မိုနာလီဇာက တရုတ်မဆိုပါလား


တရုတ်စီးပွားရေးကောင်းလာလို့လားတော့မသိဘူး၊ မိုနာလီဇာတောင် တရုတ် မဖြစ်တော့မလိုပဲ။
ဒီလိုပါ၊ ဟောင်ကောင်နေ အီတလီလူမျိုး၊သမိုင်းပညာရှင်၊ ဝတ္ထုရေးဆရာ Angelo Paratico က မိုနာလီဇာဟာ တရုတ်(ကျေးကျွန်) အမျိုးသမီးဖြစ်နိုင်တယ်လို့ ဆို လိုက်ပါတယ်။ သူမ နာမည်က ကက်တာရီနာ (Caterina) ပါ။ ဒီလိုဆိုရင် ပန်းချီ ဆရာ လီယိုနာဒို (Leonado da Vinci) ကိုယ်တိုင် တရုတ်မျိုးနွယ်ဖြစ်သွားပါ တယ်။ သူ့အဆိုအရ လီယိုနာဒိုဟာ ကက်တာရီနာရဲ့သားဖြစ်ပြီး သူ့မိခင်ရဲ့ပုံကို ဆွဲထားတာဖြစ်ပါတယ်။
ဒါနဲ့ဆက်စပ်လို့ Leonado da Vinci: A Chinese Scholor Lost in Renaissance Italy ဆိုတဲ့စာအုပ်ကိုလည်း သူ ရေးသားပြီးစီးတော့မယ်လို့ သိရ ပါတယ်။

သူ့စကားအရဆိုရင်တော့
"မိုနာလီဇာ ပန်ချီကားရဲ့နောက်မှာ တရုတ်ရှုခင်းပုံပါပါတယ်၊ မိုနာလီဇာရဲ့ မျက်နှာ ကကိုပဲ တရုတ်မျက်နှာ" ပါ။
လီယိုနာဒိုရဲ့ဖခင်မှာ သူဌေးမိတ်ဆွေတစ်ယောက်ရှိပါသတဲ့၊ သူ့မှာ ကက်တာရီနာ လို့ခေါ်တဲ့ တရုတ်(ကျေးကျွန်) အမျိုးသမီးရှိခဲ့ပါတယ်။ ဒေါ့ကူမင်ထရီအရ သူမဟာ ၁၄၅၂ ခု နောက်ပိုင်းမှာ မတွေ့ရတော့ပါဘူး၊ နောက်ပြီး အဲဒီနှစ်ဟာ လီယိုနာဒိုေ မွးဖွားတဲ့နှစ်လည်းဖြစ်နေပါတယ်။
"အကျိုးအကြောင်းကွင်းဆက်ကို ဆက်စပ်ကြည့်ခြင်းအားဖြင့် ကက်တာရီနာဟာ တရုတ်ဖြစ်နေနိုင်တယ်" လို့ ပါရာတီကိုက ဆိုထားပါသတဲ့။




တရုတ်တွေအပါအဝင် ကမ္ဘာအရပ်ရပ်ကတော့ သူ့ကောက်ချက်ကို သိပ်သဘော မတွေ့ကြပါဘူး။
သဘောမတူဘူးဆိုတာကလည်း သဘာဝတော့ကျပါတယ်။ ဒါသာတကယ်မှန်ရင်
၁။ အနောက်က ကမ္ဘာကျော်အမျိုးသမီးနဲ့ ကမ္ဘာကျော် ပန်းချီဆရာကို တရုတ်လက် ထဲ လက်လွှဲထည့်ပေးလိုက်ရသလိုဖြစ်နေတယ်။
၂။ တရုတ်တွေကလည်း ဝမ်းသာရမလိုလိုနဲ့ အိမ်စေဆိုတော့ သဲတရှပ်ရှပ်ဖြစ်နေ ပါလိမ့်မယ်။

ပါရာတီကိုကလည်း ချစ်ဦးညိုလိုပဲ မရ,အရတော့ ဆွဲစပ်တော့မယ့်သဘောပါ။ Leonado da Vinci: A Chinese Scholar Lost in Renaissance Italy တဲ့။
ဘာပဲဆိုဆို မိုနာလီဇာက ဥရောပသူနဲ့ သိပ်မတူဘူးဆိုတာကတော့ လက်ခံရမှာ ထင်ပါတယ်။

Post a Comment