သမ္မတအိမ်တော်ကနေ အိမ်ပြန်သွားပြီဆိုတဲ့ ဦးသိန်းစိန်ကို ၂၀၁၂ ခုက ရေးခဲ့တဲ့ စာလေးနဲ့ ညွတ်ညွတ်နူးနူး နှုတ်ဆက်ပါတယ်။
~~~~~~~~~~~
လူ့ သမိုင်းဟာ တစ်မနက်နဲ့ ရေးလို့ မရဘူး။ သံသယ စိတ်နဲ့ ခြေရာကောက်တာတောင် ရက်စက်တယ် ဆိုတာထက် ပျော့ညံ့ တယ် လို့ပဲ သုံးသပ်လို့ရတယ်။ ဒီ ကြားထဲ သဟဇာတ ရှိကောင်းပါ ရဲ့။ ကျနော် ဒီနေ့ အထိ ယုံတယ်။ မယုံလို့လည်း ရတယ်။
သမိုင်းကို အော်ရင်း ဟစ်ရင်း ရေးတာထက် အနာဂတ် သုံး နှစ်ရဲ့ လက်ထဲ ဝ ကွက်အပ်လိုက်မယ် (ဒီထက် လင်းတဲ့ အရောင် မမြင်ဖူးဘူး)။ သူ မခေါ်ရင် ဒေါ်စု လည်း ဝင်ကဖို့ အခက်ပဲ။ သူတို့ လွတ်လပ်စွာ ကွဲလွဲ နေဟန်တော့ တူရဲ့။ နားလည်ကြပါစေ၊ မတူပါစေနဲ့။
လောင်းရိပ်။ ရှိတယ်၊ ရှိမယ်၊ မရူးသူ ယုံတယ်။ လယ်သမားသား နဲ့ နိုင်ငံတော် သမ္မတ ဆိုတာ လက်တွေ့ ဘဝမှာ ခပ်ဝေးဝေး။ သမ္မတ ရဲ့ ဘဝမှာ ဦးသန်းရွှေ ရဲ့ စနက်မကင်းနိုင်ဘူး။ မငြင်းနဲ့၊ ငြင်းသူ မှားတယ်။ မှားမယ်။ လူတိုင်းသိတဲ့ကိစ္စ ကိုပြောသူ အာချောင်တာပဲ။ လုပ်စရာမရှိရင် တစ်ခြားဟာ လုပ်။
လူ့ အခွင့် အရေး?။ မွေးကတည်းက ဒီမိုကရေစီနဲ့ ယဉ်ပါးလာတဲ့ နိုင်ငံတွေနဲ့ တို့ နိုင်ငံကို လာ မနှိုင်းနဲ့။ တို့ နိုင်ငံက ဆယ်ကျော်သက်၊ လူပျိုပေါက်၊ သူများတွေရဲ့ ပေါ်လစီတွေ လိုက်စရာ မလိုသေးဘူး။
အမေရိကန်တွေ အလိုရှိ ဆိုတဲ့ ဘိန်း အိမ်ရှေ့မင်းသား လောစစ်ဟန် ကို ဘိန်း မပါသရွေ့ ဝင်စေ ထွက်စေ စင်ကာပူက ခွင့်ပေးထားခဲ့တယ်။ ဘယ်သူ ဘာ ပြောပြော။ ရှင်းသလား?၊ လူနဲ့ ငွေသာ လာပါ၊ ဘိန်း မပါ ပါစေနဲ့။ အဲဒါ နိုင်ငံရေး၊ စီးပွားရေး၊ တရားလာမချနဲ့။ ရိပ်သာ မဟုတ်ဘူး။ သူသိ၊ ကျနော်သိ၊ ခင်ဗျားသိ။ ဘိန်း ဆိုတာ အကုသိုလ် အလုပ်။ ပြောမနေနဲ့ အားနေရင် တစ်ခြား ဟာ လုပ်။
ဦးသိန်းစိန် မဆိုးဘူး။
အရေးအကြီးဆုးံက ပြည်သူရဲ့ စား၊ ဝတ်၊ နေ။ နေထဲမှာ ကျန်းမာရေး ပါတယ်။ လျှပ်စစ်မီး ပါတယ်။ ကားဈေး၊ အိမ်ဈေး ပါတယ်။ ပြီးမှ ဖရီးဒမ်း ပေါင်းစုံ။ အဆင့် မကျော် နဲ့။
ရိုဟိန်ဂျာကိစ္စ လက်သည် မပေါ်ဘဲ ဆယ်ယောက် ပျောက် သတဲ့ လား၊ ခင်ဗျားတို့ စိတ်ဝင်စားရင် အရှေ့ အလယ်ပိုင်းမှာ လက်သည် မပေါ်ဘဲ ဘယ်နှယောက် ပြောက်သွားလဲ၊ အဲဒါ အမေရိကန် ခေါင်းဆောင် တဲ့ နိုင်ငံရေး။ ဘင်လာဒင် သေတာသိရုံတော့ မရဘူး ပေါ့။
သတိထား၊ ကျနော်တို့ နိုင်ငံက လူ ပျိုပေါက်။ ပေါက်တတ်ကရ ပေတံ တွေနဲ့ လာတိုင်း ရင် ကွာ နေမှာပဲ။ တိုင်း သူ မမှားဘူး။ အနက် ခရောနစ်ဇင် တော့ မလွတ် ဘူး။ အားနေရင် တစ်ခြား ဟာ လုပ်ရအောင်။
မလိုအပ်တဲ့ ကိစ္စတွေကြောင့် ထိုင်းနိုင်ငံ ရဲ့ စီးပွားရေး ဘယ်လောက်နှေးသွား သလဲ၊ အိန္ဒိယ ရဲ့ တိုးတက်နှုန်း ဘယ်လောက်နှေးသွား သလဲ။ စင်ကာပူ ဘယ်လောက်ရှေ့ ရောက်နေပြီလဲ။ ဘယ်သူမှ မလုပ်ဘူး၊ အနက် ခရောနစ်ဇစ်တ် တွေ လုပ်တာ။
ရဖျူးဂျီ ခိုလူံခွင့်ရဖို့ ဓာတ်ပုံအရိုက်ခံသူနဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့ တန်ဖိုးကို ကျနော်တို့ ခွဲခြားတတ်တယ်။ လူ့ သမိုင်းဟာ တစ်မနက်နဲ့ ရေးလို့ မရဘူး။ ဒါလည်း ပြောရင် လေကုန်တယ်။
တို့နိုင်ငံထဲ ကမ္ဘာ့ပေတံ တွေ ယူ ယူပြီး တိုင်းနေတာတွေ မကြာ ခဏ တွေ့ ရတယ်။ နေကြပါဦး။ ဘီဘီစီ ယူလာပါစေ၊ ဗွီအိုအေ ယူလာ ပါစေ။ တို့ ရူးချင်ယောင် ဆောင်ထားရအောင်။ ငါး နှစ်လောက်။
ဒါတွေကို အတိအကျ လိုက်မှ ရမယ် ဆိုရင်တော့ လက်ရှိ တို့ နိုင်ငံကို ဘယ်သူ အုပ်ချုပ်နိုင်မလဲ။ ကျေးဇူးပြု ပြီး ပြောကြည့်။ သူတို့ ကို မီဒီယာ က ဘာမှ မဝေဖန်ပါဘူး လို့ ဘယ်သူအာမ ခံ မလဲ။ ကျနော်က ဟဲ ဟဲ ပဲ။ သန်း ၆၀ ဆီက သန်း ၆၀ အသံ၊ ကျနော်တို့ ဘာသံကို နားထောင် မလဲ။
သေချာတာကတော့ ခင်ဗျားနဲ့ ကျနော် မဟုတ်ဘူး။ သူ နဲ့ ခင်ဗျား တော့ ဖြစ်ကောင်းဖြစ်မယ်။ ခင်ဗျား သေချာသလား။
ပြောရတာ ခက်တယ်၊ လိုက်လုပ်ရတာက လွယ်တယ် ဆိုတဲ့ ဆရာကြီးကို ကြည့်မရတဲ့ ရွာသားက ကျုပ်ပြောမယ်၊ ခင် ဗျား လိုက်လုပ်ဆိုပြီး
"မြေကြီးကို ကျင်း တူး"
"အေး တူးပြီးပြီ "
"ဒါဆို ရေ လောင်းထည့် "
"အေး ထည့်ပြီးပြီ "
"ပြီးရင် မှောက်သွန်၊ ခပ် မပစ်နဲ့ " တဲ့။
အခု အထိ အရင်ထက်တော့ သာတုန်းပဲ၊ ပြောရေးဆိုခွင့်မှာ အမေရိကန်တွေလောက် မရတောင် စင်ကာပူ ထက်တော့ သာ သလိုလို။ မယုံရင် ဒီ လာပြီး ဂျာနယ်ထုတ်။ အင်္ဂလိပ်လို ဘလော့ဂ်တင်၊ ဘာမှ မဖြစ်ရင်တော့ ဘာမှ မဖြစ်ဘူး ပေါ့ ဗျာ။
ဒီမိုကရေစီ အောက်မှာ ခေါင်းစဉ်တွေ အများကြီးဆိုတာ........
ဘယ်နိုင်ငံရဲ့ ဒီမိုကရေစီမှ ပါဖက် မဖြစ်သေးဘူး ဆိုတာ.....
ဦးသိန်းစိန် နဲ့ ဒေါ်စု ဆိုတာ.....
မြန်မာ နဲ့ အမေရိက၊ ဥရောပဆိုတာ......