(စောနေလတ်)...
(၂)
ဟုတ်တယ်။ ကလေးတစ်ယောက်ဟာ သဲသောင်ခုံကို သူ့လက်ကလေးနဲ့ ယက်လိုက် ခဏနေငိုလိုက်၊ ငိုလို့ မောလို့ယက်လိုက်၊ ယက်လို့ ခဏနေတော့ နားပြီးငိုလိုက် ဖြစ်နေသတဲ့…။
ကလေးရဲ့ လက်ဖျားလေးတွေက သွေးစို့နေပြီး သူ့နှုတ်ခမ်းလေးတွေက လည်း ပြာနှမ်းနေသတဲ့။ ပြီးတော့ ငိုသာငိုနေတာ မျက်ရည်က မထွက်တော့ ဘူ။ သူ့ကို စောင့်ကြည့်နေသူ နောက်တစ်ယောက်ရှိသေးတယ်။ သူက မိုး နတ်မင်းကြီး။
ကြာတော့ မိုးနတ်မင်းကြီး မနေနိုင်တော့ဘူး။ မျက်စိတွေပြာဝေသွားလောက် တဲ့ အလင်းတန်းကြီးနဲ့အတူ ကလေးရဲ့ ရှေ့မှောက်ကို “၀ုန်း” ကနဲ သူ ထိုး ဆင်းလိုက်တယ်။
ချက်ချင်း ကလေးလေးက လန့်သွားတယ်။ ပြီးတော့ အားကိုးတကြီးနဲ့ မော့ ကြည့်ရှာတယ်။ မပီမသ တိုးတိုးလေး လည်း ရွတ်လိုက်သတဲ့။
“ Water, Water”
“ဟဲ့ ကလေး၊ မင်းဘာလုပ်နေတာလဲ”
“လက်ယက်တွင်းတူးပြီး ရေရှာနေတာပါ”
“မင်း--ရေတွေ့ပြီလား”
“ကျနော့်နှုတ်ခမ်းတွေသာ ကြည့်ပါဗျာ”
မိုးနတ်မင်းကြီးက သူ့အိတ်ကပ်ထဲမှာပါလာတဲ့ နတ်သုဒ္ဓါတွေ ကလေးကိုပေး သတဲ့။ ကလေးကယူတော့ ယူတယ်။ ဒါပေမယ့် သူလိုချင်တာ ဒါမဟုတ် ဘူး။ ခြောက်သွေ့သွေ့ သူ့လျှာလေးနဲ့ အက်ကွဲနေတဲ့ သူ့နှုတ်ခမ်းကိုယက်ပြီး နတ်မင်းကြီးကို မော့ကြည့်လို့သာ နေလိုက်သတဲ့။
“ကဲ….မင်းရဲ့ ရေမထွက်တဲ့ လက်ယက်တွင်းကိုလည်း ဆက်မတူးနဲ့တော့။ ငိုလည်းငိုမနေနဲ့တော့။ မင်းလိုနေတဲ့ ရေရအောင် ငါလုပ်ပေးမယ်” လို့ ပြောပြီး အလင်းတန်းကြီးနဲ့အတူ ပျောက်ကွယ်သွားတယ်။
အဲ…. ပြောဖို့မေ့နေခဲ့တယ်။ သူမပြန်ခင်မှာ ခြောက်သွေ့နေတဲ့ ကိုင်းပင်တွေ ရယ်၊ ပတ်ကြားအက်တွေနဲ့ ကမ္ဘာမြေရယ်ကို ကြည့်ပြီး ရွာမယ့်သာရွာရမှာ ကလေးရမှာက ပတ်ကြားအက်တစ်ခုထဲ ၀င်မယ့်ရေလောက်တောင် ရှိမှာ မဟုတ်ဘူးလို့လည်း တွေးရင်း သက်ပြင်းချသတဲ့။ မတတ်နိုင်ပါဘူးလေ။ ရွာတော့ရွာရမှာပဲလို့လည်း ထပ်တွေးပြန် သတဲ့။
(၃)
ဟုတ်တယ်။ စက္ကန့်အတွင်းလေးမှာကိုပဲ မိုးသားတွေ အလိပ်လိပ် တက်လာ တဲ့ပြီး မိုးတွေရွာချလိုက်တာ ပက်ကြားအက်တွေက မဆန့်တော့လို့ ပတ်ဝန်း ကျင် တစ်ခုလုံး ရေတွေ ဖွေးသွားတော့တာပဲ။
ကလေးလေးလည်း ပျော်ရွှင်လို့ပေါ့။ အခုမှပဲ သူရေ၀အောင် သောက်ရတော့ တယ်။ ရေသောက်ရုံတင် ဘယ်ဟုတ်ပါ့မလဲ။ ဘောင်းဘီတိုအစုတ်ကလေးနဲ့ မိုးရေတွေထဲမှာ ပြေးလွှားဆော့ကစားနေလိုက်တာ ဒီအပျော်တွေဟာ မိုးနတ် မင်းကြီးဆီကိုတောင်မှကူးစက်သွားပြီး အဲဒီကလေးနဲ့ မိုးရေချိုးရင်း ကစားချင် စိတ်တွေပေါက်ပေါက်လာလို့ မကောင်းပါဘူးလေ ဆိုပြီး သူ့ကိုယ်သူ ထိမ်းထားရသတဲ့။
ဒါပေမဲ့ မကြာပါဘူး။
ကိုင်းပင်တွေက စိမ်းစို၊ ပက်ကြားအက်တွေလည်း လျော့လျော့သွားပေမယ့်လို့ ရက်အနည်းငယ်ကြာတဲ့အခါမှာ ကလေးကတော့ ရေငတ်မြဲ ငတ်နေတော့ တာပဲတဲ့။
ဒီတော့ မိုးနတ်မင်းကြီးက စဉ်းစားတယ်။
ငါကလည်း မိုးနတ်မင်းဆိုတော့ မိုးရွာဖို့ပဲ လုပ်တတ်တယ်။ ငါရွာချလိုက်တဲ့ မိုးရေတွေကလည်း ကလေးလေး သောက်ရတာကလည်း နည်းနည်း၊ ကိုင်းပင်တွေနဲ့ ပါးစပ်ဟောင်းလောင်းပွင့်နေတဲ့ ကမ္ဘာမြေက သောက်သွား တာက များများ။ သူတို့သောက်လို့ ၀ပြီဆိုပြန်တော့လည်း အဲဒီရေတွေကို စည်းမရှိ၊ ကမ်းမရှိ မြစ်ထဲသွန်ချပစ်လိုက်ကြပြန်ရော။
တကယ်တမ်းရှိသင့်နေတာက ကလေးလေးသောက်ရေရဖို့ ရေကန်လေး တစ်ခု ကမ္ဘာမြေက ဆယ်တားပေးဖို့ ကောင်းတယ်။
ငါကိုယ်တိုင်ကလည်း မိုးနတ်မင်းဆိုတဲ့အတိုင်း မိုးသာရွာပေးတတ်တာ။ ရေ ကန်တူးတဲ့ နတ်မင်းမဟုတ်တော့ ရေကန်တူးမပေးနိုင်ဘူးဆိုပြီး ကလေးလေး ကိုကြည့်ပြီး စိတ်မကောင်း ဖြစ်နေရှာသတဲ့။ စိတ်မကောင်းတာပဲ ရှိတယ်။ သူလည်း ဘာမှ လုပ်မပေးနိုင်တော့ဘူး။
ဒါနဲ့ပဲ…. စိတ်လေးလေးနဲ့ ဖြစ်ချင်ရာဖြစ်ပါစေတော့ ဆိုပြီး ဥပေက္ခာပြုလို့ပဲ နေ လိုက်တော့သတဲ့။
(၄)
အဲဒီအချိန်ကစပြီး ကမ္ဘာမြေဟာ တစစပူလောင်လာလိုက်တာ ရေခဲတောင်ေ တွတောင် အရည်ပျော်ကျလာတဲ့ အထိပါပဲ။ နှောင်းပိုင်းသိပ္ပံပညာရှင်တွေ က တောတောင်ပြုန်းတီးမှု၊ အိုဇုန်းလွှာပေါက်ကွဲမှု စတဲ့ အကြောင်းတရားေ တွနဲ့ ဆွေးနွေးလို့နေကြသတဲ့။
(၅)
ဥပေက္ခာပြုတယ်ဆိုပေမယ့် စိတ်ကောင်းရှိတဲ့ မိုးနတ်မင်းကြီးကတော့ ကလေးလေးက ရေဆာလိုက်၊ မိုးတွေရွာချပေးလိုက်ပါပဲ။ ရွာချလိုက်တဲ့ရေတွေကိုလည်း ကလေးလေး သောက်ရတာနည်းနည်း ကိုင်း ပင်တွေနဲ့ ပါးစပ်ဟောင်းလောင်း ကမ္ဘာမြေက သောက်သွားတာများများပဲတဲ့။
ဒီလို ဒီလိုနဲ့ မိုးရွာချပေးလိုက်တာ အကြိမ်ရေ ဘယ်နည်းတော့မလဲ။ လူသားရယ်လို့ ပေါ်ပေါက်လာကတည်းက မဟုတ်လား။
ဒီတစ်ကြိမ်မှာလည်း ကလေးအတွက် မိုးရွာပေးဖို့လုပ်တယ်။ ခက်တာက မိုးနတ်မင်းကြီးဆီမှာ မိုးရေတွေ မရှိတော့ဘူးဆိုတော့ မိုးရွာချပေးရတာ ကလည်း အရင်လို့ မလွယ်ကူလှတော့ဘူး။
မိုးနတ်မင်းကြီးဖြစ်ပြီး မိုးရွာမပေးနိုင်ဘူးဆိုတာကိုလည်း တွေးရင်း ရှက်ချင် ရှက်နေမှာပေါ့လေ။ ဒါနဲ့ ဖြစ်ညှစ်ပြီး မိုးရွာချဖို့လုပ်တယ်။
“ဖလပ်. . ဖလပ်၊ ရွှမ်း. .ရွှမ်း”
“၀ုန်း. .ဒိုင်း. .ဒင်း ဒင်း”
ကံမကောင်း အကြောင်းမလှစွာပဲ။ ကြိုးစားပြီး မိုးရွာချပေမယ့် မိုးရေတွေ လက် ကျန်မရှိတော့တဲ့အတွက် မိုးရေတွေတော့ ကျမလာပါဘူး။ မိုးရေတွေ အစား စူးရှတဲ့ လျှပ်စီးကြောင်းကြီးတွေနဲ့ မိုးကြိုးသွားတွေသာ ကောင်းကင်ပေါ် က ကျလာတော့သတဲ့။
(နိဂုံး)
ဒါဟာ ကမ္ဘာမြေပေါ် သဘာဝဘေးအန္တရာယ်တွေ ဘယ်လိုစတင်ကျရောက် လာခဲ့ရသလဲ ဆိုတဲ့ အကြောင်းပါလို့ ကျနော်ကပြောရင် ခင်ဗျားတို့အနေနဲ့ ရီ(ရယ်)စရာပဲ သဘောထားစေချင်ပါတယ်။