စွမ်း ရှိပါ့မလား စတဲ့ သံသယ

၃။ ထေရဝါဒချင်းတူပေမဲ့ သီဟိုဠ်ခံတပ်သဖွယ် ကျောင်းတော်ကြီးကို မြန်မာ ရဟန်းတစ်ပါးက နေရာဝင်ယူလိုက်လို့ သီဟိုဠ်ရဟန်းတွေ၊ လူတွေဖက်မှာ ရှိနေတဲ့အမြင်.....စသည်.....စသည်.....။

(၁) ကို ရေးခဲ့ပြီးပါပြီ။ ထပ်မရေးချင်ပါ။ မပါသေးတဲ့ အချက်တွေကိုတော့ ဖြည့်စွက်ဆွေးနွေးသွားပါမယ်။

(၂) ကျောင်းထိုင်မဖြစ်ခင် သီဟိုဠ်ကျောင်းထိုင်ဆရာတော်နှစ်ပါးနဲ့ အတူနေခဲ့ရဖူးပါတယ်။ လူတွေက
* ပျံတော်မူသွားတဲ့ ဆရာတော်ကြီးကို မမေ့နိုင်ခြင်း၊
* ဆရာတော်တွေအချင်းချင်း နှိုင်းယှဉ်ကြည့်မှုများခြင်း စတာတွေကြောင့် နှစ်ပါးစလုံး ဒီကျောင်းမှာ သိပ်မကြာလိုက်ပါ။
ရှေ့နှစ်ပါးစလုံးဟာ တူတူတန်တန် ဒေါက်တာတွေချည်းဖြစ်ပြီး ဒုတိယ ဆရာတော်ဆိုရင် သီဟိုဠ် တက္ကသိုလ်ကြီးတစ်ခုရဲ့ ဗွိုက်စ် ချန်ဆယ်လာေ တာင် ဖြစ်ပါတယ်။

ဒီတော့ ဇင်ဝေသော်ဟာ အဟန့်သေးနေပါတယ်။ အထူးသဖြင့် ပါဠိကောလိပ်၊ ဆန်းဒေး ဓမ္မကလပ်တွေနဲ့ စင်္ကာပူရဲ့ ဗုဒ္ဓဘာသာပညာရေး ဦးဆောင်နေရာကို ယူထားတဲ့ ဒီနေရာမျိုးမှာ အကောင်သေးလွန်းနေပါ တယ်။ ဒါ့ကြောင့် သံသယဆန်တဲ့ အကြည့်တွေ၊ သံသယဆန်တဲ့ မေး ခွန်းတွေ တနင့်တပိုးကြီး ရင်ဆိုင်ခဲ့ရပါတယ်။
(နားလည်စွာ အချိန်ပေး၊ ထောက်ခံ၊ ပံ့ပိုးခဲ့တဲ့ ကော်မတီကို ကျေးဇူးတင်ရ)

ဒီ အနေအထားဟာ နယ်ပယ်ချင်း မတူပေမဲ့ ဒေါ်စုနဲ့ တူနေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ကိစ္စ၊ တရားဥပဒေ စိုးမိုးရေးကိစ္စ စတာတွေမှာ သူမ တကယ်ပဲ ဦးဆောင်နိုင်ပါ့မလားစတဲ့ သံသယများစွာ သူမ အပေါ်မှာ ရှိနေတယ်။ နှုတ်လွယ်တဲ့ လူတွေကဆိုရင် ဒေါ်စုအနေနဲ့ လုးဝကိုင်တွယ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့အထိ ပြောတတ်ကြပါတယ်။ ရှေ့ သံသယစကားက လက်ခံလို့ရပြီး ယတိပြတ်ပြောတဲ့ ဒုတိယ စကားမျိုးကိုေ တာ့ လက်မခံနိုင်ပါ။

(ဆက်ရန်)
ဇင်ဝေသော်

သိပြီးသားပေမဲ့ အခုလိုပြောချလိုက်တော့ ရှင်းသွားရော


ဝေ့လည်ကြောင်ပတ်တွေနဲ့ မူးလှပြီ။ သိပြီးသားပေမဲ့ အခုလိုပြောချလိုက်တော့ ရှင်းသွားရော။

"သမ္မတ ဆိုတဲ့ ရာထူးနာမကို ခံယူထားမှ ဦးဆောင်နိုင်တာ မဟုတ်ပါဘူး။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်လို့ရှိရင် ကျမပဲ ဦးစီး ပဲ့ကိုင်သွားမှာပဲ ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောပါရစေ။"

ဒေါ်အောင်ဆန်းစုကြည်
ကချင်ပြည်နယ်၊ မိုးကောင်းမြို့
၃-၁၀-၂၀၁၅
Credit t to Myo Lwin

ကြောက် ဖြုံ တီး


အင်းစိန်ဈေးကြီးနဲ့ ကြောက်ဖရုံသီး တဲ့။
ငိငိငိ။ ရီရတယ်နော် မောင်သစ္စာ။
ဒို့ ဖဘပေါ်မှာက ကြောက်ဖရုံသီးလို့ မခေါ်ဘူး။ ကြောက် ဖြုံ တီး လို့ခေါ်တာ။

ဦးသိန်းစိန်က အင်းလေးကန်ကြီးအတွက် ကတိတွေပေး


ဦးသိန်းစိန်က အင်းလေးကန်ကြီးအတွက် ကတိတွေပေး၊
ဒေါ်စုက သူသာ အာဏာရရင် မြစ်ဆုံစီမံကိန်းကိစ္စနဲ့ပတ်သက်ပြီး ပြည်သူကို အရင်အသိပေးမယ်ဆိုတဲ့အကြောင်း ကတိတွေပေး။
ဟုတ်ချင် ဟုတ်ကြရောပေါ့။ မဟုတ်လို့ကတော့ မြင်းကို လက်သီးနဲ့ထိုးမှာ။
(ဘုရားဝတ်တက်တော့မယ်၊ ဘိုင့်ဘိုင်)


ကိုရင်ပေါက်စ


ကြာပါပြီ။ မန္တလေး၊ ၂၆ လမ်းမှာပါ။ ဆွမ်းခံကိုရင်လေးကို မြင်းလှည်းမှာကထားတဲ့ မြင်းက နှုတ်သီးနဲ့ လှမ်း ဟပ်လိုက်တော့ ကိုရင်လေးလက်ထဲက သပိတ်လွတ်ကျပြီး ဆွမ်းတွေ၊ ဟင်းတွေ မှောက်ကုန်ရော။
ဒီတော့ ကိုရင်လေးက ဘာလုပ်လဲ သိလား၊ သပိတ်ကို မြေကြီးပေါ်ချ၊
သင်္ကန်းရုံဖျက်၊ မြင်းဇက်ကြိုးကနေကိုင်ပြီး မြင်းနှုတ်သီးကို လက်သီးနဲ့ ထိုးပါလေရော။

မြင်းလှည်းဆရာရော ဘေးကလူတွေပါ ခဏတော့ ကြောင်ပြီး ကြည့်နေကြ တယ်။ နောက်မှ တချို့က ပြုံးစိစိ၊ အသံထွက်လည်း မရယ်ရဲဘူး။ မြင်းလှည်း ဆရာက ဆင်းပြီးတောင်းပန်ရတယ်။
"မလုပ်ပါနဲ့ ကိုရင်ရဲ့၊ မြင်းက ဘာမှ သိတတ်တာ မဟုတ်ပါဘူး၊ တိရစ္ဆာန်ပါ" ပြောလည်းမရ။ နောက်ဆုံး
"တော်ပါတော့ ကိုရင်ရယ်၊ ရှိကြီး ခိုးပါရဲ့ ဘုရား" ဆိုတော့မှ ကိုရင်က
"တကယ်လား၊ ဒါဆို ဒကာကြီး ကိုရင့်ကို ဦးသုံးကြိမ်ချ" လို့ပြောတယ်။




၂၆ လမ်းမ၊ ပလက်ဖောင်းပေါ်မှာ မြင်းလှည်းဆရာက ဦးသုံးကြိမ် ချပြီး တောင်းပန်လိုက်တော့မှ ကိုရင်ပေါက်စက ခပ်တည်တည်နဲ့ သင်္ကန်းရုံ၊ သပိတ်ကောက်ပွေ့ ထွက်သွားလေရဲ့။
ဒီတော့မှ မြင်းလှည်းဆရာရော ဘေးကလူတွေပါ တရားဝင် ရယ်ရဲကြတော့ တာ။
(ဟိုတွေးဒီတွေး မတွေးကြေး)

(img source)

နောက်နှစ်ပြန်မယ်နဲ့ နေ လာခဲ့တာ


ဒီနေ့ ဒကာကြီး ဦးသန်းမြင့်နဲ့ ဒကာမကြီးဒေါ်ရီတို့ပါ ဆွမ်းလာကပ်တယ်၊ မှတ်မိသေးတယ်..
"ဆရာတော်၊ စင်္ကာပူ ရောက်တဲ့နှစ်ကစပြီး နောက်နှစ်ပြန်မယ်၊ နောက်နှစ်ပြန်မယ်နဲ့ နေ လာခဲ့တာ ဒီကောင်တွေ လုပ်နေတာနဲ့ အခုထိ မပြန်ရသေးဘူးဘုရား"
"ဒါနဲ့ ဒကာကြီး အသက်က"
"၈၀ လေ ဘုရား" တဲ့။
အဲသလိုပြောတာ သုံး လေးနှစ်တော့ရှိပြီ။
(သူက ဂျာမဏီကျောင်းဆင်း၊ ဂျာမန်စကား ကောင်းကောင်းတတ်၊ စင်္ကာပူ အစိုးရဆုပေးတဲ့ တံဆိပ်တွေနဲ့ ပိုလီဆရာ၊ အမေရိကန် တက္ကသိုလ် တစ်ခုမှာလည်း သုတေသနပိုင်း ဆရာ)

ပါးစပ်ရာဇဝင်လေး ဖြစ်သွားခဲ့ပြီ


ပါးစပ်ရာဇဝင်လို့ပဲ သဘောထားကြပါ သူတော်ကောင်းတို့။ မန္တလေး သာသနာ့တက္ကသိုလ် နေ့စွဲများထဲမှာ ဖြစ်၏။ သီဟနာဒတို့ထက် စီနီယာ များစွာ ကျသော ရဟန်းတစ်ပါးက အနောက်တိုင်း ဗုဒ္ဓဘာသာပညာရှင်များ ရေး သားသည့် စာပေများကို အဖတ်များပြီး အနောက်တိုင်းဟန် လွှမ်းမိုးသွားကာ သူ၏ စာတမ်းထဲမှာ ဤသို့ ရဲရဲတင်းတင်း မှတ်ချက်ရေးဖူးသည်။
"ဤအချက်ကို ဘုရားရှင်သော်မှ သတိပြုမိခဲ့ဟန် မတူ" ဟူသတတ်။
ကျမ်းစစ်ဆရာများ အဖွဲ့က "အရှင်ဘုရားနှယ်၊ ဘုရားရှင်သော်မှ သတိပြုမိခဲ့ ဟန် မတူရယ်လို့၊ ဒီစာကြောင်းကိုတော့ ပြင်တော်မူပါဦး"
လျှောက်ထားကြလေ၏။
******************************************************************

ယခု သီဟနာဒလည်း ကိုယ်တိုင်ကြုံရလေပြီ။
"ပြည်ခိုင်ဖြိုးကိုသာရွေး၊ သင့် အနာဂတ် စိတ်အေးရပြီ၊ အပါယ်တံခါး ပိတ်ပေလိမ့်မည်" ဟု ဆိုလာချေ၏။


ထို့ကြောင့် ပါးစပ်ရာဇဝင် မှတ်ချက်လေး ရေးချင်မိသည်
"ဤအချက်ကို သဗ္ဗညုတဉာဏ်ရှင်၊ ဘုရားသခင်သော်လည်း သိမြင်တော်မူခဲ့ဟန် မတူ၊ နည်းပညာအကူဖြင့် ပိဋကတ်သုံးဆူကို အဖန်ဖန်အထပ်ထပ် ရှာဖွေကြည့်မှတ်သော်လည်း ဤဝါကျမျို တစိုးတစိမျှပင် ကျွန်ုပ်တို့ မတွေ့ကြရ"

ပါးစပ်ရာဇဝင်လို့ပဲ သဘောထားကြပါ သူတော်ကောင်းတို့။

သီဟနာဒ

ဒီထက် ကောင်းတဲ့ပုံတွေ့ရင် ပို့ပေးကြပါရန်


ဇင်ဝေသော်က ဇင်နီကို ထောက်ခံသလို ဦးသိန်းစိန်ကိုလည်း ထောက်ခံ ပါတယ်။ ကြံ့ဖွံ့ပါတီရဲ့ ကြော်ငြာပုံကို တွေ့တွေ့ချင်း ဝေါပေါ်တင်ပေးဖို့ စောင့်ကြည့်နေ ခဲ့ပါတယ်။
ဒီပုံကို ရှင်သစ္စာဝေါမှာ တွေ့တာပါ၊ ဒါနဲ့ ဒီပုံကို အသုံးပြုခွင့်ပေးဖို့ သူ့ဆီက ခွင့်တောင်းတော့ သူလည်း သများဆီကယူထားတာ၊ ယူပါလို့ ခွင့်ပြုပါတယ်။
ပြသနာက မူရင်းပုံပါ။ အန္တရာယ်ရှိသည်နဲ့ တွဲနေပါတယ်။ ရွေးစရာမရှိလို့ ရှိတာပဲ တင်လိုက်ရပါတယ်။
(ဒီထက် ကောင်းတဲ့ပုံတွေ့ရင် ပို့ပေးကြပါရန်)

နည်းနည်းလေး ကြွားပျဇီနော်




ဒီနေ့ ကျနော်ဖတ်မိ၊ စပ်မိတဲ့ စာနှစ်ပုဒ်


(တိုက်တိုက်ဆိုင်ဆိုင် နှစ်ပုဒ်စလုံးက ဓမ္မဂင်္ဂါ ရေးထားတာ ဖြစ်နေပါတယ်)
***************************************************
(၁)
သကြားစက်ရုံက ထုတ်လုပ်မှု ကောင်းနေတယ်
လူတိုင်းနဲ့ တည့်အောင် ပေါင်းတော့မယ်
ဘဝက တိုတိုလေး
အလွမ်းက အရှည်ကြီးလေ။
*************************************
(၂)
အရှင်ဝီရသူအတွက် မုဒိတာစကား
----------------------------------
ယနေ့ နံနက် အရှင်ဝီရသူနှင့် ဒကာကြီးဦးတင်ဦးတို့ တွေ့ဆုံကြပုံဗီဒီယိုဖိုင်ကို ဘကြီးဘုန်းကြီး ကလစ်ခဲ့သည်။ ဒကာကြီးဦးတင်ဦး၏ သာသနာတော်အား ရိုကျိုးသောပုံရိပ်ကို ထင်ရှားစွာ မြင်ရသလို အရှင်ဝီရသူ၏ ဖြစ်စဉ်အားလုံး ခြုံငုံမိစေသော အပြုသဘောဆောင်သည့် ကထာစကားအချို့ကိုလည်း နာကြားခွင့်ရခဲ့၏။
ထိုအချိန်မှာပင် ရွှေပြည်ကြီး၏ ပရိယတ္တိစာပေလောကတွင် ထင်ရှားသည့် အရှင်နေမိန္ဒ(တောင်ကြီး) က ဒကာကြီးဦးတင်ဦး၏ နိဝါတတရားနှင့် အရှင်ဝီရသူ၏ ပုဂ္ဂလဓိဋ္ဌာန်ထက် ဓမ္မဓိဋ္ဌာန်ကျသော စကားများအတွက် မုဒိတာဖြစ်မိကြောင်း ဂျူနီယာ့ဂျူနီယာ ဘကြီးဘုန်းကြီးလေးအား တခုတ်တရဖုန်းဆက်မိန့်ကြားခဲ့ပ့သည်။

ဓမ္မဘေရီဆရာတော်ကြီးသည်လည်း ထိုဗီဒီယိုဖိုင်ကို ရှုမြင်သုံးသပ်ကာ အပြုသဘောဆောင်သောစိတ်နှလုံးဖြင့် အပြုံးလက်နက်ကိုင်ဆွဲကာ ညီညွတ်သောပြည်ထောင်စုကြီး တည်ထောင်ရေးသာ အခရာကျပေသည်
ဟု မိန့်တော်မူကြောင်း --။

ဆွမ်းစားသွားရင်း အစိတ်သားကိစ္စကို နောက်တော့ သံရုံးတစ်ရုံးလုံး ရီကြတယ်


ဝါဆိုသင်္ကန်းကပ်၊ ဆွမ်းစားသွားရင်း အစိတ်သားကိစ္စကို နောက်တော့ သံရုံးတစ်ရုံးလုံး ရီကြတယ်။
သံရုံးကို လေးအုပ် လက်ဆောင် ပေးလိုက်တယ်။



ကဲ ကွ၊ အာ့မှ ဒီမိုကရေစီ၊ မကျေနပ်ရင် မလိုက်ခ်နဲ့။



ဒီမိုကရေစီ ဝိရောဓိ

"ကျနော်တို့ ပထမလုပ်ရမှာက အိမ်နီးချင်း နိုင်ငံတွေရဲ့ အောင်မြင်မှုတွေကို သွားရည်ယိုနေရတဲ့ ငမွဲနိုင်ငံအဖြစ်က လွတ်ဖို့ပဲ"
 


ဒေါ်စု၊ လယ်ဘရယ်ဒီမိုကရေစီ၊ ယဉ်ကျေးမှုနဲ့ ကမ္ဘာ့နိုင်ငံရေး
********************************************************
ဒီစတေးတပ်က ဒေါ်စုရဲ့ လယ်ဘရယ် ဒီမိုကရေစီဝါဒနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြ၊ စွပ်စွဲနေကြတဲ့ အခြေအနေအပေါ် ကြည့်လိုက်မိတဲ့အမြင်ပါ။
အနောက်တိုင်း လယ်ဘရယ် ဒီမိုကရေစီ ဝင်လာရင် မိမိတို့ ယဉ်ကျေးမှုနဲ့ ကိုယ်ကျင့်တရားတန်ဖိုးတွေ ဆုံရှုံးကုန်တော့မှာပဲဆိုတဲ့ အတွေးဟာ အခြား နိုင်ငံသားတွေဆီမှာလည်း ရှိနေခဲ့တာပါပဲ။ ဒါပေမဲ့ ကမ္ဘာ့နိုင်ငံရေး သမိုင်းအရတော့ အဲသလိုကြီး အိတ်သွန်ဖာမှောက် ပြောင်းလဲတဲ့နိုင်ငံ ရယ် လို့ ကမ္ဘာမှာ တူရကီ တစ်နိုင်ငံထဲပဲ ရှိပါတယ်။ ဒါကလည်း ဒီမိုကရေစီ အကူးအပြောင်းရဲ့ ပထမလှိုင်း ကာလထဲမှာပါ။

ဒါနဲ့ပတ်သက်လို့ ဟန်တင်တန်အပါအဝင် ကမ္ဘာ့ စူပါ့စူပါ ပညာရှင်တွေ လက်ခံတဲ့ အယူအဆက "ဒီမိုကရေစီ ဝိရောဓိ" တဲ့။
ဒီမိုကရေစီ ထွန်းကားသွားရင် အနောက်နဲ့ ပိုနီးသွားသလိုလိုရှိပေမဲ့ တကယ်တော့ ဒီမိုကရေစီ ထွန်းကားလေလေ၊ အနောက်နဲ့ ဝေးလေလေ၊ အမျိုးသားရေးဝါဒ အားကောင်းလေလေ တဲ့။ ဒါကို "ဒီမိုကရေစီ ဝိရောဓိ" လို့ ခေါ်ပါတယ်။

အနောက်ရဲ့ အောင်မြင်မှုတွေကို သွားရည်ယိုနေရတဲ့ ငမွဲ အာရှနိုင်ငံတွေ ဟာ ဒီမိုကရေစီ အမြစ်တွယ်၊ စီးပွားရေးအားကောင်းလာတာနဲ့ ..
"ငါတို့လည်း မင်းတို့လို လုပ်နိုင်ပါတယ်" ဆိုတဲ့ ယုံကြည်ချက် ရသွားပြီး သူတို့ ကိုယ်ပိုင် ယဉ်ကျေးမှုနဲ့ အမျိုးသားရေးဖက်ဆီကို ခြေဦးပြန်လှည့် သွားကြတယ်။

ကျနော်တို့ ပထမလုပ်ရမှာက အိမ်နီးချင်း နိုင်ငံတွေရဲ့ အောင်မြင်မှုတွေကို သွားရည်ယိုနေရတဲ့ ငမွဲနိုင်ငံအဖြစ်က လွတ်ဖို့ပဲ။
မယုံဘူးလား။ ဂျပန်နဲ့ အိန္ဒိယက အခု ရွေးထားတဲ့ နိုင်ငံခေါင်းဆောင်တွေကို ကြည့်ပါ။ သူတို့ဟာ အမျိုးသားရေး ဝါဒီတွေပါ။

ဒါဆို ဒေါ်စုက ကျနော်တို့ အမျိုးသားရေးနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ကျိန်စာတိုက် ဖျက်ဆီးပစ်မှာတဲ့လား (သူမ ဝတ်စားနေထိုင်ပုံနဲ့ မြန်မာ စကား ပြောဆိုပုံတွေကို ကျေးဇူးပြု ကြည့်ပေးပါ)။ ကျနော်ကတော့ လုံးဝ မထင်ဘူး။ ထင်တဲ့ တစ်နေ့ သူ့ကိုလည်း ကျနော်တို့ တော်လှန်ကြရမှာပဲ မဟုတ်လား။
တီးတေတူးလို ခြေထောက်ထောင်ပြီး မအိပ်ပါရစေနဲ့။
သံသယနဲ့လည်း တစ်ဖက်သားကို မစွပ်စွဲပါရစေနဲ့။

ကုန်ကုန်ပြောတော့........
ဂျပန်ဒီ မိုကရေစီ ဖြစ်သွားတယ်၊ စူရှီ ပျောက်မသွားဘူး။
ကိုရီးယား ဒီမိုကရေစီ ဖြစ်သွားတယ်၊ ကင်မ်ချီ ပျောက်မသွားဘူး။
ကျနော်တို့စားမယ့် ပဲပြုတ်နဲ့ ထမင်းကြော်ဟာ ဒီမိုကရေစီကြောင့်၊ ဒေါ်စုကြောင့်တော့ ဘာမု ဖြစ်မသွားပါဘူး။ အဓိကက အဲဒီ ထမင်း နပ်မှန်နေဖို့ပဲ။

(နောက်နေ့ ဘာသာရေးကိစ္စ ဆက်ပါမယ်။)
ဇင်ဝေသော်

img source

ဖေ့စ်ဘုတ်က Dislike ထည့်မယ်ဆိုလား


ရွာသားတစ်ယောက်က ပြောတယ်၊ တရုတ်သိုင်းကားဆိုလို့ မကြည့်ဘူးလို့ ဝင်ကြည့်တာ တွေ့တဲ့လူ ဝင်ရိုက်နေကြတာပါကွာ၊ သူတို့စကားကို နားမလည်ပေမဲ့ လေသံတွေကလည်း ဒေါသတကြီး အသံတွေချည်းပဲ တဲ့။
သူပြောတာ မဆိုးဘူး။ ပြေပြေပြစ်ပြစ် ပြောကြပြီး တွေ့တဲ့လူ ဝင်မရိုက်မိ ဖို့တော့ လိုမယ်။

ဖေ့စ်ဘုတ်က Dislike ထည့်မယ်ဆိုလား၊ ပုံမှန်အတိုင်းဆိုရင်တော့ မြန်မာနဲ့ဂျပန် ယဉ်ကျေးမှုကိုကြည့်ရင် ပေါ်ပြူလာ သိပ်မဖြစ်လောက်ဘူး။ ဒီယဉ်ကျေးမှုနှစ်ခုက နိုးပြောရမှာ၊ မကြိုက်ဘူးပြော ရမှာကို အားနာတတ်တယ်။ လက်ရှိဖေ့စ်ဘုတ် ကွန်မင့်တွေကို ကြည့်ရင်တော့ ဒီယဉ်ကျေးမှု အားနည်းစပြုလာနေတာ တွေ့ရတယ်။
ဒါပေမဲ့ အမုန်းတရားတွေ လျော့သွားချိန်မှာ နှစ်ပေါင်းထောင်ချီနေတဲ့ ဒီယဉ်ကျေးမှုက နေရာ ပြန်ယူလာမှာပါ။

မွတ်စလင် လူဦးရေနဲ့ တချို့အဆုံးအမတွေက တခြားဘာသာတွေနဲ့ သဟဇာတ မဖြစ်ဘူးဆိုတာ မှန်ပါတယ်၊ ဘာသာရေး အမြင်သက်သက်က ကြည့်ရင် စိုးလည်းစိုးရိမ်စရာပါ။ နိုင်ငံရေးအနေနဲ့ကြည့်ရင် အာရပ် မွတ်စလင်တွေက ဂျီဟတ်ခေါ်နေတာကို အိန္ဒိယမွတ်စလင်တွေက ညင်းဆန်ပြီး ဟိန္ဒူတွေနဲ့အတူ အိန္ဒိယ လွတ်လပ်ရေးရဖို့ပဲ တိုက်ပွဲ ဝင်သွားခဲ့ကြတယ်။

လူမည်းချင်းတူတာတောင်


လူမည်းချင်းတူတာတောင် အမေရိကရောက်နေတဲ့ လူမည်းတွေက
ရပ်သီချင်းတွေ ကမ္ဘာကျော်အောင်လုပ်ပြီး ရောင်းစားကြတယ်။
အာဖရိက လူမည်းတွေကတော့ မာရသွန်တွေပြေးကြတယ်။

ကူပြောပေးကြပါအုံး နောင်တော်၊ ညီတော်တို့


လူတိုင်း ကိုယ့်ဘာသာကိုချစ်ကြ၊ ဦးထိပ်တင်ထားလိုကြပါတယ်၊ ဒါပေမဲ့ အချစ်လွန်သွားတော့ ကိုယ့်လူကိုတောင် သစ္စာဖောက်ဆိုပြီး သတ်ပစ် လိုက်ကြရော။ အဆုံးမသတ်နိုင်တဲ့ ဦးသူကသတ် ဘာသာရေး မုန်းတီးမှု ဇာတ်လမ်းရှည်ကို အဆုံးသတ်ဖို့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်း၊ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့ကြတဲ့ အီဂျစ်ခေါင်းဆောင်၊ မစ္စတာ ဆာဒက်ကို သူ့ဘာသာဝင်၊ အစ္စလာမ် ဘာသာရေး အစွန်းရောက်တွေက သစ္စာဖောက်ဆိုပြီး သတ်ဖြတ် လိုက်သလို အစ္စရေးခေါင်းဆောင် ပထမဆုံးဝန်ကြီးချုပ် မစ္စတာ ရာဘင် ကို လည်း အစ္စရေး အစွန်းရောက်ကပဲ အလားတူ စွပ်စွဲချက်နဲ့ သတ်လိုက်ပြန် တယ်။

သူတို့ဟာနဲ့ သူတို့တော့ မှန်နေကြမှာပဲ။ ကိုယ့်ဘာသာတရားကို ချစ်တာ ကိုး။ ဒါပေမဲ့ ပါလက်စတိုင်း၊ အစ္စရေးကြားက စစ်ပွဲတွေ၊ လူသေမှုတွေ၊ ဒုက္ခရောက်ရမှုတွေ ပြောနေတာကတော့ အဲသလို မဟုတ်ဘူး။ အခု ဘာသာရေး အမုန်းအာဃာတကြီးတဲ့ လူငယ်မွတ်စလင်တွေဟာ ဘာသာရေး သွေးခွဲပေးတဲ့ မျိုးဆက်နှစ်ဆက်အတွင်း မွေးဖွား၊ ကြီးပြင်း လာရသူတွေ ဖြစ်ကြတယ်။

ဒါတွေကို ကူပြောပေးကြပါအုံး နောင်တော်၊ ညီတော်တို့။



လောကဇာတ်ခုံ ကကြိုးစုံ


ကမ်းလက် shared USoe Phoe Ni's post.
 လောကဇာတ်ခုံ ကကြိုးစုံ
သတင်းမှန်ရင်တော့ ခပ်စပ်စပ်ဆောင်းပါးလေး ရေးချင်သား။
 
 
USoe Phoe Ni
NLD က ရွာထဲဝင်ပြီး တက်တက်ကြွကြွနဲ့ မဲဆွယ်တယ် …
ပြန်လည်းထွက်မယ်လုပ်ရော ရွာအဝင်လမ်းမှာ ကျောက်ပုံတွေနဲ့ ပြည့်နေတော့ ထွက်မရဘဲတိုင်ပတ်ရော …

လမ်းကလည်း အဲ့တစ်လမ်းဘဲရှိတော့ ဘာဆက်လုပ်ရမှန်းမသိ ဖြစ်ကုန်တာပေါ့ …
ကျောက်တွေကလည်း ချပြီးသွားပြီလေ …

သူတို့ရွာထဲမှာ မဲဆွယ်နေတုန်း ဘယ်ကမှန်းမသိတဲ့ လူတွေရောက်လာပြီး လမ်းခင်းဖို့ဆိုပြီး ပုံသွားတာပါတဲ့ …

ကာယကံရှင်တွေတော့ ခံရခက်ကြီး ဖြစ်နေမှာဘဲ …
သူတို့တွေမှာတော့ ရှေ့မှာအာပေါင်အာရင်းသန်သန်နဲ့ စည်းရုံးလိုက်ရတာ …
နောက်မှာတော့ ဘယ်ကမှန်း မသိတဲ့လူတွေက လမ်းခင်းဖို့ ကျောက်တွေလာပုံသွားတယ် ဆိုတော့လေ …

အကွက်တွေများ ပြောပါတယ် …
ဒါကြောင့် နိုင်ငံရေးမှာ
ရိုးသားလို့မရဘူးလို့ ပြောကြတာ ဖြစ်မယ် …
ဒါနဲ့ … အဲ့ရွာကလူတွေ ဘယ်ပါတီမဲပေးမလဲဆိုတာတော့ စိတ်ဝင်စားသားဗျ …
 

ဆိုရှယ်မီဒီယာနဲ့ စင်္ကာပူ ရွေးကောက်ပွဲရလာဒ်


ဒီနေ့သတင်းစာပါ အင်တာနက်၊ ဆိုရှယ်မီဒီယာနဲ့ စင်္ကာပူ ရွေးကောက်ပွဲရလာဒ်ကို ယှဉ်တွဲသုံးသပ်ထားတဲ့ ဆောင်းပါးပါ။
အဓိက နှစ်ချက်က

၁။ အင်တာနက်နဲ့ ဆိုရှယ်မီဒီယာကြောင့် လူထုပြောဆိုနေတဲ့ သတင်းစကားတွေနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ ထိန်းချုပ်ရခက်လာတယ် (အစိုးရအတွက် သိပ်မကောင်း)။ ဒါပေမဲ့ အစိုးရ အရာရှိတိုင်း (ဝန်ကြီးချုပ် အပါအဝင်) ဆိုရှယ်မီဒီယာကို သုံးစွဲနေတော့ ကိုယ့်ခံစားချက်ပြောပြဖို့ ကြားခံပုဂ္ဂိုလ်၊ အတိုက်အခံ ပါလီမံကိုယ်စားလှယ် မလိုတော့ ဘူး။ အရင်က အစိုးရနဲ့ စကားပြောဖို့ တဆင့်ခံ လိုခဲ့တယ်။ (အစိုးရအားသာချက်၊ အတိုက်အခံအတွက် အားနည်းချက်)

၂။ ဆိုရှယ်မီဒီယာပေါ်မှာ တက်ကြွ၊ ပေါ်ပြူလာဖြစ်ပေမဲ့ ထောက်ခံမဲ မသေချာဘူး။ ပုံနှစ်ကို ရှုပါ။ ဆိုရှယ်မီဒီယာက သတင်းဖြန့်ပေးရုံသာဖြစ်ပြီး မဲရဖို့ အာမ မခံ။ နောက်ပြီး ကိုယ့်အားနည်းချက်တွေကိုတောင် ဖော်ပြနေတတ်တယ်။ သဘာဝ ကျပါတယ်။ ဖေ့စ် ဘုတ်ပေါ် ဘယ်လောက် လိုက်ခ်လိုက်ခ်၊ ဘယ်လောက် ရှယ်ရှယ် စာအုပ်ထုတ်ရောင်း ရင် ပိုက်ဆံပေးပြီး ဝယ်ချင်မှ ဝယ်ကြမှာပါ။ မဲပေးတာလည်း အဲသလိုပဲ ဖြစ်မှာပါပဲ။ မြန် မာ အစိုးရထဲက ဖေ့စ်ဘုတ်မင်းသားနှစ်ယောက်ရဲ့ ဝေါကိုကြည့်ရင် ဒီကိစ္စက သိသာပါ တယ်။ သူတိုဆီမှာ အဘဆိုသူတွေပါသလို ကလော်တုတ်သူတွေလည်း မနည်းလှဘူး။

ဘယ်လိုဆက်စပ်မှန်းတော့ မသိပါဘူး။ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက စလို့ ရွေးကောက်ပွဲ ပြီးတဲ့အထိ ဝန်ကြီးချုပ် လီရှန်လွန်းဆီက မဲဆွယ်တဲ့ အီးမေး၊ ကျေးဇူးတင်ကြောင်းအီးမေးတွေ ဆက်တိုက်ဝင်နေတယ်။
ကိန်းဘရေ့ဂ်ျ ဘွဲ့ရကြီးဆိုတော့ စာရေးဟန်ကလည်း သိမ်မွေ့၊ ယဉ်ကျေး၊ သတ်ပုံတလွဲတွေ၊ အတိုက်အခံကို မိန်းမကောင်း ရန်တွေ့တွေ၊ ဝါကျကို ဖြတ်ချင်တဲ့နေရာက ဖြတ်တွေ မပါဘူးပေါ့ ဗျာတို့ရေ။


ဟာကျူလီကတော့ သမ္မတကြီး ကသာရောက်လာအောင် လုပ်ပြီထင်တယ်

ကြွားသတင်း


စာအုပ်ကို အကဲစမ်းတဲ့ အနေနဲ့ ပထမအကြိမ် တစ်ထောင်ပဲရိုက်တာ၊ လီနဲ့ဇင် တွဲထွက်လာတော့ တစ်ပတ်မပြည့်ခင် ပြတ်ထွက်သွားရော တဲ့။ ထပ်ရိုက်နေရပြီ။ အားပေးကြချက်တော့။ ကျေးဇူးတင်ရပါတယ်။

Time to change


ပျံလွန်တော်မူသွားတဲ့ သီဟိုဠ်ဆရာတော်ကြီးက ဝါတော်အကြီးဆုံးဆိုတော့ တခြားကျောင်းဘုန်းကြီးတွေကို ဆွမ်းစားပင့်တဲ့အခါ
"ဘယ်နေ့ တို့ကျောင်းမှာ ဘာ ပွဲရှိတယ်ဟေ့" ဆိုရုံနဲ့ သံဃာငယ်တွေက ဘာမှ မမေးရဲဘဲတက္ကစီငှားပြီး ကြွကြရတယ်။ ကျောင်းရောက်တော့ ကျောင်း က ဒကာတစ်ယောက်က တက္ကစီခပေးပေါ့၊ အပြန်လည်း အဲသလိုပဲ။

ဒါတော့ မဟုတ်သေးဘူးဆိုပြီး ရှေ့က ကျောင်းထိုင်သွားတဲ့ ဆရာတော်တွေ ကို ပြင်ဖို့လျှောက်ကြည့်တယ်။ လုပ်မသွားကြဘူး။
ကိုယ်ကျောင်းထိုင်ဖြစ်တော့မှ အစည်းအဝေးမှာ
"တနင်္ဂနွေနေ့၊ ပွဲရှိတဲ့နေ့တွေမှာ ကားရပ်စရာ နေရာမလောက်လို့ လမ်းဘေး မှာ ရပ်ခွင့်ပြုဖို့ အစိုးရဆီက ခွင့်တောင်းထားရတယ်။ ဒါတောင် ကိုယ်ပင့်တဲ့ ဆရာတော်တွေကို ကားနဲ့ အကြိုအပို့မလုပ်နိုင်ဘူးဆိုတော့ အဓိပ္ပါယ် လုံးဝ မရှိတော့ဘူး။ နောက်ပြီး အရင်ဆရာတော်ကြီးက ဝါအကြီးဆုံး၊ ငါက ကျောင်းထိုင်တွေထဲမှာ အငယ်ဆုံး၊ ကားအကြိုအပို့ လုပ်ကိုလုပ်မှ ရမယ်၊ Time to change" လို့ ပြောလိုက်တယ်။

အခုဆို ဆရာတော်အကြိုအပို့ကားတွေက သီးသန့်၊ ကားဆရာတွေ လည်း သီးသန့် အဖွဲ့လိုက်ပဲ။ ဘယ်သူက ဘယ်ကျောင်း၊ ကားနံပတ်က ဘာ။ ကားအရောင်က ဘာအရောင်၊ ဘယ်အချိန်ရောက်မယ်ဆိုတာ ကြို ဖုန်းဆက်။ အားလုံး ကွက်တိ။

ဆွမ်းခံကျွေးမယ့် ရဟန်းများ


သူမ ပေးတဲ့ ကတိကို
အကြောင်းကြောင်းကြောင့် မဖြည့်ဆည်းနိုင်ခဲ့ရင်တောင်
အနည်းဆုံး သူမ ဝန်ခံ ကတိပြုလိမ့်မယ်။


ဒီပွဲမှာ
သူမဟာ Nothing to lose
သူမဆီမှာလည်း Nothing left.....။

နိုင်ငံရေး ကစားပွဲဆိုတော့
အရောင်အသွေးကလည်း ကွဲပေမပေါ့
သာသနာဖျက်မကြီး ဆိုသူကဆို
ဒါပေမဲ့ ဓမ္မပဒ စတိုရီထဲကလို
ဆွမ်ခံကျွေးပါ့မယ် မယ်တော်ကြီး ဆိုတဲ့ရဟန်းတွေလည်း
မနည်းပါဘူး။

ခေတ်စကားနဲ့ ပြောကြည့်တော့
ဒေါ်စုကို ခိုင်းကြည့်ပါ
အန်တီစုကို ခိုင်းကြည့်ပါ
အမေစုကို ခိုင်းကြည့်ပါ
မယ်တော်ကြီးစုကို ခိုင်းကြည့်ပါ။ ။

ဇင်ဝေသော်




တော်ပါသေးရဲ့


အမေရိကန် လေယာဉ်လိုင်းလို လေယာဉ်မှားပြီး
လော့စ် အိန်ဂျလိကနေ ဟာဝိုင်ယီကို မလွှတ်လိုက်မိပါစေနဲ့
(တော်ပါသေးရဲ့၊ ဓမ္မဘေရီဆရာတ်ေကြီးနဲ့ ဓမ္မဂင်္ဂါတို့ ပါမသွားလို့)


နိုင်ငံရေး ရေချိန်တက်လာတော့


ပေ့ဂ်ျအကြီစားတွေကလည်း ဘလော့မယ်၊ အန်မယ် ပဲ။
ပရိသတ်ကလည်း အန်မယ်၊ ဖော်လို ဖြုတ်မယ် ပဲ။ ပိုင်နက်ကိုယ်စီ ရှိကြတယ်။
ဖေ့စ်ဘုတ်က တကယ်ကို လွတ်လပ်ခွင့်ပေးထားတာ။

မြန်မာပြည်ရဲ့ လက်ရှိအနေအထားတွေကြောင့် ကစ်ဆင်းဂျားစာအုပ်က ပိုရုပ်လုံးကြွလာတယ်


အာရပ်နွေဦးအပြီး ညီညွတ်မှုအားကောင်းဖို့ဆိုပြီး အမျိုးသားရေးဝါဒနဲ့ အစ္စလာမ် စာအုပ်ကြီးဝါဒကို ရှေ့တန်းတင်ပစ်လိုက်တော့ အာရပ်နွေဦးရဲ့ ဒီမိုကရေစီဆိုတဲ့ မူလရည်ရွယ်ချက် ပျောက်သွားပြီး မွတ်စလင် ညီအကိုများ အဖွဲ့ ခေါင်းဆောင် မိုဟာမက် မော်စီက ၂၀၁၂ ရွေးကောက်ပွဲမှာ သမ္မတဖြစ် သွားရော၊ သူ့ကိုထောက်ခံတဲ့ ဘာသာရေးအဖွဲ့အစည်းတွေက မွတ်စလင် ညီအကိုများအဖွဲ့ထက်တောင် ပိုပြီး အစွန်းရောက်ကြတယ်။

အဏာတည်မြဲရေးအတွက် အစိုးရက နည်းလမ်းရှာနေချိန် အထက်ပါ အဖွဲ့ အစည်းတွေက အမျိုးသမီး အခွင့်အရေး၊ လူနည်းစုတိုင်းရင်းသားအရေးတွေ ကို အစ္စလာမ်ဘာသာတရားနဲ့ ဆုံးဖြတ်ဖို့ လှုပ်ရှားမှုတွေ လုပ်လာကြတော့ နိုင်ငံမငြိမ်မသက်ဖြစ်လာပြီး စစ်တပ်က အာဏာသိမ်းတဲ့ အဆင့် ရောက်သွားရော။ လက်ရှိအခြေအနေက ဆိုးလွန်း၊ ဘာသာရေး အစွန်းရောက်လွန်းတော့ စစ်တပ်က အာဏာသိမ်းတာကို ဒီမိုကရေစီကို တကယ်လိုလားတဲ့ လူအချို့ကတောင် သဘောတူလာရတယ်။

ဒီမှာ အမေရိကန်တွေဖက်က စဉ်းစားစရာတွေ....
အမေရိကန်အစိုးရက အဏာရှင်ကို တော်လှန်တိုင်း အားပေးနေရမှာလား?
တော်လှန်သူတွေကရော ဒီမိုကရေစီကို ဘယ်လောက် လေးစား လိုက်နာ သလဲ?
အမေရိကန်ရဲ့ အစဉ်အလာ ဒီမိုကရေစီနဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဒီ နှစ်ခုကို မျက်ကွယ်ပြုတဲ့ အမေရိကန်သမ္မတဟာလည်း လူထုရဲ့ ထောက် ခံမှု မရနိုင်ဘူး။

ဒါနဲ့ အယောင်ဆောင် ပြောင်းလဲရေးကနေ အမေရိကန်က နောက်ဆုတ်။ အီဂျစ်လည်း လက်ရှိအနေအထား ရောက်သွားတော့တာပဲ။


ရာသီစာ အင်္ဂလိပ်


ဒီမိုကရေစီက လစ်ဘရယ်ဝါဒကိုအခြေခံတော့ လစ်ဘရယ်ဒီမိုကရေစီ ဖြစ် သွားရော။
ဒါက အထူးအဆန်းမှ မဟုတ်တာ၊ ပါဠိလို နိဗ္ဗာန်ရဲ့ ပရိယာယ် "ဝိမုတ္တိ" က လစ်ဘရေးရှင်းပဲ။
ဒါ့ကြောင့် ဆရာဂင်္ဂါတို့ဟောတတ်တဲ့ နိဗ္ဗာန်မရခင် ဒီမိုကရေစီရအောင် အရင်လုပ်ကြဆိုတာ ပါဠိတော်နဲ့ ညီတယ်လို့ ဆိုရမယ်။

နောက်ပြီး ဗုဒ္ဓနဲ့ ပစ္စေကဗုဒ္ဓ ရှိသေးတယ်။ ပစ္စေကဗုဒ္ဓက တစ်သီးပုဂ္ဂလကို ရည်ညွှန်းတယ်၊ သာဝကတွေ မထား၊ သာသနာ မထောင်ဘဲ တစ်ပါးတည်း နိဗ္ဗာန်ကြွတာမျိုး။ မြန်မာလို ဘုရားငယ်လို့လည်း သုံးကြတယ်၊ အင်္ဂလိပ် လိုတော့ ဆိုင်းလင့်တ် ဗုဒ္ဓ (Silent Buddha) လို့ အတွေ့များတယ်။
ဒါ့ကြောင့် ပစ္စေကဗုဒ္ဓါကို တစ်သီးပုဂ္ဂလဘုရားလို့ မြန်မာမှုပြုရင် မမှားနိုင်ဘူး။