ကမ္ဘာ့ပျက်လုံးစာအုပ်


(၁) နဲ့ (၂) က ကမ္ဘာ့ပျက်လုံးစာအုပ်၊ စာနှာ ၇၆၅ ကြီးများတောင်၊ ဒေါက်တာ ခင်မောင်လတ်ဆီက ငှားထားတာ၊ ပြန် မပေးရသေး။
(၃) က ဘာရုပ်ရှင်လည်း မသိ(ဘာမှ မပြောဘူးနော် ရှင်းတယ်)။ ရယ်တော့ရယ်ချင်တယ်။

1

2

3

ဘာသာရေးနဲ့နိုင်ငံရေး


အီတလီကိုရောက်လာမယ့် ဒလိုင်းလားမားကို ပုတ်ရဟန်းမင်းကြီးက မတွေ့၊ ဖြစ်နိုင်တဲ့အကြောင်းကတော့ တရုတ်ကို စိတ်ကသိကအောက် မဖြစ်စေ ချင်လို့ဖြစ်မယ်လို့ ခန့်မှန်းချက်ပေးထားပါတယ်။
ဒါဟာ ဘာသာရေးခေါင်းဆောင်နှစ်ယောက်ကြားက နိုင်ငံရေးလား။ နောက်ပြီး ဒီနှစ်တွေအတွင်း ဒလိုင်းလားမားနဲ့ဘာသာမဲ့တွေကြား အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးကလည်း စိတ်ဝင်စားစရာတော့ကောင်းပါတယ်။



အမျိုးသမီး ပြတ်လပ်မှု

ကလေးတစ်ယောက်စနစ်၊ သားယာက်ျားလေးမှလိုချင်တဲ့ အယူသည်းရှေးဟောင်း ယဉ်ကျေးမှုကြောင့် တရုတ်ပြည်ကျေးလက်ဒေသတွေမှာ အမျိုးသား အမျိုးသမီးဦးရေ မညီမမျှဖြစ်နေတယ်။ ဒီတော့ အိမ်နီးချင်းနိုင်ငံတွေဆီ ဇနီးလောင်းရှာပုံတော်ဖွင့်ကြတယ်။ အဲဒီကတဆင့် လူကုန်ကူးတဲ့အဆင့်ရောက် ကုန်တယ်။ ဗီယက်နမ်တင်မကဘူး၊ ဒီပြဿနာက မြန်မာပြည်အပေါ်လည်း အကြီး အကျယ် သက်ရောက်မှုရှိနေတယ်။

စဉ်းစားစရာက လက်ရှိမြန်မာ့ယဉ်ကျေးမှုကို ရာနှုန်းပြည့်ကျင့်သုံးနေကြပြီဖြစ် တဲ့ မြန်မာပြည်ဖွား တရုတ်လူမျိုးတွေ(တချို့က ရာနှုန်းပြည့်၊ တချို့က ၅၀ ၅၀၊ တချို့က ၇၅ ၂၅) ကို ရာနှုန်းပြည့်အသိအမှတ်မပြုခင် မြန်မာစကားတောင် မပြော တတ်တဲ့ ပြည်ကြီးတရုတ်တွေ မြန်မာနိုင်ငံသားဖြစ်နေတဲ့ကိစ္စပါ။ အခုမှဖြစ်နေတာမဟုတ်သလို ဒါကိုတားဆီးနိုင်တဲ့နည်းလမ်းလည်း မရှာနိုင်သေးဘူးထင်တယ်။

ဗိုလ်ချုပ်ကြီးဟောင်းတွေ၊ တရုတ်တွေရဲ့ဝင်ငွေတွေ ရောမွှေလို့ GDP တက်လာ တာက နိုင်ငံစီးပွားရေး တကယ်ဦးမော့လာတာ မဟုတ်ဘူး။ စာရင်းအရ နိုင်ငံက ချမ်းသာပြီး စားစရာမရှိတဲ့ လူဦးရေက ၈၀ ရာခိုင်နှုန်းကျော် ဖြစ်နေမယ်။

တစ်ရွာတစ်ကျောင်းစနစ် မဖြစ်နိုင်ကြောင်း ဒေါက်တာဦးကိုမောင်ဖြေကြား


တစ်လင်တစ်မယားစနစ် ရှိခဲ့ပြီးတဲ့နောက် တစ်ရွာတစ်သမား(သမားတော်)၊ တစ် ရွာတစ်ကျောင်းစနစ်များ ရှိလာနိုင်ပါသလားဆိုသည့် မေးခွန်းနှင့်ပတ်သက်လို့ တစ်ရွာတစ်သမား(သမားတော်)ကိစ္စကတော့ ဒေါက်တာရင်ရင်နွယ် ဖြေဆိုထားသည့်အတိုင်းဟု သူကဆိုခဲ့သည်။
တစ်ရွာတစ်ကျောင်းစနစ်နဲ့ပတ်သက်လို့တော့
"ဒီစနစ်က မဖြစ်နိုင်ပါဘူး၊ ဖြစ်လည်း မဖြစ်သင့်ပါဘူး။ ဒီလိုဆိုရင် တရားနာရတာ နဲ့ ရွာသားတွေ သေကုန်လိမ့်မယ်၊ ဘုန်းကြီးတွေက တရားဆို သိပ်ဟောချင်တာ" ဟု သမ္မတ၏ ပေါက်တတ်ကရဆိုင်ရာ အကြံပေး ဒေါက်တာဦးကိုမောင်က ဖြေ ကြားသွားခဲ့သည်ဟုသိရပါသည်။

ဆရာဝန်အန္တရယ်


အမေရိကန်သုတေသနကို ဒေါက်တာရင်ရင်နွယ် ထောက်ခံပြီ
"ဆရာဝန်ကြီးလာပြီ၊ ဆေးထိုးအပ်ကြီးနဲ့ထိုးလိမ့်မယ်"ဆိုသောစကားသည်လည်း.

၁။ အမေရိကရှိ စုစုပေါင်း ဆရာဝန်ဦးရေ ၇၀၀,၀၀၀ (၇ သိန်း)
၂။ ဆရာဝန်တွေ ကုသထုံးလွဲမှားမှုကြောင့် တစ်နှစ်အတွင်း မတော် တဆ သေဆုံးရသည့် လူနာဦးရေ ၁၂၀,၀၀၀ (တစ်သိန်း နှစ်သောင်း)
၃။ ဆရာဝန်တစ်ဦးစီကြောင့် ပျမ်းမျှ သေဆုံးရသည့် ရာခိုင်နှူံး 0.171

၁။ အမေရိကရှိ သေနတ်ပိုင်ဆိုင်သူဦးရေ ၈၀,၀၀၀,၀၀၀ (ရှစ်ကုဋေ)
၂။ သေနတ်ကြောင့် တစ်နှစ်အတွင်း မတော်တဆ သေဆုံးရသည့် လူဦးရေ ၁,၅၀၀
၃။ သေနတ်ကြောင့် ပျမ်းမျှ သေဆုံးရသည့် ရာခိုင်နှုန်း 0.0000188.
(Department of Health and Human Services)

 

ခိုင်လုံသည့် ဤ အချက်နှစ်ကို ထောက်ထားကြည့်လျှင် ဆရာဝန် တစ်ယောက်ေ ကြာင့် သေဆုံးရသည့်ပမာဏက သေနတ်တစ်လက်ကြောင့်သေ ဆုံးရသည့် ပမာဏထက် အဆ (၉၀၀၀) ကိုးထောင်ကျော် သာလွန်နေကြောင်း တွေ့ ရှိ ရသည်။

ထို့အပြင် ကျွန်ုပ်တို့ငယ်စဉ်က ကြောက်လန့်ခဲ့ရသည့် "ဆရာဝန်ကြီးလာပြီ၊ ဆေး ထိုးအပ်ကြီးနဲ့ထိုးလိမ့်မယ်"ဆိုသောစကားသည်လည်း ကလေးများကို ခြောက်ရုံ လှန့်ရုံသာမက အမှန်တကယ်သေလောက်အောင် ကြောက်စရာကောင်း သည်ဖြစ်ကြောင်း သမ္မတ၏ ပညာရေးအကြံပေးက ထုတ်ဖော်ပြောကြားသွား သည်။

(ဒီနေ့မနက် များသွားတယ်၊ များလည်း သတင်းဆိုတော့ နောက်ကျလို့ မကောင်း ဘူးလေ။)

ဒီလိုသတင်းလေးတွေ လုပ်ပါအုံး ဦးရဲထွဋ် ရ (၃)


တရုတ်သမ္မတ ရှီကလေ ၂၀၀၂ခုကနေ ၂၀၁၂ ခုအထိ လာဘ်စားလာတဲ့ စွမ်း အင်ဝန်ကြီးဌာနအကြီးအကဲ မစ္စတာလျူကို ဆော်ထည့်လိုက်ပြန်ပြီတဲ့ဗျ၊ ထောင် ဒဏ် တစ်သက်တစ်ကျွန်းတဲ့ဗျာ။ ပိုင်ဆိုင်သမျှတွေလည်း အားလုံး ပြည်သူပိုင် သိမ်းချလိုက်တာ တဲ့။ အဲသလိုသတင်းလေးတွေပါလာရင် ဦးရဲထွဋ်တို့ဆရာ တပည့်ကို လူတွေချစ်လာမှာ၊ "ပုလင်းတူ ဖော့တုံး" လို့လည်းပြောကြမှာ မဟုတ်တော့ဘူး။
အဲဒီ သူခိုးကြီး လျူက သူ့သားနောင်ရေးအတွက် ခိုးခဲ့မိတာပါ၊ အခုနောင်တရပါ တယ်တဲ့။ မခက်ဘူးလားဗျာ။ လူတိုင်းလိုလို သားသမီးရှိနေတာကြီးကို။



စင်္ကာပူနဲ့တရုတ်ဆီက အတုခိုးရင်လည်း ကောင်းတာလေးတွေ ရွေးခိုးကြပါ ဗျာ။ တော်ကြာအိုင်းစတိုင်းပြောသလိုဖြစ်နေအုံးမယ်။ ခင်ဗျားလည်း ဝန်ကြီးတစ်ယောက်ပဲ၊ ကြားဖူးမှာပါ။
သူ့ဇနီးချောချောလေးက
"ရှင့်ကိုလက်ထပ်တာက ရှင်လို ဉာဏ်ကောင်းပြီး ကျမလို ရုပ်ချောတဲ့ကလေး ရချင်လို့" ဆိုတော့အိုင်းစတိုင်းက
"ကောင်းရောကွာ၊ ဒါပေမဲ့ ငါလိုရုပ်ဆိုးပြီး မင်းလိုအူတူတူလေး မွေးလာမှာလည်း စဉ်းစားထားအုံး" လို့ ပြောခဲ့တယ်ဆိုတာလေ။

ပြည်သူတွေ စိုးရိမ်တာက စင်္ကာပူဆီကရောတရုတ်ဆီကပါ မဟုတ်တာတွေ အတုခိုးမိကြမှာကိုတဲ့ဗျာ။ စိတ်မရှိနဲ့နော်။ ဦးရဲထွဋ်တို့ဆရာတပည့် အခုတလော နာမည်ကောင်း သိပ်မထွက်လို့ ကျုပ်က ကြားကနေ ပြောတာရတာပါဗျာ။

မွတ်စလင်တွေနဲ့ပတ်သက်လို့


မွတ်စလင်တွေနဲ့ပတ်သက်လို့ တစ်ဦး၊ တစ်ပါတီကို လက်ညှိုးထိုးပြီးရင် တောင် ကိုရီးယားအတွင်း ခရစ်ယန်ထိုးဖောက်မှုသတင်းဟောင်းက မြန်မာနိုင်ငံရေးထဲ တစ်ကြော့ပြန်လာစရာရှိတယ်။ မှန်ခဲ့ပါတယ်၊ ဒါကို ပြောလည်းပြောကြတုံး။
ဒါပေမဲ့ ကိုရီးယားမှာ အားမျှနေပြီ၊ အိပ်ပျော်နေတဲ့ ကွန်ဖျူးရှပ်နဲ့ဗုဒ္ဓဘာသာတို့ ပြန် ထလာနေကြပြီ။ ဒီကွင်းဆက်ကိုမတွေ့ရင် အခြားပြသနာတစ်ခု တက်လာမှာ။

ပေါက်တတ်ကရ အင်တာဗျူး (၃)


လူနာ။ ။ ဒေါက်တာ ကော်ဖီသောက်တိုင်း ကျနော့်မျက်လုံး
တစ်ဖက် အောင့်အောင့်နေပါတယ်။ အဲဒါ ဘယ်လိုလုပ်ရမလဲ။
ဆရာဝန်။ ။ ကော်ဖီမွှေတဲ့ဇွန်းကို အရင်ထုတ်ပြီးမှသောက်ပါ။ (နိုင်ငံခြားဟာသ)

အမေး။ ။ ဖေ့ဘုတ်သုံးတိုင် ၃၅၀ တွေ၊ ၃၆၀ တွေနဲ့ အာရုံပြားရတယ်။ အဲဒါ ဘယ်လိုလုပ်ရမလဲ။
အဖြေ။ ။ ဒါ့ပုံအမျိုးမျိုးနဲ့ ပဲပေးကောင်တဲ့ ဖရင့်တွေကို ကော်ဖီမွှေတဲ့ဇွန်းလို့ သဘောထားလိုက်ပါ။
အဲ...သူတို့က တစ်ခါသုံးဇွန်းတော့မဟုတ်ပါ။ (ကျနော်သိတဲ့ အမကြီးတစ်ယောက် လည်း စေတနာကောင်းသလို ပဲပေးလည်းအတော်ကောင်းပါတယ်၊ ကျနော်ကတော့ သူ့ဆီက တက်လာတဲ့ပို့စ်ကို ကော်ဖီမွှေတဲ့ဇွန်းလို့ သဘောထား ပါတယ်)

မျဉ်းပြိုင်တို့ဆုံရာ


"၃။ မင်းကိုနိုင်ဆီမှာ
(က) နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု(Loyalty to the Nation State)
(ခ) ကဗျာဆရာရဲ့ ရိုးသား၊ နှိမ်ချမှု (Poetic humanity and humility) နဲ့
(ဂ) ကိုယ့်အထွာကိုသိမှု (self-actualization)................"


၁။ စထရိတ်တိုင်းမ်က ဒီနှစ်အတွက် Man of Asia ဆုကို အိန္ဒိယက မိုဒီကိုပေး လိုက်တဲ့အကြောင်း အရင်တစ်ပတ်က သတင်းမှာပါလာတယ်။ အခု အန္ဓာရမှာ အိန္ဒိယန်း စကာင်္ပူမြို့တော် တည်ဆောက်မယ့် စီမံကိန်းအကြောင်းတွေ ဆက် တိုက်ပါလာတယ်။ တိုက်ဆိုင်မှုလေလား။


၂။ အရှေ့တောင်အာရှဘောလုံးပြိုင်ပွဲမှာ ငချွတ်လေး ဖိလစ်ပိုင် ခြေစွမ်းတွေပြ လာတာကို(လေတစ်လုံးမိုးတစ်လုံးတို့ကတော့ ၁၀ ယောက်နဲ့မို့ ကြက်ဥကွဲ)တွေ့ လိုက်ရသလို သဘာဝဘေးရန်တွေ့ကြုံတဲ့အခါမှာလည်း အစိုးရရဲ့ ကယ်ဆယ်ရေး အစီအမံတွေ ကောင်းလွန်းလို့ဆိုတဲ့ ချီးမွမ်းသံတွေ ထပ်ကြားရပြန်တယ်(တိကျ၊ မှန်ကန်၊ မြန်ဆန်ဆိုတဲ့ ဆရာကြီးတွေရဲ့ ကိုယ့်ဂုဏ်ကိုဖော် သတင်းစာတွေ မှာ ဖော်ပြဖို့ ရှက်စရာ သတင်းမျိုးပေါ့)။ ဒါတွေဟာ တိုက်ဆိုင်မှုသက်သက် မဟုတ်နိုင်ဘူး။



၃။ မင်းကိုနိုင်ဆီမှာ
(က) နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု(Loyalty to the Nation State)
(ခ) ကဗျာဆရာရဲ့ ရိုးသား၊ နှိမ်ချမှု (Poetic humanity and humility) နဲ့
(ဂ) ကိုယ့်အထွာကိုသိမှု (self-actualization)
သုံးခုစလုံး အလုံအလောက်ရှိနေတာကို တွေ့လိုက် ရလို့ ဝမ်းသာ၊ ဂုဏ်ယူဖြစ်မိပါ တယ်။
(၃ က တော်တော်တွေ့ရခဲတယ်၊ လေတစ်လုံးမိုးတစ်လုံးတွေဆီမှာ ဇီးရိုးပြနေ တတ်တဲ့တန်ဖိုးပဲ)

တန်ဖိုးသိတဲ့ (ရဟန်း၊ ရှင်၊) လူတွေအတွက် လေးစားမြတ်နိုးထိုက်သူဖြစ်ကြောင်း လည်း အသိအမှတ်ပြုလိုက်ပါတယ်။

Myanmar artists enjoy new freedom



*****

ကစ်ဆင်းဂျားလည်း နောက်တာပဲ


၁၈ ရာစုနှောင်းပိုင်း၊ ဂျော့ဘုရင် ၃ လက်ထက်၊ တရုတ်ပြည်ကို George McCartney ဦးဆောင်တဲ့ သံတမန်အဖွဲ့ဗြိတိသျှက စေလွှတ်တယ်။ သူတို့အဖွဲ့ကို ဂွမ်းဒေါင်းမှာလာကြိုတဲ့ တရုတ်စက်လှေမှာ ရေးထားတာက "The English ambassador bringing tribute to the Emperor of China." တဲ့။ စာဖတ်ပြီး George McCartney စိတ်ညစ်သွားတယ်။ သူ့ကိုလည်း တရုတ်ဘုရင်က လက်မခံလိုက်ဘူး၊ ဒါနဲ ဂျော့ဘုရင် ၃ ဆီ စာတစ်စောင်ရေး၊ ပြန်လွှတ်ပေါ့။
စာက "သင်တို့ကိုခွင့်ပြုလိုက်ရင် အခြားဥရောပနိုင်ငံတွေကလည်း တောင်းဆိုလာလိမ့်မယ်။ သင်တို့အားလုံးကို တရားရုံးမှာနေရာပေးထားရရင် ကျွန်ုပ်တို့ဆုံးဖြတ်ချက်တောင် ချလို့ရတော့မှာမဟုတ်" တဲ့။
နောက် အဆုံးသတ်က "သင်တို့ဆက်သလာသော လက်ဆောင်ပဏ္ဍာများကိုမူ အဝေးကြီးကနေယူလာရတာဖြစ်သဖြင့် တရုတ်ဘုရင်မင်းမြတ်က ကရုဏာရှေ့ထား၍ လက်ခံလိုက်သည်။ လိုချင်သောကြောင့်မဟုတ်၊ သင်တို့ရှိသမျှအားလုံး ကျွန်ုပ်တို့မှာလည်း ရှိပါသည်" တဲ့။

အမျိုးသမီးများ၏စိတ်သည်


အမျိုးသမီးများ၏စိတ်သည် အမျိုးသားများထက် သန့်ရှင်းသည်၊ အကြောင်းက မကြာမကြာပြောင်းလဲသောကြောင့်ဖြစ်သည်။
(Oliver Herford)

ဒါကတော့ အီးလိုက ပိုကောင်းပါတယ်။
You can lead a man to Congress, but you can't make him think.
(Milton Berle)

သင်နှစ်သက်ခဲ့ဖူးသောသီချင်းများ ထီသည်၊ အချဉ်ပေါင်းသည်တို့စပီကာထဲမှ ထွက်လာပြီဆိုလျင် သင် မငယ်တော့ဘူးမှတ်ပါ။ ဖရင့်များရဲ့ ကွန်မင့်ကိုယုံကြည် ပြီး ငယ်သေးတယ်မထင်ပါနှင့်။ (ဇင်ဝေသော်)

မှော်ဆရာရဲ့ ကြက်တူရွေး (ညီမလေးကို ပြောမိတဲ့ ပုံပြင်)


ညီမလေးကို ပုံပြောပြရမယ်။ ဒါပေမဲ့ ဒါက ဟယ်ရီပေါ်တာဇာတ်လမ်း အသစ် မဟုတ်ဘူးနော်၊ မြို့ပေါ်က ဇာတ်တွေ၊ ဆိုင်းတွေထဲမှာ လူရွှင်တော်လိုက်လုပ်တဲ့ တို့ရွာဦးလေးကြီးတစ်ယောက်ပြောပြတဲ့ပုံပြင်ပါ။ ဒီလိုတဲ့ ၊ ရှေးရှေးတုန်းက သာသာ ယာယာရှိနေခဲ့တဲ့ ရွာလေးတစ်ရွာဆီ မှော်ဆရာကြီးတစ်ယောက်ရောက် လာခဲ့ တယ်။ ရွာသားတွေဆိုတော့ အစပိုင်း သူ့ကိုကြောက်နေကြတာပေါ့။ အဆက် အဆံလည်း မလုပ်ကြဘူး။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ မှော်ဆရာကြီးရဲ့စကားကို ယုံကြည်လာကြပြီး မှော်ဆရာကြီးကိုလည်း ဆရာတစ်ဆူလိုတင်ပြီး ကိုးကွယ် လာကြတော့တယ်။
မှော်ဆရာကြီး သူ တို့ကိုပြောပြတတ်တာက ရွာလေးမှာ အန္တရာယ်ဆိုးတွေ ကျရောက်လာစရာရှိတယ်၊ ဒီအန္တရာယ်တွေကနေ အကာအကွယ်ပေးဖို့ သူရောက်လာတယ်ပေါ့။ သူက မှော်ဆရာကြီးဆိုတော့ ဘယ်နေ့မှာ၊ ဘယ်နေရာ မှာ ဘာဖြစ်မယ်ဆိုတာအထိ ပြောပြနိုင်တယ်။ (သူက မှော်ဆရာကြီးဆိုတော့) သူပြောတဲ့အတိုင်းလည်း ဖြစ်ဖြစ်လာတယ်။ (သူက မှော်ဆရာကြီးဆိုတော့) အန္တရာယ်ဖြစ်ပြီဆိုရင်လည်း သူရောက်ရောက်လာတယ်၊ (သူက မှော်ဆရာကြီး ဆိုတော့) အန္တရာယ်နဲ့ရင်ဆိုင်ရတိုင်းလည်း သူကပဲ နိုင်တာပေါ့ ညီမလေးရယ်။

နှစ်တွေအတော်ကြာလာတော့(နှစ်ပေါင်း ၆၀ ကျော်ဆိုလား၊ ဒါကိုတော့ တိတိ ကျကျမမှတ်မိဘူး) စဉ်းစားတတ်တဲ့လူတွေက စဉ်းစားလာတယ်(အဲ မစဉ်းစား တတ်တဲ့လူတွေကတော့ မစဉ်းစားတတ်ဘူးပေါ့ကွာ)။ မှော်ဆရာကြီးက ရွာကို ကယ်တင်တယ်ဆိုပေမဲ့ ဒီအန္တရာယ်တွေက မှော်ဆရာကြီးရောက်လာမှ ကြုံတွေ့ လာရတာလေ။ အရင်က ဒါမျိုးမရှိခဲ့ဘူး။

ဘယ်လိုအန္တရာယ်တွေလဲ ဟုတ်လား??
ဝက်ပြောက် နွားပြောက်တို့၊ မိစ္ဆာကောင်တွေရောက်တို့ပေါ့၊ ဒါကတော့ ဟယ်ရီပေါ်တာနဲ့ဆင်တယ်။ အဲသလို စဉ်းစားတတ်တဲ့လူတွေများလာတော့ လူတွေက မှော်ဆရာကြီးမယုံကြည်ကြတော့ဘူး။ မစဉ်းစားတတ်တဲ့လူတွေကတော့ ယုံကြတာပေါ့ညီမလေးရယ်။ မှော်ဆရာကြီး ကို မရိုမသေလုပ်ရင် အသေဆိုးနဲ့သေရမယ်၊ ခင်ပွန်းကြီး ၁၀ ပါး၊ ၁၁ ပါး မပြစ် မှားကောင်းဘူစသဖြင့်ပေါ့။ ဒါနဲ့ ရွာလေးလည်း နှစ်ခြမ်းကွဲတော့တာပေါ့ ညီမလေးရယ်။ ဝမ်းနည်းစရာ။

ဒါနဲ့ မှော်ဆရာကြီးကို မယုံကြည်တဲ့ရွာသားတွေက မှော်ဆရာကြီးကို တော် လှန်ရေးစလုပ်ကြတယ်။ ပိုပြီးဝမ်းနည်းစရာကောင်းတာက တော်လှန်ရေး က မှော်ဆရာကြီးကိုမထိဘဲ ရွာသားအချင်းချင်းပဲထိနေတာလေ။ မှော်ဆရာကြီး ကို မယုံကြည်တဲ့ အုပ်စုနဲ့ ယုံကြည်တဲ့အုပ်စု အပြန်အလှန်သတ်ဖြတ်နေကြတာ တဲ့။

တိုတိုပြောရရင် တဖြည်းဖြည်းနဲ့ မယုံကြည်တဲ့အုပ်စုမှာ လူတွေများလာတယ်။ ဒီတော့ တော်လှန်ရေးလည်း အားကောင်းလာတယ်ပေါ့ကွယ်။ နောက်ဆုံး မှော် ဆရာကြီးကို သူတို့အနိုင်ရပြီး သူ့ကိုလည်း သတ်ပစ်လိုက်ကြတယ်။ ခက်တာက မှော်ဆရာကြီးက မသေဘူး။ ပြန်ပြန်ရှင်လာတာ။
ဒီမှာလည်း စဉ်းစားတတ်တဲ့လူတွေက စဉ်းစားလာတယ်(အဲ မစဉ်းစားတတ်တဲ့ လူတွေကတော့ မစဉ်းစားတတ်ဘူးပေါ့ကွာ)။ မှော်ဆရာကြီးအသက်က သူ့ခန္ဓာ ကိုယ်ထဲမှာ မရှိလို့ဖြစ်ရမယ်။ မှော်ဆရာကြီးကိုသတ်လိုက်တိုင်း သူအနားက ကြက်တူရွေးလေးပဲသေသွားတယ်။ ဒါဆို မှော်ဆရာကြီးက သူ့အသက်ကို ကြက်တူရွေးလေးရဲ့ ခန္ဓာကိုယ်ထဲမှာထားတာဖြစ်ရမယ်လို့ တွေးတောကြည့်ကြတယ်။ ဒါကြောင့် ဒီတစ်ခါ မှော်ဆရာကြီးကိုမသတ်ဘဲ ကြက်တူရွေးလေးကိုရအောင်ဖမ်းပြီး လည်လိမ်သတ်မယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။
သူတို့တွက်ကိန်းမှန်သွားတယ်။ ကြက်တူရွေးလေးကိုရအောင်ဖမ်းနေတဲ့ရွာသားတွေကို မှော်ဆရာကြီးကအသေအလဲတိုက်ခိုက်တာ တဲ့။ အဲ နောက်ဆုံး ကြက်တူရွေးလေးကိုဖမ်းပြီး လည်လိမ် သတ်လိုက်တော့ မှော်ဆရာကြီးလည်း "ဂစ်" ဆို လည်ပင်းကြီးခွေခေါက်ပြီးသေ သွားတော့သတဲ့။ အဲ ခဏနေတော့ ကြက်တူရွေးလေးက ထပျံပြေးသွားသတဲ့ ညီမလေးရဲ့။

ရေးထားတဲ့စာနဲ့ ဓာတ်ပုံက ဘာမှမဆိုင်ဘူး ဟုတ်လား???
ဆိုင်တော့ ဆိုင်မှာပါညီမလေးရာ။ မဆိုင်ဘူးဆိုလည်း ဆိုင်ဆိုင် မဆိုင်ဆိုင် ပုံပြင်လေးကိုမှတ်ထား။ နော် ညီမလေး။ ။

စကားပြောသော ဓာတ်ပုံများ(၆)


၁။ သူတို့လေးတွေ ကိုယ့်ယဉ်ကျေးမှုအတိုင်း ဝတ်စားထားတဲ့အခါ ဝမ်းသာ ဂုဏ် ယူတတ်ကြသလို ကိုယ့်ကလေးတွေ သူတို့ယဉ်ကျေးမှုအတိုင်း ဝတ်စားတာကို နားလည်နိုင်ရင်
၂။ သူတို့ကိုးကွယ်မှုကနေ ကိုယ့်ကိုးကွယ်မှုဆီပြောင်းလာတာကို သဘောခွေ့ သလို ကိုယ့်ကိုးကွယ်မှုဆီကနေ သူ့ကိုးကွယ်မှုဆီပြောင်းသွားတာကို ခွင့်လွှတ်နိုင် ရင်
၃။ နိုင်ငံရေး၊ လူမှုရေးပြသနာ တစ်ဝက်ကျော် အေးငြိမ်းသွားတယ်။ (၅၇ ရာခိုင်နှုန်းတဲ့)

ရန်သူငါးယောက်


၁၊ ရေ။ ရေကြီး၊ ရေပြတ်မှု(နိုင်ငံရဲ့ အစိတ်အပိုင်းလေးတစ်ခုကိုပဲ ထိခိုက်။ နာဂစ်အပါအဝင်)
၂။ မီး။ တော၊ ရွာ၊ မြို့မီးလောင်မှု၊ (နိုင်ငံရဲ့ အစိတ်အပိုင်းလေးတစ်ခုကိုပဲ ထိ ခိုက်။) ခေတ်သစ်အခြေအနေအရ သတ်မှတ်မှု။ ။ ဒါပေမဲ့ ရေပြတ်မှုကို ရန် သူခေါ်ရင်မီးပြတ်မှုလည်းရန်သူ၊ သဘာဝမီးကို လျပ်စစ်နဲ့ အစားထိုးလာ တဲ့ခေတ်မှာ လျပ်စစ်မီး မရ၊ အားမပြည့်၊ ပျက်လည်းရန်သူပဲ၊ မြန်မာပြည်ဟာ စက္ကန့်နဲ့အမျှ ဒီရန်သူကို ရင်ဆိုင်နေရ။
၃။ သူခိုး။(နိုင်ငံရဲ့ အစိတ်အပိုင်းလေးတစ်ခုကိုပဲ ထိခိုက်)
၎။ သားသမီးဆိုး။ (မိဘ၊ မိသားစု၊ ဆွေမျိုးလောက်ပဲ ထိခိုက်)
၅။ မင်း၊ အစိုးရ။ လူ့အဖွဲ့အစည်းတစ်ခုလုံးကိုထိခိုက်။
(ဆောင်းပါးအရှည်တော့ နောက်မှပဲ)

၁ နဲ့ ၂ က သက်မဲ့ဘေး၊ ၃၊ ၄၊ ၅ က သက်ရှိဘေးလို့ ပြန်ခွဲ၊ ဘေးအကြီးအသေးကို ထပ်စီစစ်နိုင်။

ကမ္ဘာမြေကိုကယ်တင်မယ်၊ ဘိုဝင် ဘက်မန်း(Bowen Beckman)၊ ၆ နှစ်၊ မူကြို


ဒေါ့ကူမင်ထရီတွေ ဘယ်နှခါကြည့်ဖူးကြပါသလဲ။ ဒေါ့ကူမင်ထရီထဲ က ရေခဲေ တွပြိုဆင်းလာမှုကြောင့် အိမ်ယာမဲ့ဖြစ်လာရတဲ့ ရေခဲတောင်ဝက်ဝံတွေရဲ့ဘဝကို သနားမိလို့ မစ္စတာ ဘိုဝင်ကတော့ ဒီစီမံကိန်းကို စတင်ခဲ့ပါသတဲ့။ သူ့စီမံကိန်းကတော့ သူနေတဲ့ ကွန်ဒိုတွေဆီက ရီဆိုက်ကယ်စွန့်ပစ် ပစ္စည်း (စက္ကူ၊ ရေဗူး၊ ပုလင်းခွံ)တွေကို စနစ်တကျသိမ်းဆည်းပြီး သူ့အမှိုက်ပုံးနဲ့သူ စွန့် ပစ်ခြင်းပါ။ အင်္ဂါနေ့တိုင်း မနက် ငါးနာရီထပြီး သူအမှိုက်သိမ်းတယ်။ သူ့လက် ထဲမှာ အမှိုက်အိပ်လေးအိပ်ထက်ပိုမဆွဲနိုင်တော့ အမှိုက်ပုံးကို လိုက် တွန်းပေး ရသူကတော့ အမေရိကန်လူမျိုး၊ အာခီတက်ပညာရှင် ကာ့တ်ဘက်မန်း (Kurt Beckman) ပဲပေါ့။

"တစ်ခါတစ်ခါ အိပ်ယာက ထဖို့တော့ခက်တာပေါ့၊ ဒါပေမဲ့ ဒီအလေ့ အကျင့်ေ ကာင်းကို ကျနော်ဆက်လုပ်မယ်၊ ကမ္ဘာမြေကိုကယ်တင်မယ်ရမယ်" လို့ မစ္စတာ ၆ နှစ်သားကဆိုထားလေရဲ့။

ဒါတွေကို သူလုပ်ဆောင်နိုင်ဖို့ ကွန်ဒိုအုပ်ချုပ်ရေးအဖွဲ့ရဲ့ခွင့်ပြုချက်လည်း ရယူရ ပါတယ်၊ ဒီ ခွင့်ပြုချက်ရအောင်လည်း သူကိုယ်တိုင် အစီအစဉ်တွေဆွဲ၊ သူကိုယ် တိုင်ပဲ ခွင့်ပြုမိန့်တောင်းခံခဲ့တာပါ။ ဘုတ်အဖွဲ့လူကြီးတွေအတွက်တော့ မျက် လုံးပြူးသွားစရာပါ။ အခုဆို သူနဲ့အရွယ်တူကလေးအဖွဲ့ ၁၈ ယောက်တောင် ရှိနေပြီး ကမ္ဘာမြေကိုကယ်တင်နေကြပါပြီ။
သူရတဲ့ လစဉ်မုန့်ဖိုး ဒေါ်လာ ၇၂ ထဲကနေ သူ့အဖေရဲ့ အာဖရိက စာသင်ေ ကျာင်းဆောက်လုပ်နိုင်ရေး စီမံကိန်းအတွက် လစဉ် ဒေါ်လာ ၅၀ လှူနေတယ်။
"ကမ္ဘာကို ပြောင်းလပစ်ချင်တယ်၊ ကျနော်နဲ့ အရွယ်တူကလေးတွေကို ဒီသတင်း အကြောင်း ပြောပြရင်းနဲ့ ဖြစ်ဖြစ်ပေါ့" တဲ့။





လူကြီးတွေက အချိန်နှောင်း၊ ခေါင်းမလို့များ သူပြောပြချင်တဲ့စာရင်းထဲ ထည့် မသွားတာလေလားလို့ ဒီနေ့မနက် စဉ်းစားနေမိပါတယ်။

ကွန်ဂရက်ကျူလေးရှင်း ဘွိုင်း။ ယူ ဂျင်တယ်ဘွိုင်း ဂေါ့တဆေ့ဗ် သဝါးဒ်။
(Congratulations boy. You, gentle boys gotta save the world.)

ရှင်အရဟံနေ့


သီရီလင်္ကာယဉ်ကျေးမှုအရ မနေ့က သင်္ဃမိတ္တနေ့ပေါ့။ သီဟိုဠ်ကျွန်းကို ဘုရင့် သမီးတော် ရောက်တဲ့နေ့။
အဲသလိုပဲ ပုဂံကို ရှင်အရဟံရောက်တဲ့နေ့ကို တွက်ချက် (မှန်းဆ) ပြီး ရှင်အရဟံနေ့ သတ်မှတ်ထားရရင် မဆိုးလောက်ဘူး။
သမိုင်းပညာရှင်တွေနဲ့ညှိပြီး မဘသဆရာတော်တွေ ဦးဆောင်ကြည့်ရင် ဖြစ်နိုင် တယ်။




ပြန်ကိုပြန်ရမယ့် ကွန်မင့်


Par Par "ဝိနည်းတတ် ကြက်သတ် ဆိုတာကကော ရှင်းပြပါ ဘုရား"

ဒီ စကားပုံက နည်းနည်းတော့ လက်လွန်တယ်ထင်ပါတယ်။ ဝိနည်းသိရင် တချို့ အပြစ်ကို ရှောင်နိုင်တယ်ဆိုတဲ့အဓိပ္ပါယ်ပါ။
ဥပမာ။ ။ သာမဏေတွေနဲ့ တစ်မိုးထဲကျောင်းအောက်မှာ "တစ်ညလုံး" အတူ"မအိပ်ရ" ဆိုပါစို့။ ဒါက ဥပဒေ။
ဒီဥပဒေမှာ "တစ်ညလုံး" ဆိုတာကို ထောက်ကြည့်ရင် ညဝက်တော့ရတယ်ပေါ့။
ဒီတော့ မဖြစ်မနေ အိပ်ရတော့မယ်ဆိုတဲ့ရဟန်းက "အာရုံမတက်ခင်" အိပ်ယာက "ထ" လိုက်တယ်။
အပြစ်လည်းလွတ်၊ အားလုံးလည်းအဆင်ပြေပေါ့။ ဒါမျိုးပါ။ ကြက်သတ်လို့တော့ ရမယ်မထင်ဘူး။

ရဟန်းဝိနည်းလူ့ဝိနည်း


(ဤစာကို ပုဂ္ဂိုလ်ရေးထက်သံဃာကို ကိုယ်စားပြုသည့်စာဟုဖတ်ရှုလျင် ဒကာ၊ ဒကာမများအတွက် သဒ္ဓါပွားဖွယ် ပိုဖြစ်စေပါလိမ့်မည်။)



ဤသို့ ဖြစ်ခဲ့ဖူး၏။ ထိုင်ဝမ်ခရီးစဉ်မှာ အစားအသောက် အချိန်မမှန်ခြင်း၊ စားရ သည့်ဆန်များက စေးလွန်းခြင်းကြောင့် ကာလရှည်ကြာ ဒုက္ခပေးနေခဲ့သည့် အစာ အိမ်ရောဂါ ပြန်ထလာသည်။ သို့ဖြင့်ထိုင်ပေအရောက်တွင် ဆရာဝန်နှင့်တွေ့ဖို့ အထိ အကြောင်းဖန်လာခဲ့လေတော့သည်။ ထိုင်ဝမ်မှာ တစ်ခုခုဆိုလျင် ရောဂါကြီး သည် ငယ်သည် ပဓာနမထားဘဲ ဆေးရုံသို့သာသွားတတ်ကြသည်၊ ဆေးခန်းများ သိပ်ပြီးခေတ်မစားလှဟု ခရီးလမ်းညွှန်က ရှင်းပြသည်။ ရှိစေ။

ဆေးဝါးကုသမှုခံယူအပြီး ကုန်ကျငွေဘောင်ချာကို ထိုခရီးလမ်းညွှန်က ပေး ပြီး ကျောင်းဥက္ကဋ္ဌနှင့်ရှင်းကြသည်။ စင်္ကာပူရောက်လျှင် ဆက်လက်လုပ်ဆောင် သင့်သည့် ကိစ္စများကိုလည်း ထိုဝမ်ဆရာဝန်က လမ်းညွှန်လိုက်သည်။
ပြောချင်သည်က ဤကိစ္စဖြစ်ပါသည်။ ခရီးသွားစဉ် ကျန်းမာရေးစသည့်အာမခံ (အင်ရှူးဝါးရင့်စ်)များဝယ်ယူခဲ့ကြသဖြင့် ကုန်ကျငွေအားလုံးကို အာမခံကုမ္ပဏီမှ ကျခံရမည်ဖြစ်လေသည်။ဆက်လက်လုပ်ဆောင်စရာများကို တစ်ပတ်အတွင်း အပြီးလုပ်ဆောင်ပြီး စုစုပေါင်းကုန်ကျငွေကို အာမခံကုမ္ပဏီမှတောင်းခံ မည်ဖြစ်ကြောင်း ကျောင်းအပြန်လမ်းပေါ်မှာ ဥက္ကဋ္ဌက လျှောက်ထားသည်။

ဤမှာ စဉ်းစားစရာဖြစ်သွားပါတော့သည်။
ကျန်းမာရေးအာမခံ (အင်ရှူးဝါးရင့်စ်) များဝယ်ယူခဲ့ကြသဖြင့် ကုန်ကျငွေအားလုံးကို အာမခံကုမ္ပဏီမှ ကျခံရမည်ဆိုသည့် လူ့ဥပဒေအရ ဤကိစ္စက အမှန်ပင်ဖြစ် သည်။ ရသင့်၊ ယူသင့်သည့် အခွင့်အရေးဖြစ်သည်။ သို့သော် ရဟန်းဝိနည်းအရ စဉ်းစားစရာဖြစ်လာသည်။
၁။ ဒီရောဂါက ထိုင်ဝမ်ခရီးစဉ်ကြောင့် ဖြစ်ရတဲ့ရောဂါလား၊ မဟုတ်ပါ။ ကာလရှည်ကြာဖြစ်နေခဲ့သည့် ရောဂါဖြစ်သည်။ ထိုင်ဝမ်ခရီးစဉ် တိုက်ရိုက်မဆိုင်။
၂။ သို့ဖြစ်လျှင် လူ့ဥပဒေအရ ဤသို့တောင်းခံသော် ရဟန်းဥပဒေနဲ့ ပြစ်မှုလွတ်၊ မလွတ်။ လိမ်လည်မှုလေလား။

လိမ်လည်မှုတစ်မျိုးဟုထင်ပါသည်။ ထိုင်ဝမ်ခရီးစဉ်အတွင်း ကားအက်ဆီးဒင့်ဖြစ် သဖြင့် ဆေးရုံးရောက်ခဲ့ရသည့်အဖြစ်မျိုးဆိုလျင် တောင်းခံရန်သင့်သော်လည်း ထိုင်ဝမ်မသွားခင်ကတည်းကရှိနေပြီးသား ဤရောဂါအတွက် အာမခံကုမ္ပဏီ မှတောင်းခံခြင်းမျိုးကမူ မသင့်တော့ပါ။ လူ့ဥပဒေအရ မှန်ပြီး ရဟန်းဥပဒေအရ မှား၏။
ထို့ကြောင့် ဒေါ်လာလေး တစ်ရာနှစ်ရာနဲ့ ရဟန်းသိက္ခာ မထိစေလိုကြောင်း ရှင်းပြတော့ ဥက္ကဋ္ဌကသဘောပေါက်သွားပြီး
"မှန်တယ် ဘန္တေ၊ ဤသို့တောင်းခံခြင်းသည် လူအတွက်သာမှန်ပြီး ရဟန်းတစ်ပါး အတွက် မှားနေတယ်"
ဆိုကာ သူသာ စိုက်ပေးလိုက်တော့သည်။
(အမှန်မူ ဤစာမျိုးကို တန်ဆောင်မုန်းလပြည့်၊ သာမညဖလနေ့မျိုးမှာ တင်သင့်၏၊ ဒုတိယသက္ခာပုဒ်က သိမ်မွေ့လွန်းသည်၊ အကဲစမ်းလို့ မရ)

ဆောရီးပဲ ကိုဝန်းသို


ချယ်လ်ဆီးရှုံးသွားပြီ။ ၁၁ ယောက်စီမှာ ၂ ဂိုးပြတ်ပြီး နယူးကာဆယ် ရဲ့ တေလာ နှစ်ဝါနဲ့နီသွားပေမဲ့ တစ်ဂိုးသာပြန်ရပြီး သရေမရလိုက်ဘူး။
နယူးကာဆယ် ၂ ချယ်လ်ဆီး ၁။

ဖေ့စ်ဘုတ် ပရိုဖိုင်


လက်ပန်ရွာသား
ဖိုးစိန်ဆင့်သား အငယ်ဆုံးကောင်
အက်ဂျူကေးရှင်း လေးတန်းအောင်။

မဟာဂန္ဓာရုံဆရာတော်ကြိုက်တယ်
တာရာမင်းဝေကြိုက်တယ်
သစ္စာနီကြိုက်တယ်
ဆမ်မြူယယ် ဟန်တင်တန် ကြိုက်တယ်
ဖူကူယားမား မကြိုက်ဘူး။

မန်ချက်စတာ ယူနိုက်တက် ကြိုက်တယ်
မန်စီးတီး မကြိုက်ဘူး။

နိုင်ငံရေး လစ်ဘရယ်
ဘာသာရေး လစ်ဘရယ်
ဖေ့စ်ဘုတ်မှာ အကြီးစား ကွန်ဆာဗေးတစ်။

ဟျေင့်ဒေ
ဖရင့်ဆိုတာကို အဘိဓာန်ကြည့်
အထက်အောက် ဆက်ဆံရေးမဟုတ်ဘူး
ထောင့်ဖြတ်ဆက်ဆံရေးမဟုတ်ဘူး
မြေပြင်ညီဆက်ဆံရေး။

ဘကြီးမိုးပြောတဲ့ မိုက်ကယ်အဲရစ်အကြောင်း (မဟာဂန္ဓာရုံ ရောက်ဖူးချင်တယ်၊ စုကိုပြောပေးပါ)


ဒါကိုမပြောခင် အနည်းငယ်တော့ ခြေဆင်းပျိုးမှ လိပ်ပတ်လည်မယ်ထင်ပါတယ်။ မနှစ်ကနှစ်ဦးပိုင်းမှာ လီကွမ်းယုစာအုပ်ကော်ပီရိုက်ရဖို့ စကားပြောစဉ် စထရိတ် တိုင်းမ် အိတ်ဇက်ကူးတစ်ဒါရိုက်တာ ရှယ်လီက "လီကွမ်းယုစာအုပ်ကို မြန်မာတွေဖတ်ဖို့ ဘာသာပြန်ရင် ငါတို့ဖတ်ဖို့ အောင်ဆန်း စုကြည်အကြောင်းလည်း မင်းရေးပေးသင့်တယ်၊ ငါတို့ထုတ်ဝေမယ်"
"အင်္ဂလိပ်လို အောင်ဆန်းစုကြည်အကြောင်းစာအုပ်တွေအများကြီးပဲ"
"မြန်မာလူမျိုးတစ်ယောက်ရေးတာဆိုရင် ပိုပြီးအတွင်းကျမယ်၊ ဥပမာ အောင်ဆန်း စုကြည်;What other people say ဆိုတာမျိုးပေါ့"

ဒါနဲ့ ကြိုးစားကြည့်မယ်ဆိုတဲ့ နှုတ်ကတိလောက်ပဲပေးပြီး ချဉ်းကပ်ကြည့်ခဲ့ပါတယ်။ အရေးအခင်းကာလနဲ့နောက်ပိုင်းကာလတွေအတွင်း ဒေါ်စုနဲ့အထိုက်အလျောက် အနီးကပ်ရှိနေခဲ့တဲ့ ရှေ့မီနောက်မီလူတချို့နဲ့လည်းတွေ့ဖြစ်၊ မေးမြန်းဖြစ်ခဲ့ပါတယ်။ ဒီအထဲမှာ ဦးမိုးသူ (ဘကြီးမိုး) လည်းပါဝင်ခဲ့ပါတယ်။ ပေါ့တော့တော့ လုပ်မရတဲ့ အလုပ်၊ ကိုယ့်ဖက်က အချိန်မပေးနိုင်မှု(စာရေးတာက အားတဲ့အချိန်လေး ဝဋ်ကြွေးမို့ရေးနေရတာပါ)ကြောင့် ကျေနပ်လောက်တဲ့အဆင့်အထိ မရောက်ခဲ့၊ မပြင်ဆင်နိုင်ခဲ့ပါဘူး။
ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေကြောင့် ဒီနေ့ အနေအထားမှာ ဒေါ်စု အကြောင်းကို စထရိတ်တိုင်းမ်က စိတ်ကောဝင်စားသေးရဲ့လားဆိုတာကပင် မရေရာတော့ပါ။ ဘယ်လိုပဲဖြစ်စေ...
"ဒါလေးတော့ မပါပါအောင် ရေးပေးပါ"
ဆိုတဲ့ ဘကြီးမိုးစကားကို ကြားယောင်မိ ရင်း ...........
မကျေနိုင်ခဲ့တဲ့တာဝန်အတွက် ဘကြီးမိုးကို တောင်းပန်စကားဆိုရင်း..............
**************************************************************************

"မိုက်ကယ်အဲရစ်ကလည်း မြန်မာပြည်ရောက်နေခိုက်၊ ဒေါ်စုကလည်း အထက်မြန်မာပြည် စည်းရုံးရေးခရီးစဉ်ထွက်ဖို့ရှိတဲ့အချိန်ပေါ့။ မိုက်ကယ်အဲရစ်က ဒီခရီးစဉ်မှာ သူလည်းလိုက်ချင်တယ်၊ သူလိုက်ချင်တဲ့အကြောင်းက အမရပူရ၊ မဟာဂန္ဓာရုံကျောင်းကို ရောက်ဖူးချင်လို့ပါ။ ဒေါ်စုကလည်း သူပါလာရင် သူ့အ တွက်ရော အားလုံးအတွက်ပါ ကောင်းကျိုးမဖြစ်နိုင်လို့ သူလိုက်ချင်တယ်ပြော တိုင်း " နိုး" ပဲဖြေတယ်။
ကျွန်တော်နဲ့ဒေါ်စု ရင်းနှီးမှုရှိတာရယ်၊ ကျွန်တော်ပြောရင် ရနိုင်တယ် ထင်တာ ရယ်ကြောင့် သူ့မိန်းမကို ရအောင်ပြောပေးဖို့ ကျွန်တော့်ကို အပူကပ်ပါတယ်။ "ဘကြီးမိုးရယ်၊ သူမပါစေချင်တဲ့ နိုင်ငံရေးထဲကို ကျွန်တော်လုံးဝမပါပါဘူး၊ နိုင် ငံရေးနဲ့ပတ်သက်လို့ စကားတစ်ခွန်းမှတောင် မဟမိဖို့ ကတိပေးပါတယ်၊ မြန် မာပြည်ရောက်တုန်း မဟာဂန္ဓာရုံကျောင်းကိုတော့ ရောက်ဖူးချင်လို့ပါ "
.........................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................
(နိုင်ငံရေးကိစ္စတွေကို ချန်ထားခဲ့ပါမယ်)



တိုတိုပြောရရင်တော့ သူမသေခင် မဟာဂန္ဓာရုံကျောင်းကိုရောက်ဖူး သွားခဲ့ တယ်ပေါ့ဗျာ။ မိန်းမကိုချစ်သလို အဲသလောက်လည်း လူကြီးလူကောင်းဆန်တဲ့ ပုဂ္ဂိုလ်ပါ။ ဘယ်တော့မှ နိုင်ထက်စီးနင်း မလုပ်၊ မပြောတဲ့ လူ။ ဒေါ်စု တစ်ခုခု ဆိုရင် အဲသလောက်နားလည်မှုရှိ၊ အဲသလောက်ချစ်တဲ့ ခင်ပွန်းရှိနေတာလည်း အကြောင်းတစ်ရပ်ဆိုတာ ပေါ်လွင်အောင် ရေးပေးပါ" တဲ့။

တောင်းပန်ပါတယ် ဘကြီးမိုး။ ကျနော်ဟာ တာဝန်မကျေတဲ့ အညံ့စား လူတစ်ယောက်ပါ။

(ဘကြီးမိုးက "မစု" ဆိုတာထက် ဒေါ်စု ဆိုတဲ့ဝေါဟာရကို ဂရုတစိုက် သုံးစွဲသွား ခဲ့ပါတယ်။)

အစစအဆင်ပြေအောင် စီစဉ်ပေးခဲ့တဲ့ ကဗျာဆရာ မောင်စိမ်းနီ၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်း အယ်ဒီတာချုပ်ကို ကျေးဇူးစကားပြောဖို့ ကျန်နေရစ်ခဲ့ပါတယ်။



စကားပြောသော ဓာတ်ပုံများ(၅)


ပညာရေးစနစ်မကျေနပ်လို့ ဘွဲ့ဝတ်စုံတွေဝတ်ပြီးဆန္ဒပြတာကို ဝေဖန်မယ်ဆိုရင် ဒီနိုင်ငံခြားသားနှစ်ယောက်ကိုလည်း ဝေဖန်သင့်တယ်။ သူတို့ကမှ သမ္မတနဲ့ လွှတ်တော်တစ်ခုလုံး ဆိုက်ကားပေါ်ရောက်အောင် လုပ်ပြသွားတာ။ ဒီကိစ္စငြိမ်မနေသင့်ဘူး။ ပန်းကုံးသိုင်းထားလည်း ဆိုက်ကားကဆိုက်ကားပဲ။

ပုစ္ဆာတော့မတူ၊ ဖြေနေကြပါပြီ



*****

အဘိဓမ္မာစာမေးပွဲ မေးခွန်းလွှာ




(စင်္ကာပူစာဖြေဌာန၊ မင်္ဂလဝိဟာရကျောင်း၊ ဒီနေ့ တစ်နာရီမှာ အဘိဓမ္မာ စာမေးပွဲဖြေဆိုကြမည့် ကျောင်းသူ၊ ကျောင်းသားများအတွက် ထူးရှယ်။)

၁။ မိဘပြည်သူများခင်ဗျား ဟုပြောနေသော ဦးသိန်းစိန် သဏ္ဍာန်၌ ဖြစ်ပေါ်နေေ သာ စိတ်အမည်ကို အဘိဓမ္မာအမြင်အရ တိကျစွာ ဖော်ပြခဲ့ပါ။

၂။ တစ်လင်တစ်မယားစနစ် ဥပဒေရေးဆွဲသူတို့သဏ္ဍာန်၌ဖြစ်ပေါ်နေသော စေ တသိက်အမည်ကိုဖော်ပြပြီး ယင်းနှင့်ယှဉ်ဖက်စိတ်တို့ကို မလွဲအောင်တွဲစပ်ပြပါ။

၃။ ပရမတ္ထတရားလေးပါးရှိသလို လေးပွင့်ဆိုင်ဆွေးနွေးပွဲရှိနိုင်၊ မရှိနိုင်အထောက် အထားပြဖြေဆိုခဲ့ပါ။

၎။ ဘယ်အစိုးရတက်တက် အလုပ်သမားက အလုပ်လုပ်ရမယ်၊ ဘုန်းကြီးက တရားဟောရမယ်(တချို့က အွန်လိုင်း၊ အော့ဖ်လိုင်း)။ တို့နဲ့ မဆိုင်ဆိုသူ၏ စိတ်ကို ဥပေက္ခာစိတ်အမည် ပေးလို့ရ၊ မရ အကြောင်းပြဖြေဆိုခဲ့ပါ။

၅။ လောက၌ ရွေးကောက်ပွဲဝိမုတ္တိ (ရွေးကောက်ပွဲဝင်ခွင့်မရှိသူ) ရှိသည်ဟု ဆိုကြ ၏။ ထို့အတူ ခန္ဓာမှလွတ်သောတရား ရှိပါသလား။ နိဗ္ဗာန်သည် ဘယ်ခန္ဓာထဲမှာ ပါသနည်း။ တိကျစွာဖြေဆိုခဲ့ပါ။

(ဒါဆို အောင်မှတ်ရပြီ)

အာရှနဲ့တရုတ်(လူ့ယဉ်ကျေးမှုပဋိပက္ခ)


ဒါပေမဲ့ အရှေ့အာရှတွင်း နိုင်ငံတွေအနေနဲ့ သူတောင်းဆိုမယ့် အောက်ပါ အချက်တွေထဲက အချို့(သို့)အားလုံးကို ဖြည့်ဆည်းလိုက်နာကြဖိုတော့ တရုတ် က မျှော်လင့်ထားဟန်ရှိပါတယ်။(၁၀ ချက်မှာ ၉ ချက်က တော်တော်မှန်ပါတယ်)

၁။ တရုတ်ရဲ့ နယ်မြေခြင်းပေါင်းစပ်မှုကို ထောက်ခံ၊ တိဗက်နဲ့ရှင်ကျန်ပြည် နယ်တွေ အပေါ်ထိန်းချုပ်ထားမှုကို ထောက်ခံ၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့ တရုတ် ပြည်အတွင်း ပေါင်းစပ်မှုကို ထောက်ခံဖို့

၂။ တောင်တရုတ်ပင်လယ်နဲ့မွန်ဂိုလီးယားတို့အပေါ် တရုတ်ရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို လက်ခံဖို့

၃။ စီးပွားရေး၊ လူ့အခွင့်အရေး၊လက်နက်ဖြန့်ဖြူးရေး၊အခြားကိစ္စရပ်တွေနဲ့ ပတ် သတ်ပြီး အနောက်နဲ့တရုတ်တို့အငြင်းပွားရင် တရုတ်ဖက်ကထောက်ခံဖို့

၎။ ဒေသတွင်း တရုတ်စစ်တပ်ရဲ့ သြဇာလွှမ်းမိုးမှုကို လက်ခံ၊ တရုတ်လွှမ်းမိုးမှုကို စိန်ခေါ်လာနိုင်တဲ့ အနုမြူနဲ့အခြားလက်နက်တွေပိုင်ဆိုင်ရေး ကြိုးစားမှု ကနေ ရှောင်ကြဉ်ဖို့

၅။ တရုတ်အကျိုးစီးပွားနဲ့ လိုက်လျောညီထွေရှိမယ့် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံ မှု ပေါ်လစီတွေကို မွေးစားကျင့်သုံး၊ တရုတ်စီးပွားရေးဖွံ့ဖြိုးမှုကို အထောက် အကူ ဖြစ်စေရန် ပြုမှူဖို့၊

၆။ ဒေသအတွင်းပြဿနာတွေကိုကိုင်တွယ်ဖြေရှင်းရာမှာ တရုတ်ရဲ့ ဦးဆောင်မှုကို အလေးထားဖို့

၇။ တရုတ်လူမျိုးတွေ လာရောက်နေထိုင်ခြင်းကို အများအားဖြင့် တံခါးဖွင့်ပေး ထားဖို့ သူတို့နိုင်ငံတွေအတွင်း တရုတ်ဆန့်ကျင်ရေးနဲ့ တရုတ်ဆန့်ကျင်ရေး လှုပ်ရှား မှုတွေကို တားမြစ်ဖိနှိပ်ဖို့

၈။ ပြည်မကြီးထဲရှိသူတို့ဆွေမျိုးနီးစပ်သူတွေ၊ပြည်နယ်တွေနဲ့ဆက်ဆံရေးတွေအပါအ၀င် ဒေသအသီးသီးရှိ တရုတ်လူမျိုးတွေရဲ့ အခွင့်အရေးတွေကို လေးစားဖို့

၉။ အခြားအင်အားကြီးနိုင်ငံတွေနဲ့စစ်ရေးအရ မဟာမိတ်မဖွဲ့ဖို့(သို့) တရုတ်ဆန့် ကျင် ရေး မဟာမိတ်တပ်မဖွဲ့ဖို့

၁၀။ အရှေ့အာရှ ဒေသတွင်းမှာ ကျယ်ကျယ်ပြန်ပြန့် သုံးစွဲနေတဲ့ အင်္ဂလိပ်စာနေ ရာ မင်ဒရင်း တရုတ်စကားနဲ့ အစားထိုးနိုင်အောင်ကြိုးစားဖို့စတာတွေဖြစ်ပါတယ်။

(၁၀။ ကတော့ ဉာဏ်မမီလို့ မသုံးသပ်ရဲပါဘူး။ ဒီမှာ လီကွမ်းယုအဆိုအရကတော့ မဖြစ်နိုင်ပါဘူး။ တရုတ်ပြည်မှာ မွေးတာမဟုတ်ရင် တရုတ်အသံ၊ တရုတ်အက္ခ ရာတွေမှတ်ဖို့ဆိုတာ အတော်ကြီခက်ခဲကြောင်း ပြောသွားခဲ့ပါတယ်။ ဒါပေမဲ့ ဖေ့စ်ဘုတ် စီအီးအိုလေး မာ့ခ်ကိုယ်တိုင် တရုတ်စာ၊ တရုတ်စကားအပေါ် အလေးထားနေမှုက ဟန်တင်တန်ကများ မှန်သွားလေမလား စဉ်းစားစရာပါ။)
ဘာသာပြန်သူ

လေ့လာသုံးသပ်သူတွေကတော့ တရုတ်ခေါင်းထောင်လာခြင်းကို ၁၉ ရာစုနှောင်း ပိုင်း ဥရောပကိုလွှမ်းမိုးလာတဲ့ Welhelmine Germany နဲ့ နှိုင်းယှဉ် ကြည့်ကြပါ တယ်။ အင်အား ကြီးနိုင်ငံအသစ် ပေါ်ထွက်လာခြင်းဟာ မတည်ငြိမ်မှုကို အမြဲ တမ်းဖြစ်စေပါတယ်။ တကယ်လို့ သာ ဒီအတိုင်းဖြစ်လာမယ်ဆိုရင် အဓိက အင် အားကြီးနိုင်ငံအနေနဲ့ တရုတ်ပေါ်ထွက်လာမှုဟာ နှစ်ပေါင်းငါးရာ အတွင်းပေါ် ထွက်လာဖူးတဲ့ အင်အားကြီးနိုင်ငံတွေအားလုံးထက် သာလွန်သွားပါ လိမ့်မယ်။

၁၉၉၄ ခုနှစ်မှာ လီကွမ်းယုက “တရုတ်နေရာယူလာတဲ့ ပမာဏက အားကြီး လွန်းတော့ လာမယ့်နှစ်ပေါင်း ၃၀နဲ့လေးဆယ်အတွင်းမှာ ကမ္ဘာဟာ ဟန်ချက် အသစ်ကို ရှာယူကြရလိမ့်မယ်။ ကမ္ဘာ့သမိုင်းမှာ တရုတ်ဟာ အကြီးမားဆုံး ပါဝင် ကစားလာသူဖြစ်ပါတယ်။
တကယ်လို့ တရုတ်စီးပွားရေးတိုးတက်မှု နောက်ထပ်(၁၀)နှစ်အထိ ဒီအတိုင်းပဲ ရှိနေမယ် ဆိုရင်(ရှိနိုင်တယ်)၊ ရင်ကြားစေ့စပ်ကာလအတွင်းမှာလည်း ညီညွတ်ေ ရးကို ထိန်းထားနိုင် မယ်(စွမ်းကောင်းစွမ်းနိုင်မယ်)ဆိုရင် အရှေ့အာရှနိုင် ငံတွေရောကမ္ဘာကပါ လူ့သမိုင်းမှာ အကြီး မားဆုံး ကစားသမားရဲ့ သြဇာသုံးလာ မှုကို လက်တုန့်ပြန်ဖို့လိုလာပါလိမ့်မယ်။


စေတနာကောင်းတဲ့စကား နားထောင်ရမှာပေါ့။


စေတနာကောင်းတဲ့စကား နားထောင်ရမှာပေါ့။ ဒါပေမဲ့ သူ့လိုင်းလေးနဲ့သူ၊ သူ့ အုပ်စုလေးနဲ့သူ ရှိနေကြပါတယ်။ ဒါကို ယုံကြည်မှု(သို့)ခေါင်းမာမှုလို့ခေါ်မယ် ထင်ပါတယ်။
ဘယ်လိုနေနေ အတိုက်အခံက ရှိတတ်ပါတယ်။
မာခြင်း(အထက်စီးလေသံ)၊ ပျော့ခြင်း(ကြောင်ချေး) ဟာ ရှောင်လို့မရပါ။
ပုံမှန်ပရိသတ်က ဖတ်ပြီးသားမို့ ထပ်မတင်တော့ပါ။

ဥပဒေအကြောင်း


ဥပဒေအကြောင်းတွေ တော်တော်ရေးကြတယ်၊ လိုက်ခ်တွေလည်း ရေးသူတိုင်း အများကြီးရကြတယ်။
ကတောက်စ်!! မသိလိုက်တာ နာသကွာ။ တကယ်က ကိုယ်ကကို မစွံတာပါ။ တချို့ဟာတွေက မသိလည်း ရေးလို့ရနေတာကို။

လက်နက်ကိုင်၊ လက်နက်ချလူမျိုး


အိန္ဒိယမှာ လူတန်းစားလေးမျိုးရှိတာ လူတိုင်းလိုလိုသိတယ်။
မင်းမျိုး၊ ဗြဟ္မဏမျိုး၊ ကုန်သည်မျိုး၊ ဆင်းရဲသားမျိုး။

တရုတ်ပြည်မှာလည်း လူတန်းစားသုံးမျိုးရှိတယ်
၁။ ပြည်မကြီးထဲက တရုတ်လူမျိုး(ပထမတန်းစား)
၂။ နိုင်ငံခြားတွေရောက်နေတဲ့၊ နိုင်ငံခြားမွေးတဲ့ တရုတ်လူမျိုး(ဒုတိယတန်းစား)
၃။ ပြည်မကြီးထဲက တရုတ်မဟုတ်တဲ့အခြားလူမျိုး၊ (တတိယတန်းစား)

မြန်မာပြည်မှာ ဘယ်နှမျိုးရှိလဲ မသိဘူး။ အစိုးရသတင်းစာတွေအရ အနည်းဆုံး သုံးမျိုးတော့ရှိတယ်
၁။ လက်နက်ကိုင်၊ လက်နက်ချလူမျိုး (ကယ်တင်ရှင်နဲ့ ရှင်ကယ်တင်လူမျိုး) ဒါနဲ့ ကယ်တင်ရှင်ကဟုတ်ပြီ၊ ရှင်ကယ်တင်က ဘာပါလိမ့်။ ကိုယ်ရေးပြီး ကိုယ်မသိ။ ရှိစေ၊ တချို့ဟာတွေက မသိလည်း ရေးလို့ရတာပဲ။
၂။ ပုဆိန်ရိုးလူမျိုး ( လက်နက်ကိုင်၊ လက်နက်ချလူမျိုးကို ဆန့်ကျင်တဲ့လူမျိုး)
၃။ ငတ်နေတဲ့လူမျိုး(စားချင်တာလေးမှ ဝယ်မစားနိုင်ရင် ငတ်တာပဲ)

သိတဲ့လူက ဖြည့်ပေးကြပါအုံး။ ဒါလောက်တော့ မကလောက်ဘူး။

အာရှရဲ့ လားရာ(ဟန်တင်တန်)


အာရှရဲ့စီးပွားရေးတိုးတက်လာမှုနဲ့ အာရှ လူ့အဖွဲ့အစည်းတွေရဲ့ ယုံကြည်ချက် အား ကောင်းလာခြင်းကြောင့် ကမ္ဘာ့နိုင်ငံရေးမှာ အနည်းဆုံး သုံးနည်းသုံးမျိုးနဲ့ ကမောက်ကမ ဖြစ်စေနိုင်ပါလိမ့်မယ်။

( ၁ )။ ။ စီးပွားရေးတိုးတက်လာမှုကြောင့် အာရှနိုင်ငံတွေဟာ သူတို့ရဲ့ စစ်အင် အားတွေကို တိုးချဲ့နိုင်မယ်။ သူတို့နိုင်ငံတွေ အချင်းချင်းအကြား အနဂတ် ဆက် ဆံရေးနဲ့ ပတ်သတ်လို့ မသေချာ၊ မရေရာမှုတွေ တိုးပွားလာမယ်။ စစ်အေး ကာ လအတွင်း ငုတ်လျှိုး သွားခဲ့တဲ့ ကိစ္စတွေ၊ ယှဉ်ပြိုင်မှုတွေ ပြန်လည်အားကောင်း လာမယ်။ ဒါကြောင့် ဒီဒေသ အတွင်းမှာ ပဋိပက္ခနဲ့ မငြိမ်မသက်မှုတွေ ဖြစ်ပွား ဖို့ ရာနှုန်းများသွားတယ်။

( ၂ )။ ။ စီးပွားရေးတိုးတက်လာမှုကြောင့် အာရှနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေ အကြား အထူးသဖြင့် အမေရိကန်နဲ့အကြားမှာ ပြဿနာတင်းမာမှုတွေ တိုးပွား လာနိုင်ပြီး ဒီအကျပ်အတည်းတွေကြားကနေ အာရှနိုင်ငံတွေအနေနဲ့ လွတ်မြောက်အောင်ပွဲခံနိုင်ဖို့ အားကောင်းလာစေတယ်။

( ၃ )။ ။ အာရှရဲ့ အကြီးဆုံးစီးပွားရေးအင်အားဖြစ်တဲ့ တရုတ်စီးပွားရေး တိုး တက် လာမှုကြောင့် ဒီဒေသအတွင်း တရုတ်ကလွှမ်းမိုးထားပြီး တစ်ဦးတည်း ဗိုလ်ကျဖို့လည်း တရုတ်က အားထုတ်လာမယ်။ ဒီတော့ ဒေသတွင်းနိုင်ငံတွေအနေနဲ့ တရုတ်နဲ့အတူပဲ ပူးပေါင်းမလား၊ တရုတ်လွှမ်းမိုးမှုကို တွန်းလှန်နိုင်ရေးအတွက် အင်အားချိန်ခွင်လျှာညှိဖို့ ကြိုးစား မလား......
ဆိုတာတွေဖြစ်လာမယ်။

Social Darwinism=လူမှုဒါဝင်ဝါဒ


(လူမျိုးစုဝါဒ၊ အုပ်စုဖွဲ့ဝါဒ၊ မြန်မာပြည်မှာ စစ်+ခရိုနီဝါဒ။)

လူမျိုးစုခြင်းအားပြိုင်ရာမှာ အားအကောင်းဆုံးအုပ်စု ရှင်သန် 'survival of the fittest' ဝါဒကနေ တဆင့်ပွားတဲ့ အယူအဆ။ ၁၉ နဲ့ ၂၀ ရာစုတွေအတွင်း ဥရောပနဲ့အမေရိကမှာ ခေတ်စားခဲ့။ နာဇီတွေ သဘောခွေ့ခဲ့တဲ့ဝါဒ။ ဒါဝင် (1809-82) နဲ့မဆိုင်သလို သူ့ရဲ့ 'Origin Of Species.' နဲ့လည်းမဆိုင်။ ၂၁ ရာစု အတွင်း အမျိုးကောင်းစားရေး အာရှအာဏာရှင်တွေ ဆက်လက်ကျင့်သုံး။ (it has nothing to do with the English naturalist Charles Darwin (1809-82) or his theory of natural selection, and precedes the publication of his book 'Origin Of Species.')
လူမျိုးစုဝါဒ၊ အုပ်စုဖွဲ့ဝါဒ၊ မြန်မာပြည်မှာ စစ်ခရိုနီဝါဒ။

မိုနာလီဇာက တရုတ်မဆိုပါလား


တရုတ်စီးပွားရေးကောင်းလာလို့လားတော့မသိဘူး၊ မိုနာလီဇာတောင် တရုတ် မဖြစ်တော့မလိုပဲ။
ဒီလိုပါ၊ ဟောင်ကောင်နေ အီတလီလူမျိုး၊သမိုင်းပညာရှင်၊ ဝတ္ထုရေးဆရာ Angelo Paratico က မိုနာလီဇာဟာ တရုတ်(ကျေးကျွန်) အမျိုးသမီးဖြစ်နိုင်တယ်လို့ ဆို လိုက်ပါတယ်။ သူမ နာမည်က ကက်တာရီနာ (Caterina) ပါ။ ဒီလိုဆိုရင် ပန်းချီ ဆရာ လီယိုနာဒို (Leonado da Vinci) ကိုယ်တိုင် တရုတ်မျိုးနွယ်ဖြစ်သွားပါ တယ်။ သူ့အဆိုအရ လီယိုနာဒိုဟာ ကက်တာရီနာရဲ့သားဖြစ်ပြီး သူ့မိခင်ရဲ့ပုံကို ဆွဲထားတာဖြစ်ပါတယ်။
ဒါနဲ့ဆက်စပ်လို့ Leonado da Vinci: A Chinese Scholor Lost in Renaissance Italy ဆိုတဲ့စာအုပ်ကိုလည်း သူ ရေးသားပြီးစီးတော့မယ်လို့ သိရ ပါတယ်။

သူ့စကားအရဆိုရင်တော့
"မိုနာလီဇာ ပန်ချီကားရဲ့နောက်မှာ တရုတ်ရှုခင်းပုံပါပါတယ်၊ မိုနာလီဇာရဲ့ မျက်နှာ ကကိုပဲ တရုတ်မျက်နှာ" ပါ။
လီယိုနာဒိုရဲ့ဖခင်မှာ သူဌေးမိတ်ဆွေတစ်ယောက်ရှိပါသတဲ့၊ သူ့မှာ ကက်တာရီနာ လို့ခေါ်တဲ့ တရုတ်(ကျေးကျွန်) အမျိုးသမီးရှိခဲ့ပါတယ်။ ဒေါ့ကူမင်ထရီအရ သူမဟာ ၁၄၅၂ ခု နောက်ပိုင်းမှာ မတွေ့ရတော့ပါဘူး၊ နောက်ပြီး အဲဒီနှစ်ဟာ လီယိုနာဒိုေ မွးဖွားတဲ့နှစ်လည်းဖြစ်နေပါတယ်။
"အကျိုးအကြောင်းကွင်းဆက်ကို ဆက်စပ်ကြည့်ခြင်းအားဖြင့် ကက်တာရီနာဟာ တရုတ်ဖြစ်နေနိုင်တယ်" လို့ ပါရာတီကိုက ဆိုထားပါသတဲ့။




တရုတ်တွေအပါအဝင် ကမ္ဘာအရပ်ရပ်ကတော့ သူ့ကောက်ချက်ကို သိပ်သဘော မတွေ့ကြပါဘူး။
သဘောမတူဘူးဆိုတာကလည်း သဘာဝတော့ကျပါတယ်။ ဒါသာတကယ်မှန်ရင်
၁။ အနောက်က ကမ္ဘာကျော်အမျိုးသမီးနဲ့ ကမ္ဘာကျော် ပန်းချီဆရာကို တရုတ်လက် ထဲ လက်လွှဲထည့်ပေးလိုက်ရသလိုဖြစ်နေတယ်။
၂။ တရုတ်တွေကလည်း ဝမ်းသာရမလိုလိုနဲ့ အိမ်စေဆိုတော့ သဲတရှပ်ရှပ်ဖြစ်နေ ပါလိမ့်မယ်။

ပါရာတီကိုကလည်း ချစ်ဦးညိုလိုပဲ မရ,အရတော့ ဆွဲစပ်တော့မယ့်သဘောပါ။ Leonado da Vinci: A Chinese Scholar Lost in Renaissance Italy တဲ့။
ဘာပဲဆိုဆို မိုနာလီဇာက ဥရောပသူနဲ့ သိပ်မတူဘူးဆိုတာကတော့ လက်ခံရမှာ ထင်ပါတယ်။

အေးကြည်မနဲ့ သာရီ့သားရဟန်း


ရွာကဒေသသုံးလေးအကြောင်း ပြောချင်တယ်၊ ရွာမှာ အသက်ကြီးသွားတဲ့ အမျိုးသမီးကြီးတွေကို ဒေါ်တပ်ခေါ်ရင် ရိုင်းတယ်။ "မ" ကို နာမည်နောက် ထားခေါ်မှ မှန်တယ်။ ဥပမာ အမေ့နာမည် ဒေါ်သိန်းညွန့်။ "သိန်းညွန့်မ" လို့ခေါ် ကြသလို အဲသလိုခေါ်မှ ယဉ်ကျေးတယ်လို့လည်း ယူဆကြတယ်။ ဒေါ်သိန်းညွန့် ဆိုရင် တော်တော်ကြီးကို ရိုင်းသွားတာ။
ဒီယဉ်ကျေးမှုက တစ်နေရာစ နှစ်နေရာစတော့ ရှိတတ်ပါတယ်။ သေချာတာက ဧရာဝတီတိုင်းက ရွာတချို့မှာ ရှိတယ်။
၁၉၈၀ ခုနှစ်တွေတုံးက(ထင်တာပဲ) မောင်ကြေးမုံရေးပြီး ဟင်္သာတထွန်းရင်ဆိုတဲ့ "ကျွန်တော်သိတဲ့ အေးကြည်မ" ဆိုတဲ့ သီချင်းခွေ ရှိခဲ့တယ်။ သူ့ရဲ့ "အေးကြည်မ" ကြောင့် ကျေးလက်တွေမှာ မ နောက်ဆွဲနာမည်တွေ ခေတ်စားဖူး တယ်။ ဒါပေမဲ့ အများစု မ နောက်ဆွဲခေါ်ပုံကတော့ ချစ်စနိုး၊ သရော်တော်တော် အဓိပ္ပါယ်မျိုးပါ။
ဥပမာ ခွေးပုမ၊ ဘုတ်ဆုံမ၊ အကျင့်ပုတ်မ၊ ဖက်တီးမ စသည်။ ရွာယဉ်ကျေးမှုက အဓိပ္ပါယ်အားဖြင့် ထူးတယ်။
****************************************************************************
နောက် ဘုန်းကြီးရဟန်းတွေကို ရွာမှာ ဘွဲ့တပ်မခေါ်ကြဘူး၊ အဖေ (သို့) အမေ နာမည်တွေနဲ့ တွဲခေါ်ကြတယ်။(ဒီ ယဉ်ကျေးမှုကတော့ တော်တော် များများတွေ့ရ ပါတယ်။)
ဥပမာ သီဟနာဒဆိုရင် "သိန်းညွန့်မ ဦးဇင်း၊ သိန်းညွန့်မ ကိုယ်တော်" အဲသ လို ခေါ်ကြတယ်။ အစပိုင်း စိတ်ထဲမှာ တစ်မျိုးပဲ၊ ဘွဲ့ရှိလျက် ဘွဲ့မခေါ်လို့။ ဒါပေမဲ့ "သာရီပုတ္တ" ရဲ့ အဓိပ္ပါယ်ကို ကျကျနနသိတော့ သဘောကျသွားတယ်၊ ကိုယ်နဲ့ မတန်သလိုလိုတောင် ခံစားရတယ်။ (နာမည်က မိုက်စ်လွန်းနေတာကိုး)။

ဘုရားရဲ့ ရိုက်ဟန့်ဒ်၊ ပညာတွေ အတော်ဆုံး၊ အတတ်ဆုံးဆိုတဲ့ ကိုယ်တော်ကြီး မှာ ကိုယ်ပိုင်နာမည် မတွင်ရှာဘူး၊ အရှင်မြတ် ဘာကြီးပဲဖြစ်နေဖြစ်နေ သူ့နယ်က သူ့ကို သာရီရဲ့သာကြီး (ပါဠိလို သာရီပုတ္တ) လို့ပဲခေါ်ကြတယ်။ သူနာမည်ရင်းက မှတ်ပုံတင်ထဲမှာပဲ ရှိတာ။ ကိုယ်တော်ကြီးကို အားနာစရာကောင်းထှာ၊ (သူ့ ပါစင်နယ် နိမ်းကို ဘူမ ခေါ်ဘူးရယ်)။
ဘုရားရှင်ကတောင် ဒီယဉ်ကျေးမှုကိုလိုက်ပြီး "သာရီ့သားရဟန်း" က ငါ့ ညာလက်ရုံး လုပ်ချတော်မူလိုက်သေး။ ဒါက ဒေသသုံးပဲ။

ယုတ္တိဗေဒသေဆုံးခြင်း


မြန်မာပြည်က ဖေ့စ်ဘုတ်ကို ဟန်းဖုန်းနဲပဲသုံးကြတာများတယ်၊ ဒီတော့ရေးထုံး လည်း ကွဲလာတယ်။
ဥပမာ (အရင်) တျောက်၊ (လုပ်) ပျဇီ။ တစ်ဆက်တည်းရိုက်လို့ရတာကို အသံနောက်လိုက်ပြီး အလွယ်ရိုက်လိုက်ကြတာ။ ယုတ္တိရှိတယ်။
ဒါပေမဲ့ "ထှာ" ကို စဉ်းစားလို့မရဘူး။ "ထ" နဲ့ "ဟထိုး" က တစ်နေရာစီကြီး။ မပါလည်းရသားနဲ့ သီးသန့် "ဟထိုး" ဆီကို တမင်သွားယူတာ။
ဆရာသစ္စာနီစကားနဲ့ဆိုရင် "ထှာ" မှာ ယုတ္တိဗေဒသေဆုံးသွားတယ်။

 ပြန်ချင်တဲ့ကွန်မင့်

Ven Vilasaggalankara ဘုန်းကြီး ယုတ္တိဗေဒတော့ မသေဆုံးဘူးထင်တယ်ဘုရား
တပည့်တော်တို့ အာမေဋိတ်သံ
"ဟေ"
"ဟာ ကြံကြီးစည်ရာ"တို့က "ဟ"သံအကြီးကြီးကို မြန်မာစာအဖွဲ့က တီထွင်ပေးထားတာက
"ဟှ"ဘုရာ့။
သ-သလေး
ဿ သကြီး
ဟ ဟလေး
ဟှ ဟကြီး
ထ ထလေး
ထှ ထကြီး
တပည့်တော် ထင်တာပြောတာဘုရား။
ဟှကြီးအကြောင်းက မြန်မာစာသတ်ညွှန်းမှာ ပါတယ်ဘုရား
အမှားပါရင် ခွင့်လွှတ်ပါဘုရား။


ကျေးဇူးပါဘုရား။ ဒါဆိုသူတို့ရေးတဲ့ "ထှာ" က " Maung Maung Khin ရဲ့ "ညည်းညူသံကို ပေါ်လွင်စေချင်တာလားးမသိ" နဲ့ကိုက်မယ် ဘုရား။ အလေးအနက်ခံစားမှု။

နောက်ပိုင်းမှာ
"နင့်ကော်ဖှီကလည်း ခှားထှာ"
" ငါ့လာ မဖှားနဲ့"
တို့ ရှိလာနိုင်တယ် ဘုရား။

ထပ်ပြန်ရတဲ့ ကွန်မင့်များ

M Zaw Moe "လိုက်တာ ကို အတို ရေးတာ ဘုရား။ မောလိုက်တာ ပျင်းလိုက်တာ ကို အမြန်ပြောတော့ မောရိုက်တာ မောရထာ အဲ့ကနေ မောထှာ ပျင်းထှာ ဖြစ်လာတာပါ။"

Zin Mar Maung "ထှာ ဆိုတာက လိုက်တာ ကို အတိုကောက်ရေးတာလို့ ထင်တယ်. . ဥပမာ စားချင်လိုက်တာ ဆို စားချင်ထှာ ချောလိုက်တာဆိုရင် ချောထှာ. . အဲလိုပေါ့"
**********************************************************************
ဟဲဟဲ။ သူတို့က ပါတီတူတယ်။
ဒေသသုံးစကား တွင်ကျယ်သွားတာဖြစ်ဖို့များမယ်(ထင်တယ်)။ တချို့ဒေသက အသံလေးတာကြိုက်တယ်။(စစ်ကိုင်တိုင်း မြင်းမူနယ်က တချို့ရွာတွေ ထှာ နဲ့ပြောတယ်၊ ချောထှာ၊ လှထှာ စသည်၊ ငါတို့ရွာတွေက ရီကြတယ်၊ အခုသူတို့စကားက ပေါ်ပျူလာဖြစ်လို့။ ဟုတ်တယ်မှို့လား ဦးကဝိသရ၊ ကိုယ်တော်ရှင်းမှ ရမှာ)

တကယ်က အခြေခံဥပဒေတောင် စာလုံးပေါင်းချင်သလိုပေါင်းတဲ့ခေတ်ပါ။ လူငယ်တွေ စာလုံးပေါင်းချင်သလိုပေါင်းတာက အပျင်းတောင်ပြေသေးတယ်။

ဘာ လေ့ကျင့်ခန်းလဲ


၁။ လမ်းလျှောက်ခြင်းသာ ကျန်းမာရေးအတွက်ကောင်းတယ်ဆိုရင် စာပို့သမား ဆို သေမှာတောင်မဟုတ်တော့ဘူး။

၂။ ဝေလငါးဆို တစ်နေကုန်ရေကူး၊ ငါးပဲစား၊ ရေပဲသောက်တယ်။ ဝလိုက်တာ လွန်ရော။

၃။ ယုန်ဆိုရင်လည်း သစ်သီးသစ်ရွက်ပဲစား၊ တစ်နေကုန် ခုန်ပေါက်ပြေးလွှားနေတာ၊ ဒါသာဖြစ်တယ် သူ့အသက်က ငါးနှစ်ပဲရှည်တယ်။

၎။ လိပ်ကဘာမှ ဟုတ်တိပတ်တိမလုပ်ဘူး၊ ပျင်းတိပျင်းလျော့ပဲနေတာ၊ သူ နေရတဲ့ သက်တန်းက ၄၅၀။




^^^^^^^^^^^^^^
တိုက်ဆိုင်ပုံက ဒီလို။ မစ္စတာ အယ်လင်ချွာ၊ ၆၅ နှစ်ရဲ့ ဈာပနကိုသွားခဲ့ရတယ်။ ခုမှ ပြန်ရောက်။ မဝမပိန်၊ ကျန်းမာရေးကောင်း၊ အသက် ၄၀ ကတည်းက သက် သတ်လွတ်စားတာ၊ စက်ဘီးပုံမှန်စီး၊ ရေပုံမှန်ကူး။ ဒီနေ့ ရေးကူးကန်ထဲမှာ ရေနစ်သွားတာ။ ဆယ်တဲ့အချိန် အသက်မရှိတော့ ဘူး။ ဆေးစစ်ချက်အရသိရတာက နှလုံးရောဂါတဲ့။
လမ်းပေါ်မှာ ရိုင်ယံ (သူ့ယောက်ဖ) က မနက်ကတင်ထားတဲ့ ပို့စ် "ဘာ လေ့ကျင့်ခန်းလဲ" အတိုင်း ပြန်ပြောတယ်။

(Dec 3, 9:30pm)

❂လယ်ဂျင်ဒရီ ❂

ကမ္ဘာက လုံးတယ်
သံသရာက လုံးတယ်
ပဋိစ္စသမုပ္ပါဒ်က လုံးတယ်
ဘောလုံးက လုံးတယ်
ဝလုံးက လုံးတယ်

ဘိုးဘိုးအောင်က ဝ လုံးအရေးကောင်းတယ်
ဝ လုံးတွေနဲ့ လုံးခြာလိုက်။
ကွယ်တို့ရေ...
ယောင်လို့များ မဖျက်မိကြပါစေနဲ့။

ပတ်ဝန်းကျင် ထိမ်းသိမ်းရေးက
သဘာဝ ဝါးရုံတွေ ပြုန်းလို့ဆို့ပြီး
မုဆိုးဖိုသားကြီးကို
ဝေဖန် ပြောဆိုကြ ဖူးသလား မသိ
ခုတ်ရန် ရှိကခုတ်ရပေမည်။

အရှင် အဇ္ဇဂေါဏ ကသာ
တောတောင် တွေလည်းပြုန်းတီး
သင်္ကန်း တွေလည်း မီးလောင်ပေါက်
တော်တော်နောက်တာပဲ
ဆိတ် နွား မျက်လုံးလေး နှစ်လုံးနဲ့
အနော်ရထာရဲ့ စွမ်းရည်
ကျန်စစ်သားတို့ နှလုံးရည်တွေကို လုယူလို့။

ရောင်းရင်းတို့ရေ ...
ပျိုလက်တဲ့ ရောင်နီဆီ
အဲသလို လယ်ဂျင်ဒရီတွေ
မယူခဲ့ကြကြေးနော်။ ။


ဇင်ဝေသော်




19/01/2012




Copyright © 2012 ကမ်းလက်. All rights reserved.

၂၀၀၆ ခု၊ အောက်တိုဘာ


၁။ အမခြောက်ယောက်
၂။ စလုံးတွေနဲ့အမေ့အိမ်ရှေ့
၃။ ကျေးလက်ညနေချမ်း။



ဘာသာရေးဘောင်ထဲက ဘဝလား ၊ ဘဝထဲက ဘာသာရေး တန်ဖိုးလား


ပထမဆုံး မေးမိတဲ့ မေးခွန်းပါ။

ဒီမေးခွန်းကိုဖြေဖို့ ဗုဒ္ဓရှင်တော်ရဲ့ လူမှုရေးရာ(ဆိုရှယ် ဒိုင်မင်းရှင်းလို့ခေါ်တတ် ကြ) နာမည်ကျော် သုတ်တော်နှစ်သုတ်ကို ချဉ်းကပ်ကြည့်လိုက်ပါတယ်။ ဒီသုတ်တွေက သိဂါင်္လောဝါဒသုတ်နဲ့ မင်္ဂလသုတ်ပါ။
သိဂါင်္လောဝါဒသုတ်ကို ဦးစားပေးရင် ဘာသာရေးဘောင်ထဲက ဘဝဖြစ်မယ်။
မင်္ဂလသုတ်ကို ဦးစားပေးရင် ဘဝထဲက ဘာသာရေးတန်ဖိုးဖြစ်မယ်။
သိဂါင်္လောဝါဒသုတ်ကို အပိတ်ဒေသနာလို့ အမည်ပေးလိုက်ပြီး မင်္ဂလသုတ်ကို အဖွင့် ဒေသနာလို့ သတ်မှတ်လိုက်ပါတယ်။
အပိတ်ဆိုတာက တာဝန်နဲ့ဝတ္တရားတွေ တိတိကျကျသတ်မှတ်းထားလို့ပါ။

ဘာဖြစ်လို့ ဒီတာဝန်နဲ့ဝတ္တရားတွေကို လိုက်နာဖို့ ခက်သွားတာလဲ။
သိဂါင်္လောဝါဒသုတ်ဟာ ပရမတ္ထသဘောတရားမဟုတ်ဘဲ လူမှုရေး၊ ယဉ်ကျေးမှု အခြေခံသဘောဖြစ်နေလို့ပါ။
လူမှုရေး၊ ယဉ်ကျေးမှုအခြေခံသဘောဖြစ်နေရင် လူအဖွဲ့အစည်းရဲ့ပုံစပြောင်း သွားတာနဲ့ တာဝန်နဲ့ဝတ္တရားတွေလည်း ပြောင်းသွားပါတယ်။
လင်ရော မယားပါ အလုပ်ကိုယ်စီ၊ ဝင်င္ဗေကိုယ်စီခေတ်ကြီးထဲမှာ "အိပ်သော်ကားနောက်၊ ထသော်ကား ရှေ့" ကို ဇနီးတွေ လိုက်နာဖို့ ခက်သွား ပါပြီ။

ဒီထက်ရှင်းတာက မင်္ဂလသုတ်ကို ဥရောပ၊ အမေရိကဗုဒ္ဓဘာသာတွေ လိုက် နာနိုင်ပေမဲ့ သိဂါင်္လောဝါဒသုတ်လာ ဝတ္တရားတွေကို သူတို့ယဉ်ကျေးမှုနဲ့ လိုက် ဖို့အတော်ကြီး ခက်သွားပါပြီ။
ဒါဟာ ဒေသနာချင်းရန်တိုက်ပေးတာမဟုတ်ပါဘူး။ ဗုဒ္ဓရဲ့ဒေသနာရည်ရွယ်ချက်တော်ကို ခပ်ရဲရဲချဉ်းကပ်ကြည့်ခြင်းသာပါ။

နည်းနည်းသိလာတဲ့ ဖဘ သဘောတရား


၁။ ဖရင့် ၁၆ ယောက်ရှိတယ်၊ တချို့က ကမ်းလက်မှာပေါ်တယ်၊ တချို့ နာမည်တွေ က ပေ့ဂ်ျပေါ်မှာ မပေါ်ဘူး။ မပေါ်သူတွေအတွက် စိတ်မကောင်းလို့ တောင်းပန် စကားတောင်ပြောမိတယ်။ (ဖရင့်က ပေ့ဂ်ျကိုလိုက်ထားမှ ပေါ်တာလို့ အက်ဒမင် ရှင်းပြမှ အော်..ဂလိုကိုး ဖြစ်ရ) တချို့က ဖရင့်၊ ကမ်းလက်ကို လိုက်ခ်မထား။ တချို့က ကမ်းလက်ကို လိုက်ခ်ထား၊ ဖရင့်တော့ မဟုတ်။ ဒီလို။ ရှင်းပြီ(ထင်တာပဲ)

၂။ ပေ့ဂ်ျပုံစံသက်သက်ဆိုတော့ အပေါ်စီးပုံစံနည်းနည်းဆန်တယ်။ တစ်လမ်းသွား ကြီး။ ဒါ့ကြောင့် ဝမ်းစပ်ပွန်နေတိုင်းမ် (Once upon a time) ဖရင့်တွေ အကြောင်း(ဥပမာ ဒီဇာတိ၊ ဓမ္မဂင်္ဂါ၊ နေကောင်းကင်၊ ဒါတောင် ဘိတ်ခု ဉာဏိန်ဒ ကြီး ရှိနေလို့) သိချင်ရင် မနည်းပြန်လိုက်နေရတယ်။ ဒါတင်မကဘူး၊ ကိုယ်က မကြီးဘဲ ကျယ်နေသလို။ မကောင်း။ နောက်ပြီး လူချင်းမသိတောင် စိတ်ထဲ ရင်းနှီးနေသူတွေရှိတယ်(ဒါတော့ နာမည်မထည့်တော့ဘူး)။

၃။ ဒါနဲ့ ဖရင့် လိုက်အပ်တယ်။ တချို့က ဖရင့်လက်မခံဘူး၊ ဖော်လိုမှ တဲ့။ ကျန်း... မခက်ဘူးလား။ ဝဋ်လည်တာလေ။ တကယ်တော့ တင်ပေး၊ စာစီပေးသူတွေရှိလို့ ဇင်ဝေသော်က "ကိုယ့်အထာနဲ့ကိုယ်တော့ ကိုယ်လည်း ဘလော့ဂါပဲ" လုပ်နေရတာပါ။

ဘုန်းကြီးနဲ့တွေ့ပြီးရန်ဖြစ်၊ စကားများတာ မင်္ဂလသုတ်မလေ့လာရသေးလို့


"ဘုန်းကြီးနဲ့တွေ့ပြီးရန်ဖြစ်၊ စကားများတာ မင်္ဂလသုတ်မလေ့လာရသေးလို့" လို့ ဘုန်းကြီးက မိန့်တော့ ဒကာက
"ဘယ်မှာ အထောက်အထားရှိလို့လဲ ဘုရား"လို့ ပြန်လျှောက်တယ်။
"ခန္တီစ သောဝစ္စသတာ၊ သမဏာနဉ္စ ဒသနံ" လို့ ဖြေတယ်။
"အဓိပ္ပါယ်ရှင်းပါအုံးဘုရား" ဆိုတော့
"ရဟန်းနဲ့မတွေ့ခင် သည်းခံတတ်ဖို့ အရင်လုပ်ထားရမယ်၊ ခန္တီစက သမဏာနဉ္စ ဒသနံ ရှေ့ကလာတယ်" တဲ့။
ဘုရားကတော့ ကုသိုလ်ရဖို့မိန့်တာပါ။
"ဒါကိုထောက်တော့ ရဟန်းတွေက စိတ်တိုအောင် အတော်လုပ်တယ်ဆိုတဲ့ အဓိပ္ပါယ်များ ရောက်သွားလား မသိဘူး" ပြောမိတော့ တရုတ်တွေတော့ ရယ်ကြတာပဲ။

ချစ်ခြင်းတရားနဲ့ဆွဲငင်အား


ဆိုတဲ့ ရုပ်ရှင်ကားအကြောင်းပါ။ အညှီအဟောက်ကင်းတဲ့ မေတ္တာဘွဲ့၊ မေတ္တာဘွဲ့ ဆိုပေမဲ့ ဟောလီးဝုဒ်ဆန်ဆန် သိပ္ပံနဲ့တွဲစပ်ထားတဲ့ မိဘမေတ္တာဘွဲ့မျိုးပေါ့။ ကမ္ဘာမြေပေါ်မှာ ဆက်လက်ရှင်သန် ရပ်တည်ဖို့အခက်အခဲကြောင့် သူတို့ အဖေ က လူသားမျိုးဆက်ဆက်လက်ရှင်သန်ရေးအတွက် သင့်တော်မယ့် ဂြိုဟ်ကမ္ဘာ တစ်ခု အရှာထွက်ခြင်းပါ။ ဒီမှာလေးစားစရာ၊ စိတ်ဝင်စားစရာကောင်းတဲ့အချက်က

၁။ ရှေးရှေးမျိုးဆက်ကို လေးစားမှုနဲ့ မွေးပင်မမွေးဖွားသေးတဲ့ အနာဂတ်ဆက်ကို ချစ်မြတ်နိုးမှုလို့ မိဘမေတ္တာ၊ သားသမီးမေတ္တာကို ကျယ်ကျယ်ပြန့်ပြန့်ဖော်ညွှန်း ထားခြင်းပါ။ တော်တော်လှပါတယ်။

၂။ အခြားဂြိုဟ်ကမ္ဘာမှာ အချိန်ရဲ့ စီးဆင်းမှု နှေးကွေးခြင်းကြောင့် လူရဲ့ သက် တန်းက ပိုရှည်သွားတယ်။ သူတို့ သားအဖ ပြန်တွေ့ချိန်မှာ သမီးနဲ့အဖေ အရွယ် တူလိုဖြစ်နေပါသတဲ့။(ဒါက သိပ္ပံနည်းကျဖြစ်ပြီး စိတ်ဝင်စားစရာ ပိုကောင်းသွား တာက ဗုဒ္ဓဘာသာကဆိုတဲ့ နတ်တွေ၊ ဗြဟ္မာတွေရဲ့ ရှည်လျားတဲ့ သက်တန်းနဲ့ သွားပြီး တိုက်ဆိုင်နေခြင်းပါ)

၃။ တန်ပြန်အကျိုးသက်ရောက်မှု၊ ဆင်တူအကျိုးသက်ရောက်မှုလည်းရှိတယ်။ ဆိုလိုတာက အခြားဂြိုဟ်ကမ္ဘာကလူနဲ့လူပြည်ကလူနှစ်ယောက်ရဲ့ လှုပ်ရှားပြု မူပုံတွေ ထပ်တူကျနေနိုင်တယ်။(ဒါကလည်း နိမ္မိတရုပ်ပွားတွေကို အမှတ်ရစရာပါ)

၎။ ဘယ်လောက် ကမ္ဘာတွေခြားခြား၊ နောက်ဆုံးသေခြင်းတရားကတောင် ချစ်ခြင်းမေတ္တာကို မဟန့်တားနိုင်ဘူး။


ဒီလေးချက်ကို အသားပေးဖော်ညွှန်းတယ်လို့ ယူဆရကြောင်းရေးထားတဲ့ (နယူးယောက် တိုင်းမ်ပါ) ရုပ်ရှင်၊ သိပ္ပံဆောင်းပါးကို အကျဉ်းချုပ်ပေးလိုက် ပါတယ်။ အနည်းဆုံး နယူတန်ရဲ့ နိယာမဟာ ရည်းစားစကားပြောရာမှာတင်မက မိဘမေတ္တာကိုလည်းဖော်ညွှန်းနိုင်တယ်လို့ ပြသရာရောက်သွားပါတယ်။

မောင်သိန်းဇော်ကတော့ ...
"ဇနီးအချစ်ကိုရဖို့ တစ်ကြိမ်ပဲ ရည်းစားစကားပြောလိုက်ရတယ်၊ သားသမီးအချစ် ကိုရဖို့ ကြိမ်ဖန်များစွာ ပြောယူနေရတယ်" လို့ ဆိုသွားလေရဲ့။ ။

စကားပြောသောဓာတ်ပုံများ (၄)


၁။ အလျင်းသင့်ရင် သူ့နေရာမဟုတ်ပေမဲ့ နွားလည်းအိမ်ခေါင်မိုးပေါ် ရောက်သွား တတ်တယ်။
၂။ နွားအိမ်ခေါင်မိုးပေါ် ရောက်နေပြီဆိုရင် အိမ်ထဲကလူတွေ ကျီးလန့်စာစား ထွက်ပြေးကြတယ်။
၃။ သူဆင်းသွားဖို့ ခြောက်လှန့်တဲ့နည်းအပြင် အကူအညီပေးခြင်းနည်းကိုလည်း သုံးစွဲပါ။ (အချိန်ကြောင့် ခပ်တိုတိုပဲ ပို့စ်လိုက်ရပါတယ်)

အနောက်တန်ဖိုးလူ့တန်ဖိုး။ ။ ညီအကိုနိုင်ငံရေး သီအိုရီ


၁။ အနောက်တန်ဖိုးမဟုတ်၊ လူ့တန်ဖိုးပါ

အရင်အပတ်က အမေရိကန် ကာကွယ်ရေးဦးစီးချုပ် နှုတ်ထွက်တယ်(သို့)နေရာ အရွှေ့အပြောင်းရှိခဲ့တယ်။ ဒီအပတ်(ဒီနေ့သတင်းစာမှာ)လူမည်းလေး ကို ပစ် သတ်မှုအတွက် ရဲအရာရှိတစ်ယောက် နှုတ်ထွက်တယ်။
ကာချုပ်ရဲ့ကိစ္စက ကြီးကျယ်ပေမဲ့ ရဲအရာရှိနဲ့ပတ်သက်လို့တော့ အကြမ်းဖက်မှု၊ အသေခံ ဗုံးခွဲမှုတွေကြောင့် သူ့ကို အပြစ်တင်သူ အတော်နည်းပါတယ်။ ဒါပေမဲ့ သိက္ခာကိုတန်ဖိုးထားသူတွေဟာ ဒီလိုပဲဆုံးဖြတ်ကြပါတယ်။ ဒါက အနောက် တန်ဖိုးပဲ မဖြစ်သင့်ပါဘူး၊ သိက္ခာရှိတဲ့ လူ့တန်ဖိုးဖြစ်သင့်ပါတယ်။ ဒီလိုပြောလို့ မြန်မာအစိုးရအရာရှိတွေ သိက္ခာမရှိဘူးဆိုတဲ့အဓိပ္ပါယ်ရောက်သွား ပါသလား။ စိတ်မကောင်းပါ၊ မရည်ရွယ်ပါ။

၂။ ညီအကိုနိုင်ငံရေး သီအိုရီ


ပို့စ်လည်းတင်ခဲ့ပါတယ်၊ နီးစပ်ရာကိုလည်း စပ်မိတိုင်းပြောပါတယ်။
နိုင်လောက်ရင်"ပြည်သူ့ဆန္ဒအရ"ဆိုပြီး ဦးသိန်းစိန် ရွေးကောက်ပွဲဝင်မှာ"လို့။ ဒါက သမ္မတရဲ့ လတ်တလောလေသံကိုနားထောင်ရင် မှန်သလိုလိုပါ။
"ဦးရွှေမန်းနဲ့ဦးသိန်းစိန်က သိပ်အစေးမကပ်လှဘူး" ဆိုတဲ့ လေသံတွေလည်း ထွက်တတ်ပါတယ်။ ဒါက မှန်၊ မမှန်ပါ။
နိုင်ငံရေးမှာ ဘုံရန်သူရှိနေရင် အကျိုးတူပူးပေါင်းမှုလည်းရှိတတ်ပါတယ်။ သူတို့ ဘုံရန်သူက အဖွဲ့ချုပ်ပါ (ဘုံရန်သူဆိုတဲ့ဝေါဟာရကိုသုံးလို့ မခံမရပ်နိုင် မဖြစ်ကြပါ နဲ့၊ နိုင်ငံရေးသီအိုရီမှာ အတိုက်အခံကို ဘုံရန်သူလို့ သုံးကြပါတယ်။) ဒီထက်တိကျအောင်ပြောရရင် သူတို့ ဘုံရန်သူကဒေါ်စုပါပဲ။ အဖွဲ့ချုပ်(သို့) ဒေါ်စု အားနည်းသွားပြီး သူတို့ကိုမခြိမ်းခြောက်နိုင်တော့ဘူးဆိုရင်တော့ ဘုံရန်သူ မရှိတော့တဲ့အတွက် သူတို့ချင်း ကွဲလွဲမှုက ပိုကြီးသွားနိုင်ပါတယ်။
(ဒီကောက်ချက်က ညီအကို အိမ်တွင်းမှာ တကျက်ကျက်ပေမဲ့ အပြင်က သူတို့ အရွယ်တူတွေနဲ့ ရင်ဆိုင်ရတော့မယ်ဆိုရင် သူတို့ချင်းပေါင်းမိသွားမယ်၊ အိမ်ပြန်ရောက်ရင် ဟင်းလု၊ အရုပ်လု၊ ဘာလု၊ ညာလုရင်း ရန်ပြန်ဖြစ်ကြမယ် ဆိုတဲ့ သီအိုရီပါ)

နောက်အယူအဆတစ်ခုက "ဦးရွှေမန်းနဲ့ဒေါ်စု ပေါင်းမိသွားနိုင်တယ်၊ ဦးသိန်းစိန် ကို ဘေးထုတ်လိုက်ကြမယ်" ဆိုတာပါ။ ဒါကတော့ အကောင်းမြင်တာ များလွန်း သွားတယ်လို့ ထင်ပါတယ်။ ဖြစ်နိုင်ခြေ သိပ်နည်းပါတယ်။
ဘာလို့လဲရဲ့အဖြေနဲ့ "ဦးရွှေမန်းနဲ့ဦးသိန်းစိန်က သိပ်အစေးမကပ်လှဘူး" ရဲ့အဖြေက အတူတူပါ။

သူတို့နှစ်ယောက်ကို ဇာတ်ဆရာက မတူညီတဲ့ပုံစံနဲ့ လူထုကို မိတ်ဆက်ပေးထား တယ်၊
ဘယ်သူ့ကိုရှေ့တင်ရင်နိုင်လောက်မလဲ?
(တနည်း) ဘယ်ကာရိုက်တာကို လူထုက ပိုလက်ခံမလဲ အရွေးခိုင်းထားတယ်။

၁။ နိုင်ခြေရှိသူက ရွေးကောက်ပွဲဝင်မယ်၊ ကျန်သူက နောက်ဆုတ်ပေးမယ်။
၂။ နှစ်ယောက်ပေါင်းမှ နိုင်လောက်မယ်ထင်ရင် ပါတီတောင် ခွဲချင် ခွဲလိုက်ကြ မယ်၊ ရွေးကောက်ပွဲပြီးမှ ပြန်ပေါင်း၊ ပါတီကွဲ၊ ရည်ရွယ်ချက်တူ၊ အကျိုးစီးပွားတူ။ (ဖြစ်နိုင်ခြေ အထိုက်အလျောက်ရှိ)
၃။ ၂၀၁၅ မတိုင်မီ သူတို့နှစ်ယောက်ထဲမှာ တစ်ယောက်ယောက်က ရုပ်ပျက်ဆင်း ပျက်ဖြစ်းသွားမယ်ဆိုရင် လက်ရှိကာချုပ်(သို့)အခြားတစ်ယောက်နဲ့ အစားထိုး မယ်။((ဖြစ်နိုင်ခြေ အလွန်နည်း)
(ဒါကတော့ ဟန်တင်တန်ရဲ့ ဝှက်ဖဲ သီအိုရီပါ။ ညီအကိုနှစ်ယောက် အပြင်က ရန်သူနဲ့တွေ့တဲ့အခါ ( နိုင်ခြေလည်းရှိရင်) နိုင်ခြေရှိသူနဲ့ အဖိုက်ခိုင်းပြီး ကျန် တစ်ယောက်က ရပ်ကြည့်အားပေးမယ်။ မနိုင်လောက်ရင် နှစ်ယောက်စလုံး ဝင်ဆော်မယ်ဆိုတဲ့ သီအိုရီပါ။)

ဒါဖြင့် ဒီ ညီအကို ဘာလို့ ဒီလို ပြုမူတာလဲ။
သူတို့ခြေထောက်ပေါ်သူတို့ မရပ်နိုင်သေးလို့၊ အရွယ်မရောက်သေးလို့၊ အုပ်ထိန်း သူ(ကြီး)ရှိနေသေးလို့ပါ။ သူတို့သာ အရွယ်ရောက်သူတွေဆိုရင် ဒီသီအိုရီ လွဲ သွားနိုင်ပါတယ်။

နိုင်ငံရေးဆိုရင်တော့ အဖြေက နိုင်ငံရေးမို့ပါ။

အမှာ။ ။ ၁ နဲ့ ၂ က ဆက်စပ်မှု လုံးဝမရှိပါ။ သင်ကိုယ်တိုင်ရအောင်ဆက်မှု၊ မဆက်မှုက စာရေးသူနဲ့ မဆိုင်ပါ။

စကားပြောသောဓာတ်ပုံများ (၃)


မေး။ ။ အရှင်ဘုရားရဲ့ သက်တော်ဘယ်လောက်ရှိပြီလဲ သိပါရစေ။
ဖြေ။ ။ ဦးဇင်းက မွေးခဲ့ပြီးပြီ၊ သေပြီလားဆိုတော့ မသေသေးဘူး။ ဒီတော့ ဦးဇင်းအသက်က မွေးခြင်းနဲ့သေခြင်းကြားက တစ်နေရာရာမှာရှိနေတယ်။ ဘယ်နေရာမှာလဲ မသိဘူး။ တစ်နေရာရာမှာပဲ။

(သမ္မတကြီးရဲ့ မဟာအင်တာဗျူး၊ မဟာဒိုင်ယာလော့ကို မှီငြမ်းဖြေဆိုသည်။ ဒဿန ပါသော်လည်း လိုရင်းမရောက်သဖြင့် မေးသူ၊ နားထောင်သူများ စိတ်ညစ် သွား ကြလေကုန်သည်ဟုဆို၏)


ဥပဒေနဲ့သမိုင်း


မြန်မာပြည်ပညာရေးက ဥပဒေနဲ့သမိုင်းကို တန်ဖိုးမထားဘူး။
ဒါဆို ဘယ်သူတွေက ဥပဒေရေးဆွဲပြီး ဘယ်သူတွေက နိုင်ငံရေး အနာဂတ်ပေါ်လစီချမှတ်မှာလဲ။
စင်္ကာပူရောက်လာတဲ့ အိမ်ဖော်လေးတွေတချို့က ဥပဒေဘွဲ့ရသူရ၊ သမိုင်းနဲ့ ဘွဲ့ရသူရ။ သူတို့ကို အထင်သေးတာ မဟုတ်ပါဘူး။
စင်္ကပူထောင်သွားတဲ့ ရှေ့နေဟောင်း လီကွမ်းယု၊ ကမ္ဘာ့နိုင်ငံရေးပေါ် လစီတွေ ရေးသွားတဲ့ (သမိုင်း၊ ပေါ်လစ်တီကယ်ဆိုင်းယင့်စ်ပညာရှင်) ကစ်ဆင်းဂျားတို့ ဟန်တင်တန်တို့ကို သွားမြင်မိလို့ပါ။
မတရားတဲ့ ဥပဒေဆွဲထားမိရင်တော့ သေနတ်နဲ့ထိုင်စောင့်မှ ဒီ ဥပဒေမြဲမှာ။

လိပ်တစ်ကောင်ရဲ့ အားသာချက် ၆ ချက်(နယူး ဗားရှင်း)


၁။ အသက်ရှည်အောင် ကျန်းမာရေးလုပ်ရတယ်ဆိုတဲ့ စကားဟာ လိပ်နဲ့ လုံးဝ မဆိုင်။ ပြေးလွှားနေတဲ့ ယုန်တွေ ခွေးတွေထဲမှာ ဘယ်သူ အသက်ရာကျော်နေ ရလို့လဲ။ ဘာမှမလုပ်ဘဲ သက်တန်းရာကျော်ရှည်တာ လိပ်ပဲရှိတယ်။(လိပ်နဲ့ဆွေမျိုး မတော်သူတွေ အတော်ဒုက္ခရောက်ရတယ်)

၂။ စောင်းကန်းစောင်းကန်း လမ်းလျှောက်လို့လည်း ဘာမှမဖြစ်(လူတွေစကားနဲ့ ဒါကို လိပ်ကြီးကတစ်ဖက်၊ ကမ္ဘာကြီးကတစ်ဖက်လို့ခေါ်တယ်)။ ဝင်တိုက်မိလည်း အခွံမာကြီးနဲ့ ဆိုတော့ ဘာမှမဖြစ်။ လိပ်က တည့်တည့်ကို မလျှောက်တတ် ဘူး။
(လူတွေစကားနဲ့ ဘန်ကာ ဂါးဘားမင့်လို့ခေါ်တယ်။ အပြင်မထွက်ရဲ၊ ဗုံးခိုကျင်းထဲ မှာပဲနေရသူ) ကြီးလေ မတည့်လေ။

၃။ လူတိုင်းကိုလည်း မျက်နှာ ပြနေစရာမလိုဘူး။ တခြားသတ္တဝါတွေဆို မျက်နှာ ချိုသွေးရ၊ အမြီးနံ့ရ။ လိပ်ကမျက်နှာမပြဘဲ အလုပ်ဖြစ်တယ်။ ခပ်တင်းတင်း၊ ခပ် တည်တည်ပဲ။

၎။ အားအားရှိ ကိုယ့်ဘက်ကို ယက်နေရုံပဲ၊ လိပ်ဆိုတော့ ဘယ်သူမှ ဘာမှပြော လို့ မရ။ ပြောလည်း ဘာမှမဖြစ်။ စကားပုံ ရှိနေလို့။

၅။ ဘယ်သူနဲ့မှ မတွေ့ချင်တော့ဘူးဆိုရင် ပင်လယ်ထဲဆင်းသွားပြီး နားအေး ပါးအေး ငုပ်နေလိုက်ရုံပဲ(လူတွေစကားနဲ့ ဒါကို အနားယူတယ်လို့ခေါ်တယ်)။ အကြောင်းရှိရင် ကောင်လေးတွေ ဆက်သွယ်ကြပေါ့(လူတွေစကားနဲ့ အကြံ ဉာဏ်တောင်းခံတယ်လို့ခေါ်တယ်၊ အရေးကြီးတာဆို လိပ်ကြီးမသိဘဲ ဘာမှ မလုပ်ရဲကြဘူးလို့ခေါ်တယ်။)

၆။ နောက်ဆုံး မဖြစ်မနေ ယုန်နဲ့ အပြေးပြိုင်ရရင်တောင် လိပ်ကနိုင်တယ်။



လူတွေစကားနဲ့ပြောတော့ ယုန်က မျိုးမစစ်လို့ ပြိုင်ပွဲဝင်ဖို့ ကွာလီဖိုင်း မဖြစ်တာ ရယ်၊ ခရာမမှုတ်ခင် လိပ် ယူနိုက်တက်က လေးပုံ တစ်ပုံ ရောက်နှင့်နေပြီးဖြစ်နေ တာရယ်ကြောင့် တဲ့။ တချို့ လိပ် ယူနိုက်တက်အဖွဲ့ဝင်တွေစကားအရ ယုန်က နားရွက်ထောင်လွန်းတယ် တဲ့)

ပြီးပါပြီ။
ဆက်ချင်ရင် ကိုယ်ဘာသာပဲ ဆက်ကြပါ။

သရဏဂုံရွတ်ဆိုရာမှာ


သရဏဂုံရွတ်ဆိုရာမှာ ပီသနေရမယ်ဆိုတာက အရေးကြီးတဲ့စကားမို့ နားလည် မှု လွဲမသွားစေဖို့ ချမှတ်ထားတဲ့လမ်းညွှန်ချက်ပါ(အတင်းစည်းရုံးထားတာ မဟုတ်၊ သူ့သဘောနဲ့သူ အာမခံပြီးဝင်လာတာဆိုတာမျိုး၊ ဘုရာလည်း ဒီလို ကွန်ပလိန်းတွေရင်ဆိုင်ခဲ့ရတယ်၊ ဒါ့ကြောင့် ခံစစ်စည်းလိုင်း တားထားတာ)။
ဆောင့်ဆောင့်အော်ရမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ဘယ်ထေရဝါဒနိုင်ငံ မှာ မှ ဆောင့်ဆိုတာမျိုးမတွေ့ရဘူး။ မှတ်မိသေး တယ်။ ဒေးဝန်းဆရာတော်ကြီး ကမ္မဝါ ဖတ်တော့ ငြိမ်ငြိမ်လေး၊ နာလို့လည်းကောင်းတယ်။
ချက်ချင်းကြီး ကီးမြှင့်ဆိုတဲ့အသံ မှန်၊ မမှန်။
ကီးမြင့်လွန်းသွားပြီး ဆိုလိုတဲ့အဓိပ္ပါယ်ကို နားလည်ရခက်သွားရင်တော့ မူရင်း စကားတော်နဲ့ သွေဖီသွားပြီ။ ဒါက သေချာတယ်။

အားစိုက်မှု


ပြောဆိုတဲ့စကား၊ အလုပ်အကိုင် အခွင့်အရေး၊ လူနေမှုအဆင့်၊ ဝန်းကျင်ရဲ့ သန့်ရှင်းမှုတွေကြောင့် စင်္ကာပူက ယူနိုက်တက်အာစီယံဖြစ်နေတယ်။
ထိုင်း၊ မြန်မာ၊ အင်ဒို၊ မလေး၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံအသင်းတွေကန်နေပေမဲ့ သူ့ပရိသတ်နဲ့သူ ရှိနေတယ်။ အခြားနိုင်ငံတွေမှာဆို ဒီလောက် ဟန်ချက် မညီနိုင်ဘူး။ သူက နိုင်ငံသေးတာလေးကို အားသာချက်လိုလိုဖြစ်အောင် အကွက်ချထားတာ။ အခြားနိုင်ငံတွေနဲ့စာရင် နိုင်ထက်စီးနင်းမှုလည်းနည်းတယ်။ ဥပဒေနဲ့ဥပဒေကို အကောင်အထည်ဖော်သူတွေရဲ့ အားစိုက်မှုက အဓိကဖြစ်မယ်။

ကျနော်ကတော့ ဇွန်းကိုပဲသုံးတယ်

တစ်နေ့မှာတော့ မိတ်ဆွေတချို့နဲ့အတူ အသစ်ဖွင့်ထားတဲ့ ရက်စတောရင့် ကို ရောက်သွားဖြစ်တယ်။
သန့်သန့်ရှင်းရှင်းရှိသလို စာပွဲထိုးအားလုံးကလည်း လူငယ်၊ လူ မမယ်လေးေ တွချည်းပါပဲ။ သူတို့ကို လေ့လာရင်း ပေါက်ပေါက်ရှာရှာမြင်တတ်တဲ့ ကျနော် ဟာ စာပွဲထိုးလေးရဲ့ အိပ်ထောင်ထဲက ဇွန်း၊ ခရင်းတစ်စုံကို မြင်မိတယ်။
လိုက်ကြည့်တော့ သူမှမဟုတ်ဘူး၊ စာပွဲထိုးအားလုံးရဲ့ အိပ်ထောင်တွေထဲမှာ ဇွန်း၊ ခရင်းတွေ ဆောင်ထားတာတွေ့ရတယ်။ တော်တော် အံ့ဩမိတယ်။
ဒါနဲ့ သွက်သွက်လက်လက် ရှိမယ့် အငယ်ဆုံး စာပွဲထိုးလေးကို မေးကြည့် မိတော့။
" ဒါက ဒီလိုပါ၊ ကျနော်တို့မှာ အချိန်ကုန်သက်သာမယ့် နည်းလမ်းနဲ့ပတ်သက် ပြီး သုတေသနလုပ်ရင်း အကြံပေးနေတဲ့ ကုမ္ပဏီတစ်ခု ရှိပါတယ်။ သူတို့ ရှာဖွေတွေ့ရှိချက်က လာရောက်စာသုံးသူတွေ စားပွဲပေါ်က လွတ်ကျတတ် တဲ့အထဲမှာ ဇွန်း၊ ခရင်းက နံပါတ် တစ်ပါ။ ၈၆ ရာခိုင်နှူံးရှိပါတယ်။ လွတ်ကျ တိုင်း စာဖိုခန်းထဲသွားပြီး ဇွန်း၊ ခရင်းတွေဆေးနေရတာက အချိန်ကုန် လူ ပမ်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့အားလုံး ဇွန်း၊ ခရင်းတွေ ဆောင်ထား ကြတာပါ"
ကျနော်ကိုယ်တိုင် တော်တော်အထင်တကြီး ဖြစ်သွားမိတယ်။ တယ် ဟုတ်ပါ လားပေါ့။
ပြောရင်းဆိုရင်း စာမယ်လုပ်နေစဉ် ကျနော့်လက်ထဲက ဇွန်း လွတ်ကျသွားေ တာ့ သူက ကဲ တွေ့ပြီမဟုတ်လားဆိုတဲ့ အပြုံးနဲ့ကြည့်ပြီး သူ အသင့်ဆောင် ထားတဲ့ ဇွန်းကို ထုတ်ပေးတယ်။



ခဏနေတော့ ဇွန်း၊ ခရင်းတင်မကဘဲ သူတို့ ဝတ်စုံတွေမှာ တွဲချုပ်ထားတဲ့ ကြိုးကွင်းလေးတွေကိုလည်း တွေ့ရပြန်တယ်။ ဒီ ကြိုးကွင်းလေးတွေကလည်း လူတိုင်းရဲ့ ဝတ်စုံမှာပါတယ်။ ဒီ ကြိုးကွင်းလေးတွေက ဘာအတွက်ပါလိမ့် ဆိုတာ ကျနော်လည်း ဉာဏ်မီသလောက် စဉ်းစားတာပဲ၊ အဖြေမရဘူး။ ဒါနဲ့ အဲဒီ စာပွဲထိုးလေးကိုပဲ မေးကြည့်ရတော့တယ်။
"မင်းတို့ ဝတ်စုံမှာ ပါနေတဲ့ ကြိုးကွင်းလေးတွေကရော ဘာအတွက်လဲကွ၊ အချိန်ကို ချွေတာဖို့ပဲလား၊ ဖြစ်နိုင်ရင် ရှင်းပြပအုံး"
ဆိုတော့ သူက အနားကပ်ပြီး..
"ရပါတယ် ဆရာ၊ ကျနော်တို့ အာလုံးက အမျိုးသားတွေချည်းပဲ မဟုတ်လား။ ဒီ ကြိုးကွင်းလေးတွေ ပါတော့ အပေါ့သွားတဲ့အခါ အချိန်ကုန် သက်သာပါ တယ်။ လက်နဲ့ ထုတ်၊ ကိုင်ပြီး အပေါ့သွားစရာ မလိုတော့ဘူး၊ ကြိုးကွင်းလေး နဲ့ ဆွဲထုတ်လိုက်ရင် ရပြီ၊ ဒီတော့ လက်ဆေးစရာမလိုတော့ဘူး။ အချိန်ကုန် သက်သာသလို ရေကုန်လည်း သက်သာသွားတာပေါ့ ဗျာ"

ဒီလောက် စနစ်ကျတဲ့ ရက်စတောရင့်ကို ကျနော် မချီးမွမ်းဘဲ မနေနိုင်တော့ ဘူး။ ဒါပေမဲ့ စဉ်းစားလို့ မရတာက လက်နဲ့မကိုင်ဘဲ အထဲကို ဘယ်လိုပြန် ထားမလဲ ဆိုတဲ့ကိစ္စပဲ။
ဒါနဲ့ ဆက်မေးကြည့်တော့ ကောင်လေးက အနားကပ်ပြီး တိုးတိုးလေးပြော တယ်....
"ကျန်တဲ့လူတွေကိုတော့ ကျနော်လည်း မသိဘူး၊ ကျနော်ကတော့ အသင့်ဆောင်ထားတဲ့ ဇွန်းကိုပဲ အသုံးပြုလိုက်တာပါပဲ"

(The World Joke Book ထဲက ရယ်စရာလေးကို သင့်သလို ပြန်ထားတာပါ)
11/06/2013

မချစ်မမုန်း


သင်္ခါရအပေါ် မချစ်မမုန်း ဥပေက္ခာဝင်သွားတော့ သင်္ခါရုပေက္ခာ။
သတ္တဝါတွေအပေါ်မချစ်မမုန်း ဥပေက္ခာဝင်သွားတော့ ဗြဟ္မဝိဟာရုပေက္ခာ။
ဘောလုံးပွဲအဖြေအပေါ်မချစ်မမုန်း ဥပေက္ခာဝင်သွားတော့ ဘောလုပေက္ခာ။
တောင့်တသေ၍ ကြောင့်ကြပြေသည့်ဉာဏ်။ သက်သာသွားတယ်။

ဒါနဲ့ အမှိုက်ရှင်းတဲ့ အဖွဲ့ကို တောင်ရေးမြောက်ရေး ရေးသူကရှိသေးတယ်။
ဂျပန်တွေကို အတုခိုးဆိုလား။ ကောင်းတာပဲ၊ ဘယ်သူ့အတုခိုးခိုးပေါ့။
၁၈ ရာစုကစလို့ အာရှတစ်တိုက်လုံး ဂျပန်ဆီက ပုံစံတစ်မျိုးမဟုတ်
တစ်မျိုးနဲ့ အတုခိုးနေကြရတာကြီးကို မေ့နေဟန် (သို့) မသိရှာဘူးထင်ပါရဲ့။

ဟန်တင်တန်ကို ကမ္ဘာကျော်စေတဲ့ အရက်စက်ဆုံး၊ အဆိုးဝါးဆုံးခန့်မှန်းချက် (၃)


ဒါပေမဲ့ ဖြစ်နိုင်ခြေအရှိဆုံးဖြစ်ပြီး စိတ်ကူးယဉ်ဖြစ်စဉ်ထဲမှာ စိတ် ကသိကအောက်ဖြစ်စရာ အကောင်းဆုံးက စစ်ဖြစ်ရခြင်းရဲ့အကြောင်းရင်းပါ။ စီဗီလိုက်ဇေးရှင်းတစ်ခုရဲ့ ပဓါန နိုင်ငံဖြစ်တဲ့ (တရုတ်)နဲ့ စီဗီလိုက်ဇေးရှင်းတူ အဖွဲ့ဝင်နိုင်ငံ(ဗီယက်နမ်)တို့ကြားမှာ အခြားစီဗီလိုက်ဇေးရှင်းရဲ့ ပဓါနနိုင်ငံဖြစ်တဲ့ (အမေရိကန်) နိုင်ငံက ကြားဝင် ဟန့်တားခြင်းဖြစ်ပါတယ်။

အမေရိကန်တွေဖက်ကကြည့်တော့ အပြည်ပြည်ဆိုင်ရာဥပဒေကို ကာကွယ်ဖို့၊ ဒီလို အနိုင်ကျင့်မှုကိုဟန့်တားဖို့၊ ပင်လယ်ရဲ့လွပ်လပ်မှုကို ကာကွယ်ဖို့ ၊ တောင် တရုတ်ပင်လယ်ထဲကရေနံကို သူတို့အနေနဲ့ ဆက်လက်ရယူနိုင်ဖို့၊ အရှေ့အာရှ ကို တစ်နိုင်ငံထဲက လွှမ်းမိုးထားတာကို ဟန့်တားဖို့ မဖြစ်မနေလုပ်ရမယ့် အလုပ်ဖြစ်ပါတယ်။ တရုတ်တွေဖက်ကကြည့်တော့ ဒါဟာ သည်းခံလို့မရတဲ့ ကိစ္စ၊ တရုတ်ကိုအရှက်ခွဲဖို့ ခြိမ်းခြောက်ဖို့အတွက် အနေက်စီဗီလိုက်ဇေးရှင်း ခေါင်းေ ဆာင် နိုင်ငံရဲ့ မောက်မာမှု၊ သူ့ဒေသတွင်းမှာ တစ်ရားဝင် လွှမ်းမိုးမှုရှိတဲ့ တရုတ် ရဲ့ လုပ်ပိုင်ခွင့်ကို ကပျက်ယပျက် လုပ်မှု၊ ကမ္ဘာနိုင်ငံရေး အရေးအခင်းမှာ တရုတ်ရဲ့ပါဝင် သင့်တဲ့ အခန်းကဏ္ဍကို ငြင်းဆန်မှုဖြစ်နေပါတယ်။

အတိုချုပ်အားဖြင့်ဆိုရရင် လာမယ့်လက်တလောကမ္ဘာမှာ စီဗီလိုက်ဇေးရှင်း စစ် ပွဲကြီးတွေကို ရှောင်ကြဉ် နိုင်ဖို့အတွက် စီဗီလိုက်ဇေးရှင်းတစ်ခု အတွင်းမှာဖြစ် ပွားနေတာကို အခြားစီဗီလိုက်ဇေးရှင်းဝင်နိုင်ငံက ၀င်ရောက် နှောက်ယှက်ခြင်း ကနေ ရှောင်ကြဉ်နေဖို့ပဲ ဖြစ်ပါတယ်။ တစ်ချို့နိုင်ငံတွေ အထူးသဖြင့် အမေရိ ကန် နိုင်ငံအတွက် ဒီအချက်ကို လက်ခံဖို့ ခက်ခဲလှတယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ စီဗီလိုက်ဇေးရှင်း စုံညီ ဗဟုမဏ္ဍိုင် ကမ္ဘာကြီးထဲမှာ ငြိမ်းချမ်းရေး အတွက် ပထမဆုံးလိုအပ်ချက်ဟာ စီဗီလိုက်ဇေးရှင်းတူ နိုင်ငံတွေကြား ပြဿနာထဲ ကို အခြားစီဗီလိုက်ဇေးရှင်းဝင်နိုင်ငံက ၀င်ရောက်စွက်ဖက်ခြင်း မပြုမှု “ရှောင်ကြဉ်မှုဥပဒေ=Abstening Rule” ပဲ ဖြစ်ပါတယ်။ ဒုတိယ လိုအပ်ချက်က “ပူးပေါင်း ညှိနှိုင်းရေး ဥပဒေ=Joint mediation Rule” ဖြစ်ပါတယ်။ မိမိတို့ စီဗီလိုက်ဇေးရှင်းဝင်နိုင်ငံတွေ၊ အုပ်စုတွေ ကြားက ပဋိပက္ခ တွေကို ထိန်း သိမ်းပေးခြင်း၊ ဟန့်တားပေးခြင်းကို ဆိုလိုပါတယ်။

စီဗီလိုက်ဇေးရှင်းတွေအကြား အင်အားတွေပိုပြီး ညီမျှလာနေတဲ့ ကမ္ဘာထဲမှာ ဒီဥပဒေ နှစ်ခုကို လက်ခံဖို့ဆိုတာ အနောက်အတွက်(သို့)အနောက်ကိုဖြုတ် ချဖို့(သို့)အနောက်ရဲ့ လွှမ်းမိုးထားတဲ့ အခန်းကဏ္ဍကို အစားထိုးနေရာယူဖို့ မျက်စောင်းထိုးနေတဲ့ စီဗီလိုက်ဇေးရှင်းတွေအတွက် မလွယ်ကူလှပါဘူး။ ဥပမာ အားဖြင့် ဒီကမ္ဘာကြီးထဲက ပဓါနနိုင်ငံကြီးတွေဟာ သူတို့လည်း အနုမြူလက်နက် ပိုင်ဆိုင်ခွင့်ရှိတယ်၊ မိမိရဲ့ အဖွဲ့ဝင် နိုင်ငံငယ်တွေ ဒီလိုလက်နက်တွေ ပိုင်ဆိုင် လာမှုကနေ တားမြစ်ခွင့်ရှိတယ်ဆိုတဲ့ အမြင်ရှိနေကြပါလိမ့်မယ်။

ပါကစ္စတန်အတွက်“အင်အားပြည့်အနုမြူလက်နက်စွမ်းရည်”ပိုင်ဆိုင်ဖို့ သူ့ရဲ့ ကြိုးစားခဲ့ရမှုတွေကို သမင် လည်ပြန်ကြည့်ရင်း သူ့အားထုတ်ခဲ့မှုတွေဟာ မှန် ကန်တယ်လို့ ဇူဖိကာ အလီဘူတို (Zulfikar Ali Bhutto) က ယုံယုံကြည် ကြည် ပြောဆိုခဲ့တယ်
”အစ္စရေးနဲ့တောင်အာဖရိကတို့မှာ အနုမြူစွမ်းရည် အပြည့်အ၀ ပိုင်ဆိုင် ထားရှိ ခဲ့ကြပြီးပြီလို့ ကျွန်တော်တို့သိရပါတယ်။ ခရစ်ယန်၊ ဂျူး၊ ဟိန္ဒူ စီဗီလိုက်ဇေး ရှင်းတွေအားလုံးမှာ အနုမြူစွမ်းရည် အပြည့်အ၀ရှိ နေခဲ့ကြပြီ၊ အစ္စလာမ် စီဗီလိုက်ဇေးရှင်းတွေမှာသာ မရှိသေးတာဖြစ်လို့ ဒါကို ပြောင်းလဲ ပစ်ရပါမယ်။”
(Note-18)