ရွာကဒေသသုံးလေးအကြောင်း ပြောချင်တယ်၊ ရွာမှာ အသက်ကြီးသွားတဲ့ အမျိုးသမီးကြီးတွေကို ဒေါ်တပ်ခေါ်ရင် ရိုင်းတယ်။ "မ" ကို နာမည်နောက် ထားခေါ်မှ မှန်တယ်။ ဥပမာ အမေ့နာမည် ဒေါ်သိန်းညွန့်။ "သိန်းညွန့်မ" လို့ခေါ် ကြသလို အဲသလိုခေါ်မှ ယဉ်ကျေးတယ်လို့လည်း ယူဆကြတယ်။ ဒေါ်သိန်းညွန့် ဆိုရင် တော်တော်ကြီးကို ရိုင်းသွားတာ။
ဒီယဉ်ကျေးမှုက တစ်နေရာစ နှစ်နေရာစတော့ ရှိတတ်ပါတယ်။ သေချာတာက ဧရာဝတီတိုင်းက ရွာတချို့မှာ ရှိတယ်။
၁၉၈၀ ခုနှစ်တွေတုံးက(ထင်တာပဲ) မောင်ကြေးမုံရေးပြီး ဟင်္သာတထွန်းရင်ဆိုတဲ့ "ကျွန်တော်သိတဲ့ အေးကြည်မ" ဆိုတဲ့ သီချင်းခွေ ရှိခဲ့တယ်။ သူ့ရဲ့ "အေးကြည်မ" ကြောင့် ကျေးလက်တွေမှာ မ နောက်ဆွဲနာမည်တွေ ခေတ်စားဖူး တယ်။ ဒါပေမဲ့ အများစု မ နောက်ဆွဲခေါ်ပုံကတော့ ချစ်စနိုး၊ သရော်တော်တော် အဓိပ္ပါယ်မျိုးပါ။
ဥပမာ ခွေးပုမ၊ ဘုတ်ဆုံမ၊ အကျင့်ပုတ်မ၊ ဖက်တီးမ စသည်။ ရွာယဉ်ကျေးမှုက အဓိပ္ပါယ်အားဖြင့် ထူးတယ်။
****************************************************************************
နောက် ဘုန်းကြီးရဟန်းတွေကို ရွာမှာ ဘွဲ့တပ်မခေါ်ကြဘူး၊ အဖေ (သို့) အမေ နာမည်တွေနဲ့ တွဲခေါ်ကြတယ်။(ဒီ ယဉ်ကျေးမှုကတော့ တော်တော် များများတွေ့ရ ပါတယ်။)
ဥပမာ သီဟနာဒဆိုရင် "သိန်းညွန့်မ ဦးဇင်း၊ သိန်းညွန့်မ ကိုယ်တော်" အဲသ လို ခေါ်ကြတယ်။ အစပိုင်း စိတ်ထဲမှာ တစ်မျိုးပဲ၊ ဘွဲ့ရှိလျက် ဘွဲ့မခေါ်လို့။ ဒါပေမဲ့ "သာရီပုတ္တ" ရဲ့ အဓိပ္ပါယ်ကို ကျကျနနသိတော့ သဘောကျသွားတယ်၊ ကိုယ်နဲ့ မတန်သလိုလိုတောင် ခံစားရတယ်။ (နာမည်က မိုက်စ်လွန်းနေတာကိုး)။
ဘုရားရဲ့ ရိုက်ဟန့်ဒ်၊ ပညာတွေ အတော်ဆုံး၊ အတတ်ဆုံးဆိုတဲ့ ကိုယ်တော်ကြီး မှာ ကိုယ်ပိုင်နာမည် မတွင်ရှာဘူး၊ အရှင်မြတ် ဘာကြီးပဲဖြစ်နေဖြစ်နေ သူ့နယ်က သူ့ကို သာရီရဲ့သာကြီး (ပါဠိလို သာရီပုတ္တ) လို့ပဲခေါ်ကြတယ်။ သူနာမည်ရင်းက မှတ်ပုံတင်ထဲမှာပဲ ရှိတာ။ ကိုယ်တော်ကြီးကို အားနာစရာကောင်းထှာ၊ (သူ့ ပါစင်နယ် နိမ်းကို ဘူမ ခေါ်ဘူးရယ်)။
ဘုရားရှင်ကတောင် ဒီယဉ်ကျေးမှုကိုလိုက်ပြီး "သာရီ့သားရဟန်း" က ငါ့ ညာလက်ရုံး လုပ်ချတော်မူလိုက်သေး။ ဒါက ဒေသသုံးပဲ။
Post a Comment