မြတ်စွာဘုရားရှင် မြန်မာပြည်တွင် မပွင့်ရသည့် အကြောင်းရင်းများ


ကမ်းလက် shared Sally Mya-Win's photo.
 
 Sally Mya-Win with Aung Myint Soe and 7 others
မြတ်စွာဘုရားရှင် မြန်မာပြည်တွင် မပွင့်ရသည့် အကြောင်းရင်းများ။
၁။ မယ်တော်ကိုင်စရာ သစ်ပင် မရှိခြင်း။
၂။ နှစ်ပြည်ထောင်ကြား ခမည်းတော်နှင့် မယ်တော်ယူမိ၍ အမျိုးစောင့်ဥပဒေနဲ့ ငြိနေခြင်း။
၃။ တပြည်သူသွေးနှော၍ ဘုရင် မဖြစ်ဘူးခြင်း။
၎။ ရဟန်းပြုရန်အတွက် နတ်တို့ဖန်ဆင်းသောကျောင်းသင်္ကန်း၌ အာမခံချက်မရှိခြင်း။
၅။ ဒုက္ကရစရိယာကျင့်စရာ တောမရှိခြင်း။
၆။ ဂဏာနို့ဆွမ်း သပိတ်မျှောရန် မြစ်တွင်း ရေမရှိခြင်း။
၇။ ဗောဓိပင်နှင့် ရွှေပလ္လင်နေရာသည် တပ်ပိုင်မြေဖြစ်နေခြင်း။
၈။ ငါးဦးထက်ပို၍ တရားဟောသဖြင့် တရားပွဲကို ပါမစ်ယူရခြင်း။
၉။ တရားဟောရန် သာသနာရေးမှ ဘွဲ့လက်မှတ်သတ်မှတ်ချက် မရှိခြင်း။
၁၀။ တန်ခိုးပြာဋိကာ ပြခြင်းသည် နိုင်ငံတော်အား အကြည်ညိုပျက်စေခြင်း။
၁၁။ ပြည်ပသို့ တရားဟောထွက်၍ ကျောင်းထိုင်ခွင့်မရခြင်း။
၁၂။ နိုင်ငံခြားသားများအား ကျောင်းတွင်လက်ခံခြင်း။
၁၃။ မြစ်တစ်ခုအပေါ်မှ တရားဟောခွင့်မရှိခြင်း။
၁၄။ ဒယ်အိုးကျမည့် တရားများ ဟောပြောခြင်းကို ခွင့်မပြုခြင်း။
၁၅။ စီတန်းလှည့်လည်ခြင်းကို သံဃာအရေအတွက် အပါးတစ်ရာထက်ပိုလွန်ခြင်း။
စသည့်အချက်များကြောင့် ဗုဒ္ဓဂါယာ မြေမြတ်မဟာတွင်သာ ဘုရားပွင့်သည်။
(( Copied from Thiha Kyaw ))

ကလေးတွေကို ရိုက်တဲ့ ကျောင်းအုပ်ကြီးကို အကြံပေးချင်တာ...


ဘာမှ မသိဘဲနဲ့ သူများ ဒေါ်စုလို့ လိုက်စုနေတယ်ဆိုပြီး ကလေးတွေကို ရိုက်တဲ့ ကျောင်းအုပ်ကြီးကို အကြံပေးချင်တာ...

တစ်ပြည်လုံးက လူငယ် လူလတ်တွေကိုလည်း ခေါ်ရိုက်ပါ လို့။ ဖြူသလား မည်းသလား မသိဘဲနဲ့ သူများ ဗိုလ်ချုပ် အောင်ဆန်းဆိုလို့ လိုက် အောင်ဆန်းနေကြတာလေ။

ဒါတင် မကသေးဘူး။ တစ်ကမ္ဘာလုံးက ဗုဒ္ဓဘာသာတွေကိုလည်း ကြိမ်လုံးကြီကြီး ရေစိမ်ပြီး ခေါ်ရိုက်ရမှာ။ ဒီလူတွေကမှ ဘယ်သူမှ မမီလိုက်တဲ့ ဘုရားကို ဗုဒ္ဓ ဗုဒ္ဓ နဲ့ ဖြစ်နေကြတာ။ ကဲကို ကဲတယ်။

ဆရာကြီး ဦးဌေးအောင်ကို သတိရတယ်


ဆရာကြီး ဦးဌေးအောင်ကို သတိရတယ်။ တစ်နှစ်လုံး သူ သင်ချင်ရာ သင်တာ၊ သူ သင်မျှကလည်း အသစ်တွေ၊ မှတ်စရာတွေချည်းပဲ။ စာမေးပွဲအတွက် လေးပုဒ်မေးမယ်ဆိုရင် လေးပုဒ်စလုံး ပေးတာ။ ဆရာကြီးကို မချစ်တဲ့ တပည့် မရှိလောက်ဘူး။ ဒီကြားထဲ ခရမ်းဆိုတဲ့ကောင်က "ဆရာကြီး တစ်ပုဒ်လောက် ထပ်ပေးပါအုံး" ဆိုလို့ ဆရာကြီးက "တော်ပြီလေ၊ လေးပုဒ်မေးမယ်၊ လေးပုဒ်ပေးပြီးပြီပဲ" တဲ့။ အတန်ပြီးတော့ အဲ့ကောင်ကို ဝိုင်းဆဲကြတာ မိုးမွှန်နေရော။ ဆရာကြီးကများ တစ်ပုဒ် ထပ်ပေးရင် တစ်ပုဒ် ပိုကျက်နေရမှာလေ။
အခုလည်း ဆယ်ပုဒ်ကို ဆယ်ပုဒ်စလုံး ပေးထားတာ။ ချစ်အောင်လို့။

~~~~~
မနေ့က မေးခွန်း။ စိတ်ဝင်စားရင် ဖြေကြည့်ကြပါလား။
မေးခွန်းက သီဟိုဠ်က တိုက်ရိုက်လာတာပါ။ ဒီက ကောလိပ်ပဲ။
ဘုန်းဇင် သင်တဲ့ဘာသာရပ်။ နားလည်အောင် သင်တယ်။ မေးခွန်းကတော့ ၉ ပုဒ် ကွက်တိပေးတာ။ တပည့်မေတ္တာ ခံယူမယ့် ဆရာဆိုတော့လေ။
(October 25 at 7:11am)


ဘုန်းဇင်နဲ့ ဘဝတူ ညီတော်တွေအတွက်


"အင်္ဂလိပ်စာကို ဘယ်လို လေ့လာရမလဲ" ဆိုတဲ့ အမေးတွေ ညီတော် ရဟန်းတွေဆီက ရောက်လာတတ်တယ်။ အကျဉ်း ဖြေကြည့်ပါမယ်။ အကြံပေးတာထက် အားပေးတာမျိုးပါ။
နိုင်ငံခြား တက္ကသိုလ်တွေရဲ့ ပညာရေး၊ အတွေ့အကြုံတွေကို သိချင်တာဆိုရင်တော့ ဓမ္မဂင်္ဂါ၊ မောင်ဣန္ဒက၊ မောင်သစ္စာတို့ကို မေးကြပါ။

၁။ အင်္ဂလိပ်စာအတွက် ရူးသွပ်ပါ

မန်း၊ နပသ ကျောင်းသားဘဝမှာ ဘုန်းဇင်တို့အဖွဲ့က အင်္ဂလိပ်စာအတွက် ရူးသွပ်ခဲ့ကြပါတယ်။ ဘုန်းဇင်ဆိုရင် ဘယ်ဆရာ၊ ဘယ်စာဝါပဲ ပို့ချ ပို့ချ လက်ထဲရှိတဲ့ စာအုပ်က အဋ္ဌသာလိနီ (သို့) အင်္ဂလိပ်စာအုပ်ပါပဲ။ မန်း တောင်ပေါ်မှာ ရူးသွပ်၊ ကိုယ့်အခန်းထဲမှာ ရူးသွပ်၊ စာသင်ခန်းထဲမှာ ရူးသွပ်ဆိုတော့ နည်းနည်း စမ်းဝါးမိလာတယ်။ (ဒီနောက် မဟာသန္တိသုခရောက်။ ဒါကိုတော့ ရေးပြီးသား တချို့ရှိတာရယ်၊ ထပ်မရေးချင်သေးတာရယ်ကြောင့် ဒီမှာ မရေးတော့ဘူး)

၂။ အင်္ဂလိပ်စာအတွက် ရူးသွပ်ပါ

ဘုန်းဇင် စင်္ကာပူရောက်စ မြန်မာကျောင်းကြီးမှာနေတဲ့ သူငယ်ချင်း ဦးသီရိဓမ္မကို သူ့ ကျောင်းကော်မတီက ဗြိတိသျှကောင်ဆယ်မှာ အင်္ဂလိပ်စာ ဆက်သင်ဖို့ စပွန်ဆာပေးတယ်။ ဘုန်းဇင်လည်း ဖြစ်နိုရင်တော့ တက်ချင်တာပေါ့။ (နေးထစ် စဖိခါ တွေနဲ့ သင်ရမှာလေ) ဒါနဲ့ ပြောကြည့်တော့ အဖြေက "ဈေးကြီးလွန်းတယ်" တဲ့။ နားလည်ပါတယ်။


ဒါနဲ့ "ဗြိတိသျှကောင်ဆယ်မှာ တက်မှ တတ်မှာတဲ့လားကွာ" ဆိုပြီး အဲဒီနေ့ကစလို့ အလကားရတဲ့ စထရိတ်တိုင်းမ် အယ်ဒီတာ အာဘော်တွေကို ထိုင်ကျက်ပစ်လိုက်တယ်။ တရုတ်တွေက ပြောတယ်၊ ဘန္တေ သတင်းစာဖတ်တာက ကြာလိုက်တာ တဲ့။ ပြန်ပြောလိုက်တယ် ဘန္တေက သတင်းစာဖတ်တာ မဟုတ်ဘူး၊ သတင်းစာ ကျက်တာ လို့။
ဒါက စံဝင်တဲ့ အင်္ဂလိပ်လေ။ နှစ်နှစ်လောက်ကြာတော့ အင်္ဂလိပ်စာကို မကြောက်တော့ဘူး။

စကားပြော အခြေခံကို မန်းတောင်ပေါ်က ရခဲ့ပါတယ်။
ဘာသာပြန် အခြေခံကို စထရိတ်တိုင်းမ် အယ်ဒီတာ အာဘော်တွေဆီက ရခဲ့ပါတယ်။

"လေယာဉ်လက်မှတ်ဖိုးရှိရင် သီရိလင်္ကာကို လာခဲ့ပါ၊ ကျန်တာ ကူညီမယ်" ဆိုတဲ့ သူငယ်ချင်းရှိတာတောင် လေယာဉ်လက်မှတ်ဖိုး မပြည့်လို့ သီရိလင်္ကာကို မသွားခဲ့ရပါဘူး။ နိုင်ငံခြားတွေ၊ နိုင်ငံခြားတက္ကသိုလ်တွေ တက်ဖို့ အခွင့်အလမ်းရခဲ့ရင် ပိုကောင်းတာပေါ့။ ကြွကြပါ။ အသစ်တွေ တွေ့ရ၊ လေ့လာရမှာပေါ့။ (တချို့ဆို လက်တော်ကြီး ကျိုးနေတော်မူတာတောင် မရပ်မနား ကြွနေသေးတာပဲ)။ ဘုန်းဇင်ပြောချင်တာက ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတဲ့ အခြေအနေထဲက ညီတော်တွေအတွက်ပါ။

မောင်စိန်ဝင်း စကားနဲ့ပြောတော့ "ဘယ်မှာနေနေ တွယ်တာနေဖို့ပါပဲ" တဲ့။
ဘုန်းဇင်ကတော့ "ဘယ်မှာနေနေ ရူးသွပ်နေဖို့ပါပဲ" လို့။

ဒါနဲ့ စကားမစပ်၊ စာမေးပွဲ မပြီးသေးဘူး သက်လား။ လိုက်ခ် အလှူပေးတာကို မခံယူချင်ရင် စတေးတပ် မတင်ကြနဲ့နော်။

ဘုန်းဇင်

တစ်နပ်စား ဉာဏ်


အရိုးသားဆုံး ပြောရရင် ထောက်ခံမှုရဖို့ "ဒံပေါက်နဲ့ ငွေ ငါးထောင်ကိစ္စ" ကို အပြင်မှာနေသူ အဖို့ မျက်စေ့နဲ့ မြင်ရတာ မဟုတ်ပါဘူး။ (စင်္ကာပူကို မရိုးသားတဲ့ ဒန်ပေါက်တွေ ရောက်မလာဘူး၊ ရိုးရိုးသားသား စားစရာလေးတွေပဲ အချင်းချင်း ဝေကြတယ်။ ဒါကလည်း ဘယ်ပါတီကို ထောက်ခံသူမဆို ရကြတယ်။)

ဒါပေမဲ့ ဒါကလည်း ရွေးကော်ရဲ့ ကဘောက်တိကဘောက်ချာ ကိစ္စလို ဟိုးလေးတကျော်တော့ ဖြစ်နေတယ်။
ဒါသာ အစစ်အမှန်ဆိုရင်တော့ လက်ရှိအစိုးရရဲ့ ဉာဏ်က တစ်နပ်စား ဉာဏ်ပဲ။
ပညာမတတ်ရှာသူတွေကို နားလှည့် ပါးရိုက်လုပ်တာလို့ ဆိုချင်ပါတယ်။

ဒါပေမဲ့ ငွေငါးထောင်ယူသွားသူတိုင်း ပါးအရိုက် ခံ၊ မခံဆိုတာကတော့ မသေချာလှပြန်ဘူး။
(ဒီသတင်း မမှန်ရင် အစိုးရကိုရော၊ အစိုးရထောက်ခံသူတွေကိုပါ တောင်းပန်ပါတယ်)

ကိုယ့်ပါတီထောက်ခံသူကိုသာ ပေးတဲ့ ဒန်ပေါက်နဲ့ ဘယ်ပါတီကို ထောက်ခံသူကိုမဆို ဝေငှနေကြတဲ့ စင်္ကာပူရဲ့ စေတနာကို ယှဉ်ကြည့်ရင် အစိုးရဟာ နှလုံးရည်တိုက်ပွဲမှာ ပြည်သူကို ခွက်ခွက်လံအောင် ရှုံးနေတယ်။

ကျနော် ရေးခဲ့သမျှ စာအုပ်လေးတွေအပေါ် သံယောဇဉ်ရှိရင် ဒီ ဗွီဒီယိုလေးကို ခဏ ဖွင့်ကြည့်ပေးကြပါလား


(ကျနော် ရေးခဲ့သမျှ စာအုပ်လေးတွေအပေါ် သံယောဇဉ်ရှိရင် ဒီ ဗွီဒီယိုလေးကို ခဏ ဖွင့်ကြည့်ပေးကြပါလား။ အပြည့်အစုံ နားမလည်ရင်တောင် ခံစားမှု အပြည့်အဝ ပေးမှာပါ။ ကလစ်ကြည့်ပါ မိတ်ဆွေ)


မစ္စတာ ဒမ်မီယံ ရိုက်စ်ရေ လာကြည့်လှည့်ဦး
ခင်ဗျားတို့ ကမ္ဘာကျော် အနုပညာသမားကြီးတွေ တောင့်တနေတဲ့
အဲဒီ အသံတိတ် ပီယာနိုလေး
အခု သံစဉ်တွေ မြည်နေပြီ။

U 2 က ဘိုနိုကို ဖုန်းဆက် ပြောပေးပါအုံး
ခင်းဗျား လက်ဆောင်ပို့ပေးတဲ့
သူမအိမ်က
ပီယာနိုကိုလည်း အချိန်ရခိုက် သူမ တီးနေမှာပါ။

ကျနော်တို့ သန်း ၅၀ ကျော် နှလုံးသားတွေအတွက်
ကမ္ဘာကျော်အောင် လွမ်းဆွတ်ပစ်လိုက်တဲ့
မစ္စတာရိုက်စ်ရဲ့ နှလုံးသားနဲ့ အနုပညာကို
ကျနော် အကြိမ်ကြိမ် အလေးပြုခဲ့တယ်။

ဇင်ဝေသော်

ဒီမှာကြည့် ဒန်ပေါက်မဲ့ ဒီ ဂျင်နရေးရှင်းရဲ့ ဒီလို ရဲဝံ့တဲ့ ဒီဝေ့ဗ်။


*****

ဒန်ပေါက်စားချင်ဦးလေ အခုတော့ ဖိနပ်တောင် မစီးနိုင်ဘူးမို့လား ငိငိ

မင်္ဂလာရှိသူများ


၁။ အတ္တသမ္မာ ပဏိဓိ
အတ္တသမ္မာ ပဏိဓိဆိုတာ မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့ မင်္ဂလာတဲ့ ကွဲ့။ အရှင်တေဇောဘာသလေးဆိုရင် ဒီမင်္ဂလာနဲ့ သိပ်ညီညွတ်တာပဲ။ သူရေးတဲ့ ပို့စ်၊ သူရေးတဲ့ ကွန်မင့်တွေကို ဘယ်သူမှ မလိုက်ခ်ခင် သူကိုယ်တိုင် အရင်ဆုံး လိုက်ခ်ပစ်တတ်တဲ့ သူတော်ကောင်း ရဟန်းငယ်လေးပေါ့။

၂။ မာတာပိတု ဥပဋ္ဌာနာ
ဖေ့စ်ဘုတ်သုံးစ မရှိသေးတဲ့ မိဘနှစ်ပါးကို ဖေ့စ်ဘုတ်သုံးစွဲလာအောင်၊ ဖရင့်တွေ ဖိတ်တတ်လာအောင်၊ တဖြည်းဖြည်း ရင်တွင်းခံစားချက်လေးတွေပါ ဝေါပေါ်မှာ ချရေးရဲလာအောင် ပြုစု၊ ထောက်ပံ့၊ အားပေးတာမျိုးကို မာတာပိတု ဥပဋ္ဌာနာ လို့ခေါ်သကွဲ့၊ ရွှန်းလဲ့၊ ဝင်းပပ နဲ့ စိုးသူဇာတိုဆိုရင် ဒီမင်္ဂလာနဲ့ ပြည့်စုံနေတာကို တွေ့ရသကွဲ့။ (အခြေအနေကောင်းရင် တစ်အိမ်ထဲ လိုက်ခ်ငါးချက်ပဲ)

၃။ ဉာတကာနဉ္စ သင်္ဂဟော

ဒီမင်္ဂလာကတော့ မောင်သစ္စာတို့ လက်နဲ့မကွာ ဖြည့်ဆည်းတဲ့ မင်္ဂလာပေါ့ကွယ်။ ပို့စ်တင်ပြီးလို့ ကြည့်လိုက်ရင် အရင်ဆုံး "Shin Thitsar likes" ကို တွေ့ရတတ်သကွဲ့။

၎။ ပုတ္တဒါရသ သင်္ဂဟော
ဒီမင်္ဂလာကို လက်နဲ့မကွာ ဖြည့်ဆည်းနေတာကတော့ ကိုတင်ထွဋ်အောင်ကြီးပါပဲ။ သူ့ဇနီး မခင်မိုးမိုးရှိန် ရေးသမျှ၊ ရှယ်မျှတိုင်းကို သူများ မလိုက်ခ်ချင်နေ သူကတော့ ပုံမှန် လိုက်ခ်ပါရမီတွေ မငြီးမငြူ ဖြည့်နေတတ်သကွဲ့။

ကဲ တရားလည်း ရှည်သွားပြီ၊ နောက်နေ့မှ ဆက်ကြဦးစို့ရဲ့။
ဒုန်း
ဒုန်း
ဒုန်း ပါ ဘု ရား။

စစ်အစိုးရလက်ထက် မြန်မာစာရေးထုံး ပြောင်းသွားပုံ


၁။ ယနေ့ အကြွေးမရောင်းပါ။ (ခေတ်ဦး)
၂။ ယနေ့ ရောင်းရငွေသည် မနက်ဖြန်အတွက် အရင်းအနှီးဖြစ်သည်။ (ခေတ်လယ်)
၃။ ယနေ့ ရောင်းရငွေသည် မနေ့က နေ့ပြန်တိုးကို ပေးဆပ်ရန်ဖြစ်သည်။ (ခေတ်နှောင်း)

(စီးပွားရေး ပညာရှင်များကတော့ မြန်မာစာရေးထုံး ပြောင်းသွားပုံသည် စီးပွားရေးနှင့် တိုက်ရိုက် ဆက်စပ်မှုရှိသည်ဟု သုံးသပ်ကြ၏)

ကဲ အရေးပေါ် ငြိမ်းချမ်းရေး စာရွက်လေး ဘာလေး ရွေးကောက်ပွဲ မတိုင်ခင်ရအောင် လုပ်ကြပေါ့ဗျာ


ကချင်ပြည်နယ်ရဲ့ နှစ်စဉ် ကျောက်စိမ်းဝင်ငွေက ကန်ဒေါ်လာ ၃၁ ဘီလီယံဆိုလား။
လူထုကမွဲ၊ စားသွားတာက ထိပ်သီး စစ်အရာရှိကြီးတွေ၊ ခရိုနီတွေနဲ့ မူးယစ်ဆေး ရောင်းဝယ်သူတွေ တဲ့။
ကချင်လက်နက်ကိုင်နဲ့ ငြိမ်းချမ်းရေး မရတာကလည်း ဒါက အဓိက အကြောင်း ဆိုပါလား။

ရွေးကောက်ပွဲ အမှီ ဖွလာမယ့် ပြည်ပ မီဒီယာကလည်း စိတ်ဝင်စားစရာ။
ကချင်ပြည်နယ်ရဲ့ သယံဇာတက ကချင်ပြည်နယ်အတွက် ဘာမှဖြစ်မလာတော့ ဆွေးနွေးလို့ လိပ်ခေါင်းထွက်လည်း ငြိမ်းချမ်းရေးက ရလာမှာ မဟုတ်ဘူး။
လူလည်လုပ်တာ များလွန်းနေတာကိုး။

လိုကောလိုအပ်ရဲ့လား ကာချုပ်ကြီးရယ်


စစ်မှု မထမ်းမနေရ ဥပဒေမျိုး ပေါ်ပေါက်လာနိုင်တယ် ဆိုတဲ့ စကားနဲ့စပ်ပြီး အဲသလို မေးချင်တာပါ။ (ဒီသတင်း မမှန်ဘူးဆိုရင် ကာချုပ်ကြီးကိုရော စာဖတ်ပရိသတ်ကြီးကိုပါ တောင်းပန်ပါတယ်)။ စစ်မှု မထမ်းမနေရ ဆိုလိုက်တာနဲ့ မျက်စေ့ထဲ တန်းရောက်လာတာက အစ္စရေး၊ စင်္ကာပူ။ သူတို့မှာ တူညီတဲ့ ကံကြမ္မာတွေလည်း ရှိကြရဲ့။

၁။ နှစ်နိုင်ငံစလုံးက လူဦးရေအရရော နယ်မြေအားဖြင့်ပါ ပိစိကွေးလေးတွေ။
၂။ နှစ်နိုင်ငံစလုံးရဲ့ဘေးမှာ လူဦးရေ များလွန်းလှတဲ့ မွတ်စလင် နိုင်ငံကြီးတွေ ရှိနေတယ်။
၃။ အစ္စရေးက အနောက်ဆရာကြီးတွေကောင်းမှုနဲ့ အိမ်နီးချင်းတွေ လုံးဝ သဘောမတူတဲ့ကြားကနေ နိုင်ငံအသစ် ပေါ်လာတာ (နိုင်ငံအသစ် တဖန် ပေါ်လာ) တာဖြစ်ပြီး စင်္ကာပူရဲ့အရေးမှာလည်း ဗြိတိသျှအကူအညီ မကင်းခဲ့ဘူး။

ကျနော်တို့နိုင်ငံက ဘင်္ဂလားဒေ့ရှ်နဲ့ အိမ်နီးချင်း ဖြစ်နေတာကလွဲရင် အထက်ပါအချက်တွေနဲ့ လုံးဝ မကိုက်ညီဘူး။ တရုတ်၊ အိန္ဒိယနဲ့ ကျနော်တို့က အခန့်မသင့်တာလေးတွေ ရှိခဲ့ဖူးတယ် ဆိုတာကလွဲရင် သူသေကိုယ်သေ ဆော်ရမယ့် သမိုင်းဝင်ရန်ညှိုးတွေ (ဟို နှစ်နိုင်ငံလို) မကြီးလှ၊ မရှိလှပါဘူး။ တရုတ်ကလည်း နှပ်ချေးဗရဗွလေးမို့ ခေါင်းခေါက်နေတာကလွဲရင် မြန်မာနဲ့ ၂၁ ရာစု စစ်ပွဲ ဆင်ဖို့လောက်အထိ စိတ်မင်စားပါဘူး။ မျက်နှာ အကျအန သစ်၊ ဝတ်ကောင်းစားလှလေးနဲ့ဆို သူလည်း ခေါင်းမခေါက်ရဲလောက်ပါဘူး။

ဘာပဲဖြစ်ဖြစ် "တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်" ဆိုတာကို ကျနော်တို့ အပြည့်အဝ လက်ခံပါတယ်။ ဒါပေမဲ့ စဉ်းစားကြည့်သင့်တဲ့ အဖြေက စစ်မှု မထမ်းမနေရ ဥပဒေမျိုး ပေါ်ပေါက်လာရေးမဟုတ်ဘဲ လက်ရှိ စစ်သားတွေကို စွမ်းရည်မြှင့်တင်ပေးရေးလို့ ထင်ပါတယ်။ အရေအတွက်အရ သိပ်မနည်းလှပါဘူး။



အဲဒီ ဥပဒေမျိုးသာ တကယ်ကြီး ပေါ်ပေါက်လာရင် နောက်ကျသွားမယ့် လူငယ်လေးတွေရဲ့ ပညာရေး၊ စီးပွားရေးကိုလည်း ထည့်စဉ်းစားရပါမယ်။ စင်္ကာပူမှာ စစ်မှု မထမ်းရဘူးဆိုတော့ မိန်းကလေးတွေက ကောင်းကလေးတွေထက် နှစ်နှစ် အချိန်စောရကြတယ်။ သူတို့ ပညာရေး၊ စီးပွားရေးက အခြေကျနေပြီဆိုတော့ ဒါက ပြသနာကြီး မဟုတ်လှဘူး။

အစစ နောက်ကောက်ကျခဲ့ရပြီ၊ တံခါးဖွင့်လာတဲ့ အစိုးရအသစ်လက်ထက်မှာ ကမ္ဘာ့ရေစီးထဲ သူများထက်မြန်အောင် ပြေးဝင်ချလိုက်မဟဲ့ ဆိုတဲ့ ကျနော်တို့ ကျောင်းသား၊ လူငယ်လေးတွေရဲ့ ပညာရေး၊ စီးပွားရေး အိပ်မက်ကို (အဲဒီ ဥပဒေကြီးက) ဇက်ကြိုးကနေ ဆောင့်ဆွဲလိုက်သလို ဖြစ်မသွားလောက်ဘူးလား။

ကျနော် မှားကောင်း မှားမယ်၊ ကျနော် ထင်တာကတော့ ဒီ ဥပဒေဟာ ဖြစ်လာမယ် မဟုတ်ဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲအတွက် အပြင်းအထန် စည်းရုံးနေကြတဲ့ ကာလမှာ ကာချုပ်ကြီးကလည်း မသိမသာ စည်းရုံးရေး ဆင်းလိုက်တာလို့ပဲ ယုံကြည်ပါတယ် (ခေတ်လူငယ်တွေ စကားနဲ့ဆိုရင် ဆေးဝင်ထိုးတယ်ပေါ့ဗျာ)။ "တပ်မတော်" "နိုင်ငံတော် ကာကွယ်ရေး" စသည် စသည်ဟာ အလွန်အရေးကြီးတယ် ဆိုတဲ့စကားနဲ့ လူကြီးပီပီ သိမ်သိမ်မွေ့မွေ့လေး ပြည်ခိုင်ဖြိုးအတွက် လုပ်ပေးတဲ့ စည်းရုံးရေးလို့ ယူဆရပါတယ်။ ဘာလို့လဲဆိုတော့ စကားနည်းတဲ့ ကာချုပ်ကြီး ရုတ်တရက် ဒီစကား ကောက်ပြောချလိုက်လို့ပါ။ ဒါမျိုးစကားက လောက်ကိုင်နဲ့ ဖြစ်နေတုန်းက (သို့) အစိုးရသစ် ပေါ်လာမှ ပြောသင့်တဲ့ စကားမျိုး ဖြစ်နေလို့လေ။

"နိုင်ငံတော် ကာကွယ်ရေး" ဟာ သိပ်အရေကြီးပါတယ်၊ ဒါပေမဲ့ စီးပွားရေး လိုကဏ္ဍကလည်း အလားတူပဲ အရေးကြီးပါတယ်။ ဒါကြောင့် ကာကွယ်ရေးဟာ အရေးကြီးတယ်၊ ဒါပေမဲ့ လိုတာထက် ပိုပြီးတော့ အရေးမကြီးပါဘူး။ ဝန်ကြီးဌာနတွေ အများကြီး ထားရှိနေရတာကိုထောက်ရင် "ကာကွယ်ရေးဝန်ကြီးဌာန" ဆိုတာကလည်း အခြား အရေကြီးတဲ့ ဝန်ကြီးဌာနတွေထဲက တစ်ခုပါပဲ၊ လုံးဝ မပိုပါဘူး။

ဇင်ဝေသော်

ရှား မီးအိမ်


အရှင်ဆရာ ဇင်ဝေသော် ..
ဆရာသည် မထုံတတ်တေး ပညာတတ်လူတန်းစားအရေအတွက်များပါက လူ့အဖွဲ့အစည်း နာသည်ဟု ဆိုတော်မူ၏။
မထုံတတ်တေးရဲ့ အဓိပ္ပါယ်ကိုလည်း အကျယ်ဖွင့်ဆိုပြသင့်သေးသည်မဟုတ်ပါလော...
မထုံတတ်တေး၏ အဓိပ္ပါယ်ကို မပြဆိုပါက ဆရာ့အပေါ်၌ အဗျာပိတ အပရိပုဏ္ဏဒေါသ (စကားအဓိပ္ပါယ် မပြည့်စုံခြင်း) သင့်ရောက်လေရာ၏...

ဤသို့ စောဒနာဖွယ် ရှိသောကြောင့် "........." ဟူသော အဆိုကို ဇင်ဝေသော် ဆက်မိန့်။
မထုံတက်တေးဟူသည်ကား မဌေးတက်တုံ၊ မဌေးဘဲ တက်တုံ (ဆင်းတုံ) ဟူသည်တည်း။
*************************************************************************
လူပုဂ္ဂိုလ်များအတွက် ဗဟုသုတ

ဒီနည်းကို ကျမ်းတက်ကျမ်းထွက်လို့ခေါ်ပြီး ဓမ္မာစရိယတန်းမှာ ဖြေဆိုကြရပါတယ်။ ပေး ထားတဲ့ ဝါကျရဲ့ အဓိပ္ပါယ်တွေကို ကြည့်၊ အပြစ် မရောက် ရောက်အောင် ရှာကြံပြီး စောဒနာခြင်း၊ မေးခွန်းထုတ်ခြင်း အတတ်ပညာပါ။ အလွန်ခေတ်မှီပါတယ်။ အခုနှစ်တွေမှာ ကမ္ဘာ့တက္ကသိုလ်ကြီးတွေ အလေးတယူလုပ်လာရတဲ့ "Critical thinking" ဆိုတာက ဓမ္မာစရိယ ပြီးသွားတဲ့ ရဟန်းတွေအတွက် အသစ်အဆန်းတော့ မဟုတ်ပါဘူး။

ပြုံးပြခ....(ဟာဂျူလီ-ကသာ)

သူတို့သိတဲ့ ကိုယ့်မွေးနေ့


ခရီးသွားမှတ်တမ်း, ဇင်ဝေသော်, အမှတ်တရ - on 10/23/2014 (မနှစ်က)

နေ့ဆွမ်းက ထိုင်ပေအပြန် ရထားပေါ်မှာ
ချဲယားမန်းက ဆွမ်းကပ်
ပြီးတော့ အသေးစား မွေးနေ့ကိတ်ကလေး
Happy birthday တစ်ဖွဲ့လုံး English လို ဆိုကြ
ပြီးတော့ မင်ဒရင်းလို ဆိုကြ
သေချာတာက မြန်မာလို မပါလိုက်ဘူး

(အခု ဒီနှစ်လည်း ဖုန်းမက်ဆေ့တွေ တတီတီနဲ့ ဝင်နေပြီ
ဒီလူက မွေးနေ့က နှစ်မျိုး၊ မွေးနှစ်က နှစ်မျိုး၊ အမေရေ ဘယ်ပါတီကို မဲပေးရမှာလဲ)

ကျနော်နဲ့ ငါးနှစ်တာ မြန်မာ့သမိုင်း


"အမျိုးစောင့် ဥပဒေကို အတည်ပြုပေးတာလောက်နဲ့ ရွေးကောက်ပွဲ ဝင်လိုက်တော့ ကျနော့်မှာ မရှိတဲ့ မဲကတောင် ဒေါ်စု၊ အန်တီစု၊ အမေစုအတွက် ဖြစ်သွားရော"
(ဇင်ဝေသော်)


ပစ္စုပ္ပန် အနေအထား

စစ်တပ်အသိုင်းအဝိုင်း "ငါတို့က စိတ်ရင်း စေတနာမှန်နဲ့ ပြောင်းလဲလာတာ၊ သူတို့က နားမလည်၊ မပူးပေါင်းဘဲ အတိုက်အခံ လုပ်နေတာ။ လူညံ့တွေ"
လူထုအမြင် "သမိုင်းတစ်လျှောက်လုံး ကောင်းတာဆိုလို့ ဘာတွေ လုပ်ခဲ့လို့ ယုံကြည်နေရမှာလဲ၊ စစ်အာဏာရှင်အစိုးရ အလိုမရှိ၊ အစိတ်သား အလိုမရှိ"

ခပ်လှမ်းလှမ်းက အတိတ်

၂၀၁၁ ရာသီဦး၊ ဦးသိန်းစိန်ရဲ့ ပွဲဦးထွက်ဟာ ကျေနပ်စရာ အတော်ကြီးကောင်းခဲ့တော့ မြန်မာသာမက ကမ္ဘာကပါ လက်ခုပ်တွေ တဖြောင်းဖြောင်း တီးခဲ့ကြတယ်။ အဲဒီအထဲ ကျနော်လည်း ပါခဲ့ပါတယ်။

အဲဒီတုန်းကဆိုရင် ငြိမ်းချမ်းရေး နိုဘယ်ဆုတောင် ပေးသင့်တယ်လို့ ဆိုလာသူ ပြည်ပ မီဒီယာတွေတောင် ရှိခဲ့တယ်။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်နှစ်ယောက်နဲ့ ကမ္ဘာ့ရေစီးထဲ ဒိုးဒိုးဒေါက်ဒေါက် ဝင်းခွင့်ရမယ့် အရေးကို တွေးပြီး ကျနော်ဆို သတင်းစာတွေဖတ်ရင်း ပျော်လိုက်ရတာလေ၊ မပြောပါနဲ့တော့။ ငါးနှစ်သက်တန်း ကုန်ခါနီးမှာ ဇာတ်လမ်းက ဂငယ်ကွေ့ ချိုးကွေ့သွားတော့ ငြိမ်းချမ်းရေး နိုဘယ်ဆု အသာထား အာဏာရှင် စာရင်းထဲတောင် ဝင်သွားခဲ့ပြန်တယ်။

မဝေးလှတဲ့ အတိတ်

၂၀၁၄ လောက်ဆီက "ဦးသိန်းစိန်သာ ရွေးကောက်ပွဲမဝင်ခင် ကပ်ပြီး
(က) အကျင့်ပျက် လာဘ်စားမှုနဲ့
(ခ) မြေယာပိုင်ဆိုင်မှု အရှုပ်ကို ၅၀ ရာခိုင်နှုန်းလောက်အထိ ကိုင်ပြလိုက်ရင် ဒေါ်စု အတော် ကြိတ်ယူရလိမ့်မယ်" လို့ နိမိတ်ဖတ်ခဲ့၊ နီးစပ်ရာကိုလည်း ပြောဖြစ်ခဲ့တယ်။

ဒါပေမဲ့ အမျိုးစောင့် ဥပဒေကို အတည်ပြုပေးတာလောက်နဲ့ ရွေးကောက်ပွဲ ဝင်လိုက်တော့ ကျနော် တော်တော်ကြီး စိတ်ပျက်သွားတယ်။ ဒါလောက်နဲ့တော့ ကမ္ဘာ့ရေစီးအထိ လှမ်းကြည့်စဉ်းစားနိုင်တဲ့ ပညာတတ်အများစု ရင်ဘတ်ကို လုံးဝ မထိနိုင်ပါ။

မဝေးလှတဲ့ အနာဂတ်

စောင့်ကြည့်နေရဆဲပါပဲ။
ကမ္ဘာသိ ကမောက်ကမ ရွေးကော်၊ ပြိုအိကျလာတဲ့ အနီရောင် လှိုင်း (ကျနော် အပါအဝင်)။ မျက်စေ့ ဒေါက်ထောက်ကြည့်နေမယ့် ကမ္ဘာ့မီဒီယာ။ ပွဲကြီးပွဲကောင်းပါပဲ။
အမျိုးစောင့် ဥပဒေကို အတည်ပြုပေးတာလောက်နဲ့ ရွေးကောက်ပွဲ ဝင်လိုက်တော့ ကျနော့်မှာ မရှိတဲ့ မဲကတောင် ဒေါ်စု၊ အန်တီစု၊ အမေစုအတွက် ဖြစ်သွားရော။
သမ္မတကြီး ဘာလဲ၊ ဘယ်လဲ။

ဇင်ဝေသော်

**ကျောင်းနောက်ကျနေတဲ့ လွယ်အိတ်များ**


ဝင်း ဝင်း စီကျူယေးရှင်းဆိုတာ
လူတိုင်းကို 'ဟိုင်း၊ ဟယ်လို' မလုပ်တတ်ဘူး။

နံနက်ခင်းလေပြေဦးနဲ့ ခရီးထွက်ဖို့
တစ်ညလုံး ထုပ်ပိုးနေရှာတဲ့ ရနံ့တွေလေ
ကြယ် လ သဘင်ကိုတောင် ရင်မခုန်နိုင်ခဲ့ဘူး
မြို့ဦး တုန်းမောင်းမထိုးခင်
မြု့တော်ပေါက် အရောက်သွားဖို့ တဲ့။

ကဲ ဘယ်လိုလဲ
မိုင်တစ်ထောင် ခရီးရှည်ဟာ
ကျွံနေတဲ့ ဖဝါး စကြွရာက စတယ်။


ဇင်ဝေသော်

ကာချုပ်က ပြောတယ် နိုင်ငံခြားသားများရဲ့ လွှမ်းမိုးမှုခံရသူများ ကို မဲမပေးသင့်ဘူးတဲ့


ကမ်းလက် shared Tin Lay's post.
 Tin Lay added 4 new photos.
ကာချုပ်က ပြောတယ် နိုင်ငံခြားသားများရဲ့ လွှမ်းမိုးမှုခံရသူများ ကို မဲမပေးသင့်ဘူးတဲ့။
နိုင်ငံခြားသားတွေကို လွှမ်းမိုးနိုင်သူဖြစ်ရင်ကော ကာချုပ်ကြီး။
ဒီနိုင်ငံခြားသူလေးတွေက NLD ရဲ့ လွှမ်းမိုးမှု ခံရှာသူတွေပါ။ ကျုပ် NLD ကို မဲပေးလိုက်တော့မယ်နော်။
 



 
 
 
 

လူ့အဖွဲ့အစည်းရဲ့ အင်ဂျင်


အဲ့ဒါ ပညာတတ် လူလတ်တန်းစားပါပဲ။
ဘီစီ ၆ ရာစုကို လှမ်းကြည့်၊ ရဟန်း၊ ရဟန်းမတွေဝတ်၊ မဂ်ဖိုလ်တွေ အများဆုံး ဆိုက်သွားတဲ့ လူတန်းစားက အဲဒီ ပညာတတ် လူလတ်တန်းစား။
ဒီ သီအိုရီ မှားသွားပြီလား???
ကမ္ဘာ့သမိုင်း တော်လှန်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ဆက်ကြည့်ပါ။ ဒီ သီအိုရီကနေ ခွာမသွားဘူး။



လက်ရှိ မြန်မာ့ ပြုပြင်ပြောင်းလဲရေးရဲ့ နောက်ကမောင်းနှင်အားကြီးကလည်း ဒီ ပညာတတ် လူလတ်တန်းစားပါပဲ။
နိုင်ငံတော်ဟာ ဖက်စုံ အောက်ဆုံးအဆင့်ကို ရောက်နေတယ်။ အစိုးရကို ထောက်ခံရင် အစိုးရဘက်ကနေ၊ အတိုက်အခံကို ထောက်ခံရင် အတိုက်အခံဘက်ကနေ။
လူလတ်တန်းစားဟာ သူ့တာဝန်ကို သိနေရတယ်။ အဲသလို မဟုတ်တဲ့ လူ့အဖွဲ့အစည်းဟာ အသေပဲ။

ဘာကြောင့်လဲ???
၁။ သူဌေးက ဆုံးရှုံးစရာတွေများလွန်းတော့ ခွထိုင်တတ်တယ်။
၂။ အောက်ခြေ လူတန်းစားက ပညာ၊ အတွေ့အကြုံ၊ ပတ်ဝန်းကျင် စသည် နိမ့်ကျနေတော့ ယုံကြည်ချက် မရှိလှတတ်ဘူး။

ဒါ့ကြောင့် ဒီ လူလတ်တန်းစား နှစ်ရပ်ကို လှမ်းယူ၊ လက်တွဲခေါ်သူက ပညာတတ် လူလတ်တန်းစား ဖြစ်သွားတယ်။
မထုံတတ်တေး ပညာတတ် လူလတ်တန်းစား အရေအတွက်များရင် အဲဒီ လူ့အဖွဲ့အစည်းကတော့ နာပေတော့ပဲ။

ဇင်ဝေသော်

ဒီနေ့က ဇင်ဝေသော်လေးရဲ့ ရက်လည်ပေါ့ဗျာ


ဒီနေ့က ဇင်ဝေသော်လေးရဲ့ ရက်လည်ပေါ့ဗျာ။ ဒီပုံလေးကတော့ သူများရေးထားတာလေးမို့ အမှတ်တရ တင်လိုက်တာပါ။
***********************************************************************



ဒါနဲ့ မသိလို့မေးရဦးမယ်။ မဲ ဘယ်လိုပေးရမယ်ဆိုတာ သေသေချာချာနားလည်အောင် တစ်ဦးချင်း လိုက်ပြီး ရှင်းပြ၊ သင်ပြနေသလိုမျိုး
ဦးတင်အေးတို့အဖွဲ့ကိုရော သင်ပြ၊ ရှင်းပြခွင့်ရော မရှိဘူးလား၊ ပြည်တွင်းက မိတ်ဆွေတို့ရေ မေးမြန်းကြည့်ကြပါအုံး။
သင်ပြခွင့်ရှိရင်လေ စလုံး လုပ်အားပေးတစ်ဖွဲ့ကို ခေါ်၊ ဘုန်းဇင် ဝါပန်ပြီး လာခဲ့ချင်လွန်းလို့ပါ။

ရုတ်တရက်ပေါ်ပေါက်လာသော အမျိုးသားရေးက


ဇရာ၊ ဗျာဓိ၊ မရဏတို့သည် အရှိတရား အစစ်။ ပျိုမြစ်နုနယ်၊ လှပကြွယ်ဝ စသည်တို့က အခိုက်အတန့်မျှသာ ဖြစ်သည့်အတွက် အရှိတရား အတု။ (ဗုဒ္ဓ)

ဘယ်နေရာရောက်ရောက် စောင့်ရှောက်ခဲ့၊ စောင့်ရှောက်နေသော အမျိုးသားရေးက အစစ်၊ အရေးပေါ်မှ တစ်ခုခုအတွက် ရုတ်တရက်ပေါ်ပေါက်လာသော အမျိုးသားရေးက အခိုက်အတန့်မျှသာ ဖြစ်သည့်အတွက် အတု။ (ဇင်ဝေသော်)

ဂျပန်၊ တိုကျိုသံရုံးမှာ ပေးရမယ့် မဲတွေကို အီဂျစ်ကို ပို့ထည့်ချလိုက်ဆိုလား


စိတ်ပျက်တယ်၊ အံ့ဩတယ်၊ ရယ်ချင်တယ် ရွေးကော်ရယ် သက်လား
သတင်းကတော့ သိကြပြီးသားပါ။ ပြည်ပ ကြိုတင်မဲပေးခွင့် ရက်တိုးပေးမယ်၊ အခု ဆွေးနွေးနေတယ်၊ ဘယ်နေ့ ဘယ်ရက် မသိရသေး။
ရွေးကောက်ပွဲ အတွေ့အကြုံမရှိလို့ မှားယွင်းခဲ့ရ၊ မဲပေးသူတွေက စိတ်ရှည်ပေးကြဖို့ ရွေးကော်က တောင်းပန်။
အဖွဲ့ချုပ်က တောင်ပြိုကမ်းပြို နိုင်ခြေရှိ၊ စသည် စသည်။

ဒီမနက် ပါးစပ် ၉၀ ရာခိုင်နှုန်းကျော် ဖွင့်ရီလိုက်မိတာက ပုံ နှစ်။
ဂျပန်၊ တိုကျိုသံရုံးမှာ ပေးရမယ့် မဲတွေကို အီဂျစ်ကို ပို့ထည့်ချလိုက်ဆိုလား။ ကျန်း လုပ်ပုံက။



နောက်ကျနေလွန်းပြီမို့


(တစ်)
သခင်...ကိုယ်တော်....မှိုင်း
နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ အဘိုးရေ
သခင်... အောင်......ဆန်း
နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ အဖရေ။

(နှစ်)
ပန်းခေတ်က လမင်း
တာရာက မင်းဝေ
လင်းစေ။

(သုံး)
မျိုးဆက်ရဲ့ အားမာန်တစ်ခုပါ
လမ်းကြောင်းမှန် ရွေးခြယ်ရင်း
မဇ္ဈိမလှိုင်း
မဇ္ဈိမဂီတ။

(လေး)
နောက်ကျနေလွန်းပြီမို့
သောက်ချလိုက်ချင်ရဲ့
နွားငတ်ရေကျ
ဇင်ဝေသော်။ ။

သာမဏေကျော် တဲ့


သာမဏေကျော် တဲ့။ ကောင်းပါတယ်လေ။ ဒါပေမဲ့ ဒီဖက်က နိုင်ငံကျော်တွေကို ဝန်းရံတဲ့အဆင့် ဖြစ်နေတာ။
ကိုယ်နဲ့ ဓမ္မဂင်္ဂါက နိုင်ငံအကျော်လွန်ပြီး ဟိုဖက်ပြုတ်ကျမှာ စိုးရိမ်နေရတာ။

မန္တလေးက ဆရာသမား ပြောတာကို သတိရတယ်
"ဒီကောင့်အဆင့်က တက္ကသိုလ် လွန်နေပြီ"
"တက္ကသိုလ် လွန်ရင် ဘယ်အဆင့်ရောက်သွားတာလဲ ဦးဇင်း"
"တက္ကသိုလ် ဟိုဖက်က ရေနီမြောင်းလေကွာ၊ တက္ကသိုလ်ကျော်ပြီး ရေနီမြောင်းထဲ ပြုတ်ကျတာပေါ့" တဲ့။

ငါ့ရင်ထဲမှာရှိတာ

ကျနော် လေ့လာမိတဲ့ ဈေးရောင်း ဈေးဝယ် နိုင်ငံရေး သီအိုရီ


နိုင်ငံရေးမှာ အစိုးရနဲ့ အတိုက်အခံဆိုတာ ဈေးရောင်း ဈေးဝယ်ပါ။
အစိုးရက ဈေးရောင်းသူ၊ အတိုက်အခံက ဈေးဝယ်သူ။

(က) ဈေးရောင်းသူက ပစ္စည်းမှန်ဖို့ အလေးထားရမယ်။
ဈေးဝယ်သူကလည်း ကိုယ်ဝယ်မယ့် ပစ္စည်း မှန်၊ မမှန် စစ်ဆေးရမယ်။
ဒါပေမဲ့ ပစ္စည်းက အတု ဖြစ်နေမယ်ဆိုရင် ကိုယ်ကျင့်တရားရေးအရ ဈေးဝယ်သူထက် ဈေးရောင်းသူမှာ တာဝန်ပိုရှိပါတယ်။

(ခ) နောက်ပြီး ဈေးရောင်းသူက ပစ္စည်းကို ကြိုက်တဲ့ဈေး သတ်မှတ်ထားနိုင်တယ်။
ဈေးဝယ်သူက ဈေးနည်းသထက်နည်းအောင် ဈေးဆစ်ခွင့် ရှိပါတယ်။
ဈေးကတော့ မှန်နေပြီဆိုတာ သိလျက်တောင် ဈေးဝယ်သူက ရလိုရငြား ထပ်ဆစ်နေတတ်ပါတယ်။

(ဂ) ဒီသီအိုရဲ့ အဖြေအရ
ဈေးပိုပေးပြီး ဝယ်လာမိတယ်ဆိုရင် ဈေးဝယ်သူရဲ့ အားနည်းချက်ဖြစ်ပြီး (ကိုယ်ကျင့်တရားရေးအရ ရှက်စရာ လုံးဝ မဟုတ်ပါဘူး၊ မသိမှား မှားခြင်းမျှသာပါ)
ပစ္စည်း မမှန်ဘူးဆိုရင်တော့ ဈေးရောင်းသူရဲ့ မှားယွင်းမူပါ။ (သိသိကြီးနဲ့ လိမ်ညာတာမို့ ကိုယ်ကျင့်တရားရေးအရ လုံးဝ အောက်တန်းကျ၊ ရှက်စရာလည်း ကောင်းပါတယ်)
ကျနော် မျက်နှာကြီးရာ ဟင်းဖတ် ပါမိပါသလား။

ဇင်ဝေသော်

မိုးရွာပြီး ပြန်တိတ်သွားရင် ...


တပ်ပိုင်မြေ

ဘဝချင်းတူလို့ ပိုယုံတယ် (၃)


အခုတလော အဖွဲချုပ်အတွင်းရေး ဆိုတာတွေ တွေ့တွေ့နေရလို့ "ဘဝချင်းတူလို့ ပိုယုံတယ် (၃)" ကို ဆက်ရေးမိပါတယ်။ ယုတ္တိ ရှိ မရှိ သုံးသပ်ကြည့်ကြပါ ပညာရှင်အပေါင်းတို့။

လက်ထောက် ဘုန်းကြီးပေါက်စလေးဘဝမှာ ဒီကျောင်းရှိ တရုတ် ဒကာ၊ ဒကာမတိုင်းလိုလိုက ဘုန်းဇင်ကို သဘောကျကြ၊ ရင်းနှီးလေးစားကြ ပါတယ်။ ဒါက ဘာကြောင့်လည်းဆိုရင် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချရမယ့်နေရာ (Decision maker) မဟုတ်လို့ပါပဲ။
သေသေချာချာ တွက်ကြည့်တော့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ကိုယ့်လူတွေကတောင် ရာနှုန်းပြည့် သဘောမတူတတ်ပါဘူး၊ အများသဘောတူရင်၊ ကိုယ်လည်း မှန်တယ်လို့ထင်ရင် ဒူးသာဒူး ဆုံးဖြတ် ကြရတာပါ။ ဒေါ်စုနဲ့ အဖွဲချုပ်အတွင်းရေးဆိုတာ ဒီ သီအိုရီအတိုင်းပဲ ရှိနေပါလိမ့်မယ်။

ဥပမာလေးတစ်ခု ပြပါမယ်။ ဒီကျောင်းရဲ့ ညနေခင်း ဘုရားဝတ်တက်တွေမှာ တစ်ရက်ကို ခေါင်းဆောင် (တိုင်ပေးသူ) တစ်ယောက် ရှိပါတယ်။ သူတို့ကို "Evening Service leader" လို့ ခေါ်ပါတယ်။ ရက် ၃၀ လ ဆိုရင် ခေါင်းဆောင် ၃၀။ ၃၁ ရက် လဆိုရင် ခေါင်းဆောင် ၃၁ ပေါ့။ လူတိုင်းလိုလိုကလည်း ဒီတာဝန်ကို အမြတ်တနိုးရှိကြတော့ နေရာဖယ် မပေးချင်တတ်ကြဘူး။ ခေါင်းဆောင် ၃၁ ဆိုပေမယ့် ထိမရ၊ တို့မရတဲ့ လူဟောင်းကြီးတွေ ရှိနေတဲ့အတွက် လူသစ်တွေ ဝင်လာဖို့ အခွင့်အလမ်းက တော်တော်ကျဉ်းမြောင်းနေတယ်။



ဘုန်းဇင် ကျောင်းထိုင်ဖြစ်တဲ့နောက် ပြောင်းလာပစ်လိုက်တာတွေထဲမှာ ဒါလည်းပါပါတယ်။ ဒီပြောင်းလဲမှုမျိုးက လူထုအမြင် (Public image) ကို ပြောင်းလဲသွားစေတတ်ပြီး လူသစ်တွေ ဝင်လာဖို့ လမ်းဖွင့်ပေးလိုက် သလို ဖြစ်သွားတတ်ပါတယ်။ ဒါက သီအိုရီပါ။


လူဟောင်းကြီးတွေကို ဖြုတ်မယ်ဆိုတော့ ချဲယာမန်းပါ ဒီအထဲမှာ ပါနေရော။ ဒါနဲ့ သူနဲ့ နှစ်ယောက်ချင်း ဆွေးနွေးလိုက်တယ်။ သူ သဘောပေါက် လက်ခံတယ်။ ဒါဟာ ကျောင်းရဲ့ အနာဂတ်အတွက်။ သူကပြောတယ် "Alright Bhante. Please take my name off first" တပည့်တော်နာမည်ကို အရင်းဖြုတ်ပစ်လိုက် တဲ့။

ဒါနဲ့ ထိမရ၊ တို့မရ လူဟောင်းကြီး ဆယ်ယောက်လောက်ကို ဖြုတ်ပြီး လူသစ်တွေနဲ့ အစားထိုးလိုက်တယ်။ ဘာပြောကောင်းမလဲ၊ ဝေဖန်သံတွေ ပွက်လောကို ညံထွက်သွားတာပဲ။ ဥက္ကဋ္ဌကအစ ကိုင်လိုက်တော့ မျက်နှာချင်း ဆိုင်လည်း လာမပြောရဲကြဘူး၊ ကွယ်ရာကပဲ ပြောနေကြတာ။ ဘုန်းဇင်ကလည်း မျက်နှာချင်းဆိုင် လာမပြောလို့ကတော့ ဂရုကို မစိုက်တာ။

ဒါပေမဲ့ လူထုအမြင် (Public image) က ချက်ချင်းပြောင်းသွားတယ်။ "လက်ရှိ ဘုန်းကြီးပေါက်စက ဆော်စရာရှိရင်တော့ ဆော်သဟ၊ သူဆော် ရင်လည်း သူ့ ချဲယားမန်းကအစ ဆော်တာ" ဆိုတာမျိုးဖြစ်သွားတော့ ကျောင်းက လူဟောင်းတွေ၊ လူသစ်တွေနဲ့ ပို စည်ကားလာတယ်။
သူတို့ဆရာ၊ ကျောင်းထောင်ပေးသွားတဲ ဆရာတော်ကြီးကတောင် သူတို့ကို ဒီလိုမဆက်ဆံခဲ့ဘူးဆိုပြီး အမြင်မကြည်၊ ကျောင်းကနေ ခပ်ခွာခွာလုပ်သွား ကြတဲ့ လူကြီးတွေကိုယ်တိုင် အမြင်မှန်တွေရပြီး အခု ပြန်ရောက်လကြပါပြီ။
********************************************************************
ဒေါ်စုရဲ့ မဟာဗျူဟာ အရွှေ့မှာ လူဟောင်း ဘယ်နှယောက် ထိသွားမလဲ၊ သူတို့အတွက် လေးလေးနက်နက်ကြီး ကိုယ်ချင်းလည်း စာပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်မျိုးဟာ လူဟောင်းတွေရဲ့ အနစ်နာခံခဲ့မှုတွေကို မသိလို့၊ ကျေးဇူး မတင်လို့ မျက်နှာလွှဲ ခဲပစ် လုပ်တာမျိုး မဟုတ်နိုင်ပါဘူး။ အလွန် ခက်ခက်ခဲခဲ ချယူရတဲ့ ဆုံးဖြတ်ချက်မျိုး၊ မျက်စေ့မှိတ်ပြီး "ကဲ လုပ်တယ်ကွာ" ဆိုပြီး ဆုံးဖြတ်ရတာမျိုးပါ။ ဒါတွေဟာ နိုင်ငံရဲ့ အနာဂတ်အတွက် ဖြစ်နေနိုင်ပါတယ်။

ဘဝချင်းတူနေတော့ ဘုန်းဇင်တို့ကတော့ ဒေါ်စုဆို "ဒုန်း ဒုန်း" ပဲ။ အရေးကြီးတဲ့ ဆုံးဖြတ်တွေရဲ့ အမှန်၊ အမှား၊ အရှုံးအမြတ်ဟာ ကာလ အတော်ကြာမှ အဖြေသိရတတ်ပါတယ်။

ကဲ ဆွေဇင်ရေ၊ ဒီမြားက ကိုယ့်ရင်ဘတ်ကို ပြန် ချိန်ထားတဲ့ မြားပါပဲ။ ရဲရင် ဆက်လွှတ်ပေါ့။ ဒီကတော့ လွှတ်လိုက်ပြီ။

ဘုန်းဇင်
(ဇင်ဝေသော်)

ဘုန်းဇင်နဲ့ ဒိုဒိုးဒေါက်ဒေါက်


မောင်မောင်ချာတိတ်။ ။ ဘုန်းဘုန်းတို့က ဖေ့စ်ဘုတ်ပေါ်ကတင် "ဒုန်း" နေတာ၊ မြေပြင်မှာက....။
ဘုန်းဇင်။ ။ ဟာ့ ဒကာ ငချာရ၊ ဒို့က ဖေ့စ်ဘုတ်ပေါ်ကတင် မဒုန်းလို့ သင်္ကန်း ခါးတောင်းကျိုက်ပြီး ဦးတင်အေးကြီးကို လိုက်ရိုက်နေရမှာလား။ မလုပ်ကောင်းဘူး။

ဘုန်းဇင်နဲ့ အလွဲများ


ကဲ လိုက်ဆိုကြ၊
"စားချင်တာက နာမ်၊ စားနေတာက ရုပ်။
သူမဟုတ် ငါမဟုတ် အဲဒါ အဖွဲ့ချုပ်
(အဲလေ မှားလို့၊ ပြင်ဆို) အဲဒါ နာမ်နဲ့ ရုပ်။"

ကဲ အဲဒါ အာဏာရှင်ဆန်တာလား


လွန်ခဲ့တဲ့ ခြောက်လလောက်တုန်းက ကျောင်းမှာ ဆွမ်းချက်က တရုတ်ဒကာကြီး၊ ဟင်းချက်ကောင်းတယ်၊ ယောက်ျားဆန်တယ်။ ချက်ပြီး စားပွဲပေါ် တင်ထား တာပဲ၊ ကြိုက် ရာစား၊ စားချင်စား မစားချင်နေ။ သူ့အပူ မပါဘူး။

အခု ဆွမ်းချက်က တရုတ်ဒကာမကြီး၊ သူက စားနေရင် ဘေးကနေပတ်ပြီး အကဲခတ်နေ တာ။ ကျန်းမာရေးနဲ့ သိပ်မသင့်ဘဲ ကိုယ်ကြိုက်လို့ အများကြီး စားလိုက်တာ မျိုးဆို ပြီးရင် သိပ်မစားဖို့ ပြောတတ်တယ်။
ဥပမာ။ အခု မနက်ပိုင်းတွေမှာဆိုရင် တစ်ပတ်နှစ်ကြိမ်ထက်ပိုပြီး အီကြာကွေး မစားရတော့ဘူး။
ကဲ အဲဒါ အာဏာရှင်ဆန်တာလား။
ဘုန်းဇင်တို့ကတော့ မထင်။ စေတနာမပါဘဲ ဒီစကားတွေက ထွက်ကို မလာဘူး။

၂၀၂၅ လောက်မှာ တွေ့မယ်ဗျာ


ဒီနေ့ မြန်မာသတင်း မပါဘူး။ ဒါနဲ့ ဝတ္ထုလေးတစ်ပုဒ်လိုဖြစ်အောင် ဓာတ်ပုံတွေကို ဆွဲကပ်လိုက်တယ်။

၁။ အောင်ပွဲခံသွားတဲ့ ကနေဒါက လစ်ဘရယ်။

၂။ NUS ရဲ့ ပညာရေးဝန်းကျင်။ အဲဒီကို ရောက်မိတိုင်း ရွာက ညီတွေ၊ ညီမတွေအတွက် အဲဒါတွေကို ပါဆယ်ထုပ်ပြီး ပို့ချင်စိတ်တွေ ပေါက်ပေါက်နေမိတယ်။

၃။ သုတေသနနဲ့ ဖွံ့ဖြိုးမှု အရင်းအနှီးတွေဆီက အမြတ်တွေ ပြန်ရလာနေပါပြီ လို့ ခပ်ကြွားကြွားလေး ပြောနေတဲ့ စင်္ကာပူ ဝန်ကြီးချပ်။
*******************************************************

အဆင့်ရှိတဲ့ အစိုးရတစ်ဖွဲ့ ရရှိပြီး ဆယ်နှစ်အတွင်းလောက်မှာ လူကြီးမင်းတို့ နဲ့ လယ်ဗယ်တူ ဖိုက်ချင်တယ်ဗျာ။ လူကြီးမင်းနိုင်ငံသားတွေနဲ့ တစ်ဦးချင်း နှလုံးရည် တိုက်ပွဲတွေမှာ ကျနော်ကလည်း ရှုံးပွဲ မရှိသေးပါဘူး။
နောက်ပြီး ကျနော်တို့ အုပ်စုကြီးက လူသာ သေသွားမယ်၊ မြန်မာ ပတ်စပို့ကို မစွန့်ကြဘူး။ ဒါကိုလည်း လူကြီးမင်းတို့ လဝက သိတယ်နော်။

၂၀၂၅ လောက်မှာ တွေ့မယ်ဗျာ။



ဒေါ်စု၊ မစ္စတာဖော့ဒ်၊ အပ်ဘဆိုလုတစ်ဇင်နဲ့ ဇင်ဝေသော်


နိုင်ငံရေးစာပေလိုင်းထဲကို မရောက်ခင်က ကိုယ်အထင်ကြီး လေးစားတဲ့ ကမ္ဘာကျော်ကြီးတွေအကြောင်း တော်တော်ဖတ်ဖြစ်ခဲ့ပါတယ်။ အဲဒီအထဲမှာ ဂျင်နရယ် ဖော့ဒ်ကားကုမ္ပဏီကြီးကို တည်ထောင်သွားတဲ့ မစ္စတာဖော့ဒ်လည်း ပါဝင်ပါတယ်။

သူပြောတဲ့ စကားတိုတိုလေး သုံးခွန်းက... ခေါင်းဆောင်လုပ်မယ်ဆိုရင်....
(1) Make sure that you present.
(2) Make sure that you care about them
(3) Make sure they know that you care about them.

သင့်လူတွေ ရှိတဲ့နေရာကို သင် ရောက်နေမိပါစေ (အဝေးကချည်း လမ်းမညွှန်ပါနဲ့)။
သူတို့အပေါ် ဂရုတစိုက်၊ အလေးတယူလည်း ရှိပါ။
သင်က သူတို့ကို ဂရုတစိုက်ရှိတယ်ဆိုတဲ့ အချက်ကိုလည်း သူတို့ သိနေပါစေ တဲ့။

လေယာဉ်ပေါ်မှာ အိပ်ပျော်နေရှာတဲ့ အသက် ၇၀ အရွယ် အဖွားအိုကြီးဟာ သူ့လူတွေရှေ့မှာ ဘာမှမဖြစ်သလို ဟန်တင်းနိုင်ပေမဲ့ လူကွယ်ရာမှာတော့ ဇရာက ဇရာကပါပဲဗျာ။ မစ္စတာဖော့ဒ်ရေ လူကြီးမင်းရဲ့ ဩဝါဒတွေ သူမဆီမှာ ကျနော်တွေ့နေရပါတယ်။



*******************************************************************

အကြွင်းမဲ့အာဏာပိုင်ဆိုင်မှု (အပ်ဘဆိုလုတစ်ဇင်) ဝါဒ အကြောင်းကို ပြောကြ ရင် လူ့သဘာဝကိုပါ ပူးတွဲသုံးသပ်ပါမှ တရားမျှတတဲ့အဖြေ ထွက်မယ်လို့ ကျနော် ယုံကြည်ပါတယ်။

ကျနော်တို့ တွေ့ရတဲ့ ကမ္ဘာ့ အာဏာရှင်တွေဟာ လူလတ်ပိုင်းတွေပါ။ အသက်အရွယ် ကြီးပြင်းလာပြီဆိုရင် အဲဒီ အာဏာရှင်တွေကိုယ်တိုင်တောင် သဘောထားတွေ မသိမသာ ပျော့ပြောင်းလာတတ်ပါတယ်။ ထင်ရှားတဲ့ သာဓကကတော့ ကဒါဖီပါပဲ။
အာဏာရယ်မှ မဟုတ်ပါဘူး။ ဘယ်အရာမှာမဆို အသက်လေးဆယ်ကျော် လူတစ်ယောက် ရှုမြင်ပုံနဲ့ အသက် ၇၀ ကျော် လူတစ်ယောက် ရှုမြင်ပုံဟာ တူမနေနိုင်ပါဘူး။

ဒါ့ကြောင့် အသက် ၇၀ အရွယ် အဖွားအိုကြီးဟာ သူမရဲ့ "အကြွင်းမဲ့အာဏာပိုင်ဆိုင်ရေး" အတွက် အသည်းအသန် လုပ်ယူနေတယ် ဆိုတဲ့ အယူအဆကို တစ်ယောက်ထဲဖြစ်ပါစေ ကျနော် ထိုင်ပြီးငြင်းဆန်နေ ပါရစေ။
အသက်က ၇၀၊ အဏာ ရခဲ့ရင်တောင် အချိန် ဘယ်လောက် ကျန်တော့မလဲ။ အနာဂတ် မျိုးဆက်အတွက် ပန်းပျိုးပေးထားခဲ့ချင်တဲ့ စေတနာလို့ပဲ အကြွင်းမဲ့ နားလည်၊ လက်ခံမိပါတယ်။

သဘောမတူသူများ ကျနော့်အကောင်းလေးကို ဝိုင်းဝန်းတိုက်ခိုက်နိုင်ပါပြီ။
ကျေဇူးတင်ပါတယ်။

ဇင်ဝေသော်

ရန်လုပ်တဲ့လူက ကြံဖန်လုပ်တာ


ပြောရဦးမယ်။ လွန်ခဲ့တဲ့ နှစ်ပတ်က စလုံးဒကာမ တစ်ယောက်က သူ့အိမ် ပရိတ်ရွတ် ပင့်တယ်ပေါ့။ ဒီမှာတော့ House blessing လို့ ခေါ်ကြတယ်။ သူပင့်တာက ဘုန်းဇင်နဲ့ သီဟိုဠ်ကိုယ်တော်လေး။ ဖြစ်ချင်တော့ သူပင့်တဲ့ နှစ်နာရီအချိန်မှာ သင်တန်းရှိနေတာကို မေ့ပြီး သီဟိုဠ်လေးက အိုကေ ပြောလိုက်တယ်။ သူတကယ် လာပင့်တော့ သီဟိုဠ်လေးက စာသင်ခန်းထဲမှာ။ ဖုန်းဆက်လည်း မရတော့ဘူးပေါ့။

သူက ကိုယ်တ်ေလေးကို ရန်လုပ်ရော။ ဘာ့ကြောင့် ဟိုနေ့က အိုကေ ပြောသလဲပေါ့။ အခြေအနေကို တာဝန်ရှိ ဒကာမက ရှင်းပြတယ်။ သူ့ဒေါသက ဟိုကိုယ်တော်ဆီကနေ အဲဒီ ဒကာမဆီ ကူးသွားရော။ နင်တို့က ဘာလို့ သူ့ကို ကြိုတင် ပြေမထားသလဲပေါ့။ ဒါနဲ့ လွှတ်ထားလို့တော့ မရတော့ဘူးဆိုပြီး အဲသလိုသာ ဟိုလူ့ရန်လုပ် ဒီလူ့ရန်လုပ် လုပ်နေရင် ခင်းဗျားအိမ်ကို မလိုက်နိုင်ဘူး။ တခြားကျောင်းကဘုန်းကြီးပဲ သွားပင့် ဆိုတော့မှ နှုတ်ပိတ်သွားတာ။

ဒါပေမဲ့ သူ့မှာ ကားမရှိတော့ တက္ကစီနဲ့ သွားရမှာ။ ဒါနဲ့ ဂိတ်ပေါက်ကနေ တက္ကစီ စောင့်ကြရော။ တက္ကစီက တော်တော်နဲ့မရတော့ သူ့ဒေါသက တက္ကစီတွေဆီ ရောက်သွားပြန်ရော။ သူ့ကြည့်ပြီး မနေနိုင်တာနဲ့ ကောက်ရယ်လိုက်တယ်။

သူက ရီရမလားဆိုတဲ့ သဘောနဲ့ မျက်စောင်းထိုးကြည့်တယ်။ အသံတော့ မထွက်ရဲဘူး။ အသံထွက်ရင် ဒီကလည်း တကယ် မလိုက်တော့ဘူး။

အဲ့ဒါနဲ့ ကားပေါ်ထိုင်ရင်း စဉ်းစားမိတာ။
လူတကာကို အပြစ်လိုက်မြင်နေသူတွေ ဘယ်လိုများ ပျော်ရွှင်တဲ့ ဘ၀ အရသာကို ရှာတွေ့နိုင်ကြရှာမလဲ လို့လေ။ သနားမိတယ်။

 

ဆူးကြားထဲက ဘူးသီးကြီးများ


သူတို့က လက်ရှိသံအရာရှိတွေပါပဲ။ ဝါရှင်တန် မြန်မာသံရုံးက ထုတ်ပြန်တဲ့ စာဟာ အမှန်ဖြစ်နိုင်တယ်။ ကပေါက်တိကပေါက်ချာ ရွေးကော်၊ ရှင်းလင်းပြတ်သားမှု မရှိလှတဲ့ လမ်းညွှန်ချက်၊ အကန့်အသတ်နဲ့ပေးထားတဲ့ လုပ်ပိုင်ခွင့်က တစ်ဖက်။
စောင့်ကြည့်နေတဲ့ ကမ္ဘာ၊ နိုးထနေတဲ့ ပြည်ပရောက် မြန်မာလူထု၊ တံတွေး ခိုးထွေးရင်တောင် မလွတ်တဲ့ ၂၁ ရာစု မီဒီယာက တစ်ဖက်။
သူတို့ ဒုက္ခ အကြီးအကျယ် ရောက်နေကြတယ်လို့ ယူဆရတယ်။
ကမ္ဘာ့လစ်ဘရယ် ဒီမိုကရေစီမြို့တော်၊ ဝါရှင်က သံအမတ်အနေနဲ့ ရေငုံနှုတ် ပိတ် လုပ်နေလို့ လုံးဝ မရတော့ဘူး။




တချို့ကထင်မယ်၊ သူက သံအမတ်ပဲ၊ သူလုပ်ပေးရင်ရတာပဲ လို့။ တကယ်က အဲသလို မဟုတ်နိုင်ဘူး။ သူတို့လည်း သနားစရာ၊ ရေဗူးပေါက် နဲ့ ရေခတ်နေကြရရှာတာ။ ဒါက လူသားဆန်ဆန် နားလည်ပေးမှု။
ဒါပေမဲ့ အလျှော့တော့ လုံးဝမပေးသင့်ဘူး။ သူတို့ကို ရသလောက် မူလီကြပ်ရမယ်။ ပြီးပြီးရော လုပ်လိုက်ရင် သူတို့ သက်သာသွားမယ်၊ သမိုင်းနာပြီး ကျန်ရစ်မယ်။ အဃာတ မထားရ၊ ပြတ်ပြတ်တော့လုပ်ရမယ်။

လူသားဆန်ဆန် နားလည်ပေးမှုက ဟျူမင်းနတီ၊
ကိုယ်လုပ်ရမယ့်အလုပ်ကို လုပ်တာက ဂျူတီ။
ဒီနေရာမှာ ဂျူတီကို ရှေ့တန်းတင်သင့်တယ်။

(ဒီမှာ လူကိုယ်တိုင် သက်သေအထိ လိုက်မယ်ဆိုတဲ့ ကိုယ်တွေ့ကြုံလိုက်ရတဲ့ ငမှုံတွေ၊ ဒေါ်မှုံတွေရှိလို့ ဒီစာမျိုး ရေးရခြင်းပါ။)


ဇင်ဝေသော်

တိုင်းရင်းသား အကိုအမတို့ ရေ


၁။ နာဂတောင်ပေါ်မှာ အတူတူ အလုပ်လုပ်ခဲ့ဖူး တဲ့ နာဂကြီး ဦးအနုစီး သူ့ရွာကို အပြီးပြန်သွားပြီဆိုလို့ "ဘာကြောင့်လဲ" မေးတော့ သူတို့ နာဂ ဘာသာစကား ကွယ်ပြောက်သွားမှာစိုးလို့ လူငယ်တွေကို ဘာသာစကား ပြန်သင်ပေးဖို့တဲ့။
သူတို့ နာဂ ဘာသာစကားက သူတို့ တစ်ရွာပဲ ပြောတယ်၊ သူတို့ရွာက အိမ်ခြေ သုံးဆယ်လောက်ပဲ ရှိသတဲ့။ ပျက်ရယ် မပြုကြပါနဲ့၊ လူမျိုးစု ခေါင်းဆောင်တစ်ယောက်ဟာ သူ့စီဗီလိုက်ဇေးရှင်းကို ထိန်းကိုထိန်သိမ်းရပါမယ်။

၂။ ၂၁ ရာစု ကမ္ဘာ့နိုင်ငံရေးဆိုတာ အားကြီးတဲ့ စီဗီလိုက်ဇေးရှင်းတစ်ခုက အားသေးတဲ့ စီဗီလိုက်ဇေးရှင်းတစ်ခုကို ဝါမြိုခြင်း မဟုတ်တော့ဘူး။ အားကောင်းလာအောင် အပြန်အလှန် နားလည် ဖေးမ၊ ကူညီခြင်းပါ။

၃။ ဒါပေမဲ့ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး ကူးပြောင်းစမှာတော့ အားသေးတဲ့ စီဗီလိုက်ဇေးရှင်းတွေဟာ တွန့်ကနဲ ခံစားကြရတတ်ပါတယ်။ သို့သော် အဲဒီ နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်သွားရင် လက်ရှိ အာနည်းသွားတဲ့ စီဗီလိုက်ဇေးရှင်းဟာ နှစ်ဆ အားကောင်းလာပါတယ်။

၎။ တောင်ကိုရီးယားရဲ့ နိုင်ငံရေး၊ စီးပွားရေးတွေ ပြောင်းတော့ လက်ရှိ ဗုဒ္ဓဘာသာနဲ့ ကွန်ဖျူးရှပ်ဝါဒဟာ တွန့်ကနဲ ဖြစ်သွားပြီး ခရစ်ယန်ဘာသာထဲ ဝင်သူ အရေအတွက်က ကမ္ဘာ့သမိုင်းမှာတောင် သမိုင်းဝင်သွားတယ်။ ဒါပေမဲ့ တောင်ကိုရီးယားရဲ့ နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်သွားချိန်မှာတော့ မူရင်း ဗုဒ္ဓဘာသာနဲ့ ကွန်ဖျူးရှပ်ဝါဒက နှစ်ဆ အားပြန်ကောင်းလာတယ်။

၅။ ဒီ သီအိုရီတွေဟာ ပါမောက္ခကြီး ဆမ် ဟန်တင်တန်ရဲ့ "The Clash of Civilizations" ပါ။ ဇင်ဝေသော် ရင်ဘတ်ကြီးနဲ့ အရဲစွန့် (ဖတ်မယ့်လူမှ ရှိပါ့မလား) ဘာသာပြန်ခဲ့ရတဲ့ လူ့ယဉ်ကျေးမှု ပဋိပက္ခပါပဲ။ ကြောက်မက်ဖွယ် သူ့ သီအိုရီကြီးကလည်း ၂၁ ရာစု ကမ္ဘာ့နိုင်ငံရေးမှာ မှန်ဆဲ၊ တိကျဆဲ၊ ငြင်းလို့မရ ဖြစ်နေဆဲပါ။ သူ့ရဲ့ "၂၁ ရာစု ကမ္ဘာ့နိုင်ငံရေးဆိုတာ အားကြီးတဲ့ စီဗီလိုက်ဇေးရှင်းတစ်ခုက အားသေးတဲ့ စီဗီလိုက်ဇေးရှင်းတစ်ခုကို ဝါမြိုခြင်း မဟုတ်။ အားကောင်းလာအောင် အပြန်အလှန် နားလည် ဖေးမ၊ ကူညီခြင်း" သီအိုရီကို အစွန်းရောက် မွတ်စလင်တွေကလွဲရင် ပညာရှင်တိုင်း လက်ခံကြရတယ်။

၆။ ဒါပေမဲ့ နိုင်ငံ တစ် နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ရာမှာတော့ လူတွေသာမက စီဗီလိုက်ဇေးရှင်းကြီးတွေကိုယ်တိုင်လည်း ခဏတော့ အနစ်နာခံရပါသတဲ့ အကို အမတို့ရေ။

၇။ ဒီ သီအိုရီလောက်တော့ ဒေါ်စုက ကြေပြီးသားပါ။ အကို၊ အမတို့ရဲ့ စီဗီလိုက်ဇေးရှင်းကို သူမက ကြိမ်စာ မတိုက်ပါဘူး။

၈။ ကဲ ယုံကြည်ထားတဲ့ တိုင်းရင်းသားအရေးကို အထောက်အထားနဲ့တကွ ရေးလိုက်ပြီ။ လူဘယ်လောက်ဆီ ရောက်သွားမလဲ ဆိုတာကတော့ တစ်ယောက်ထဲ လုပ်လို့မရတော့ဘူး ပရိသတ်တို့ရေ၊ ကူကြပါအုံး။






ဇင်ဝေသော်

သိုးဆောင်း ပုံပြင်အသစ်


ဟိုး ရှေးရှေးတုန်းက ခဲလေးတစ်လုံး ကန်ရေထဲကျလာရင် ကန်ရေပြင်မငြိမ်မသက်ဖြစ်မှုနဲ့ ခဲကလေးကို အပြစ်ဆိုကြတယ်။ သူတို့က လှိုင်းဂယက်လေးတွေကိုပဲ မြင်ခဲ့ကြသတဲ့။
နှောင်းခေတ် ရောက်လာတော့ တစ်ဘဝလုံး ပေးဆပ်၊ ကန်ရေပြင်ထဲ ပြေးဆင်း၊ ကန်ရေရဲ့ မိခင် ရွှံ့နွံမြေပြင်အထိ လှမ်းပြီးပွေ့ဖက်လိုက်တဲ့ ခဲ လေးတစ်လုံးရဲ့ အနစ်နာခံမှုတွေကို ရှာတွေ့သွားကြသတဲ့ဗျာ။
ဒီပုံပြင်လေးကို သိုးဆောင်းပုံပြင် စာအုပ်ထဲက ရတာပါလို့ ကျနော်ကပြောရင် ကျေးဇူးပြုပြီး ကျနော့်စကားကို မယုံလိုက်ကြပါနဲ့။

ဇင်ဝေသော်။

အရိုးသားဆုံး ကျည်တစ်တောင့်


ညီမလေးရေ
ကျည်ဆံတွေချင်း ဖလှယ်လို့မရတဲ့ ငြိမ်းချမ်းရေးဟာ
ရိုးသားတဲ့ ပန်းခြင်းလေးတစ်ခုအောက်
လက်မြှောက်သွားတတ်တယ်။

ညီမလေးရေ
ဘီလူးရင်အုပ်တွေချင်း ရှင်းလို့မရတဲ့ ပဋိပက္ခဟာ
ပန်းနုရောင် လက်ဖဝါးလေး မြှောက်ပြတာနဲ့
ပန်းနှစ်ရောင် သမ်းသွားတတ်တယ်။

ညီမလေးရေ
နှလုံးသား သန်းတစ်ရာကို သိမ်းပိုက်ဖို့
အရိုးသားဆုံး နှုတ်ခမ်းနှစ်လွှာတော့လိုလိမ့်မယ်။

မပြုံးချင်ရင် ခပ်တင်းတင်း စေ့ထား
ပြုံးလိုက်မိရင်တော့ ထပ်ချပ်မကွာ
မင်း နှလုံးသားပါ ပါသွားပါစေနော်။ ။


ဇင်ဝေသော်
(ဒီနေ့ည ၁၀ နာရီ ၁၈ မိနစ်)

ဇင်ဝေသော် (သို့) ဖိုးစိန်ဆင့်သား အငယ်ကောင်


ဘယ်အစိုးရပဲ တက်တက်၊ တက်လာတဲ့ အစိုးရသစ်ကို ကြိုဆိုဖို့ ဒေါက်တာ ဟင်နရီ ကစ်ဆင်းဂျာရဲ့ နောက်ဆုံးထွက်တဲ့ "World Order" ကို "လောကဇာတ်ခုံ" အမည်နဲ့ ဘာသာပြန်နေခဲ့တာ ပြီးခါနီးပါပြီ။ ဒါက ကျနော့်ရဲ့ ပရော်ဖက်ရှင်နယ် ဘဝအပိုင်းဖြစ်ပြီး မဲပေးခွင့်ရရင် ဒေါ်စုကိုပေးမယ်ဆိုတာက ပုဂ္ဂလိက ရပ်တည်ချက်ပါ။ လုံးဝ မတူပါဘူး။

စင်္ကာပူ ကြိုတင်မဲ စပေးတဲ့နေ့မှာပဲ ဇင်ဝေသော်ရဲ့ အကောင့်လေးလည်း ခြုံခိုတိုက်ခိုက်ခြင်း ခံလိုက်ရပါတယ်။ အရင်နေ့ ကမ်းလက်ပေါ်က "ငါ့မန္တလေး" ပို့စ်မှာ ဝင်ဖတ်သူ နှစ်သိန်းနီးပါး၊ လိုက်ခ် တစ်သောင်းကျော် တက်သွားတာ ကိုလည်း တွေ့ရတော့ ဒါလည်း အကြောင်းများစွာထဲက တစ်ကြောင်း ဖြစ်လေ မလားလို့ တွေးမိပါတယ်။
စကား အပိုတွေ ပြောမနေတော့ပါဘူး၊ ဇင်ဝေသော်ကို ပြန်ဆယ်ရင်း အကောင့်သစ်နဲ့ ခရီးဆက်ပေါ့။

ပျောက်ဆုံးသွားတဲ့ ဇင်ဝေသော်ကို ချက်ချင်း (နာရီဝက်အတွင်း) သတိထားမိ တဲ့ ရေးဖော်ရေးဖက်တွေနဲ့ စာဖတ်ပရိသတ်ရဲ့ အလေးထားမှုကို လုံးဝ လျှော့တွက်လို့ မရပါ၊ သူတို့ကို ကျေးဇူးလည်း တင်ပါတယ်။ နောက်ပိုင်း မှာ သိလာပြီး အကောင့် လူမမာသတင်း လာမေးသူတွေကိုတော့ ဒီပို့စ်နဲ့ပဲ အဖြေပေးလိုက်ပါတယ်။

အကောင့်သစ်အမည်က ပုံမှန် စာဖတ်သူတွေနဲ့ မစိမ်းလှတဲ့ "ဖိုးစိန်ဆင့်သား အငယ်ကောင်" ဖြစ်ပါတယ်။ ဒီမှာ ရင်ဘတ်တူ မိတ်ဆွေဟောင်းများနဲ့ ပြန်လည် ဆုံတွေ့ချင်ပါတယ်။




နိုင်ငံရေးသစ္စာ
အမျိုးသားရေးသစ္စာနဲ့
စာပေသစ္စာကို ဉာဏ်မှီသလောက် စောင့်ထိမ်းသွားပါ့မယ်။

ဇင်ဝေသော် (သို့)
ဖိုးစိန်ဆင့်သား အငယ်ကောင်

ရွာက အိမ်ထောင်စု စာရင်း


အမည်။ ။ ဇင်ဝေသော်
အဖအမည်။ ။ ဖိုးစိန်ဆင့်သား အငယ်ဆုံးကောင်
အမိအမည်။ ။ ရွာလယ်က သိန်းညွန့် (မ) သား ဦးဇင်း
မွေးချင်း။ ။ တင်ဝင်းတို့ တင်ရီတို့မောင်လေ၊ သန်းအောင်တို့ ယောက်ဖ။
(ဓာတ်ပုံက အမခြောက်ယောက်နဲ့ ကြီးစဉ်ငယ်လိုက် ရိုက်ထားတာ၊ ဒုတိယနဲ့ ပဉ္စမကလွဲရင် အိမ်ထောင်တွေနဲ့)

မစ္စတာ ကစ်ဆင်းဂျားရေ၊ နိုဝင်ဘာ ၁၀ ရက်နေ့ ရောက်မှပဲ ...


"ဒီစစ်ပွဲတော့ နိုင်ဖို့မလွယ်ဘူး" ပြောလိုက်မိတဲ့ ဗိုလ်ချုပ်ကြီးကို ဟစ်တလာက
"မင်းရဲ့ အတွေးအခေါ် စစ်သားတွေဆီ ရောက်သွားရင် သေချာပေါက် ရှုံးပြီ။ ဒီတော့ .....
(၁) မင်းကိုယ်တိုင် အဆုံးစီရင်မလား၊ ဒါဆို သူရဲကောင်းဗိမာန်မှာ ထားပေးမယ်။
(၂) ငါကိုယ်တိုင် စီရင်ပေးရမှာဆိုရင်တော့ မင်းက သစ္စာဖောက် စာရင်းဝင်မယ်" တဲ့။
အဲဒီ ဗိုလ်ချုပ်ကြီးက ပထမလမ်းကို ရွေးသွားပါသတဲ့။
ဟစ်တလာကို မထောက်ခံပေမဲ့ ဒီဝေါပေါ်မှာတော့ နိုဝင်ဘာ ၁၀ ရက်အထိ ဒီလမ်းစဉ်ကို လိုက်ဖို့ပါပဲ။
*******************************************************************
မစ္စတာ ကစ်ဆင်းဂျားရေ၊ နိုဝင်ဘာ ၁၀ ရက်နေ့ ရောက်မှပဲ လူကြီးမင်းရဲ့
ကမ္ဘာ့အစီအမံ (World Order) ကို ဆက်ပြီးဆွေးနွေးရအောင်။
လောလောဆယ်တော့ မြန်မာ့အစီအမံထဲက ထွက်မရဘူး ဖြစ်နေတယ်။

ဇင်ဝေသော်

အော်.....ကလေးဆန်လွန်းသူ အမိုက်ကလေးကိုမှ


အော်.....ကလေးဆန်လွန်းသူ အမိုက်ကလေးကိုမှ
ကိုယ်က ချစ်မိသူပါကွယ် တူနယ် တဲ့နယ်
အိပ်မက်ဆန်သော ဘာညာ ဘာညာ......
(တေးရေး ကိုသန်လှိုင်၊ တေးဆို စန္ဒယား အိုဘားမား)

ကလေးငယ်တွေရဲ့ဘဝထဲက သစ္စာလေးပါး တဲ့ကွယ်


အပျော်တွေများသွားလို့ ကုသိုလ်လေးနဲ့ ထိန်းကြရအောင်။
ကလေးငယ်တွေရဲ့ဘဝထဲက သစ္စာလေးပါး တဲ့ကွယ်။
သရုပ်ဆောင်တဲ့ ကလေးတွေကလည်း ၉ ကျော်တယ်။

ဆိုင်ဆိုင်၊ မဆိုင်ဆိုင် ကျနော့်ကို မဲပေးကြပါ




"ဂျမဏီကို တစ်ခေါက်သွားတော့ တစ်ခါ နားရွက်အဆွဲခံရတာပေါ့။
နှစ်ခေါက်သွားရင် နှစ်ခါ အဆွဲခံရမှာ"
ဆိုင်ဆိုင်၊ မဆိုင်ဆိုင် ကျနော့်ကို မဲပေးကြပါ။

ဇင်ဝေသော်
အာစီယံ တိုင်းဒေသကြီး၊ စင်္ကာပူမဲဆန္ဒနယ်မြေ ကိုယ်စားလှယ်။

Heart နဲ့ Love


Heart နဲ့ Love ကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ အင်္ဂလိပ်လိုက အများကြီး ကျယ်ပြန့် တယ်။ မြန်မာ က ဝမ်းသောင်ဇင် ဖိုက်ဖ် ဟန်ဒရက် (၁၅၀၀) နယ်ထဲ မှာ ဘောင်ကန့်ထားတော့ အသည်းပုံဆိုရင် သမီးရည်းစားကိစ္စ သပ်သပ် လို ဖြစ်သွားရော။
ဒီလို သိမ်မွေ့တဲ့ သဘောတရားကို မောင်ဌေးဦးလေး နားလည်အောင် ဘယ်လို ရှင်းပြရပါ့။

ဘေးအိမ်က ကလေး မပါဘူးဘုရာ့၊


နောင်တော်ကြီး ဦးကုသလ (အမေ့ အမသား) ဘိုကလေးဖက် ကျောင်းထိုင်တော့ ရွာကို သိပ်မရောက်ဖြစ်တော့ဘူး။ သူလည်း ပြန်ရောက်ရော ကလေးတွေရော၊ လူကြီးတွေရော သူ့ဘေးမှာ တစ်အုံကြီးပဲ။ ကလေးတွေကို လက်ဆောင် ဘာလေးညာလေး ပေး၊ လူကြီးတွေနဲ့ စကားပြောပေါ့။ မိုးအတော်ချုပ်တဲ့အထိ ကလေးတွေက မပြန်ကြဘူး။ ဒီတော့ ဦကုသလက....
"ဟ ကလေးတွေ၊ ကိုယ့်အိမ်ကို ပြန်ကြတော့ဟ။ လက်ဆောင်လည်း ပေးပြီပြီ၊ တို့လည်း အိပ်ရဦးမှာ" ဆိုတော့ လူကြီးတွေက ရယ်ကြတယ်။
ခဏနေတော့မှ သူ့ ဒကာကြီးက....
"ဘေးအိမ်က ကလေး မပါဘူးဘုရာ့၊ အရှင်ဘုရားရဲ့ အကိုတွေ၊ နှမတွေကမွေးထားတဲ့ တူတွေ၊ တူမတွေချည်းပဲ" တဲ့။

ဇင်ဝေသော်ရဲ့ ဖေ့စ်ဘုတ် အကောင့်ကလည်း တဖြည်းဖြည်းနဲ့ အဲသလို ဖြစ်ဖြစ်လာပြီ။ အမက ခြောက်ယောက်ကြီးဆိုတော့လေ။ ဟဲ ဟဲ။

ဖေ့စ်ဘုတ်က လွတ်လပ် ခွင့် ပေးထားတော့ စောင့်စည်းစရာလည်း ပိုများတာပေါ့


၁။ သတင်းစာ အယ်ဒီတာအာဘော်ကို သဘောကျတယ်။ ဖေ့စ်ဘုတ်က လွတ်လပ် ခွင့် ပေးထားတော့ စောင့်စည်းစရာလည်း ပိုများတာပေါ့။ နှစ်ဖက်စလုံး ယဉ်ကျေးကြစေ ချင်ပါတယ်။ အမေစုရဲ့ ပူတူတူးလေးတွေ (အဲဒီ နောက်တောက်တောက် ဝေါဟာရလေး ကို သဘောကျ) ကလည်း အမေစုကို အတုခိုး၊ ဦးသိန်းစိန်ရဲ့ ကျားကျားလျားလျား ကြီးတွေကလည်း ဦးသိန်းစိန်ကို အတုခိုး။ ဦးသိန်းစိန်ဆို သမ္မတမကဘူး၊ ဂေါပက ဥက္ကဋ္ဌတောင် လုပ်လို့ရတဲ့လေသံနဲ့ စကားပြောတာ။

၂။ ကတော့ ကျူရှင်ခ မပေးလို့ ထောင်ထားတဲ့ ပိုစတာတဲ့လေ။ မလေးရှားမှာလည်း ဦးဌေးဦးတွေ ရှိတယ်ဆိုတာ သိရတာပေါ့။


ကျောင်းထိုင်ချုပ်မှုးကြီး


ကျောင်းမှာ အရင်ကျောင်းထောင် ဆရာတော်ကြီးလက်ထက်က တစ်ပါးတည်းပဲ အမြဲနေတာဆိုတော့ Resident Monk ဆိုရင် ကိစ္စပြတ်တယ်၊ ကျောင်းထိုင်ပေါ့လေ။
များလာတော့ မရတော့ဘူး။ ရှေ့ဆရာတော် နှစ်ပါးလက်ထက်မှာ Resident Monk နဲ့ Assistant Resident Monks ဆိုပြီး ဖြစ်လာတယ်။
အဲသလို ခွဲခြားထားတာကို ခံတွင်း သိပ်မတွေ့ဘူး။ ကိုယ့်အလှည့်ရောက်တော့ သူတို့ကို ကီးတင်ပေးတဲ့အနေနဲ့ Assistant ကို မသိမသာလေးဖြုတ်ပြီး Resident Monks လို့ အားလုံးကိုခြုံပြီး သုံးလိုက်တယ်။ အောင်မြင်ပါတယ်။
ဒါပေမဲ့ အခုဖြစ်သွားတာက (လူတွေ သုံးလာပြန်တာက) Chief Resident Monk နဲ့ Resident Monks တဲ့။ ဘာထူးလို့လဲ။ ကျောင်းထိုင်ချုပ်မှုးကြီး။

၅၉စ



"ဦး အသက် ဘယ်လောက်ရှိပြီလဲ မသိဘူး"
"၅၉ လေကွာ"
"မစပါနဲ့ဗျာ"